တောင်ကိုရီယားသမ္မတလာစဉ်က လုံခြုံေ၇းတာဝန်ခံအ၇ာ၇ှိတစ်ယောက် ပေးပို့သောစာ

------------------------------------------------------------------------------------------
အဖြစ်မှန်မသိတဲ့ ရမ်းတုတ်များသို့ ရှင်းလင်းခြင်း
“၀န်ကြီး ဦးကျော်ဆန်း ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ လုပ်ကြံလိုက်ပြီ”
ဆိုတဲ့ သတင်းကို ဒီရက်ပိုင်းမှာ အင်တာနက် စာမျက်နှာတွေမှာ ရေးသား
လာတာတွေ့ရပြီး facebook တွေမှာလည်း ရှယ်ယာတွေပေးပြီး ဒီသတင်းကို လုပ်ကြံ
ဖွလာတာ တွေ့ရတော့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ခရီးစဉ်မှာ လုံခြုံရေး
တာဝန်ယူရသူ တစ်ယောက် အနေနဲ့ အဖြစ်မှန်ကို ပြည်သူတွေ သိစေဖို့ ချပြချင်တဲ့
စိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ အခုလို ရေးဖြစ်တာပါ။ တကယ်တော့
ကျွန်တော့် အနေနဲ့ ၀န်ကြီး ဦးကျော်ဆန်းက ဗိုလ်ချုပ်အောင်ဆန်းကို ထပ်မံ
လုပ်ကြံတယ် ဆိုတော့ အတော် အံသြသွားတယ်။ သတင်း ခေါင်းစဉ်ကြီးက ထူးဆန်း
နေလို့ပါ။ ဒါနဲ့ တစ်ဆက်ထဲပဲ မြန်မာပြည်က မြန်မာ လူမျိုးတွေ ဖြစ်ပြီး
ကိုယ့်လူမျိုးအချင်းချင်း ချောက်တွန်းတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က
အတွေးအခေါ်တွေ လုံးဝ မပျောက် သေးပါလားလို့လဲ ဒီသတင်းကို ဖတ်ပြီး သံဝေဂ
ပွားမိပါတယ်။
တကယ်တော့ တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်ဟာ အာဇာနည်
ဗိမာန်မှာ သွားရောက် ဂါရ၀ ပြုတယ်ဆိုတာ တကယ်ပဲ ၁၉၈၃ ခုနှစ်တုန်းက သူတို့ရဲ့
သမ္မတ ချန်ဒူးဝမ် လာစဉ်က ဗုံးပေါက်ကွဲမှုမှာ သေဆုံး ကျဆုံးသွားတဲ့
တောင်ကိုရီးယား ၀န်ကြီးတွေကို ဂါရ၀ပြုဖို့ သွားခဲ့တာပါ။ ကျွန်တော်တို့ရဲ့
လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေကို
ဂါရ၀ပြုဖို့ သွားခဲ့တာ မဟုတ်ပါဘူး။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ဟာ
အခု မြန်မာနိုင်ငံ ခရီးစဉ်မှာ အရင် ၁၉၈၃ ခုနှစ်က ဖြစ်စဉ်လိုမျိုး
မဖြစ်စေဖို့ အတွက် သူတို့ရဲ့ လုံခြုံရေးကို အထူး ဂရုစိုက် ခဲ့တာကြောင့်
သူတို့ရဲ့ မြန်မာပြည် အတွင်း လှုပ်ရှား သွားလာမှု တွေကိုလည်း မကြာခဏ
အစီစဉ်တွေ ပြောင်းပြီး အခုသွားမယ် အခု မသွားဘူး ဆိုတဲ့ အကြောင်းကြားမှု
တွေနဲ့ ကျွန်တော်တို့ လုံခြုံရေး သမားတွေ အလွန်ကို ဗျာများ ခဲ့ရပါတယ်။
နေပြည်တော်လို နေရာမျိုးမှာ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဖို့ သွားတဲ့
လမ်းကြောင်း တွေမှာတောင် သူတို့ လုံခြုံရေး တွေဟာ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ
လိုက်ခဲ့တာပါ။ ရန်ကုန်ကို ရောက်ပြန်တော့လည်း အာဇာနည် ဗိမာန်နဲ့
ဒေါ်အောင်ဆန်းစုကြည် ဆီကို သွားမယ် မသွားဘူးနဲ့ အမျိုးမျိုး ပြောနေလို့
လုံခြုံရေးတွေ အတွက် အခက်အခဲတွေ ဖြစ်ခဲ့ရတဲ့ အပြင် နောက်ဆုံးမှ
အဲဒီနေရာတွေကို သွားမယ်လို့ ပြောပြီး သံချပ်ကာ ကားနဲ့ လုံခြုံရေး
လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတနဲ့ အဖွဲ့ မြန်မာပြည်ကို
လာရောက်စဉ်မှာ နေပြည်တော်မှာရော ရန်ကုန်မှာပါ ဟိုတယ်မှာ သေနတ်ကိုင်
လုံခြုံရေးတွေက မျက်နှာကြော ကြီးတွေ တင်းပြီး စောင့်ရှောက် နေကြလို့ သတင်း
သမားတွေ မမေးရဲ အရမ်းကန်ရော မဗျူးရဲကြတာ ကိုလည်း ဖေ့စ်ဘွက်မှာ အချို့က
ရင်ဖွင့်ထားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် အစိုးရ အနေနဲ့ တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်မှာ အတိတ်က
အရိပ်မဲ ဖြစ်စဉ်မျိုး မဖြစ်အောင် အထူး ဂရုစိုက်ပြီး နိုင်ငံတော် အစိုးရ
အနေနဲ့ လုံခြုံရေးကို ပြည့်ပြည့်၀၀ လုပ်ပေး ခဲ့သလို တောင်ကိုရီးယား
အစိုးရကိုလည်း အာမခံချက်တွေ ကြိုတင်ပြီး ပေးခဲ့ပါတယ်။ ဒါတောင် သူတို့
အနေနဲ့ စိတ်မချနိုင်ပဲ အနုကြမ်း စီးသလိုမျိုး လက်နက်တွေ တကားကားနဲ့ လိုက်ပါ
စောင့်ရှောက် ကြသလို လုံခြုံရေးကို အကြောင်းပြပြီး အာဇာနည် ဗိမာန်ကို
သွားရောက် ဂါရ၀ပြု ရာမှာလည်း သူတို့ရဲ့ ကျဆုံးခဲ့တဲ့ ၀န်ကြီး တွေကို
ဂါရ၀ပြုဖို့ ဆိုပြီး ပြောကြား ခဲ့တာပါ။
ဒါကို အသေအချာ မသိဘဲ ပြည်တွင်းက
ကိုယ်ကျိုးရှာ လောက်ကောင်တွေက ပြန်ကြားရေး ၀န်ကြီးကို တိုက်ခိုက်ဖို့
အကြောင်း ရှာလာတာဟာ အလွန် အံသြစရာ ကောင်းတဲ့ နိုင်ငံရေး လုပ်ကြံမှု
တစ်ခုလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ ဒီသတင်းနဲ့ ဘာမှ မဆိုင်တဲ့ ဒုတိယ
သမ္မတကြီး ကိစ္စကလည်း ပါလိုက်သေးတယ်။ နောက်ပြီး အစိုးရ အဖွဲ့နဲ့
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ပေးတဲ့ သတင်းကို အခုလို လုပ်ကြံ ဖန်တီးတာဟာ
နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင် ရိုက်ချိုးနေသလို
ခံစားရပါတယ်။
တကယ်တော့ ဗိုလ်ချုပ် အောင်ဆန်နဲ့ အာဇာနည်
ခေါင်းဆောင်တွေကို တကယ် ဂါရ၀ပြုတာ မဟုတ်ဘဲ သူတို့ရဲ့ ကျဆုံးသွားတဲ့
ဝန်ကြီးတွေကို သွားပြီး ဂါရ၀ ပြုပါမယ်လို့ ပြောတာကို ပြန်ကြားရေး သတင်းစာက
ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေကို တောင်ကိုရီးယား သမ္မတ
လီမြောက်ဘတ်က ဂါရ၀ ပြုတယ်လို့ သတင်း ထုတ်ပြန် ပေးရမှာလား။ စဉ်စား
ကြည့်ကြပါဦးဗျာ။ ကျွန်တော်တို့ လူမျိုးတွေ အဲဒီလို ကျွန်စိတ်တွေ
အခုခေတ်မှာ ရှိမနေ သင့်တော့ပါဘူး။ သူတို့ ပထွေးရဲ့ လုပ်ရပ်နဲ့ လှုပ်ရှားမှု
ကိုတော့ အသေအချာ မသိဘဲ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံမှာ ဖရိုဖရဲ
ဖြစ်ဖို့ကိုသာ ဦးတည်နေတဲ့ လုပ်ကြံ လူတန်းစာတွေ ကျွန်တော်တို့ နိုင်ငံမှာ
ဒီထက် များလာရင် ဒီလူတွေရဲ့ လှည့်ကွက်တွေမှာ ယုံကြည်နစ်မျော နေရင်ဖြင့်
ကျွန်တော်တို့ နိုင်ငံဟာ တကယ်ကို စစ်မှန်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံ
ဖြစ်လာဖို့ အဟန့်အတားတွေ ရှိနေဦးမှာလို့ သုံးသပ်မိလို့ ဒီသတင်းကို
ချေဖျက် ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီး တကယ့် အဖြစ်မှန်ကို
ပြည်သူတွေ သိစေချင်တဲ့ စေတနာကြောင့် ဒီစာကို ကျေးစေတမန်က တင်ပေးဖို့
ပေးပို့လိုက်ရခြင်း ဖြစ်ပါတယ်။
ဗိုလ်သံမဏိ
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
စာအုပ်အမည် – က၀ိလက္ခဏသတ်ပုံ စာရေးသူ – ပါဠိဆရာဦးဖြေ အမျိုးအစား – ကျမ်း က၀ိလက္ခဏာသတ်ပုံ (ပါဠိဆရာဦးဖြေ) download here
-
ရာဇပလ္လင် ရာဇပလ္လင် ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၄င်းတို့မှာ - ...
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
2011-07-06 အခြေခံပညာ ဒဿမတန်း စာမေးပွဲ အောင်နှုန်း သိသိသာသာ ကျဆင်းနေတဲ့ အတွက် ရန်ကုန်တိုင်းက မြို့နယ် တချို့က ပုဂ္ဂလိက ကျူရှင်ဆရာ၊ ဆရာမတေ...
-
ချစ်သူ.... တရံတခါ သတိရလာရင် အပူရုပ်နဲ. လူမလုပ်ပဲ အစာ တစ်ထုပ်နဲ. ခိုတစ်အုပ်ကို ကုသိုလ်ပြုရင်းဖြေပါနော်.............။ ချစ်သူ......... မြ...
-
(ရိုးမ ၃ မှ ကူးယူဖော်ပြသည်) ပဲခူးမြို့၊ ကမာနတ်ရွာအနီးရှိ ကပ်ဝမ်း (CAP 1) ဦးထုတ်စက်ရုံမှ အလုပ်သမားများက လုပ်အားခ တိုးမြှင့်ပေးရေးနှင့် လ...
-
ULEAD VIDEO STUDIO စော့ဝဲလ်လေးပါ အောက်မှာလည်းကျွှန်တော်လုပ်ထားတဲသီချင်းနမူနာလေးထည့်ပေး ထားပါတယ်အောက်ကလင့်လေးမှတဆင့်ဒေါင်းလို...
-
Published on July 7, 2011 by ဒီဗွီဘီ · No Comments မြန်မာအစိုးရတပ်ရဲ့ စစ်ကားတန်းတခုက...
1 comment:
ရေးတဲ့သူတွေက ရမ်းရေးတာ မဟုတ်ဘူးကွ၊ တောင်ကိုရီးယားသတင်းစာမှာပါတဲ့ သတင်းနဲ့ ကျော်ဆန်းသတင်းစာ ကွဲလွဲနေတာကို ယှဉ်ပြထားတယ်။
ဟိုက ဗိုလ်ချုပ်အောင်ဆန်ကို အလေးပြုတယ်။ ကျော်ဆန်းက မပြုဘူးလို့ရေးတယ်။ ကျော်ဆန်းကလဲ သမတနဲ့ ဦးရွှေမန်းကိုတောင် ဆင်ဆာဖြတ်နေတာကို မင်းလဲ အသိဘဲလေ။
Post a Comment