.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, August 2, 2011

အာဆီယံပါလီမန်များ ၃၂ ကြိမ်မြောက်​ အစည်းအဝေးတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် သတ်မှတ်မည်

Published on August 2, 2011 by အံ့ဘုန်းမြတ်   ·   
အာဆီယံ ပါလီမန်များရဲ့ ၃၂ ကြိမ်မြောက် အစည်းအဝေး (AIPA) Asean Interparliamentary Assembly Meeting) မှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ အစီအစဉ် ရှိနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဒီလ ၁၈ ရက်နေ့ ကနေ ၂၆ ရက်အထိ ကျင်းပမယ့် AIPA အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမြဲတမ်း အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ရှိနေတာပါ။
ဒီလိုသတ်မှတ်ဖို့ ရှိနေတာနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရ၏ ကတိများ၊ အာမခံချက်များနှင့် တာဝန်ခံ ထားရှိမှုတွေကို စိစစ်ရမယ့် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို
အတည်ပြု ပြောပြပါတယ်။
“ကျနော်တို့က အာဆီယံပါလီမန်ညီလာခံကို တက်မယ်။ ကျနော် သိသလောက်တော့ ဖနွမ်းပင်ကို ၁၈ ရက်နေ့လောက်ကို အကုန်လုံး AIPA အဖွဲ့ဝင်နိုင်ငံတွေ ရောက်မယ်။ မြန်မာနိုင်ငံကို AIPA အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ ရှိတယ်။ အလံလွှဲပြောင်းတာတို့ ဘာတို့ လုပ်ဖို့။”
မြန်မာနိုင်ငံကို အာဆီယံပါလီမန် အဖွဲ့ဝင် အဖြစ်သတ်မှတ်မယ့် ဒီအစည်းအဝေးကို မကြာသေးခင်ကမှ ပေါ်ပေါက်လာတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးလောက် တက်ရောက်ဖို့ရှိနေပြီး လွှတ်တော်ဥက္ကဋ္ဌတွေက ဦးဆောင်ပြီး သွားရောက်မယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။
“ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးဆောင်ပြီး​ ဖြစ်မယ်ထင်တယ်။ အဲဒီကာလကလည်း ပုံမှန် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပမယ့် အချိန်ဆိုတော့ နာယကကြီးများ မအားလပ်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဒုတိယ ဥက္ကဋ္ဌ တပါးပါးက ဦးဆောင်နိုင်ပါတယ်။”
မြန်မာနိုင်ငံဟာ ဒီအစည်းအဝေးမှာ အာဆီယံပါလီမန်များ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခွင့် ရရှိလာတာ ဖြစ်သလို ဒီအရင်ကတော့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ အမျိုးသား ညီလာခံ ကျင်းပပြုလုပ်နေစဉ်က ဦးအောင်တိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း သွားရောက် လေ့လာခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့  ၃၁ ကြိမ်မြောက် အာဆီယံပါလီမန်များ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်အရပ်ရပ်ကို ၂၂ နှစ်တာ ကာလအတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် နအဖစစ်ကောင်စီက ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီလွှတ်တော်တွေကနေတဆင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို သမ္မတဦးသိန်းစိန်ကို  မတ်လ ၃၀ ရက်နေ့မှာ အာဏာလွှဲပြောင်း ရယူခဲ့ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ