နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေးပင်စင်လစာများ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ
|
|
|
|
|
Thursday, 30 June 2011 19:32 |
ပြည်ထောင်စုသမ္မတ မြန်မာင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၁၁
ကို ၂၀၁၁ ခုနှစ်ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
အကြောင်းအရာမှာ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား
တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကျင်းပသည့်
အစည်းအဝေး ၁၂/၂၀၁၁မှ အငြိမ်းစားဝန်ထမ်းများ၏
စားဝတ်နေရေးသက်သာမှုရှိစေရန်အတွက် အငြိမ်းစားဝန်ထမ်းများ၏
ပင်စင်လစာကိုတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ပါ၍
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းနေထိုင်ကြသည့် ၂၀၁၀ ပြည့်နှစ်၊
ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ အငြိမ်းစားလစာခံစားလျက်ရှိသည့် ပင်စင်စားများ၏
ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများအငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၁ ခုနှစ်
ဇူလိုင်လ ပင်စင်လစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုလိုက်သည်။
တိုးမြှင့်ပင်စင်လစာအား ပင်စင်စား၏အငြိမ်းစားယူခဲ့သော
နောက်ဆုံးရာထူးအချိန်လစာနှင့် ကိုက်ညီသည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁
ရက်နေ့စွဲပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ အမိန့်ကြေညာစာ
အမှတ် ၁၈၄/၂၀၀၉ အရသတ်မှတ်သော နှုန်းထားများအပေါ်မှာ အခြေပြုပြီး
ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေးသွားမည် ဖြစ်သည်။ ထို့ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာစာအမှတ်
၁၀၇/၂၀၁၁ကို ၂၀၁၁ခုနှစ် ဇွန်လ ၃၀ရက်ဒီကနေ့ ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။ အကြောင်းအရာမှာ နိုင်ငံရေးပင် စင်လစာများတိုးမြှင့် သတ်မှတ်ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်
ဇွန်လ ၃၀ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ၁၂/၂၀၁၁မှ
နိုင်ငံရေးပင်စင်စားများ၏ စားဝတ်နေရေးသက်သာမှုရှိစေရန်အတွက်
နိုင်ငံရေးပင်စင်လစာကို တိုးမြှင့်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ သို့ပါ၍
နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့ကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
အတွင်းနေထိုင်ကြသည့် ၂၀၀၆ ခုနှစ် ဧပြီလ ၁ရက်နေ့မတိုင်မီ
နိုင်ငံရေးပင်စင်စားများ၏ ပင်စင်လစာများအား ၂၀၁၀ခုနှစ် ဒီဇင်ဘာလ
၃၁ရက်နေ့စွဲပါ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံး၏
အမိန့်ကြော်ငြာစာအမှတ် ၁၈၄/၂၀၀၉ဖြင့် သတ်မှတ်သော မြို့ပြလစာနှုန်းထားနှင့်
ညှိနှိုင်းတွက်ချက်ရရှိမည့်နိုင်ငံရေး ပင်စင်လစာသို့ ၂၀၁၁ခုနှစ် ဇူလိုင်လ
လစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုလိုက်သည်။ လက်ရှိရရှိနေသော
နိုင်ငံရေးပင်စင်လစာကျပ် တစ်သိန်းတစ်သောင်းထက်ပိုများနေပါက
လက်ရှိအတိုင်းသာ ခံစားသွားရန်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာမှုရှိစေရန်အတွက် ၂၀၁၀ခုနှစ်
ဇန်န၀ါရီလ ၁ရက်နေ့မတိုင်မီ နိုင်ငံဝန်ထမ်းပင်စင်စားများ၏ ပင်စင်လစာများအား
လက်ရှိဝန်ထမ်းများ၏ ပင်စင်အကျိုးခံစား ခွင့်အတိုင်းခံစားခွင့်ရရှိစေရန်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့စွဲပါအမိန့်
ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၁ ကိုလည်းကောင်း၊ ၂၀၀၆ဧပြီလမတိုင်မီ
နိုင်ငံရေးပင်စင် ခံစားခွင့်ရရှိခဲ့သူများ၏ နိုင်ငံရေးပင်စင်လစာအား
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ် ဇွန်လ ၃၀ရက်၊ ရက်စွဲပါအမိန့်
ကြော်ငြာစာအမှတ် ၁၀၇/၂၀၁၁ ကိုလည်းကောင်း တိုးမြှင့်သတ်မှတ်ပြီး
၂၀၁၁ခုနှစ်ဇူလိုင်လမှ စတင်ပြီး ခံစားခွင့်ပြုလိုက်သည်။
နိုင်ငံဝန်ထမ်းပင်စင်စားများသည်
တိုးမြှင့်ပင်စင်လစာထုတ်ယူခွင့်ရရှိရေးအတွက်
တိုးမြှင့်ပင်စင်လစာတောင်းခံလွှာပုံစံများအား သက်ဆိုင်ရာမိခင်ဌာနများနှင့်
နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံးသို့မဟုတ် ရုံးခွဲများမှာ ရယူဖြည့်စွက်ပြီး
ပင်စင်လစာစာအုပ်နှင့် ယခင်ပင်စင် လစာခွင့်ပြုခဲ့သည့်အမိန့်စာများ
ယူဆောင်ပြီး မိမိတို့၏မိခင်ဌာန ရုံးချုပ်၊ ရုံးခွဲများသို့
ကိုယ်တိုင်အမြန်ဆုံးသွားရောက် သတင်းပို့ကြရမည်ဖြစ်သည်။
နိုင်ငံရေးပင်စင်စားများမှာမူ တိုးမြှင့်ပင်စင်လစာ ထုတ်ယူခွင့်ရရှိရေးအတွက်
တိုးမြှင့်ပင်စင်လစာတာင်းခံလွှာပုံစံများအား သက်ဆိုင်ရာမိခင်ဌာနများနှင့်
နီးစပ်ရာပင်စင် ဦးစီးဌာနရုံးချုပ်ရုံးခွဲများမှာ ရယူဖြည့်စွက်ပြီး
ပင်စင်လစာစာအုပ်နှင့် ယခင်ပင်စင်လစာခွင့်ပြုခဲ့သည့်
အမိန့်စာများယူဆောင်ပြီး (က) ရပ်ကွက်ကျေးရွာမြို့နယ်အဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ (ခ) ပြည်နယ်တိုင်းဒေသကြီးအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ဂ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လွှတ်တော်ရုံး၊ (ဃ)
ဗဟိုအာဏာပိုင်အဆင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ရုံးများ နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းရုံးများသို့
ကိုယ်တိုင်အမြန်ဆုံး သွားရောက်သတင်းပို့ကြရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်နှိုးဆော်ထားကြောင်းသိရပါသည်။ |
အကြိုက်များသော Posts
-
by Qing Minya The Arakan state of Northwest Myanmar remains tense since 8-June's Rohingya attack. The government of Myanma...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
ခင်ဦးသာ Tuesday, 07 June 2011 14:14 (ဧရာဝတီ မှ ကူးယူဖော်ပြသည်) မကြာသေးခင်က တူးဖော်ရ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
at Wednesday, June 15, 2011 ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်မှာ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နဲ့ မြန်...
-
ထိုင်းမှာ မြန်မာအလုပ်သမားတွေ အသတ်ခံရတာ မုဒိန်းကျင့်ခံရတာ ဓါးပြ တိုက်ခရတာ အနိုင်ကျင့်ခံရတာ တွေ ဖြစ်စဉ်တွေအများကြီးရှိပေမဲ့ တရားခံကို ဘယ်တော့မ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ မင်းလွမ်းနောင် (ပန်းတနော်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စိမ်.မြိုင်ဂနိုင်တွင်း..... အေးမြခြင်းနဲ.ရိုးမ မိုးစက်မိုးပေါက် ......တစ်ဖျောက်ဖျောက်နှင့် မေးခိုက်လို.တုန်းချမ်း.....ငှက်ဖျားကြောင့်နွမ...
No comments:
Post a Comment