ထိုင်းက အအေးခန်း ကုန်တင်ယာဉ်နဲ့ မြန်မာပြည်သား
သန်းထိုက်ဦး (ဧရာဝတီ မှ ကူးယူဖော်ပြသည်)
ဘန်ကောက်ကို အအေးခန်း ကုန်တင်ယာဉ်ထဲ ပုန်းပြီး သွားသူတွေ အဆင်ပြေအောင် လူကယ်ရီတွေက စီစဉ်ထားပါတယ်။ ကားမှာ လေပေါက်ဖောက်၊ ပန်ကာတပ်ထားတဲ့ နည်းလမ်းပါ။
(လေပေါက်ဖောက်မထားရင် ကုန်ကားထဲ လေအေးစက်ပျက်ပြီး လိုက်ပါလာသူတွေ သေဆုံးဖူးတာကြောင့် ဒီနည်းလမ်းက အဆင်ပြေပါတယ်)
ကုန်ကားထဲမှာ အသက်ရှုလို့ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ကံဆိုးချင်တော့ စစ်ဆေးရေးဂိတ်တခုမှာ မြန်မာပြည်သားတွေ အစုလိုက် အပြုံလိုက် အဖမ်းခံထိပါတယ်။
အဲဒါကတော့ စနေနေ့က ကော့သောင်း - ရနောင်းဒေသက ထွက်သွားတဲ့ ကား ၂ စီးထဲမှာ ပုန်းပြီး လိုက်သွားတဲ့ ၃၅ ယောက် ဖြစ်ပါတယ်။
၃၅ ဦးကို တင်လာတဲ့ ကား (ဓာတ်ပုံ - dailynews.co.th)
အခုလို အဖမ်းခံရတာဟာ အာဏာပိုင်းတွေက ကြိုတင် သတင်းရထားလို့ ဖြစ်တယ် ဆိုပြီး ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
အအေးခန်းကားကို မောင်းနေတဲ့ ကားသမားတွေကိုလည်း အာဏာပိုင်တို့က ဖမ်းလိုက်တယ်လို့ သိရပါတယ်။
မဲဆောက်မြို့အထွက်က အဖမ်းအဆီး
ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အထွက် စစ်ဆေး ရေးဂိတ်မှာ ၂၆ ယောက် အဖမ်းခံရပါတယ်။
အမျိုးသမီး နဲ့ အမျိုးသား ၁၃ ယောက်စီ ဖြစ်ပါတယ်။ ဘန်ကောက်သွားဖို့ ကြိုးစားသူတွေပါ။
မဲဆောက်ဂိတ်မှာတော့ ကားသမားကို မဖမ်းနိုင်ခဲ့ပါဘူး။ စစ်ဆေးရေးဂိတ် မရောက်ခင်မှာ ကားကို လမ်းဘေး ထိုးရပ်ပြီးတော့ ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ဘယ်လို အရေးယူမလဲ
ကားမောင်းသူတွေဟာ ထိုင်း ဥပဒေအရ လူကုန်ကူးမှုနဲ့ အရေးယူခံရနိုင်ပါတယ်၊ မြန်မာနိုင်ငံသားတွေကတော့ ထိုင်း နိုင်ငံကို ခိုးဝင်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။ တရားမ၀င် နေထိုင် သွားလာတဲ့ မြန်မာပြည်သားတွေဟာ ထိုင်း အချုပ်ခန်း၊ ထောင်တွေထဲမှာ ကြာကြာ မနေရပါဘူး။ နယ်စပ်ကို ရက်ပိုင်းအတွင်း ပြန်ပို့ခံရတတ်ပါတယ်။
အကြိုက်များသော Posts
-
(၅-၅-၂၀၁၁) ရခိုင်ပြည်နယ် တောင်ကုတ်မြို. စကခ(၅)တွင် တွဲဘက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါသည်။ကျွန်တော်တို. စကခ(၅)တစ်ခုလုံး ရခိုင်ပြည်နယ်မြေပုံ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးမ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထာ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
ဆောင်းပါးရှင် နေမင်းသူ Monday, August 1, 2011 at 9:32am ၂၀၁၀ မတ်လထုတ် တိုင်းမှာမဂ္ဂဇင်းမှာပါတဲ့ ရေတပ်စစ်ရေယာဉ်မှူးတစ်ဦးအကြောင်း ဖ...
No comments:
Post a Comment