ဆောင်းပါးရှင် စေးရယ်စိုး
တဲအိမ်ငယ်လေးထဲက
ဧည့်ခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ကျနော့ကို ဧည့်ခံစကား ပြောနေတဲ့သူက
အသားဖြူဖြူ၊ အသက် (၂၇) နှစ် အရွယ်လောက်ရှိတဲ့ မြန်မာတိုင်းရင်းသူလေး တီး
ဖြစ်ပါတယ်။ သူမရဲ့ နာမည်ကို မိုးမိုးလို့ ဆိုကြပါစို့။
မိုးမိုးသီတာဟာ
သူမဘဝနဲ့ပတ်သက်ပြီး အတိတ်ကဖြစ်ပျက်သမျှ အဖြစ်ဆိုးတွေကို တိတ်တဆိတ်လေး
မြိုသိပ်ထားနေရသူပါ။ တတ်နိုင်ရင် အတိတ်က ဖြစ်ပျက်ခဲ့သမျှ
ခါးသီးမှုတွေအားလုံး သူမေ့ပစ်ပြီး ဘဝသစ်ဆီကို လျှောက်လှမ်းချင်ပါတယ်။
ဒါပေမဲ့သူ ဖျောက်ပစ်၊ မေ့ပစ်လို့မရဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့
ခွင့်လွှတ်လို့မရတဲ့ ဘဝနာကျင်မှု အဖြစ်အပျက်တစ်ခုဟာ သူမရဲ့ရင်မှာ
အခိုင်အမာငြိတွယ်နေလို့ပါ။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ ဘယ်သူ့ကိုမှ
မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတယ်၊ ဒီလိုပဲ မေ့ထားလိုက်ရင် ဘာပြဿနာတွေမှ
ရှုပ်ရှုပ်ယှက်ယှက်ဖြစ်မလာတော့ဘူး။ နောက်ပြီး ကျမဖာသာ ကျမအိမ်ထောင်စုနဲ့
သားသမီးတွေနဲ့ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေမယ်လို့ ဆုံးဖြတ်ထားတယ်။
ဒါမေမဲ့ ရှင်သိချင်တယ် ဆိုရင်လည်း ကျမပြောပြလို့ရတယ်" လို့ မိုးမိုးက
ပြောပါတယ်။
မိုးမိုးသီတာရဲ့ ဇာတိက ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်
အတွင်းမှာရှိတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ သူမဟာ ကရင်နီတိုင်းရင်းသူလေး
တစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က သူမရဲ့ခင်ပွန်းသည်ကို မြန်မာစစ်သားတွေက
အထမ်းသမားပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရွာကိုပြန်မလာတော့ဘဲ
ယနေ့အထိ ပျောက်ဆုံးနေပါတယ်။
အထမ်းသများအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ခင်ပွန်းသည်ကို ပြန်လာနိုး ပြန်လာနိုးနဲ့
မိုးမိုးသီတာခမျာ ကာလအတန်ကြာ စောင့်မျော်နေခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ
စောင့်ဆိုင်းခဲ့ပေမယ့်လည်း ပြန်မလာနိုင်တော့တဲ့ ခင်ပွန်းသည်ကို တရွာလုံးက
သေဆုံးပြီဟု ယူဆလိုက်ကြရပါတယ်။
ဒါ့ကြောင့် မိုးမိုးဟာ
ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ပိုမိုလုံခြုံစိတ်ချရမယ်လို့ မျှော်လင့်ထားတဲ့
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း တစ်ခုဘက်ကို
ထွက်ပြေးတိမ်းရှောင် လာခဲ့ပါတယ်၊ ဒါပေမဲ့ မိုးမိုးတစ်ယောက်
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ကံကြမ္မာက မျက်နှာသာမပေးပါဘူး။ သူမ
ရောက်ရှိလာတဲ့ ဒုက္ခသည်စခန်းမှာ ရောက်ရောက်ခြင်း စခန်းလုံခြုံရေး
တာဝန်ရှိသူတစ်ဦးရဲ့ အတင်းအဓမ္မ ကျူးလွန်မှုကို ခံလိုက်ရလို့ပါ။
ဒုက္ခသည်စခန်းမှာ
မိုးမိုးသီတာရဲ့အသိမိတ်ဆွေ အချို့ရှိနေပေမဲ့ အရာရာအားလုံးဟာ
သူမအတွက်အသစ်တွေပဲ မဟုတ်လား။ အစပိုင်းဖြစ်တဲ့အတွက် "ရှက်စိတ်နှင့်
ကြောက်စိတ်" တို့က သူမကို လွှမ်းမိုးနေခဲ့ပါတယ်။ အရှက်က သူမ
မရင်းနှီးဖူးသေးတဲ့ ဒုက္ခသည်တွေကိုပါ။ အကြောက်ကတော့ သူမရဲ့ရွာမှာ မကြာခဏ
ဒုက္ခပေးတတ်တဲ့ မြန်မာစစ်သားတွေလို စစ်ဝတ်စစ်စားတွေ ဆင်ယင်ထားတဲ့ စခန်းရဲ့
လုံခြုံရေးတာဝန် ယူထားသူတွေပါ။
မိုးမိုးသီတာဟာ ပြီးခဲ့တဲ့ ၂၀၀၆
ခုနှစ် မတ်လအစောပိုင်းက ယခုလက်ရှိ သူတည်းခိုနေရတဲ့ ဒုက္ခသည်စခန်းကို
ရောက်ရှိခဲ့ပါတယ်။ တစ်ညမှာ သူမ ယာယီနေထိုင်တဲ့ လူသစ်များအဆောင်ကနေ
ရပ်ကွက်ထဲကို စိတ်ပြေလက်ပျောက် ဗွီဒီယိုသွားကြည့်ချိန်မှာ စခန်းလုံခြုံရေး
တာဝန်ရှိသူတစ်ဦးရဲ့ ကြံစည်မှုကို ခံခဲ့ရတာပါ။
ခါးသီးတဲ့ အဖြစ်အပျက်ကို မိုးမိုးသီတာက အခုလိုဇာတ်ကြောင်းပြန်ပါတယ်။
"ကျမ
ဘားရိုက်မှာနေပြီးတော့ ဟိုဘက်ကမ်းက မမို့မို့(နာမည်အရင်းမဟုတ်) တို့
အိမ်မှာ ဗီဒီယို သွားကြည့်တယ်။ အဲဒီမှာပဲ အိပ်မလို့ ဆူးလေးနွယ်
(နာမည်အရင်းမဟုတ်) က ကျမကိုတွေ့တော့ ငါနဲ့လိုက်အိပ်လို့ ပြောလို့
သူနဲ့လိုက်အိပ်တယ်။ သူ့အိမ်က ရပ်ကွက် (၂၀) မှာလေ။ ကျမတို့ သူ့အိမ်ကို
ပြန်တဲ့အချိန် မီးထွန်းပြန်တော့ (xxx) (စခန်းလုံခြုံရေးတပ်သားတစ်ဦး၏အမည်) က
ကျမတို့ကိုတွေတော့ လိုက်ပြန်လာတယ်။ (xxx) ကလိုက်ပြန်လာပြီးတော့
ဆူးလေးနွယ်တို့အိမ်မှာ စကားပြောတယ်။ ၀ါးရန်တာမှာ လူပျိုတွေအများကြီး
အိပ်နေကြတယ်။ ဆူးလေးနွယ်က သူ့အိမ်ခန်းထဲမှာ အိပ်နေပြီ။ သူများအိမ်မှာလည်း
ဖြစ်တယ်။ နောက်ပြီးသူ့ကို(xxx)လည်း ကျမ မသိဘူး။ ကျမက ခပ်ကြောက်ကြောက်နဲ့
စကားထိုင်ပြောပေးရတယ်။ ကျမတို့က ဧည့်ခန်းမှာစကား ထိုင်ပြောနေကြတယ်။
ညဥ့်နက်တော့ ကျမ သူ့ကိုပြန်ခိုင်းတယ်။ “ညဥ့်နက်ပြီ၊ ပြန်တော့” လို့ သူ့ကို
ပြောတယ်။ သူ မပြန်ဘူး။ သူက မီးခွက်ကို မီးမှိတ်လိုက်ပြီးတော့ ကျမကို
ဆွဲလားရမ်းလားလုပ်တယ်။ ကျမလည်း အတတ်နိုင်ဆုံး ရုန်းတယ်။ ကျမရုန်းတော့ သူ
ကျမလည်းပင်းကို ညစ်မလို့လုပ်တယ်။ ကျမလည်း ကြောက်တော့ မရုန်းဖြစ်တာနဲ့ သူ
မညစ်တော့ဘူး။ ကျမလည်း လူသစ်ဖြစ်နေတော့ ဘယ်လိုမှ မအော်ရဲဘူး။ ပြီးတော့
အဲလိုမျိုး ဖြစ်သွားတယ်။ ၀ါးရန်တာမှာအိမ်နေတဲ့ လူပျိုတစ်စုကို
အကူအညီတောင်းဖို့ ခေါ်တော့လည်း သူတို့က စခန်းတာဝန်ကျဆိုတဲ့
သူ့ရဲ့အရှိန်အ၀ါကို ကြောက်တော့ တစ်ယောက်မှ ထမလာကြဘူး။ ဆူးလေးနွယ်ကို
ခေါ်တော့လည်းသူက ထမလာဘူး။ အားလုံးကသူ့ကို ကြောက်နေကြတယ်"။
ဆက်ပြီး
မိုးမိုးသီတာက "အဲလိုဖြစ်ပြီးတော့ ကျမ သူ့ကို ကျမလွယ်အိတ် ပြန်တောင်းတယ်။
ကျမလွယ်အိတ်ကို သူလွယ်ထားတာလေ။ ဘယ်လောက်ပဲ တောင်းတောင်း သူပြန်မပေးဘူး။
နောက်ပြီးသူ ဆွဲချွတ်လိုက်တဲ့ ကျမဘောင်းဘီတိုကိုလည်း ပြန်မပေးဘူး။
သူ့ဘောင်းဘီ အိတ်ကပ်ထဲမှာ ထည့်ထားတယ်။ မနက်ဖြန်မှပေးမယ်လို့ သူပြောတယ်။
အဲဒါ သူကျမကို ထပ်ပြီးစော်ကားချင်တယ်ဆိုတာ ကျမသိတယ်။ သူက
အတင်းထပ်လုပ်မယ်လို့လုပ်တော့ ကျမက သူဘယ်လောက်ဆွဲဆွဲ အတင်းပဲ ဆူးလေးနွယ်
ရဲ့အခန်းထဲ ပြေးဝင်တယ်။ ပြေးလည်းဝင်ပြီးရော ဆူးလေးနွယ်ကလည်း ကြောက်တော့
အပြင်ကို ထွက်သွားတယ်။ အဲဒီတော့ သူ အခန်းထဲအထိ ဝင်လာပြီးတော့ ကျမနဲ့သူ
တစ်ညလုံးအိပ်တယ်။ မနက်မိုးလင်းမှ သူ ကျမလွယ်အိတ်နဲ့ ဘောင်းဘီတိုကို
ပြန်ပေးတယ်။ အဲလိုဖြစ်ပြီးတော့ ကျမသူငယ်ချင်းတွေက ရုံးသွားတိုင်ခိုင်းတယ်"။
မိုးမိုးခမျာ မျက်ရည်လည်ရွှဲနဲ့ သူမရဲ့စိတ်ဆန္ဒမပါဘဲ တစ်ညလုံး
စခန်းလုံးခြုံရေးတပ်သား တစ်ဦးနဲ့ အိပ်ခဲ့ရတယ်။ မိုးမိုးသီတာရော
သူမရဲ့အသိုင်းအဝိုင်းတွေကပါ အဖြစ်အပျက်မှန်ကို စခန်းရုံးတင်ပြီး
အပြစ်ပေးအရေးယူမှုတွေ လုပ်ဖို့ ဆန္ဒရှိကြပေမဲ့ အာဏာပိုင်တွေရဲ့
ထိန်းချုပ်မှုကို မလွန်ဆန်ရဲဘဲ ကြောက်နေကြရတာမို့ မိုးမိုးသီတာအတွက်
တရားမျှတမှုဟာ ယနေ့အထိ အဓိပ္ပါယ်မဲ့ နေဆဲပဲဖြစ်ပါတယ်။
"ကျမ
အဲလိုဖြစ်ပြီးတဲ့နောက်မှာ တစ်ချိန်လုံး ထွက်ပြေးနေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ ကျမကို ဘာပဲလုပ်လုပ် ကျမဘာမှ မပြောရဲဘူးဆိုတာကို
သူသိတဲ့နောက် သူဆက်ပြီး အနိုင်ကျင့်ချင်တယ်။ တနေရာထဲမှာပဲ အိပ်မယ်ဆိုရင်
သူလာပြီး အနှောက်အယှက် ပေးမှာစိုးလို့ စခန်းထဲမှာရှိတဲ့
ဆွေမျိုးအိမ်တွေဆီမှာ တစ်အိမ်ပြီးတစ်အိမ် ပုန်းအောင်းပြီး နေရတယ်။ ဒါပေမဲ့
ကျမ အကြာကြီးမပြေးနိုင်ပါဘူး။ စခန်းထဲမှာပဲဆိုတော့ သူတို့နဲ့ မလွတ်ဘူးလေ။
အဲဒါနဲ့ (၆) လပိုင်းကစပြီး ကျမ စခန်းအပြင်ဘက်ထွက်ပြီး ပြေးပုန်းနေရသေးတယ်။
အခု ကျမ ယောက်ျားရှိပြီပေါ့၊ သူနဲ့တွေ့မှပဲ၊ အသက်ရှုချောင်တော့တယ်" ဟု
မိုးမိုးက သူ့ရဲ့ အားကိုးရာ မဲ့ရပုံကို ပြန်ပြောပြပါတယ်။
အဲဒီဖြစ်ပျက်မှုတွေနဲ့
ပတ်သက်ပြီး စခန်းတာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးများ၊
မြန်မာ့ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး အစိုးရမဟုတ်သော နိုင်ငံတကာ
ကူညီစောင့်ရှောက်ရေး အဖွဲ့ဝင်များနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့လည်းပဲ
ဒေသခံ အာဏာပိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်လာတဲ့အမှုတွေကို
အရေးယူဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ အင်မတန်မှ အခက်အခဲများနဲ့
ရင်ဆိုင်နေရဆဲပဲ ဖြစ်ပါတယ်။
မြန်မာတိုင်းရင်းသားများဖြစ်ကြတဲ့
ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်နဲ့ ကရင်နီတိုင်းရင်းသားတို့ဟာ
သူတို့ရဲ့ ဌာနေဒေသတွေမှာ လွတ်လပ်စွာ နေထိုင်ခွင့်မရှိဘဲ မြန်မာစစ်တပ်တွေ၊
တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ မကြာခဏ အနှောက်ယှက်ပေးမှုတွေကို
ခံနေကြရပါတယ်။အမျိုးသမီးအခွင့်အရေး
လုပ်ရှားမှုအဖွဲ့များနဲ့ လူ့အခွင့်အရေး လုပ်ရှားမှုအဖွဲ့တွေရဲ့
ကြိုးပမ်းမှုကြောင့် ပြီးခဲ့တဲ့၂၀၀၇ ခုနှစ်မှာ မြန်မာစစ်အစိုးရဘက်မှ
မုဒိမ်းကျင့်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုများ ရပ်တန့်ရန်ဆိုတဲ့
အဆိုတင်သွင်းချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ
ထည့်သွင်းစဉ်းစားပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရကို
အမြဲအကာအကွယ်ပေးလေ့ရှိတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်နဲ့
ရုရှနိုင်ငံတို့က ဗီတိုအာဏာသုံးပြီး အဲဒီအဆိုတင်သွင်းချက်တွေကို
ပိတ်ပင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစု
အမျိုးသမီးများအပေါ် စစ်တပ်တွေရဲ့ အကြမ်းဖက် အနိုင်ကျင့်မှုတွေကို ယခုလို
လျစ်လျူရှုထားတာတွေ ရှိနေတဲ့အတွက် အမျိုးသမီးတွေဟာ ဒုက္ခသည်အဖြစ်
အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့
ထိုင်းနိုင်ငံများဘက်သို့ စဉ်ဆက်မပြတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်များအဖြစ် UNHCR ရဲ့
စောင့်ရှောက်မှုအောက်မှာ နေထိုင်ရပေမဲ့ မိုးမိုးလို အမျိုးသမီးတွေရဲ့
လုံခြုံရေးဟာ စိုးရိမ်နေရဆဲပဲ ဖြစ်ပါတယ်။
ဒုက္ခသည်အမျိုးသမီးတွေရဲ့
လုံခြုံရေးနဲ့ပတ်သက်ပြီး မီးမောင်းထိုး ဥပမာပေးရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၀၆
ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း လက်ရှိ မိုးမိုးနေထိုင်တဲ့ ထိုင်းနိုင်ငံ
ဒုက္ခသည် စခန်းတစ်ခုမှာဘဲ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး
အလွန်ပင် ဆိုးရွားတဲ့ ဖြစ်ပျက်မှုတွေ ရှိခဲ့ပါတယ်။ ထိုလိင်ပိုင်းဆိုင်ရာ
ကျူးလွန်စော်ကားမှုများထဲမှ (၄) မှုလောက်ဟာ ဒေသခံအာဏာပိုင်တွေနဲ့
တိုက်ရိုက်ပတ်သက်မှု ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ အဲလိုတွေထဲမှာ
အုပ်စုလိုက် အတင်းအဓ္ဓမအပြုခံခဲ့ရတဲ့ အဖြစ်အပျက်မျိုးတောင် ရှိတယ်လို့
ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည်တွေအပေါ် ဆိုးရွားစွာ
ပြုမူဆက်ဆံတဲ့အတွက် ယခု ၂၀၀၈ ခုနှစ် ဇွန်လမှာ ဒုက္ခသည်နှင့်
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန်ကော်မီတီ (USCRI) ရဲ့ ကမ္ဘာတလွှား
ဒုက္ခသည်များ နေထိုင်ခိုလှုံရာ အဆိုးဆုံး (၁၀) နိုင်ငံစာရင်းမှာ
ထည့်သွင်းခံရတာကို တွေ့ရပါတယ်။ အဲဒီလိုမျိုး ထည့်သွင်း ခံလိုက်ရတဲ့အတွက်
ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေအပေါ် ကိုင်တွယ် ထိန်းချုပ်မှု အခြေအနေ
ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ။
“သူတို့နိုင်ငံမှာ
နေရတယ်ဆိုတော့ သူတို့ ဘယ်လိုလုပ်လုပ် ကျမတို့ ဒီလိုပဲ ခံရမယ်လို့ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးက သူတို့ကို ကြောက်နေကြရတယ် မဟုတ်လား" လို့
ကျနော့ကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ မိုးမိုးက မှတ်ချက်ချလိုက်ပါတယ်။
"ကျမအပေါ် အဲလိုလုပ်ထားတာ မတရားဘူးဆိုတာ အားလုံးက သိကြပေမဲ့
ဘာမှလုပ်လို့ မရပါဘူး။ ဒီကိစ္စတွေ မေ့ပစ်ချင်တယ်။ ဒါပေမဲ့ တခါတခါ
တစ်ယောက်ထဲနေတဲ့အချိန် ပြန်ပြီးတွေးမိတယ်။ အရမ်းစိတ်နာပါတယ်"။
စကားဝိုင်းလေး အဆုံးသတ်ခါနီးမှာ မိုးမိုးရဲ့ ရင်ထဲက နောက်ဆုံးထွက်လာတဲ့
နာကျည်းခံစားမှု စကားလုံးတွေပါပဲ။
စေးရယ်စိုး
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တဘောင်(ကြိုတင်နမိတ်)အကြောင်းနှင့်တဘောင်များ တဘောင် တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အက...
-
Font size: မြောက်ဦးမြို့တွင် မိုးအဆက် မပြတ် ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြော...
-
ဦးငွေကိုင် 1 ဦးငွေကိုင်(၁၉၁၀-၁၉၆၇) 2 ဘုန်းကြီးပျံပွဲ 3 စာပေးစာယူ သင်တန်း 4 ရန်ကုန်မြို့သို့ 5 ဆရာကြီး ဦးဘဉာဏ် 6 အိမ်ထောင်သည် ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် ...
-
Saturday, 06 August 2011 03:09 administrator ...
-
Published on June 24, 2011 by အံ့ဘုန်းမြတ် · (ဒီမီုကရက်တစ်)မှ အေ (ခေါ်) ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား တိုက...
-
လက်ထပ်ခြင်း ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း လက်ထပ်ခြင်း သည် လူမှုရေး ၊ ဘာသာရေး ၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း
-
ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက်စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားမျ...
No comments:
Post a Comment