ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့်
ဇွန်လ ၁၅ ရက်နေ့က စတင် အသစ် ဖွင့်လှစ်ပေးမယ့် အလုပ်သမား လက်မှတ်
အစီအစဉ်နဲ့ ပတ်သက်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ်နဲ့ ILO အရာရှိများ NGOs များ၊ ရွှေ့ပြောင်း အလုပ်သမား
အရေး လုပ်ဆောင်နေကြတဲ့ လူထု အခြေပြု အဖွဲ့အစည်းများ ပါဝင်တဲ့ လုပ်ငန်းစဉ်
ရှင်းလင်းပွဲ တခုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို ဘန်ကောက်မြို့
ဆူကွန်ဗစ် ဒေသရှိ ရမ်းဘရင့် ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့
ဒီအစည်းအဝေးကို
တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက
ဒေါ်သက်သက်ဦးက - အခုတခေါက် ပြုလုပ်ပေးမယ့် အလုပ်သမား မှတ်ပုံတင်တဲ့အခါမှာ
one stop service လို့ခေါ်တဲ့ လုပ်ငန်းစဉ် အကုန်လုံးကို တကြိမ်ထဲ
တနေရာထဲမှာ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေဟာ အရင်ကလို
ဟိုရုံးဒီရုံး ကူးပြောင်းစရာ မလိုတဲ့အပြင် ဘတ်လို့ခေါ်တဲ့ ပန်းရောင်
ကဒ်ပြားပါ တခါတည်း လက်ခံရရှိတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ယခင်ကလို
လုပ်ငန်းရှင်က မိမိတို့ရဲ့ အလုပ်လုပ်ခွင့် ဘတ်လက်မှတ်ကို
သိမ်းဆည်းထားမှုတွေကနေ ရှောင်ရှားနိုင်တဲ့ အခွင့်အလမ်းကောင်းတခု ဖြစ်လာတယ်
လို့ ပြောပါတယ်။ ပန်းရောင်ကဒ်ပြား တခါတည်း ထုတ်ပေးလိုက်ခြင်းအားဖြင့်
အလုပ်သမားတွေဟာ ဒီလက်မှတ် မပြနိုင်လို့ ဒေသဆိုင်ရာ အာဏာပိုင်ရဲတွေက
ဖမ်းဆီး ငွေညှစ်တောင်းခံမှုတွေ ရှိခဲ့ပါတယ်၊ ဒါကြောင့် အခုလို
ဘတ်ကဒ်ပြားကို လက်ဝယ် တပါတည်း ကိုင်ဆောင်ခွင့်ရတော့မှာဟာ သတင်းကောင်းတခုပဲ
ဖြစ်ပါတယ်၊ ဒီဘတ်လက်မှတ် လုပ်ဖို့အတွက် ငွေကုန်ကြေးကျ ဘယ်လောက်ကုန်ကျမယ်
ဆိုတာကိုတော့ သူက “ကုန်ကျစရိတ်ကတော့ အရင်နှစ်လိုပဲပေါ့နော်။ အလုပ်သမား
လက်မှတ် တင်သွင်းခွင့်က ၉၀၀ သို့မဟုတ် ၁၈၀၀ ကျနိုင်တယ် ဆေးရုံ ဘတ်လက်မှတ်က
ကျန်းမာရေး ဆေးစစ်ခ ၆၀၀ ကျန်းမာရေး အာမခံ အတွက်က ၁၃၀၀ ပေါ့။
နှစ်ရပ်ပေါင်းရင် ၁၉၀၀ ကုန်မယ်လို့ သူတို့ ပြောသွားတယ်” ။
ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ အလုပ်သမားတွေဟာ ဒေသ ၁၀ ခုမှာ
ဖွင့်လှစ်ပေးထားမှာဖြစ်တဲ့ အလုပ်သမားရုံးတွေမှာ သွားရောက် မှတ်ပုံတင်ရမှာ
ဖြစ်ပြီး အခြားခရိုင် အသီးသီးမှာရှိတဲ့ အလုပ်သမားတွေ ကတော့ ဒေသဆိုင်ရာ
ခရိုင် အလုပ်သမားရုံးတွေမှာ တင်ကြရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ခွင့် ကာလကို
အလုပ်သမား အားလုံး အတွက် ဇွန် ၁၅ ကနေ ဇူလိုင် ၁၄ ရက်နေ့ အထိ ခွင့်ပြုတယ်
ဆိုပေမဲ့ ငါးဖမ်း လုပ်ငန်းတွေမှာ ရှိနေတဲ့ အလုပ်သမားတွေ အတွက်ကတော့
အချိန်ပို ပေးထားပါတယ်။ ဒီအကြောင်းကိုတော့ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဌ
ဦးသူရက - “ရေလုပ်သားတွေ အတွက် ကျတော့ ဇွန်လကနေ ၁၃ ရက်နေ့
သြဂုတ်အထိပေါ့နော်။ အဲဒီအထိ အချိန် အတိုင်းအတာ ပေးထားတယ်။ မှတ်ပုံတင်
စာရင်းသွင်းရမယ်ပေါ့နော်။ ပြီးလို့ရှိရင် တပြိုင်နက်ထဲပေါ့နော်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ ဒီ ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့
အောက်တိုဘာ ၁၂ ရက်နေ့အထိ သူတို့ ခွင့်ပြုထားတယ်။ work permit ကိစ္စ
ဒီအလုပ်လုပ်ကိုင်ခွင့်ကြတော့ ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့ နိုဝင်ဘာလ ၁၁
ရက်နေ့အထိ ပေးထားတယ် ဆိုတဲ့ အကြောင်း ဒီ သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ
အလုပ်သမား ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဥ်အထဲမှာ ပါပါတယ်ဆိုတာ ရှင်းပြတယ်”။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
9:26 PM | Posted by လူဗိုလ်ဟူသည် ...... Posted by လင်းဦး(စိတ်ပညာ) အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း အသက် ။ ။ ၁၈နှစ...
-
July 11th, 2011(လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖော်ပြသည်) ကျလွန်းထော – ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင်...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
Monday, 25 July 2011 16:17 ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်...
-
ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။...
-
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်သည် ၄င်းမြန်မာနိုင်ငံကို သွားရောက်သည့် အခါ မြန်မာ့ ဒီမိုကရေစီ ရေးခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တေ...
-
Published on November 8, 2011 by ရွှေအောင် · No Comments ရေ ဘေးဒုက္ခသည်မြန်မာအလုပ်သမာ...
-
လင်းသန့် Thursday, 07 July 2011 14:22 အကျဉ်းထောင်များသို့ ...
-
Posted byနေ.သစ် on July 8, 2011 ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုံ (၃) မှ ခေတ်သစ် ချစ်တီးသူဋ္ဌေး ဦးမူသီး နှင့် အာဏာပါ...
No comments:
Post a Comment