“ဆိုဒီယမ် ဆိုင်ယာနိုဒ် ဓာတုပစ္စည်းက အမှုန့်ပါ။ ရွှေကြေးချွတ်တဲ့ ဓာတုပစ္စည်းပါ” ဟု ညောင်ပင်လေးဈေးမှ အဆိုပါ ဓာတုဗေဒပစ္စည်း ရောင်းချသူတစ်ဦးက ပြောသည်။ ထိုဓာတုပစ္စည်းကို ပြင်းအားဖြင့် ပေါက်ကွဲပျက်စီးနိုင်သော ဗုံးများပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး အထူးသဖြင့် ရွှေရိုင်းများ ကြေးချွတ်ရာတွင် အသုံးပြုကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အခုလမှာ ညောင်ပင်လေးဈေးမှာ ဝင်ရောက် စစ်ဆေးခဲ့တယ်” ဟု အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းဆိုဒီယမ် ဆိုင်ယာနိုဒ် ရောင်းချသော ဆိုင်များအား သက်ဆိုင်ရာမှ စစ်ဆေးကာ မရောင်းချရန် အသိပညာပေးခဲ့ပြီး ဆိုင်ရှိပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
“ယခုနောက်ပိုင်းတွင် ထိုပစ္စည်းသည် ချိန်ကိုက်ဗုံးနှင့် ဗုံးများထုတ်လုပ်မှုတွင် ကုန်ကြမ်းသဖွယ် ဖြစ်လာပြီး ကမ္ဘာတစ်ဝန်း၌ ဗုံးပေါက်ကွဲမှုများတွင်လည်း ယင်းဓာတုပစ္စည်းဖြင့် ပြုလုပ်သောဗုံးများ တွေ့ရမှုများလာသည်ဟု သိရသည်။
No comments:
Post a Comment