ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ ကိုးရီယားပိုင် အက်စ်ဂျီအိုင် (SGI) အထည်ချုပ်စက်ရုံ ဖယ်ရီကားတိမ်းမှောက်ခဲ့သည့်အမှုကို ပိတ်ရန် ကားသမားက အာဏာပိုင်များနှင့်ပေါင်းပြီး အလုပ်သမားများကို လက်မှတ်ထိုးခိုင်းခဲ့ရာတွင် လက်မှတ်မထိုးပေးသည့် အလုပ်သမနှစ်ဦးကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မငေးစုကျေးရွာမှ မချိုချိုလွင်နှင့် မဝေဝေသင်းတို့ နှစ်ဦးအား ကားတိမ်းမှောက်မှု မဖြစ်ပွားခဲ့ကြောင်း လက်မှတ်ရေးထိုးခိုင်းသည်ကို ငြင်းဆန်သည်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ပြောသည်။
“ကောင်မလေးတွေကို သက်သေထွက်ခိုင်းချင်တာ၊ ကားမှောက်ထားတဲ့ ဒရိုင်ဘာက ပိုက်ဆံပေးပြီးလွတ်ချင်တော့ ဒီကောင်မလေးတွေက ကားမမှောက်ပါဘူးဆိုပြီး လက်မှတ်ထိုးပေးမှ ဒရိုင်ဘာက လွတ်မှာ၊ ကောင်မလေးတွေကလည်း သူတို့ခံထားရတော့ မကျေအေးချင်ဘူး ဖြစ်နေတယ်၊ ဥပဒေအတိုင်းဘဲဖြစ်စေချင်တယ်” ဟု ပြောသည်။
လာရောက်ဖမ်းဆီးသွားသူများမှာ ထန်းတပင်မြို့နယ်၊ တပ်သစ်ရဲစခန်းနှင့် ပန်တိုင်စခန်းတို့မှ ရဲအာဏာပိုင်များဖြစ်ပြီး အဆိုပါအလုပ်သမနှစ်ဦးအား တရားလိုပြသက်သေထွက်ဆိုရန် ချိန်းဆိုရာသို့ မလာရောက်သည့်အတွက်ဟု အကြောင်းပြ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မဖမ်းခင်မှာ ကောင်မလေးတွေ မိဘကို ရွာထိပ်က လဖက်ရည်ဆိုင်မှာခေါ်ပြီး ရဲတွေက အကြိမ်ကြိမ် အကြောင်းကြားတယ် မလာဘူး၊ အခု အဖမ်းခံမလား ကျနော်တို့ ဖမ်းရမလားဆိုပြီးပြောတယ်၊ ကလေးမိဘတွေက ကျမတို့ ကလေးတွေက ကျန်းမာရေးမကောင်းသေးဘူး၊ အဲဒါကြောင့် မလာနိုင်တာဆိုတော့ အာဏာပိုင်တွေက အစကတည်းက ပြောပါလားဆိုပြီး ပြောတယ်၊ ကလေးမိဘတွေက ကျမတို့ အစကတည်းပြောပါတယ်၊ လူကြီးမင်းတို့ဘက်က ဘာမှ မလုပ်ပေးတာပါဆိုပြီး ပြောခဲ့တယ်” ဟု ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ဆက်ပြောသည်။
အဆိုပါ အလုပ်သမနှစ်ဦးအား တရားရုံးတွင် လိုပြသက်သေထွက်ဆိုရန် ဆင့်ခေါ်မှုများရှိခဲ့သော်လည်း တရားဝင် စာရွက်စာတမ်းမူရင်းဖြင့် လာရောက်အကြောင်းကြားခြင်းမျိုး မဟုတ်ဘဲ ကျေးရွာအာဏာပိုင်က ညအချိန်မှ သောက်စားပြီးလာရောက် ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“တရားလိုပြသက်သေအဖြစ် လာခေါ်တယ်၊ ကလေးမလေးတွေကလဲ ဒဏ်ရာရှိနေတယ်ဆိုတော့
မသွားနိုင်ဘူး၊ နောက်ပိုင်းကျတော့ သူတို့ ခေါ်စာပို့တယ်၊ မူရင်းတော့မပါဘူး မိတ်တူတွေဘဲ ပေးတယ်၊ လာခေါ်တော့လဲ ဥက္ကဌက မူးပြီး ည (၁၀) နာရီလောက် မိန်းကလေးတွေနေတဲ့အိမ်ကို လာခေါ်တော့ ကလေးမလေးတွေက ကြောက်တယ်၊ အဲဒါတွေကြောင့် ရုံးပြင်ကနားကို မသွားရဲတာလည်း ပါတယ်” ဟု ဆက်ပြောသည်။
ယင်းဖယ်ရီကားတိမ်းမှောက်စဉ်က အလုပ်သမား ၂၂ ဦးစလုံး ဒါဏ်ရာရှိခဲ့ပြီး အချို့မှာ အလုပ်ပြန်ဆင်းနိုင်ကြသော်လည်း မဝေဝေသင်းနှင့် မချိုချိုလွင်တို့မှာ ဆေးဝါကုသမှု လုံလောက်စွာမရရှိခဲ့သည့်အတွက် ယနေ့အထိ ရောဂါပျောက်ကင်းခြင်း မရှိသေးကြောင်း ကိုတင်မောင်ဆန်းက ပြောသည်။
“သူတို့ စဖြစ်တုန်းကဆိုရင်လဲ ဆေးရုံရောက်ပြီး တနာရီလောက်ကြာတဲ့အထိ ဘာမှ မလုပ်ပေးဘူး၊ ဒဏ်ရာနာလို့ အော်နေရာ၊ ပြီးတော့မှ ဆရာဝန် တွေရောက်လာပြီး ဓါတ်မှန်ရိုက် ဘာညာလုပ်တယ်၊ ပြီးတော့ တာဝန်ရှိသူတွေရောက်လာပြီး ဆေးရုံက အတင်းမောင်း ထုတ်တယ်၊ ဒီလိုကျိုးပဲ့တဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်တယ်ဆိုရင် ဆေးရုံမှာ လူတောင်ဆန့်မှာ မဟုတ်ဘူးဆိုပြီး ပြောတယ်၊ ပြန်သွားပြီးနောက်ပိုင်းမှာလည်း ဆေးကုသမှု လုံလုံလောက်လောက် မရဘူး၊ ဆေးရုံမှာလဲ ဆေးကုသမှု ကောင်းကောင်းမရတော့ တချို့သူတွေလဲ အရိုးတွေ ငေါထွက်နေတယ်၊ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခေါင်းတွေလည်း ဒဏ်ရာတွေနဲ့ ခေါင်းမူးခေါင်းကိုက်တွေဖြစ်ကြတုန်းဘဲ၊ တချို့ပျောက်သွားတဲ့ သူတွေကတော့ အလုပ်ပြန်ဝင်နေကြတယ်၊ တချို့ ကလေးတွေက လုံးဝပြန်မလုပ်နိုင်ဘူး” ပြောသည်။
အဆိုပါ ကားမှောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားအနေဖြင့် တစုံတရာ နစ်နာကြေး ရရှိခြင်းမရှိခဲ့သည့်အပြင် တရားခံဖြစ်သူက ယခုကဲ့သို့ အာဏပိုင်များနှင့်ပေါင်းကာ အလုပ်သမားများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
သိန်းလင်း အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁) မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စ...
-
သန်ဝင်းလှိုင် ဧပြီ ၁၁၊ ၂၀၁၁ သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
-
မြန်မာ့တပ်မတော် သံချပ်ကာတပ် မြန်မာ့တပ်မတော်ရေထုတ် စစ်ရေယာဉ်များ လေကြောင်းချီတပ်ရင်းများ တပ်မတော်လေ အေ-၅ တိုက်လေယာဉ်များ မြန်မာ့တပ်မတေ...
-
ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပ...
-
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်ခွင့် ဇွန် ၁၅ ရက်စတင် အောင်မြတ်စိုး | ကြာသပတေးနေ့၊ မေလ ၁၂ ရက...
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
Thursday, 30 June 2011 00:00 မတရား ဖမ်းဆီးကာ ငါးဖမ်းလှေပေါ်သို့ ရောင်းချခံရတော့မည့်...
-
ဘစောတင် Thursday, 09 June 2011 17:59 (ဧရာဝတီ မှကူးယူဖော်ပြသည်) ထိုင်းန...
No comments:
Post a Comment