Labels:
စစ်ရေး
တူရကီနိုင်ငံ အစ်တန်ဘူ မြို့မှာ ဒီကနေ့ (မေ-၁၀) ၁၀ ကြိမ်မြောက် နိုင်ငံတကာ
ကာကွယ်ရေးသုံး ပစ္စည်းများ ပြပွဲစတင်ဖွင့်လှစ်ရာ တူရကီသမ္မတ Abdullah Gul
နှင့် ကာကွယ်ရေးဝန်ကြီး Hayrettin Uzun အပါအ၀င် တပ်မတော်အကြီးအကဲများ ၊
စစ်ဘက်နယ်ဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိပါသည် ။အဆိုပါပြပွဲတွင် ဂျက်တိုက်လေယာဉ်များ ၊ ဒုံးပျံများ ၊
တင့်ကားများ ၊ စစ်ရေယာဉ်များ နှင့် အခြားကာကွယ်ရေးသုံးပစ္စည်းများ
ကိုပြသလျှက် ရှိကြောင်းလည်းသိရပါတယ်။
ဒီပြပွဲမှာ တူရကီအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ
ကုမ္ပဏီ ပေါင်း ၆၂၁ ခုကပါဝင်ပြသလျှက်ရှိပါတယ် ၊ ဒီအထဲမှာ အမေရိကန် ၊ ပြင်သစ်
၊ ဗြိတိန် ၊ ရုရှား ၊ တရုတ် စတဲ့ လက်နက်ထုတ်လုပ်တဲ့ နိုင်ငံများပါဝင် ပြသလျှက်ရှိပါတယ် ။
ဒီပြပွဲမှ ပြနေတဲ့ လက်နက်ပစ္စည်းအမျိုးမျိုးကို အသေးစိတ် လေ့လာလိုသူများ သိရှိနိုင်ပါရန် အောက်တွင် နောက်ဆက်တွဲအဖြစ်ဖေါ်ပြအပ်ပါသည် ။
No comments:
Post a Comment