စက္ကူလေယာဉ် ရွှေတံဆိပ်ဆုရှင် မောင်သောင်းဒီ ထိုင်းနိုင်ငံသားကဒ် လုပ်ခွင့်မရ
|
Written by မြတ်ညို
|
|
Thursday, 21 July 2011 00:00 |

မောင်သောင်းဒီ (ဓာတ်ပုံ- မြတ်ညို)
စက္ကူလေယာဉ် ရွှေတံဆိပ်ဆုရှင် မောင်သောင်းဒီ ထိုင်းနိုင်ငံသားကဒ် လုပ်ခွင့် မရရှိသေးကြောင်း သူ့ဖခင်က ပြောသည်။
ဇူလိုင်လ (၁၄)ရက်နေ့က သူနေထိုင်ရာ ချင်းမိုင်မြို့
ထိုင်းစာသင်ကျောင်းတွင် အသက် (၁၅)နှစ်အောက် ကျောင်းသားများအား
ထိုင်းအစိုးရက နိုင်ငံသားကဒ် လုပ်ပေးခဲ့သော်လည်း မောင်သောင်းဒီမှာ
ပြုလုပ်ခွင့် မရရှိခဲ့ပေ။
“အစီအစဉ်က ထိုင်းနိုင်ငံသားများအတွက် ထော်ရော(၁၄) ကိုင်ဆောင်ထားသူများ
အတွက်သာ ဖြစ်တယ်။ တောင်ပေါ်သားကဒ် အပါအ၀င် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့
မဆိုင်ဘူးဗျ”ဟု ချင်းမိုင် အခြေစိုက် MAP ဖောင်ဒေးရှင်း ရွှေ့ပြောင်း
အလုပ်သမားရေး ဌာနမှ တာဝန်ရှိသူ စိုင်းနီက ပြောသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား မိဘများမှ မွေးဖွားပြီး
မြန်မာနိုင်ငံဘက်တွင်လည်း မှတ်ပုံတင် မရှိသလို မွေးဖွားရာ
ထိုင်းနိုင်ငံတွင်လည်း ထိုင်းနိုင်ငံသား လက်မှတ်မရရှိသူ ကလေးများစွာ အနက်
မောင်သောင်းဒီလည်း တစ်ဦး အပါအ၀င် ဖြစ်သည်။
မောင်သောင်းဒီသည် ၂၀၀၉ ခုနှစ်က ဂျပန်နိုင်ငံတွင် နိုင်ငံတကာ စက္ကူ
လေယာဉ်လွှတ် ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ကိုယ်စားပြု အဖွဲ့လိုက်
ရွှေတံဆိပ်နှင့် တစ်ဦးချင်း တတိယဆု ရရှိခဲ့သည်။ ထိုစဉ်က ထိုင်းဝန်ကြီးချုပ်
အဘီဆစ် ဝေ့ချာချီဝက မောင်သောင်းဒီ၏ အဆင့်မြင့် ပညာရေး ဆုံးခန်းတိုင်အောင်
နိုင်ငံတော် စရိတ်ဖြင့် သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောင်ခွင့် မရရှိသေးသဖြင့် ပညာရေးတွင် အခက်အခဲ ဖြစ်လာမည်ကို သူ၏ မိဘများက စိတ်ပူနေသည်။
ဖခင်ဖြစ်သူက “ကျနော့်သားက လေကြောင်း စက်မှုသိပ္ပံ အင်ဂျီနီယာ ဖြစ်ချင်တယ်။
ထိုင်းအစိုးရကသာ တာဝန်ယူပြီး သင်ကြား မပေးရင် ကျနော်တို့ အနေနဲ
့အဆင့်မြင့် ပညာတွေကို သင်ပေးနိုင်မှာ မဟုတ်ဘူး” ဟုပြောသည်။
ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏
ဒါရိုက်တာ ဦးအောင်မျိုးမင်း ကလည်း “ပညာရေး ထူးချွန်လို့ ထိုင်းနိုင်ငံ
ကိုယ်စားပြုပြီး သွားရောက် သင်ကြားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားတဲ့ နိုင်ငံကူး လက်မှတ်တို့ မဲပေးခွင့်တို့
မရထားတာကြောင့်” ဟုပြောသည်။
ရှမ်းပြည်နယ် နန့်စန်မြို့မှ ဦးစိုင်းညွန့်နှင့် ဒေါ်မွန်တို့က ၁၉၉၇
ခုနှစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝှေ့ဆိုင် ရပ်ကွက်၌
မောင်သောင်းဒီအား မွေးဖွားခဲ့သည်။
မောင်သောင်းဒီအနေဖြင့် တချိန်ချိန်တွင် ထိုင်းနိုင်ငံသား လက်မှတ်ရမည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။

မောင်သောင်းဒီ မိသားစု (ဓာတ်ပုံ- မြတ်ညို)
|
http://www.ghre.org/en/index.php?start=15 မှ ကူးယူဖော်ပြသည်
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
No comments:
Post a Comment