ADSLအင်တာနက် လိုင်းကို ကနဦးတပ်ဆင်ခ ငွေ ကျပ် ၁၅ သိန်းမှ ငွေကျပ် ငါးသိန်း နှုန်းသို့ လျှော့ချ
|
|
|
|
|
Sunday, 24 July 2011 13:29 |
ADSL စနစ်ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံကို တွေ့ရစဉ်
ADSL အင်တာနက်လိုင်းကို ကနဦးတပ်ဆင်ခငွေကျပ် ၁၅ သိန်း နှုန်းမှ
ငွေကျပ်ငါးသိန်းနှုန်းသို့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့်
ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
ယခင်က ADSL အင်တာနက်လိုင်း လျှောက်ထားရာတွင် ကနဦး တပ်ဆင်ခအဖြစ်ငွေကျပ်
၁၅ သိန်းကို ပေးသွင်းခဲ့ရသော်လည်း ယခုအခါ ငွေကျပ် ငါးသိန်းနှုန်းသို့
လျှော့ချ အသုံးပြုခွင့် ပေးသွားရန်ရှိကြောင်း အဆိုပါ ADSL အင်တာနက်လိုင်း
အပြင် အခြားအင်တာနက်လိုင်း အမျိုးအစားများကိုလည်း ဈေးနှုန်းလျှော့ချ ကာ
ဝန်ဆောင်မှုများ ပေးသွားရန်ရှိကြောင်း သိရှိရသည်။
“ADSL အင်တာနက်လိုင်းတွေ ရဲ့ အရင်မူရင်းဈေးက ငွေကျပ် ၁၅
သိန်းဖြစ်ပါတယ်။ ကြိုးဖုန်းရှိမှ လျှောက်ထားလို့ရပါတယ်။ အခု နောက်ပိုင်းမှာ
အင်တာနက်ကို ပြည်သူတွေ ပိုမို
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက်
ဈေးနှုန်းတွေ လျှော့ချသွားဖို့ ရှိပါတယ်။ ADSL အင်တာနက်လိုင်းကိုလည်း
ကျပ်ငါးသိန်း ၀န်းကျင်နှုန်းနဲ့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့်
ပေးသွားဖို့ စီစဉ်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင် နယ်မြို့တွေမှာ
နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက
အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အခမဲ့ တပ်ဆင်ပေးနိုင်ရင်
ပိုပြီးအကျိုးရှိလာမှာ ဖြစ်ပါတယ် . . .
|
ADSL အင်တာနက်လိုင်းသည် အမြန်နှုန်း 256kbps မှ 2048 kbps အဖြစ်
အသုံးပြုနိုင်သော အင်တာနက်လိုင်းများ ဖြစ်ပြီးလစဉ်ကြေးကို အမြန်နှုန်းပေါ်
မူတည်ပေးသွင်း ရကြောင်း သိရှိရသည်။
ယခင်စာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော
လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့်
ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် အင်တာနက်
သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး ၅၀၀၀
ဝန်းကျင်ရှိကြောင်း သိရှိရသည်။
“ADSL အင်တာနက်လိုင်းတွေရဲ့ ကနဦးတပ်ဆင်ခကို ၁၅ သိန်း ကနေ ငါးသိန်း
လျှော့ချလိုက်တဲ့ အတွက်သုံးစွဲသူတွေ ပိုအဆင်ပြေလာဖို့ ရှိပါတယ်။ အင်တာနက်
တပ်ဆင်ခွင့်ကို ကိုယ်စားလှယ်အဖြစ် ရရှိထားတဲ့ Sky Net တို့ Red Link
တို့လို ကုမ္ပဏီတွေအနေနဲ့လည်း အင်တာနက် အသုံးပြုခတွေကို လျှော့ချပေးဖို့
လိုပါတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင်
နယ်မြို့တွေမှာ နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက
အထက်တန်းကျောင်း တွေ၊ တက္ကသိုလ်တွေမှာ အခမဲ့တပ်ဆင်ပေးနိုင်ရင် ပိုပြီး
အကျိုးရှိလာမှာ ဖြစ်ပါတယ်”ဟု သုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ အိုင်တီပိုင်းဆိုင်ရာ ပညာရှင်တစ်ဦးက “နိုင်ငံတကာမှာတော့
ဖုန်းကြိုးကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တဲ့ စနစ်ထက် ဖိုက်ဘာကြိုးကို
အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တာတွေ ပိုအသုံးများ ပါတယ်။ စင်ကာပူမှာ IT
ပိုင်းဆိုင်ရာ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။ starhub ကုမ္ပဏီ၊ singtel
ကုမ္ပဏီနဲ့ M1 ကုမ္ပဏီ တွေဖြစ်ပါတယ်။ starhub ကုမ္ပဏီရဲ့ Broadband စနစ်နဲ့
အင်တာနက် အသုံးပြုခဆိုရင် 3Mpbs အမြန်နှုန်း ကို တစ်လ၀န်ဆောင်ခ စင်ကာပူ
ဒေါ်လာ ၂၆ ဒေါ်လာ(ကျပ် ၁၅၀၀၀) ၀န်းကျင် ပေးရပါတယ်။ ဒီဝန်ဆောင်မှုမှာ
အခမဲ့ပြည်တွင်း ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်တဲ့ ကြိုးဖုန်းတစ်လုံးအခမဲ့
တပ်ဆင်ပေးပါတယ်။ singtel ကုမ္ပဏီမှာ 6 Mpbs ရှိတဲ့ Broadband
အင်တာနက်စနစ်ကို တစ်လချင်းစီအတွက် စင်ကာပူဒေါ်လာ ၃၆ ဒေါ်လာ (ကျပ် ၂၁၀၀၀)
ဝန်းကျင်လောက် ပေးရပါတယ်။ ဒါ့အပြင် ဒီစနစ်မှာ အခမဲ့ဝန်ဆောင်မှုအဖြစ် laptop
နဲ့ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မယ့် portable moden တစ်ခုကို
ထည့်ပေးပါတယ်။ သူတို့ ဆီမှာ လစဉ်ကြေးကိုပဲ အဓိက သတ်မှတ်ထားပါတယ်” ဟု
ပြောပြခဲ့သည်။
ပြည်တွင်း skynet ကုမ္ပဏီ၏ အင်တာနက်တပ်ဆင် အသုံးပြုခများ မှာ 2 Mpbs
ရှိ FTTX အင်တာနက် စနစ်အတွက် တစ်လလျှင် လစဉ် ကြေးငွေကျပ် ၁၅၀၀၀၀ကို
ပေးသွင်းရကြောင်း၊ ကနဦး တပ်ဆင်ခ အဖြစ် ငွေကျပ် ၈၀၀၀၀နှင့်
ပစ္စည်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၁၀၀၀၀၀ ကို ပေးသွင်းရကြောင်း
သိရှိရသည်။
မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှု အနေဖြင့် ၂၀၀၈ခုနှစ်တွင်
အင်တာနက်သုံးစွဲသူ အရေအတွက် ၇၈၀၀၀ ကျော်၊ ၂၀၀၉ခုနှစ်တွင် ၉၃၀၀၀ ကျော် ၂၀၁၀
ပြည့်နှစ်တွင် ၃၅၀၀၀၀ ကျော် ရှိလာကြောင်း သိရှိရသည်။ |
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
ခိုးရာပါပစ္စည်းလက်ခံထားသူက ပိုင်ရှင်အား သံလက်သီးဖြင့် ထိုးကြိတ် သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ ကိုမောင်မောင်မြင့်သည်...
-
July 6th, 2011 ဂျူရီချိုင်း – မှန်လုံယာဉ်နှစ်စီးမီးရှို့ဖျက်ဆီးပြီးနောက် လွန်ခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့တွင...
-
မင်းတော်လ၀ီ – နယ်စပ် ဘုရားသုံးဆူမြို့သို့ တက်လာသည့် ခမရ ၅၆၃ က မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်၊ ဘုရားသုံးဆူ အနောက်ဘက် ၈ မိုင်ခန့် ကျု...
No comments:
Post a Comment