Labels:
စစ်ရေး
ကမ္ဘာတစ်လွှားမှာ အခြားသောနိုင်ငံတွေ
မိမိနိုင်ငံအတွင်းမှာဘဲ ဖြစ်ဖြစ် ၊ အခြားမဟာ မိတ်နိုင်ငံတွေနဲ့ပဲဖြစ်ဖြစ်
ပူးတွဲ စစ်ရေးလေ့ကျင့်ရင် ဒေသတွင်းငြိမ်း ချမ်းရေးကို ခြိမ်းခြောက်တယ် ၊
အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တယ် အစရှိသဖြင့် အမြဲတမ်း
ကန့်ကွက်လေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီနေ့မှာတော့
အာဆီယံအဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့
ထိုင်းနိုင်ငံနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါတယ် ။
Cooperation Afloat Readiness
and Training
(CARAT) 2011 လို့အမည်ပေးထားတဲ့ အမေရိကန် နဲ့ ထိုင်း နှစ်နိုင်ငံအကြား
ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို Sattaheeb ရေတပ်အခြေစိုက်စခန်းတည်ရှိရာ
ချွန်ဘူရီ ဒေသမှာ မေလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။
ခုလိုစစ်ရေးလေ့ကျင့် တာကိုနှစ်စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်သော်လည်း ကုလသမဂ္ဂ
အပါအ၀င် ဘယ်နိုင်ငံမှ ကန့်ကွက်သံ မကြားရကြောင်းလဲ သိရပါတယ် ။
အခုလို အိမ်နီးချင်းနိုင်ငံတစ်ခုမှာ
အမေရိကန်ကဦးဆောင်ပြီး စစ်ရေးလေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း
မည်သည့် လူ့အခွင့်ရေး အဖွဲ့ ၊ မည်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၊
မည်သည့် ကုလသမဂ္ဂ အဖွဲ့အစည်း ၊ မည်သည့် အထူးကိုယ်စားလှယ်ကမှ တစ်စုံတစ်ရာ
ကန့်ကွက်ခြင်း မရှိသည်မှာ အဆန်းမဟုတ်တော့သော်လည်း အကယ်၍သာ မြန်မာနိုင်ငံကသာ
တရုတ်နှင့်သော်လည်းကောင်း ၊ ရုရှားနှင့်သော်လည်းကောင်း အလားတူ
စစ်ရေးလေ့ကျင့် မှုတစ်စုံတစ်ရာပြုလုပ်ခဲ့ပါလျှင်မူ ထိုပုဂ္ဂိုလ်
ထိုအဖွဲ့အစည်းများ ယခုလို နှုတ်ဆိတ်နေမနေ ဆိုတာကတော့ စိတ်ဝင်စားစရာ
မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်းတင်ပြအပ်ပါသည် ။
No comments:
Post a Comment