အဆိုပါ အမျိုးသမီး မပပမိုး ( အသက် ၁၈ နှစ် ) သည် ၂၄ ရက် ၅ လပိုင်း ၂၀၁၁ တွင် လပ်ဘူရီဆေးရုံကြီး ၊
အဆောင် ကန်ကျနာဖိစေ့တ် ၅ ထပ်မြောက် ၊ ကုဋင်နံပါတ် ၁၂ တွင် ခွဲစိပ်ကုသမှုခံယူရန်စောင့်မျှော်နေပါသည်။
မိန်းကလေးသည် ပဲခူးတိုင်း မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လွန်ခဲ့သော သုံးလခန့်က ထွက်လာခဲ့သည်....
အလုပ်ပင်အတိကျမလုပ်ရသေးပါ ဗိုက်အောင့်၍ ဆေးရုံတက်နေရာမှ အသည်း၌ ကြ်ီးလေးသော အနာတစ်ခုဖြင့်
ခွဲစိပ်ကုသရမည်ဖြစ်ကြောင်း ဆရာဝန်မှပြောကြားခဲ့သည်။ခွဲစိပ်ကုသရန်စရိတ်မှာ သုံးသောင်းခန့်ဖြစ်သည်........
ခွဲစိပ်ကုသရန်ငွေမရှိ ၊ ဆွေမျိုးအသိုင်းဝိုင်းမရှိ ကြည့်ရှုစောင့်ရှောက်မည့်သူမရှိသည့်အလျောက် ဆေးရုံ၌ပင်
ဆယ်ရက်ခန့် ကြာမြင့်ခဲ့သည်။ ထို့ နောက် ဆရာဝန်များမှ ၄င်းဆေးရုံ၌ရှိသော မြန်မာစကားပြန်တစ်ဦးအား
အခြေနေကိုပြောကြားခဲ့သည်။ထို စကားပြန်မှတစ်ဆင့် ကျနော်တို့ ဧဒင်သို့ အလှူခံဝင်သည် အခြေနေသို့ 
ရောက်ရှိခဲ့ပါသည်။ သို့ သော်လဲ အခက်အမျိုးမျိုးကြောင့် အချိန်ဟာ ၉ ရက်ခန့်ကြာသွားခဲ့သည့်အလျောက်
လူနာအခြေနေမှာ ပိုမိုဆိုးရွားလာသောကြောင့် ဆေးရုံပြောင်းလိုက်ရသည့်အခြေနေအထိဖြစ်လာခဲ့သည်........
ယခုဆိုလျင် နိုင်ငံအသီးသီးနေရာဒေသအသီးသီးမှ ညီအစ်ကိုမောင်နှမများ၏အကူအညီဖြင့် ညီမငယ်သည်
လပ်ဘူရီဆေးရုံကြီးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော်လဲ လူတစ်ယောက်ကို ခွဲစိပ်ကုသမည့် စရိတ်မှာမည်မျှကုန်မည်နည်း
သုံးသောင်းခန့်ဟုခန့်မှန်းထားသော်လဲ အခြေနေက ပြောင်းလဲသောကြောင့် ကုန်ကျစရိတ်မှာ ပြောင်းလဲလာသည်
သွေးမစပ် အမျိုးမတော်သော်လဲ အသက်ရှင်ခွင့်ရှိနေပါလျက်နဲ့ သေပေးရမည့် ညီမငယ်ဟာ ကျနော့် ညီမဖြစ်နေပါက
ကျနော် မည်သို့ ပြုလုပ်မည်နည်း.....လူ့ အသက်တစ်ချောင်းကယ်ရန်နှင့် ကူညီရန်ငွေမတတ်နိုင်သောကျနော်
ဝမ်းနည်းမှုများစွာနဲ့ ပျာယာခတ်နေခဲ့သည်။ကျနော်ကိုယ်တိုင်ပင်လျင် ဆင်းရဲနွမ်းပါး၍သာ နိုင်ငံရပ်ခြားသိုရောက်လာသည်
မဟုတ်ပါလားခင်ဗျား....အကြံတစ်ခုတော့ရလိုက်ပါသေးသည် စကားပြန်နှင့်ဆွေးနွေးလိုက်သည်ကျနော့်ပတ်စ်ပို့ ကိုပေးထားပါမည်
ကျနော့်လုပ်အားခထဲမှ လတိုင်းပုံမှန် တစ်လ ငါးထောင်နှုန်းဖြင့် ကျနော်ဆပ်သွားပါမည်....သို့သော်လဲ မည်သူမျှ လက်မခံခဲ့ပါ....
နောက်ဆုံးတော့ ဧဒင်သို့ အလှူခံဝင်ခဲခြင်းဖြစ်သည်။။။ ပထမခြေလှမ်းကို ကျနော်တို့ နောက်ကျခဲ့သည်........................
ဒုတိယခြေလှမ်းသည် လူနာ၏ နောက်ဆုံးအချိန်ဖြစ်နိုင်ပါသည်။။။။
အားလုံးသော ညီအစ်ကိုမောင်နှမများခင်ဗျ ...အသက်ကိုလှူရန်မှာ အင်မတန် ကြုံတောင့်ကြုံခဲသော အခွင့်အလမ်းတစ်ခုဖြစ်ပါသည်
ကျနော်တို့ ညီအစ်ကိုမောင်နှမများညီညာစုပေါင်း၍ မွန်မြတ်လှစွာသော အသက်လှူခြင်းဒါနကို မိမိတို့ ၏ ချွေးစက်များကို
အရင်းပြုထားသော မိမိတို့ ၏လုပ်အားခများထဲမှ တစ်ပြားနိုင်နိုင် နှစ်ပြားနိုင်နိုင် ပေးလှူကြပါကုန်စို့ ဗျာ......
ဒီဘလော့ဟာ မိန်းကလေး၏ အသက်ဖြစ်ပါတယ်ခင်ဗျ...
ဆက်လက်၍ လူနာအခြေနေကို တင်ပြပေးလိုပါသည်.....
လူနာသည် ခွဲစိပ်ကုသမှုခံယူရန်စောင့်နေသည် ၊ ခွဲစိပ်ကုသမှုသည် ငွေကိုစောင့်နေသည် ၊ ကျနော်သည် ပျာယာခတ်နေသည်
ခွဲစိပ်ကုသရန် ကုန်ကျစရိပ်သက်သက်ပင် အနည်းဆုံး ငါးသောင်း ဟုခန့်မှန်းနေကြပါသည်။ အထွေထွေကုန်ကျစရိတ်ပေါင်းလိုက်ပါက
တစ်သိန်း နီးပါးဖြစ်သွားနိုင်ပါသည်။ မည်မျှကုန်မည်ဆိုတာကိုတော့ အတိကျတော့ ဆရာဝန်ပင် ခန့်မှန်းရခက်နေဟန်တူပါသည်....
အစ မှ အဆုံးအထိ သိလိုသူများ ပထမဘလော့ ကိုဖတ်ကြပါခင်ဗျ....
http://www.edinooyin.com/profiles/blogs/4347155:BlogPost:1565175?xg...
မှတ်ချက်။ ။ လူနာသို့ တိုက်ရိုက်ဖုန်းဆက်မေးမြန်းခြင်းသီးခံကြပါရန် အထူးမေတ္တာရပ်ခံပါသည်
လူနာသည် အားအင်ကုန်ခမ်း၍အလွန်မောပန်းနေပါသည်....အသက်ရှူကျပ်နေပါသည်
အသံပင်သိပ်မထွက်တော့ပါ.....
သူ့ ခမျာ အသက်သခင်အလှူ့ ရှင်များဖြစ်နေ၍သာ ကြိုးစား၍ဖြေကြားနေရရှာပါသည်
အလှူငွေပို့ ရန် .........
A/C Name : Mr. Kyaw Oo
A/C Number : 169-2-42583-5
A/C Type : Saving A/c
Bank Name : KASIKORNBANK PCL
Branch : Tha Rue,Kanchanaburi, Thailand
မင်္ဂလာပါခင်ဗျား....
အလှူရှင်များ စာရင်းကို တင်ပြချင်လို့ ပါ
အလှူရှင်များ စာရင်းနှင့် အလှူငွေ
No | Name | Country / Region | Amount |
1 | Nee | Canada | 2988 Bahts |
2 | ကိုထူးဆန်း | Thailand | 5000 |
3 | Mone tine | Malaysia | 1012 |
4 | နာမည်မဖော်လိုသူ | 1500 | |
5 | ကိုမျိုး | Thailand | 2000 |
6 | ကိုထူးဆန်း သူငယ်ချင်း | 5000 |
8 .. Khun Hin & Khun Aey(ကိုထူးဆန်းတပည့်) Thailand 1000
9 တိုမ နှင့် သူငယ်ချင်းများ Thailand 9000
နတ်လူ သာဓုခေါ်စေသော်ဝ်။
No comments:
Post a Comment