ကိုယ်စီကိုယ်စီ ခံစားမှု.တစ်မျိုးစီ ခံစားမိကြသည်မှာတော့ အမှန်ပင် ...။ ကျနော် ခံစားမှု.ကတော့
လူ.ငရဲနှင့် ဆင်တူသော ဒီစုဆောင်းရေးမှ လွတ်မြောက်လာခြင်းပင် ကံကောင်းခြင်းတစ်ရပ်ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် စုဆောင်းရေးဧ။် ၀ဋ်ဒုက္ခမှ လွတ်မြောက်လာ သောကျနော်တို. တသသများအားလုံး
ကိုယ်စီ ၀မ်းသာ မိကြသည်မှာတော့ ထပ်တူပင်ဖြစ်ပါတယ်...။ ဒီလိုနဲ.ပဲ .......
ကျနော် တို. တသသ တွေကို တင်ဆောင်လာတဲ့ စစ်စိမ်းရောင်ဖောကား အိုအို ကြီး (၄)စီး သည် တအိအိ
ဖြင့် ရန်ကုန်ဘူတာကြီးသို. ဆိုက်ရောက်လာခဲ့ပါပြီ။
ဘူတာကြီးသို.ရောက်သည်နှင့် လေ့ကျင့်ရေးမှ ဆရာများက ကျနော်တို. တသသ အားလုံးကို ဘူတာကြီးစင်္ကြန် လမ်းပေါ်တွင် အားလုံးကိုဆောင့်ကြောင့်လေးတွေ ထိုင်ခိုင်းထားပြီး ကျနော်တို.အဖွဲ. လိုက်ပါစီးနင်းကြမည် ရထားတွဲ အတွက် သွားရောက် စီစဉ်ဆောင်ရွက် တယ် ..။ အဲဒီအချိန်ကလေးကတော့ ကျွန်တော်တို. အတွက် ထမင်းစားချိန်လေးလဲဖြစ်သွားပါတော့တယ်..။စုဆောင်းရေးက ထည့်ပေးလိုက်သော ထမင်းထုပ်ကလေးများကိုဖြေပြီး လူသူအရမ်းများသော ရန်ကုန်ဘူတာကြီးအလည်တွင် ကျနော်တို. တသသ
များအားလုံး မရှက်မကြောက်တမ်း အချုပ်သား ထောင်သားများပမာ စားသောက်နေကြသည်ကို လမ်းသွားလမ်းလာ ခရီးသွား ပြည်သူလူထု က အထင်သေးအကြည့် သနားဂရုဏာသက်သောအကြည့်
များဖြင့် ကြည့်နေသည်ကိုတော့ ကျနော်သတိထားမိပါတယ်။
ဒီနေရာ မှာ တင်ပြစရာလေးတစ်ခုပေါ်လာပါတယ်....ရန်ကုန်ဘူတာကြီးဂွင်မှာ စုဆောင်းရေးတပ်မှ လှုပ်ရှားနေသူ တပ်ကြပ်ကြီး တစ်ဦးနှင့် အခြားအဆင့် (၃) ဦးခန်.တွေ.ခဲ့ပါတယ်..။ သူတို.က ကျနော်တို.
တသသ အဖွဲ.ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေသည်မှာ သားကောင်းချောင်းသောမုဆိုး အတိုင်းပင်..
ဒါကို လေ့ကျင့်ရေးမှ ဆရာ ဒုတပ်ကြပ် စိုးလွင် ကလဲရိပ်မိပါတယ်..ဒါကြောင့် ကျွန်တော်တို. ကို ဆရာစိုးလွင်မှ တိုးတိုးတိတ်တိတ် လာရောက်ပြီး မင်းတို. ထွက်မပြေးကြနဲ.နော် ထွက်ပြေးရင်လဲ စုဆောင်းရေးကကောင်တွေ မင်းတို.ကို ပြန်ဖမ်းပြီး စုဆောင်းရေးမှာ ပြန်ရောင်းစားမှာပဲ ..မင်းတို.
နောက်ထပ် စုဆောင်းရေးမှာ ဒုက္ခခံရလိမ့်မယ် ဒီမှာပဲထိုင်နေ ..သူတို.လာခေါ်ရင်လဲ မလိုက်နဲ. ငါ့ကိုပြော
ဆိုပြီး လာရောက်သတိပေး ပါတယ် ။ ဒီတော့ ကျနော် အပါအ၀င် တသသ များအားလုံးဟာ ပြေးဖို.မပြောနဲ. တန်းစီ ထိုင်နေတဲ့ နေရာကနေတောင် မထရဲတော့ပါဘူး..ဒီဂွင်မှာ လှူပ်ရှားနေတဲ့ အရပ်ပုပု မျက်နာပြဲပြဲ မျက်လုံးပြူးပြူးနှင့် သွားမှာ ကွမ်းဂျိုး အထပ်လိုက်နှင့်တပ်ကြပ်ကြီး ကလဲကျနော်တို. တသသ များဖက်ကို မလွတ်တမ်း အကဲခတ်နေတော့ ကျနော်တို.လဲ ပိုတောင် မလှုပ်ရှားရဲတော့ပါ...။
(ဒီဘူတာကြီးမှာ တသသ များနှင့် ပါတ်သက်သော အဖြစ်အပျက်လေးတွေအများအပြားရှိပါတယ် စုဆောင်းရေးသို. အတင်းအဓမ္မ သွတ်သွင်းခံရသူ (ရောင်းစားခံရသူ) များက ဘူတာကြီးတွင် အခွင့်ရေးရသည်နှင့် ထွက်ပြေးတတ်ကြပါတယ် ဒီလိုထွက်ပြေးတဲ့သူတွေကို စုဆောင်းရေးမှ မုဆိုးများကပြန်လည်ဖမ်းယူပြီး စုဆောင်းရေးသို. နောက်ထပ်တဖန် ရောင်းစားပြန်ပါတယ် ..လေ့ကျင့်ရေးကတာဝန်ခံဆရာများကတော့ အင်အားပြုန်းတီးမှု.နဲ. ထုချေလွှာတင်ပေါ့ဗျာ..တစ်ချို.ဆိုရင် စုဆောင်းရေးတပ်မှ မုဆိုးများကိုယ်တိုင် တသသ များကို မင်းပြေးချင်လား ငါကုညီမယ်ဆိုပြီး တစ်ဖက်လှည့်နဲ.ခေါ်ထုတ်ပြီးရင် စုဆောင်းရေးပြန်ပို.ပြန်ပေါ့ဗျာ ..ဒါတွေကတော့ အထက်က စီမံချက်မဟုတ်ပဲ စုဆောင်းရေးက ကိုယ်ကျိုးစီးပွားရှာဖွေသူ အောက်လက်တွေရဲ. အကျင့်ပျက်ချစားမှု.ပါပဲ)
ကျနော်တို.တသသ များအားလုံး ထွက်ပြေးသူမရှိပဲ စည်းကမ်းတကျ ငြိမ်သက်စွာနေကြပြီး ရထားပေါ်တက်ရောက်ဖို.ကို စောင့်မျှော်နေမိကြပါတယ် (စုဆောင်းရေးကမုဆိုးများရန်ကိုကြောက်လို.ပါ)
ကျနော် တို. ရထားစောင့်နေစဉ်မှာပဲ ရထားတစ်စီး ဆိုက်ဝင်လာတာတွေ.ပြီး တောသားပုံစံ အသက် (၁၂)နှစ်သာသာ ကောင်လေးတစ်ယောက် အနီးသို. စုဆောင်းရေးမုဆိုးကြီးကပ်သွားတာတွေလိုက်ပြီး
ကောင်းလေကို ဘာတွေပြောဆိုနေလဲတော့မသိပါ ...ကောင်လေးကို ပုခုံးဖက်ကာ ခေါ်ဆောင်သွားတာကိုတွေ.လိုက်ပါတယ် ပြီးတော့ ဒညင်းကုန်းဘက်ကိုသွားတဲ့ မြို.ပါတ်ရထားပေါ်ကို ကောင်လေးကို ပုခုံးဖက်ပြီးတင်သွားတာကိုတွေ.လိုက်ပါတယ်... ကျနော်အပါအ၀င်တသသများတွေ.ကြပေမဲ့ တစုံတရာ ကူညီပေးနိုင်ဖို.ဝေးစွ ကိုယ်တိုင်တောင် သူတို.ရန်ကလွတ်အောင် နေနေရတာဆိုတော့ စိတ်မကောင်းရုံကလွဲလို.ဘာများတတ်နိုင်အုံးမှာလဲဗျာ...။
No comments:
Post a Comment