ကမ္ဘာ့ကုလ သမဂ္ဂ
ကမ္ဘာ့ကုလ သမဂ္ဂဟူသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး၊ ကမ္ဘာ.လူသားအားလုံး အလေးထားရဆုံး ၊ အားကိုးရဆုံးသော၊ ကမ္ဘာ့နိုင်ငံအများဆုံးပါဝင်ဖွဲ့စည်းထားသော ကမ္ဘာရေးရာများကို ဖြေရှင်းပေးသည့်ငြိမ်းချမ်းရေး အဖွဲံ အစည်းဖြစ်သည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅ ခုနစ် ၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ ဆန်ဖရန် ဆစ်စကို မြို့ဉ် ကမ္ဘာနိုင်ငွပေါင်း ၅၀ မှ ကိုယ်စားလှယ်များက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီးကို သဘောတူလက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြသည်။
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် များ
မင်းမဟော် ရေးသားသည်။
င်္February 1964 ---------Nove 1952 .............Trygave Lie..................................United Kingdom
April .... 1953----------Sep 1956 ............Dag Hammarskjold.......................Sweden
Nov ........ 1961---------Dec 1971.............U Thant ................................Burma
1972....................................1981.............KURT wALDHEIM..................Austria
1982....................................1991.............Javier Perez de Cuellar ......Peru
1992....................................1996.............Boutros Boutros -Ghali..........Egypt
1997.......................14-Dec...2006.............Kofi Annan...........................Ghana
14-Dec.2006..............Present...................Ban Ki Moon ........................South Korea
ဤသို့ ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး ဖြစ်သည့် ကုလသမဂ္ဂကြီးတွင် အမြင့်ဆုံးရာထူးမှာ အထွေထွေ အတွင်းရေးမှုးချုပ် ရာထူးဖြစ်သည်။ ဤရာထူးကို ရနိုင်စွမ်းသော သူအရေအတွက် မှာ ကမ္ဘာပေါ်တွင် ရေတွက်လျှင်လက်ဆယ်ချောင်း ပင်မပြည့်သေးပါ။ ဤ မျှ အရေးပါဆုံး ၊ သြဇာအကြီးဆုံး၊ ကမ္ဘာ့လူသားများ အားကိုးလေးစားရဆုံးရာထူးကြီး ကို မြန်မာ ပြည်သား ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့သားတစဦ့း်က စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်ဟု ဆိုခဲ့သော်................
ဦးသန့်...............
သူသည်
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် များ၏ အချင်းချင်း
ရန်လိုမှုများကို အဆုံးသတ်စေခဲ့သူ............အမေရီကန် သမ္မတ ၊ ဗြိတိန်
ဝန်ကြီးချုပ် ၊ ဆိုဗီယက် ၀န်ကြီးချုပ်တို့ကိုယ်တိုင်ကပင်
သူ့ကို လေးစားချစ်ခင်ရသူ၊ သူတို့အားလုံးကိုပင် နားချနိုင်ခဲ့သူ၊ အီတလီမှ ပုတ်ရဟန်းမင်း ကိုယ်တိုင်က လေးစား ချစ်ခင်ရသူ၊ တတိယ ကမ္ဘာစစ် ဖြစ်မည့်အေ၇းကို တားနိုင်ခဲ့သူ.......
လူသားတို့ သွေးချောင်းစီးမှု ၊ သေဆု့းမှုတွေကို ရပ်တန့်စေခဲ့သူ................
ကုလသမဂ္ဂကြီး၏ သြဇာကို မြင့်တင် ပေးခဲ့သူ.....
ကမ္ဘာပေါ်တွင် သူလိုလူမျိုး နှစ်ယောက်မရှိ......
နောက်ထပ်လည်း ..ပေါ်လာနိုင်မည် မဟုတ်...........
သူသည်............................................
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ၊ လူထု အကျိုးဆောင် ကမ္ဘ့ာနံပါတ် နံပါတ်တစ် ၊နေရာကို ကမ္ဘာသူ ကမ္ဘာသားအားလုံးက အပ်နှင်းပေးအပ်ခြင်းကိုခံခဲ့ရသူ .......
သူဘယ်သူလဲ.....
ဦးသန့်
မြန်မာ ပြည်သား ၊ ဧရာဝတီတိုင်း၊ ပန်းတနော်ဖွား
အရပ်မြင့်မြင့် ၊နှာတွပေါ်ပေါ်၊ ရည်ရည်မွန်မွန်၊ လ၀န်းကဲ့သို့ ပြည့်ဖြိုးသော် မျက်နှာ၊ တည်ကြည်သော သူဟန်၊
ဦးသန်.ကို ၁၉၀၉ ခုနစ်၊ ဇန်န၀ါရီလ ၂၂ ၇က်နေ့တွင် ဧရာဝတီတိုင်း ၊ ပန်းတနော် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဦးဖိုးနှစ် မိခင် ဒေါနန်းသောင် တို့၏ သားဖြစ်သည်။မွေးချင်း လေးယောက်ရှိသည့်အနက် ဦးသန့်မှာ အကြီးဆုံးဖြစ်သည်။ ငယ်စဥင်္ကတည်းက ပင် ဦးသန့်သည် ဘာသာရေးအလွန်ရိုသေကိုင်းရှီင်းခဲ့သူဖြစ်သည်.။
ဗုဒ္ဓဘာသာ အပေါ်သက်ဝင် ယုံငြည်ခဲ့သည်။
စကားပြောချိုသာသည်။ တည်ငြိမ်အေးဆေးသည်။ စာဖတ်အလွန်အားကောင်းသည်။ အင်္ဂလိပ်ဘာသာတွင် လက်ဖျားခါလောက်အောင်ပင် သူမတူအောင် ပြောဆို ကျွမ်းကျင်ပိုငိနိုင်ခဲ့သည်။အင်္ဂလိပ်အရေးအသားမှာလည်း သူမတူအောင် ထူးချွန်စွာရေးသားနိုင်သည်။
လူချစ်လူခင်ပေါများသည်။ အသက် ဆယ်နှစ်နျစ်အရွယ်တွင်ပင် စာရေးဆရာကြီးရှိတ်စပီးယာ၏ ၀တ္တုများကို စွဲလန်းစွာ ဖတ်ရှုနေခဲ့ပြီး ဖြစ်သလို နွမယ်ကျောင် စုံထောက်စာရေးဆရာ ကိုနင်ဒွီုင်း၏ ၀တ္တုများကိုလည်း သဲသဲမဲမဲ ဖတ်နေပြီဖြစ်သည်။ငယ်စဉ်တာ်းက ပန်းချီဆွဲ ၀ါသနာပါသည်။ ကလေးဘ၀က ပင် အလွမ်းအရွမ်း၊ သဘာဝအဖွဲ့ စာပေ၊ စလေဦးပုည၏ ဟာသအဖွဲ့ ..............နှစ်သက်ခဲ့သည်။ တစ်ချိန်တွင် နက်နဲ့သောအတွေးအခေါ်များပါသည်. ရှင်မဟာ သီလ၀န်သ၊ ရှင်မဟာရဌသာရ၊ န၀ဒေး၊ နတ်ရှင်နောင် ၊မြ၀တိမင်းကြီးဦးစ ရေးသော စာပေများကို တန်ဖိုးထားဖတ်ရှရကောင်းမှန်းသိလာခဲ့သည်။
မောင်သန့်၏ လက်ရေးလက်သားသည် အလွန် ၀ိုင်းသည်။ လှပသည်။ အ၀တ်စားဝတ်ရာတွင် သေသေသပ်သပ်ဝတ်ဆင်တတ်သူဖြစ်သည်။စာကြိုးစားရာတွင် ဖြစ်စေ ၊စကားပြောရာတွင် သပ်ရပ်တိကျ စွာပြောဆို တတ်သူဖြစ်သည်။
၁၉၂၂ ခုနစ်တွင် ၀ိုင်အမ်ဘီအေ အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်မြင်ခဲ့သည်။
၁၄ နှစ်သားတွင် ဗုဒ္ဓဘာသာ ထုံးတန်းနှင့်အညီ ရှင်ပြု မင်္ဂလာပြူခဲ့သည်။
မောင်သန့်၏ ရုပ်ရည်မှာ သင်္ကန်းနှင့် အလွန်လိုက်ဖက်သည်။ဖြူသောအသား၊ တောက်ပ၀ိုင်းစက်၍ ကြည်လင်သော မျက်လုံး ၊ တောင့်တင်းခိုင်မာသော ကိုယ်ဟန် သည် အ၀ါရောင်သက့င်္န်းဖြင့် အလွန်ကြည်ညိုဖွယ်ကောင်းသော ကိုရင်တစ်ပါး ဖြစ်နေတော့သည်။
၁၉၂၆ တွင် မောင်သန့်သည် ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက် သင်ကြားခဲ့သည်။
အဂ်လိပ်နှင့် မြန်မာစာတွင် သူမတူအောင် ထူးချွန်သည် မှာ သူ၏ လုံ.လကြောင့် ဖြစ်သည်။
ထိုအချိန်က အင်္ဂလိပ်စာကိုကျွန်ပညာဟု သဘောထားကြသော အချိန်ဖြစ်သည်။ ဦးသန့်မှာ သူရည်ရွယ်ချက်နှင့်သူ။ အင်္ဂလိပ်စာ မတတ်လျင် အဂ်လိပ် အထင်သေးမည်။မြန်မာအကြောင်း ကမ္ဘာက သိရန် ၊ အင်္ဂလိပ်အစိုးရနင့် အုပ်ချုပ်သူများသိရန် ၊ ကမ္ဘာက သိရန်မှာ အင်္ဂလိပ်စာ တတ်မှ ဖြစ်မည်။အင်္ဂလိပ်တွေ အုပ်ချုပ်နေသည့် မြန်မာလူမျိုးများသည် မိမိအမျိုးဂုင်္ဏ၊ မျိုးချစ်စိတ်ဇာတိမာန် ပြင်းထန်သူများဖြစ်ကြောင်း မြန်မာလို ထအော်နေလို့မရ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးမှ ပြောမှ ကမ္ဘာက သိမည်။ မြန့်မာယဉ်ကျေးမှု ၊မြန်မာ့စာပေ၊ အနုပညာ တို့ကို ကမ္ဘာက သိရန်မှာ အင်္ဂလိပ်လိုရေးမှရမည်ဟု သိထားသည်။
နောင်တွင်သူသည် မြန့်မာယဉ်ကျေးမှု ၊မြန်မာ့စာပေ၊ အနုပညာ တို့ကို အင်္ဂလိပ်ဘာသာဖြင့်ထိထိရောက်ရောက်ရေးသားနိုင်ခြင်းမှာ ငယ်စဉ်တဉ်းက လေ့လာခဲ့သောအားကြောင့် ဖြစ်သည်။
၁၉၂၆ တွင် ဆယ်တန်းအောင်ပြီးနောက် ရန်ကုန် တက္ကသိုလ်သို့ ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင်ခဲ့သည်။ ပထမတွင် တကောင်းဆောင်တွင်နေသည်။ လေးလအကြာတွင် ပုဂံအဆောင်ကိုပြောင်းသည်။ လေးလအကြာတွင် မေအောင် ကျောင်းဆောင်သို့ပြောင်း ခဲ့သည်။ မေအောင်ကျောင်းဆောင်၏လက်ထောက်အဆောင်မှုးမှာ ဦးလူဖေ၀င်း(မဟာဝိဇ္ဇာ) ဖြစ်သည်။သူသည် နောင်အခါတွင် မြန်မာစာရွှေတိဆိပ် ရရှခဲ့သူဖြစ်သည်။ ပထမနှစ်ဥပစာတန်းပြီးဆုံးခဲသော် ဒုတိယနှစ်ကို မေအောင်ဆောင်မှာပင်နေခဲ့သည်။
ကိုသန့်၏ တက္ကသိုလ် အပေါင်းအသင်းများမှာ ကိုမျိုးမင်း(နောင်တွင် ရနကုန် အင်္ဂလိပ်စာဌာနတွင် ပါမေက္ခ ဖြစ်လာသူ) ၊ ကိုရွှေမရ (နောက်တွင် အိုင်စီအက်စ် ဦးရွှေမရ) ၊ ပျဥင်္းမနားကိုစိုးသိမ်း ( နောင်တွင် မိထ္တီလာ အမျိုးသားအထက်တန်းကျောင်းအုပ်ကြီး ) ၊ ကိုသန့်ထက် နှစ်နှစ်ကြီးသော နှစ်နှစ်ကျောင်းသို့စောပြီးရောက်လာသော အတန်းကြီး မိတ်ဆွေများမျာ ကိုနု (နောင်တွင် မြန်မာနိုင်ငံ၏ ပထမ ဆုံးဝန်ကြီးချုပ်ဖြစ်လာသူ၊ လွတ်လပ်ရေးအတွက် နုအက်တလီ စာချုပ်ချုပ်ခဲ့သူ၊ ဆဌမသံဃာယနာ တင်ခဲ့သူ)၊ ကိုထင်အောင်(နောင်တွင် ရန်ကုန်တက္ကသိုလ် ပါမေက္ခချုပ်ဖြစ်လာသူ) တို့ဖြစ်သည်။
ကိုသန့်နှင့် ကိုနုတို့ ၏ အခင်မင်ဆုံးဆရာမှာ အနောက်ဥရောပရာဇ၀န်ကိုသင်သူ ဆရာဒီဂျီအီးဟောလ်
D.G.E.Hall ဖြစ်သည်။ဆရာက ကိုသန့် နှင့်ကိုနုတို့ကို ဆရာကောင်းတစ်ပြည့်များဖြစ်ကြောင်း အမြဲ ချီးကျူးလေ့ရှိသည်။
၁၉၂၈ တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းကို အမှတ်ကောင်းစွာဖြင့်အောင်မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် ကိုသန့်၏ ညီဖြစ်သူ ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်သည်။ ကိုသန့်သည် ညီဖြစ်သူ၏ ပညာရေးကိုငဲ့ကွက်ပြီး ကျောင်းမှ ထွက်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားနျစ်ဦး၏ စရိတ်ကို မိခင်ကြီးပင်ပန်းနေမှာစိုးသည်။ ဤသည်ကို မိခင်ကြီးက သဘောမတူ။
''သားရယ် ..နောက်နှစ်နှစ်သာ ကျန်တော့ တာဘဲ ..တက္ကသိုလ် ဆက်တတ်ပြီး ဘီအေရတဲ့အထိပညာသင်လိုက်ပါ...အမေတို့လဲ ဒီလောက် ချို့တဲ့နေတာမှ မဟုတ်ဘဲ...............
'' အမပြောတာလဲ မှန်ပါတယ် ..ဒါပေမဲ့ ...ကျောင်းသားနှစ်ယောက်ရဲံ စားရိတ်ဆိုတာ နဲတာမဟုတ်ဘူးနော်....အမ သိပ်ပင်ပန်းနေလိမ့်မယ်..ကျနော်အလုပ်လုပ်ချင်နေပါပြီ.......ညီလေးမောင်ခန့်ပြီးရင် နောက်တဆင့်တက်လာမယ့် ညီတွေရဲံတာဝန်ရှိသေးတယ် ....ကျနော်ကျောင်းထွက်ပြီး ...အမကိုလဲ သားလုပ်စာနဲ့ ပြန်ကန်တော့ပါရစေဦး အမရယ်...........
ကိုသန့် ကျောင်းဆက်မတတ်တော့သည်ကို သူငယ်ချင်းများက သဘောမကျပေ..
၁၉၂၉ တွင် ပန်းတနော် အမျိုးသားအထက်တန်းကျောင်း တွင် အထက်တန်းပြ အဖြစ်ပြန်လည် အမှုထမ်းခဲ့သည်။
ကိုသန့်အား ကျောင်းဆက်တတက်ရန် အကြံပေးသူများထဲတွင် တက္ကသိုလ်တတ်စဥင်္က အထူးခင်မင်ခဲ့ရသော ဗြိတိန်လူမျိုး မစ္စတာ ဖာနီဗော ဆိုသူဖြစ်သည်။
သူသည် အသက် ၅၀ ရှိပြီး အိန္ဒိယ ပဋိညာည်ခံဝန်ထမ်း (အိုင်စီအက်စ်)မှ အငြိမ်းစားယူလာသူဖြစ်သည်။ သူသည် မြန်မာ့ ပညာရေးအနာဂတ်အတွက် လွန်စွာ စေတနာရှိသူဖြစ်သည်။ မြန်မာပညာရေးသည် လွန်စွာနိမ်းကျနေသေးသဖြင့် သူသည် စာကြည့်တိုက်များ၊စာဖတ်ခန်းများကို တက်နိုင်သမျကျိုးစား၍ တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန်ပွားရေး အသင်းကြီးကိုတည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ဂန္တ၀င်လောက မဂ္ဂဇင်းကို တည်ထောင်ခဲ့သည်။သူသည် မြန်မာ ကျောင်းသားများအား အမျိုးသားစိတ်ဓါတ်ဖွံဖြိုးတိုးတတ်စေရန် ပထမဆုံးလှိ့ဆော်ပေခဲ့သော် ဗြိတိန် အမျိုးသာကြီးလည်းဖြစ်သည်။သူသည် ကိုသန့်ကို အလွန်သဘောကျသည်။ ကိုသန့်၏ အနေအထိုင် အပြောအဆိုကိုလည်း အလွန်နှစ်သက်သည်။ တန်ဘိုးလည်းထားသည်.။
သူက ကိုသန့်အား ပြည်သူဝင်ထမ်းစာမေးပွဲဝင်ရောက်ဖြေဆိုပြီး ရာထူးကြီးတစ်ခုခုရယူပါရန်
တိုက်တွန်းခဲ့သည်။အစိုးရ အရာရှိဖြစ်လာလျှင် အမျိုးသားအထက်တန်ျးေကာင်းမှ ရသောလစာထက် များစွာသော ငွေကိုရရှိမည်ဖြစ်သည်။
သို့သော် ကိုသန့်သည် အိုင်စီအက်စ် ၊ ဘီစီအက် ဟူသော ပျိုးတိုင်းကြိုက်သည့် နှင်းဆီခိုင်ရာထူးများကို ရယူ၇န်လုံးဝ စိတ်မ၀င်စားခဲ့ပါ။ မြန်မာ အမျိုးသားပညာရေးအနာဂါတ်အတွက် အမျိုးသားကျောင်းများတွင်သာ အလုပ်လုပ်ရန်ဆန္နရှိခဲ့သည်။ကိုသန့်သည် အထက်တန်းပြအဖြစ် အလုပ်ဝင်ခဲ့သော် လည်း ရန်ကုန်တက္ကသိုလ်နှင့် အဆက်မပျက်ခဲ့ပေ။
အထက်တန်းဆရာအဖြင့်အမှုထမ်းနေစဥင်္အတွင်း ဦးသန့်သည် စာပေ၀ါသနာအရ ဂန္တ၀င်လေက အပါအ၀င် မဂ္ဂဇင်းများ၊ ဂျှာနယ်များတွင် သီလ၀ အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ အနှစ်နှစ်အလလက သိုမှီးခဲ့သော စာပေဗဟုသုတကြွယ်ဝမှုက သူအား ထိပ်တန်း စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သည်။
၁၉၃၀ တွင် ကိုသန့်သည် မြန်မာနိုငငံ အစိုးရ ပညရေးဌာနမှ စစ်ဆေးသော အထက်တန်းပြ ဆရာစစ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ မြန်မာ တစ်ပြည်လုံးတွင် ပထမ ရခဲ့သည်။
တစ်ဆက်တည်း ဦးသန့်သည် ရန်ကုန်မြို့ ၊ အမျိုးသား ပညာရေးကောင်စီ အဖွဲ့ကြီး၏ အမှုဆောင်ကော်မတီ( Council of National Education) တွင် ပါဝင်ခဲ့သည်။ထိုအဖွဲကြီးတွင် အမျိုးသားရေး ခေါင်းဆောင်ကြီးများဖြစ်ကြသော အမျိုးသားပညာဝန်ဦးဖိုးကျား ၊ ဦးစိုးဝင်း၊ နေရှင်နယ် ဦးမြင့် တို့ဦးစီးထုတ်ဝေနေသော National Educaionalist အမည်ရှိ အမျိုးသား ပညာရေး မဂ္ဂဇင်းတွင် အခွင့်သင့်တိုင်း ဆောင်းပါးများ ရေးသားခဲ့သည်။
ထိုစဉ် ပန်းတနော် အမျိုးသားကျောင်းအုပ်ကြီးမှာ ဦးနု ဖြစ်သည်။ ကျောင်းအုပ်အဖြစ်မှ နုတ်ထွက်သွားသော အခါ ဦးသန့်သည် ၁၉၃၁ တွင် ကျောင်းအုပ်ကြီး အဖြစ်ဆက်လက် လုပ်ကိုင်ခဲ့သည်။ ထိုအခါ ရန်ကုန်သို့ ပြန်ရောက်နေသော ဦးနုက ဦးသန့်အား ရန်ကုန်သို့ အလည်ခေါ်၍ အမျိုးသားလှပ်ရှားမှုများကို ပါဝင်ဆောင်ရွက်နေသော ကိုအောင်ဆန်း (နောင်တွင် မြန်မာနိုင်ငံ၏ လွပ်လပ်ရေး ဗိသုကာ ဖြစ်လာသူ) နှင့် မိတ်ဆက်ပေးသည်။ ဦးနု မှာ ရန်ကုန်တက်က္ကသိုလ်တွင် ဆက်လက်၍ ဥပဒေ ပညာကို ဆက်လက်သင်ကြားခဲ့သည်။
ဦးသန့် သည် ရန်ကုန်သို့ မကြာခန ရောက်ခဲ.သည်။မြန်မာနိုင်ငံ ကျောင်းသုံးစာအုပ်ကောင်မတီ ၊ ကျောင်းအုပ်ဆ၇ာကြီးများအသင်း ညီလာခံ ၊ တတ်ေ၇ာက်သည်။
၁၉၃၅ တွင် ပန်းတနော် မြို့နေ ဆေးလိပ်ခု့ပိုင်ရှင် ဒေါ်ကျေး၏ သမီး မသိန်းတင်နှင့် လပ်ထပ်ခဲ့သည်။
၁၉၄၇ ဇူလိုင် ၉ တွင်ပန်းတနော် မှ ရန်ကုန်သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင် အာဇာနည်များ လုပ်ကြံခံရသည်။ ဦးစောမှ သတ်ရန်ကြံ စည်သူများတွင် ဦးနုလည်း ပါသည်။ထိုစဉ် ဦးနုမှာ ပါလီမန် လွှတ်တော် ဥက္ကဌ ဖြစ်သည်။ ဦးနုအားသတ်ရန်တာဝန်ပေးခံရသူသည် ဦးနုအားစောင့်နေရာ ရောက်မလာသေး၍ သေဘေးမှ လွတ်ခဲ့သည်။ တိုအခါ မြန်မာဘု၇င်ခံ ဆာဟူးဘတ်ရန့်သည် ဦးနုကိုခေါ်ယူ၍ အစိုးရအဖွဲ့ကိုခေါင်းဆောင်ဖွဲ့စည်းရန် တာဝန်ပေးရာ ဦးနုသည် ၀န်ကြီးချုပ်အဖြစ်တာဝန်ယူ၍ အစိုးရအဖွဲကို ဖွဲ့စည်းသည်။ တစ်ပတ်အကြာတွင် ဦးနုက ဦးသန့်အား ခေါ်ယူတွေ့ဆုံ၍ ဖဆပလ အဖွဲ့ချုပ် ပြန်ကြားရေး ဌာန အတွင်းဝန် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။
မြန်မာပြည်လွတ်လပ်ရေးအတွက် တစ်ခုတည်းသော ဖဆပလ အဖွဲ့ကြီးနှင့် ပြည်သူလူထု ဆက်ဆန်ရေးမှာ လွန်စွာအရေးကြီးသည် ဖြစ်၍ ဤတာဝန်ကို မိမိယူသင့်သည်ဟု မှတ်ယူပြီး သူသည် ဖဆပလ အဖွဲ့ကြီး၏ ဆောင်ရွက်မှုများကို ပြည်သူတို့ သိရှိအောင် ဖြန့်ဝေရာတွင်လည်းကောင်း ၊ အစိုးရသစ်၏ ၀ါဒ နှင့်လမ်းစဉ်များကု ချမှတ်ဆောင်ရွက်ပေးထားမှုကိုလည်းကောင်း၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် မိမိ၏ ကျွမ်းကျင်မှု၊ အမြော်အမြင်တို့ကို အသုံးချကာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
၁၉၄၈ ဇန်န၀ါရီ ၄ တွင် မြန်မာနိုငငံလွတ်လပ်ရေးရရှိခဲ့သည်။
နောက် ငါးလ အကြာတွင် ဦးနုက ပြန်ကြားရေးဌာန ဒုတိယ အတွင်းဝန် အဖြစ်အမှုထမ်းခဲ့သည်။ ၁၉၄၉ တွင် ဦးသန့် သည် အတွင်းဝန်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ နယူးယောက်တိုင်းဗားမားဂျှာနယ် တွင် ကိုယ်တိုင် အယ်ဒီတာ အဖြစ် စိတ်တိုင်းကျ ပြင်ဆင်တည်းဖြတ် ထုတ်ဝေခဲ့သည်။
ထိုစဉ်အတွင်း ပြည်တွင်းသောင်းကျန်သူများ ဆူပူမှုများဖြစ်လာ၍ ၀န်ကြီးချုပ်ဦးနသည် ကရင် ခေါာ်ငးဆောင်များနှင့် စေ့စပ်ငြိမ်းချမ်းေ၇းကို အစွမ်းကုန်ဆောင်ရွက် ခဲ့သဖြစ် ဦးနုကို ကရင်နု ဟု ပြောစမှတ်ပြုရသည် အထိ တာဝန်ကျေခဲ့သော ဦးနုနှင့် အတူကရင်နယ်မြေအတွင်းသို့ဝင်ရောက်၍ ငြိမ်းချမ်းရေးစကားပြောခဲ့ သူမှာ ဦးသန့်ပင်ဖြစ်သည်။ ထိုနေ့က ဦးသန့်ကားမောင်းသော ဒရိုင်ဘာ မိန်းမက ၄င်းခရီးကို သွားလျှင် လင်မယားကွာမည်ဟု ချိမ်းခြောက်လောက်အောင် အန္တရယ်ရှိသောနေရာ ကို ဦးသန့်က အသက်စွန်.၍ ယုံကြည်မှုရှိစွာဖြင့် ပြေလည်အောင် စေ့စပ်ဆွေးနွေးနိုင်ခဲ့သည်။
ပြန်ကြားရေ ၀န်ကြီးဌာန တွင် ဦးသန့်၏ ဆောင်ရွက်မှုများမှာ လွန်စွာ ထူးချွန်ပြောင်မြောက်သောကြောင့် ၁၉၄၉ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် နိုင်ငံတ်ာအစို့းရက ဦးသန့်အား
'' ၀ဏ္ဏကျော်ထင် '' ဘွဲကို ပေးအပ်ချီးမြင့်ခဲ့သည်။
ထို့ပြင် ဦးသန့်သည် မြန်မာ အသံမှ အသံလွှင့်ရသော တာဝန်ကို ယူခဲ့သည်။ သူ၏ အောင်မြင် ပြတ်သားသော အသံမှာ အခါမလတ် ရေဒီယိုတွင် ကြားခွင့်ရသည်။ ဒီမိုကရေစီ၏ နက်နဲသော သဘောတရားများ၊ ပြည်တွင်းငြိမ်းချမ်းေ၇းကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး အရေးရောများကို မြန်မာ့အသံမှ အချိန်မှန်မှန် ဟောပြောခဲ့သည်။
၁၉၅၁ တွင် မြန်မာနိုင်င့ သမိုင်းကော်မရှင် နှင့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းတို့တွင် လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၅၂ တွင် မြန်မာနိုင်ငံ ရုပ်ရှင် အကဲဖြတ်ဥက္ကဌ အဖြစ် တာဝန်ယူရ ပြန်သည်။အကယ်ဒမီ ဆုရွေးချယ်ရာတွင် ပါဝင် အကဲဖြတ်ပေးရသည်။
ထိုနှစ်တွင်ပင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မြန်မာကိုယ်စာလှယ် အဖွဲံခေါင်းဆောင် အဖြစ်
တတ်ရောက် ဆွေးနွေးခဲ့သည်။
ထိုနှစ်တွင်ပင် မြန်မာနိုင်ငံအစိုးရ၏ ပြည်တော်သာစီမံကိန်းရေးဆွဲရာတွင် ဦးသန့်ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သည်။
၁၉၅၃ တွင် ၀န်ကြီးချုပ်ရုံးစီမံကိန်း အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုရာထူးတွင် ရေနံထုတ်လုပ်ရေး၊ ဓါတ်သတ္တုတိုးချဲ့ ထုတ်လုပ်လုပ်ကိုင်ရေး၊ လေယဉ်ကွင်းတိုးချဲ့ရေးတို့ကို ဦးစီး ဆောင်ရွက် ခဲ့သည်။(ထိုခေတ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အာရှအဆင့် အကောင်းဆုံးစာရင်းဝင်သည်)။
ဦးသန့်၏ နိုင်ငံတော်အပေါ် ပေးဆပ်မှုများ၊ အကျိုးပြုမှုများကြောင့် ထိုနှစ်တွင်ပင် နိုငငံတော်အစိုရက သီးသန့်အား
'' သီရီပျံချီ '' ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့သည်။
အတွင်းဝန်ရာထူးအဖြင့်လုပ်ဆောင်ရသောတာဝန်များထဲတွင် ၀န်ကြီးချုပ်၏ မိန့်ခွန်းဟူသမျှကို ရေးသားရသော တာဝန်ကြီးတစ်ရပ်လဲ ပါဝင်ခဲ့သည်။ ၄င်းတာဝန်မှာ အလွန်ကြီးပါသည်။ဝန်ကြီးချုပ်မိန့်ခွန်းများတွင်
နိုငှ်ု့ရေး၊လူမှုရေး၊ စီးပွားရေး၊ပညာရေး၊ ဘာသာရေး၊စသည် ဖြင့် အလွန်ကျယ်ဝန်းလှပါသည်။ တက္ကကျောင်းတွင်မိန်ူကြားသောမိန့်ခွန်းမှာ ပညာပိုင်းဆိုင်ရာ ဗဟုသုတများကိုသွန်ချပြရပြီး ဗုဒ္ဓဘာသာ အသင်းတွင် ဟောပြောဟော မိန့်ခွန်းသည် သသနာရေးဆိုင်ရာ အချက်အလက်များစွာ ပါဝင်နေရန် အထူးရေးသားရသည်။နိုင်ငံခြားရေးနှင့်ပတ်သတ်သော မိန့်ခွန်းကိုရေးသားရာတွင် ဦးသန့်သည် မြန်မာ့ကြားနေ၀ါဒ ကို လွတ်ကင်းမှုမရှီရေး ဂရုပြုရေးသားရသည်။
၁၉၅၄ တွင် ဦးသန့်ေ၇းသားပြုစုသော ပြည်တော်သာခရီး ပထမတွဲ မှာ ပြီးစီးခဲ့သည်။ ၄င်းတွင်
လှတ်လပ်ရေး ဆုံးရှုံးသည်မှ စ၍ ၁၉၄၈ လွတ်လပ်ရေး ပြန်ရသည်အထိ ဖြစ်စဥင်္များကို အပီအပြင်ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် သူ၏ အမြင် ၊ သူ၏ သုံးသပ်ချပ်တို့ကို ပွင့်လင်းစွာရေးသားထားခဲ့သည်။
၎ငိးစာအုပ်မှာ
မြန်မာလွ
တ်လပ်ရေးကြိုးပမ်းမှုကိုရေးသည် ပထမ ဆုံး စာအုပ် ဖြစ်ပါသည်။
၁၉၅၄ တွင်ပင် ဦးသန့်သည် ဦးနုနှင့်အတူ တရုပ်ပြည်ခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ခေါင်းဆောင်များဖြစ်ကြသော မော်စီတုန်း၊ ချူအင်လိုင်းတိုနျင့် တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာတွင် ဦးနုနှင့်အတူ မြောက်ဗီယက်နမ် ဟနွိုင်းသို့သွားရောက်ခဲ့ပြီး ခေါာ်ငးဆောင် ဟိုချီမင်း နှင့် တွေ.ဆိုဆွေးနွေးခဲ့သည်။
ထိုပြင်ဆိုဗီယက်သို့သွားရောက် ခဲ့ပြီး ခေါင်းဆောင် ကိုဆီဂင်( ၀န်ကြီးချုပ်ဖြစ်လာသူ) ဘရက်ဇညက် တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် အိန္ဒိယ မှ နေရူး ၊ ယူဂိုဆလပ်မှ မာရှယ်တီးတိုး ၊ အမေရီကန်မှ ဒါးလစ်တို့နှင့်လည်း ရင်းနှီးစွာဖြင့် မြန်မာပြည်သို့လာေ၇ာက်ဆွေးနွေးခဲ့ကြသည်။
၁၉၅၆ တွင် ပြည်တော် သာစီမံကိန်း ဒုတိယ တွဲ ကို ရေးသားပြုစုပြီးခဲ့သည်။
၁၉၅၇ တွင် ဦးသန့်အား ကမ္ဘာကုလ သမဂ္ဂအမြဲတမ်း သံအမတ်ကြီး အဖြစ် ဦးနုက ခန့်ထားလိုက်သည်။ ထိုနှစ်တွင် ပင် မြန်မာနိုင်ငံ အစိုးရက ဦးသန့်အား '' စည်သူ '' ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၀ တွင် ဦးနု ၏ ပထစ အစိုးရ တက်လာသောအခါ ဦးသန့်ကို ပင် ဆက်၍ ကုလ ဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်အပ်ထားခဲ့သည်။ထိုအခါ ဦးသန့်သည် ကမ္ဘာကုလ သမဂ္ဂတွင် အာရှအာဖရီက အုပ်စု အဖွဲဝင်အဖြစ် လျပ်ရှားဆောင်ရွက်နေသည်။ထို့ပြင် ကုလ သမဂ္ဂ ရန်ပုံငွေ တိုးပွားရေးအဖြွ့ဥက္ကဌ ၊ အယ်ဂှီရီးယာ လွပ်လပ်ရေးကော်မတီ အဖွဲဝင် အဖြစ်လည်းဆောင်ရွက်နေသည်။ဦးသန့်ကို ကုလရောက် နိုင်ငံပေါင်းစုံမှ လူများကပင် ခင်မင်လေးစားကြသည်။သူ၏ နှစ်လို့ဖွယ်အပြုံး၊ သူ၏ ပြီးပြည်စုံမှု၊ အရည်အသွေး၊ မိမိအလုပ်ပေါ်တွင် စိတ်ရောကိုယ်ပါနှစ်မြုတ် ဆောင်ရွက်မှုတိုေ့ကြာင့် ကုလတွင် ဦးသန့်မှာ လူသိများထင်ရှားလာသည်။သူ၏ စကားပြောကောင်းမွန်မှုကလည်း သူ၏ အရည်အသွေးကို တောက်ပြောင်စေခဲ့သည်။
ဦးသန့်ဘယ်လောက်အပြောကောင်ူပါသလဲ ဆိုလျှင် အင်္ဂလိပ်စကားပြောသော အင်္ဂလိပ်နှင့် အမေရိကန်တို့ကပင် ချီးကျူးရလောက်အောင် အပြောကျပေသည်။
၁၉၆၁ တွင် ဦးသန့် နှင့် ၀န်ကြီးချုပ်ဦးနုတိုသည် ယူဂိုဆလပ် ဘဲဂရိတ် ဘက်မလိုက် နိုင်ငံတကာ အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည်။ ထိုနှစ်တွင် ပင် နိုင်ငံတော် အစိုးရမှ ဦးသန့်၏ ဆောင်ရွက်ချက်များကြောင့်
'' မဟာသရေစည်သူ ''ဘွဲ့ကို ဦးသန်.အားပေးအပချီးမြင့်ခဲ့သည်။
၁၉၆၁ စက်တင်ဘာ ၁၈ တွင် ကုလ အတွင်းရေးမှုချုပ် ဒက်ဟမ်းမားရှိုးသည် ကွန်ဂိုးနိုင်ငံငြိမ်းချမ်းေ၇းအတွက်သွားရောက်နေစဥင်္အတွင်း လေယာဉ်ပျက်ကျ၍ သေဆုံ့းခဲ့သည်။ ဤတွင် ဒက်ဟမ်းမားရှို
၏ နေရာကို မည်သူ့အား အစားထိုးမည်နည်းဟူသော ပြသနာတစ်ရပ် ကုလ တွင် အပြင်းအထန် ဖြစ်လာခဲ့သည်။
ကုလ အတွင်းေ၇းမှုးချုပ်နေရာအတွက် ယာထားသူများတွင် နော်ဝေမှ ဆိုးဘက်နယ်ဆင် ၊ အိုင်ယာလန်မှ ပရက်ဒရစ်ဆိုလန် ၊ မြန်မာနိုင်မှ ဦးသန့် တို့ သုံးဦးသည် ထိပ်ဆု့းမှေ၇ပန်းစားနေခြ့ပြီး ၄င်းတို့အပြင် မက္ကဆီကို ၊ အန္ဒိယ၊ အာရပ်၊ ဗင်နီဇွဲလား၊ ယူဂိုဆလပ် ၊ကျုဘား တို့မှ သိအမတ်များသည်လည်း ယာထားစာရင်းတွင်ပါဝင်လာခဲ့သည်။
၎င်းတိုအားလုံးထဲတွင် မြန်မာပြည်သား၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူဦးသန့်အား အမေရီကန် ၊ ဆိုဗီယက်နျင့် အနောက်အုပ်စူ ကပါ သဘောကျလာခဲ့သည်။ မေရိကန် ၊ ဆိုေီယက်တို့သည် ကုလအတွင်းရေးမှုနေရာအတွက် ဆွေးနွေးရာ နောက်ဆု့းတွင် ဦးသန့်သည်သာလျှင်အားလုံထက် အသင့်တော်ဆုံးဖြစ်သည် ဟု ဆု့းဖြတ်ခြ့ကြပြီး သူ၏ ကုလတွင် စွမ်းဆောင်ချက်များက သက်သေပင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။
ဤ သို့ဖြင့် ၁၉၆၁ နိုဝင်ဘာ ၃ တွင် ကမ္ဘာကုလသမဂ္ဂ လုံခြံရေူကောင်စီဦး ထောက်ခံမှုဖြင့် ကမ္ဘာကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ရာထူးအား ခန့်အပ်ခြင်း ခံရသည်။ဤ သို့ဖြင့် ဦးသန့်သည် ပထမဆုံးဥရောပပြင်ပနိုင်ငံသားဖြစ်သည့် ကမ္ဘာကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် တစ်ဦး ဖြစ်လာခဲ့သည်။၎င်းရာထူးအား ၁၉၆၂ နိုဝင်ဘာလအထိ တစ်နှစ်သာ ဖြစ်ပြီး ခန့်အပ်ကြောင်းအတည်ပြုလွာကို အမေရိကန်၊ ဆိုဗီရပ်၊ သီဟိုလ် ၊ လိုင်ဘီယီးရာ၊ အာရပ်သမ္မတ နိုင်ငံတို့မှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ( မင်းမဟော် ရေးသားသည်)
ဆက်လက်ဖော်ပြပါမည်.............
နောက်ပိုင်းတွင်
ဦးသန့်၏ ကမ္ဘာအကျိုးကို စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ပုံများ ၊ သူအားမည်ကဲ့သို့ ချီးကျူးဂုင်္ဏပြုခဲ့ကြသည်ကို ........
လေးစားစွာဖြင့်....
မင်းမဟော်

No comments:
Post a Comment