.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, July 25, 2011

ဥရုချောင်းဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း ဖားကန့်တွင် ဒုတိယအကြိမ် ရေကြီးပြီး လူနေအိမ်များ ရေနစ်မြုပ်


PDF Print
Monday, 25 July 2011 01:18
AddThis Social Bookmark Button
w64324
w64325
ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာ တို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း-ဖားကန့် တို့တွင် ဒုတိယ အကြိမ် ရေကြီးပြီး
လူနေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်မှစ၍ လုံးခင်းကျေးရွာ ရပ်ကွက် ၄-၃ အတွင်းသို့ ရေများ စတင် ၀င်ရောက်လာခဲ့ရာ ညနေ ၄ နာရီခန့်တွင် တံတားနှင့် ရေပြင် ငါးပေ အထိ ရေများ ရောက်ရှိလာခဲ့သည်။ ညနေ ၄ နာရီခွဲတွင် လုံးခင်း  ရပ်ကွက် ၃-၄ တွင် အိမ်ခြေ အားလုံးနီးပါး နစ်မြုပ်ခဲ့ကြပြီး ရွာလယ်လမ်းမကြီးရှိ စားသောက်ဆိုင်ရှေ့ထိ ရေများ အလျင်အမြန် ရောက်ရှိခဲ့ကြောင်း သိရသည်။
''ဒီနှစ်ထဲမှာ ရွာရေကြီးတာ ဇွန်လ ၃၀ ရက်နေ့က တစ်ခေါက်၊ အခုတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ကံဆီးမှာ မိုးတစ်ညလုံးရွာလို့သာ ရေကြီးတာ၊ လုံးခင်းမှာ ဒီလောက်ကြီး မရွာဘူး။ ည ၁၀ နာရီ ၁၁ နာရီအထိ ရေတက်တုန်းပဲ။ တံတားသံပေါင်နဲ့ ရေထိဖို့ သုံးပေပဲ လိုတော့တယ်။ ည ၁ နာရီ၊ ၂ နာရီလောက် အထိ ၃ ဈေးလမ်းမတွေမှာ ရေဒူးလောက် ကျန်နေသေးတယ်''ဟု လုံးခင်းရွာသား တစ်ဦးက ပြောပြခဲ့သည်။
လုံးခင်းရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ၊ ၁၂ နာရီခန့် ရွာထဲ ရေအပြည့် ဖြစ်နေချိန်၌ စက်လှေနှစ်စင်း၊ လက်လှေနှစ်စင်းဖြင့် ရွာအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် အော်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေအကြီးဆုံး အချိန်တွင် ရပ်ကွက် ၄ လမ်းတွင် ခြောက်ပေ၊ ရပ်ကွက် ၃ အောင်ပန်းထိပ် အိမ်ရှေ့တွင် လေးပေ၊ ရပ်ကွက် ၂ တွင် နှစ်ပေ၊ ရပ်ကွက် ၁ လမ်းမပေါ်တွင် နှစ်ပေခန့် ရေများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
''အခု ဒုတိယအကြိမ် ရေကြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ခါးလောက်နစ်တယ်။ ပထမရေကြီးတုန်းက လူတစ်ရပ်နီးပါး ရှိတယ်''ဟု လုံးခင်း မီးသတ်တပ်ဖွဲ့မှ ကိုထွန်းထွန်းက ပြောပြခဲ့သည်။
ရေဘေးဒုက္ခသည်များမှာ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ပြောင်းရွှေ့ နေထိုင်ကြရပြီး လုံးခင်း အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့များ၊ ဆန်ခါ ဘုန်းတော်ကြီးနှင့် ဒါယကာ ဒါယိကာမများ အဖွဲ့မှ ကား၊ စက်လှေများဖြင့် ထမင်းထုပ်များကို အိမ်တိုင်ရာရောက် ဝေငှ ပေးခဲ့ကြောင်း သိရသည်။
အိမ်များ ရေနစ်မြုပ်မှု အခြေအနေမှာ ပထမအကြိမ်တွင် လုံးခင်းရွာ တစ်ရွာလုံး နစ်မြုပ်ခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင် တစ်ရွာလုံး၏ သုံးပုံ နှစ်ပုံသာ နစ်မြုပ်ခဲ့ကြောင်း၊ ဆန်းကျေးရွာ အောင်ရာရွာ တို့တွင်လည်း
နစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။
ဖားကန့် သံတံတားမှာ ပထမ အကြိမ်တွင် တံတား၏ လက်ရမ်း လက်ကိုင်မှာ ရေနစ်မြုပ်၍ လက်လေးလုံးခန့်သာ ပေါ်နေပြီး တံတားကြမ်းပြင်မှာ အားလုံး နစ်မြုပ်ခဲ့သည်။ ယခု ဒုတိယအကြိမ်တွင် တံတား၏ ကြမ်းပြင်ပေါ်တွင် ရေတစ်ပေခန့် ရှိပြီး ကြိုးတံတားမှာ ရေနစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။
ရေကြီးနေချိန်တွင် မိုးကောင်း၊ မြစ်ကြီးနားဖက်မှ တက်လာသော ကားများမှာ တံတားပေါ်နှင့် လုံးခင်းရွာ အတွင်း ၀င်၍ မရသည့် အတွက် လယ်ပြင်ကျေးရွာနှင့် လုံးခင်း ကားကြီးဝန်းများတွင် ခေတ္တ စောင့်ဆိုင်း နေကြရပြီး ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရေကျသည့် အချိန်မှ ဖားကန့် ဆိပ်မူသို့ သွားလာနိုင်ခဲ့ကြောင်း သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ