.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 29, 2011

KIA နဲ့ မြန်မာအစိုးရ တိုက်ပွဲဖြစ်ပွား

2011-05-28
ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) နဲ့ မန်စီမြို့အနီးမှာ နှစ်ဘက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“မနေ့က မနက် ၁ဝ နာရီ ၄၅ လောက်မှာ ဖြစ်တာ။ ပွဲကတော့ ပက်ပင်းဖြစ်တာပါ။ တိုက်ပွဲကြီး ဖြစ်တယ်တော့ မဟုတ်ဘူး။ KIA တပ်မဟာ (၃) နဲ့ တပ်ရင်း (၂၇) က တပ်စုတစုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခလရ (၁ဝ၅) တပ်ခွဲတခွဲနဲ့ ဖြစ်တာ။ နာရီဝက်လောက် အပြန်အလှန် ပစ်ကြတာ။ KIA ဘက်ကလည်း ဆုတ်သွားတယ်။ ညနေပိုင်းမှာ နှစ်ဘက်တပ်ဖြည့်တယ်။ ဗမာစစ်တပ်ဘက်မှာလည်း ခမရ (၃၉) လာဖြည့်တယ်။ KIA ကလည်း သူ့တပ်ကို အင်အားဖြည့်ပြီးတော့ ဆိုင်နေကြတာ အခုထက်ထိတော့ သေနတ်သံ ထပ်မကြားရသေးဘူး”

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်စခန်းတွေအနီးမှာရှိတဲ့ အစိုးရတပ်တွေကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ KIA က ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာမှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

KIA အဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို ငြင်းဆန်ခဲ့အတွက် နှစ်ဘက် အခြေအနေ တင်းမာခဲ့ပါတယ်။

(အာအက်ဖ်အေမှကူးယူသည်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ