စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Friday, September 30, 2011
ယာယီပတ်စ်ပို့ ဖြင့် လာရောက်ကြတဲ့ မြန်မာအလုပ်သမားနှင့် အင်တာဗျူး
သင်ခဲ့ရပါတယ်။ ပြီးတော ရခိုင်ကို သုံး၊လေးလလောက် ပြန်နေခဲ့ရပါတယ်။
ကျနော်တို့ စောင့်နေချိန်မှာ ဂျော်ဒန်ကို မသွားရတော့ဘူးတဲ့။ ထိုင်းကို သွားရမယ်လို့ပြောတယ်။ ရမ်းဗြဲမှာ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ တာကြောင့် ကျနော်တို့လည်း ထိုင်းကို လာမယ် ဆိုတော့ ပိုက်ဆံ (၂)သိန်းခွဲ ထပ်ပေး ရအုံးမယ်လို့ ရန်ကုန်က ပွဲစားမက ပြောပါတယ်။ ကျနော်တို့က ဈေးပြန်ညှိတော့ နောက်ဆုံးမှာ တစ်သိန်းခွဲ ထပ်ပေး လိုက်ရပါတယ်။ ရန်ကုန်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာခဲ့ကြတာပါ။ ရန်ကုန်မှာ (၄၅)ရက်လောက် နေပြီးတော့ ကော့သောင်းကို ပို့လိုက်ပါတယ်။
မေး။ ။ ကော့သောင်းကို ရောက်တဲ့အခါမှာ ဘာအစီအစဉ်တွေ လုပ်ကြရလဲ။
ဖြေ။ ။ ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် ဆရာစံလမ်း မှာရှိတဲ့ အဆောင် တစ်ခုမှာ ကျနော်တို့ကို ထားပါတယ်။ အမျိုးသမီးတွေလည်း အဲဒီ အဆောင်မှာ ရှိပါတယ်။ လူတွေ များပါတယ်။ ကော့သောင်း ကိုယ်စားလှယ်က ထိုင်းနိုင်ငံ ဆုံခလာမြို့မှာ ပရိဘောဂ အချောလုပ်ရမယ်။ တစ်ရက်ကို (၂၂၀)ဘတ် ရမယ်။ အချိန်ပို တစ်နာရီကို ဘတ် (၄၀)ရမယ်လို့ ပြောပါတယ်။
မြန်မာဘက်က ဗိုလ်ကြီဟောင်း စိုးနိုင်၊ ဦးစိုးလွင်နဲ့ ကော့သောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံး (မလန)ရုံးက အရာရှိ အမျိုးသမီးကြီး တစ်ယောက် PMP ကုမ္ပဏီ ကိုယ်စားလှယ် ကိုဧရာချိန်မောင်တို့ လက်မှတ်ရေးထိုး ကြပါတယ်။
မေး။ ။ ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့အခါ အခြေအနေက ဘယ်လိုလဲ။
ဖြေ။ ။ ထိုင်းဘက်ကို ရောက်တာနဲ့ ကျနော်တို့ ပတ်စ်ပို့ စာအုပ်ကို ကိုင်ခွင့် မရလိုက်တော့ဘူး။ ကိုသူရအောင်က ထိုင်းဘက်က PMP ကျနော်တို့ ရောက်ရောက်ခြင်း လာအိုနယ်စပ် ခေါင်ကဲန်ကို ပို့ပေးခဲ့တယ်။ အဲဒီမှာ ဆေးစစ်ပြီးတော့ work permit (အလုပ်လုပ်ကိုင်ခွင့်) လုပ်မရ တာကြောင့် ဘန်ကောက်ကို ပြန်လာခဲ့ရတယ်။ ဘန်ကောက်က တစ်ဆင့် အခု sadao (ဆာဓဟို)ကို ရောက်နေတာပါ။ နောက် အထပ်သား စက်ရုံတစ်ခုမှာ ကျနော်တို့ (၂၁)ရက် လုပ်ခဲ့ကြပါတယ်။
အလုပ်ရုံက work permit လုပ်မပေးလို့ ပြောတာကြောင့် ကျနော်တို့က ပွဲစားတွေကို ဖုန်းဆက်ပါတယ်။ ပွဲစားတွေက ဖုန်းမကိုင်ဘူး။ ကျနော်တို့ အားလုံး တိုင်ပင်ပြီးတော့ ပွဲစားတွေလာအောင် ဆိုပြီး အလုပ် တစ်ရက်မလုပ်ပဲ နားလိုက် ကြပါတယ်။ ဒါကြောင့် အလုပ်ရုံက ကျနော်တို့ကို အလုပ်က ထုတ်ပစ်လိုက် ပါတယ်။ ဒီတော့မှ ပွဲစားတွေလည်း ရောက်လာပါတယ်။
မေး။ ။ ဘယ်ကုမ္ပဏီလဲ၊ ပွဲစား နာမည်က ဘာတဲ့လဲ ပြောပြပါလား။
ဖြေ။ ။ ကော့သောင်းမှ ကိုရဲသွေးက ရနောင်းက ကိုလှဖုန်း ဆီကို လွှဲတယ်။ သူက တစ်ဆင့် ဘန်ကောက်က လှမင်းဆိုတဲ့ ပွဲစားဆီကို လွှဲပါတယ်။ အခုရောက်နေတဲ့ ဆာဓဟိုက ပန်းရံဆိုဒ် တစ်ခုကို လာပို့ထားပါတယ်။ ကျနော်တို့ကို ပွဲစားက တစ်ရက်ကို (၂၂၀)ရမယ်။ နေ့တိုင်း အချိန်ပို နှစ်နာရီ လုပ်ရမယ်။ ကျနော်တို့က ဘတ်(၃၀၀) ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး ဒီကို လိုက်လာ ကြပြန်တယ်။ လုပ်ငန်းခွင်ကို ရောက်လို့ လုပ်ငန်းရှင်နဲ့ ပြောကြတဲ့ အခါ အချိန်ပို နေ့တိုင်း မရှိဘူး။
အလုပ်လုပ်မယ့် တူတွှေ လွှတွေ အကုန်လုံး ကိုယ့်ပိုက်ဆံနဲ့ကို ၀ယ်ရမယ်။ ရေကအစ ၀ယ်သုံးရမယ် ဆိုတော့ ကျနော်တို့ မလုပ်ချင်တော့ဘူး။ ဘန်ကောက်က ကိုလှမင်း ဆင်းလာပြီး ကျနော်တို့မှာ ရှိသမျှ စာရွက် စာတမ်းတွေကို သိမ်းယူ သွားတယ်။ ယာယီပတ်စ်ပို့ စာအုပ်လိုချင်ရင် ဘတ် (၁၂၀၀၀)ပေးရမယ်။ work permit ပါ ယူမယ်ဆိုရင် (၁၆၀၀၀)ပေးရမယ်လို့ ပြောပါတယ်။
မေး။ ။ ညီလေးတို့ ပြည်တွင်းမှာ ငွေအများကြီး ကုန်ကျခံပြီး လာခဲ့တော့ ကိုယ်မှန်းခဲ့သလို မဖြစ်ဘူးလို့ ကျနော် နားလည်တယ်။ ညီလေးတို့လို ပြည်တွင်းက နြေ့ပီးတော့ ပြည်ပကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ဘာအကြံပြု ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ လာမယ် လုပ်တုန်း ကပွဲစားတွေက ပြောတယ်။ ကိုယ့်ဆီမှာလို မပင်ပန်းဘူး။ တစ်လကို ကျပ်ငွေ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ရတယ်လို့ ပြောခဲ့တယ်။ တချို့ အိမ်တွေရောင်း၊ လယ်တွေကို ရောင်းပြီးတော့ လာခဲ့ကြတဲ့ သူတွေ ပါတယ်။ ဒီပုံစံ အတိုင်းဆိုရင် ကျနော်တို့ ဘယ်လို လုပ်ရမလဲ မသိဖြစ်နေတယ်။ ကျနော်တို့ ဒုက္ခရောက်နေတယ်။ နောက်လူတွေ မလာပါနဲ့လို့ပဲ ပြောချင်ပါတယ်။
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
ခိုးရာပါပစ္စည်းလက်ခံထားသူက ပိုင်ရှင်အား သံလက်သီးဖြင့် ထိုးကြိတ် သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ ကိုမောင်မောင်မြင့်သည်...
-
July 6th, 2011 ဂျူရီချိုင်း – မှန်လုံယာဉ်နှစ်စီးမီးရှို့ဖျက်ဆီးပြီးနောက် လွန်ခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့တွင...
-
မင်းတော်လ၀ီ – နယ်စပ် ဘုရားသုံးဆူမြို့သို့ တက်လာသည့် ခမရ ၅၆၃ က မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်၊ ဘုရားသုံးဆူ အနောက်ဘက် ၈ မိုင်ခန့် ကျု...
No comments:
Post a Comment