ဝင်းကိုကိုလတ်(မြန်မာတိုမ်းမှကူးယူဖော်ပြသည်)
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၏ ယာယီနိုင်ငံကူး လက်မှတ်သက်တမ်းကို ယခင်က သုံးနှစ်သတ်မှတ်ခဲ့ရာမှ ဇူလိုင်လမှစတင်၍ ခြောက်နှစ်သက်တမ်းသို့ တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်း ရွှေ့ ပြောင်းလုပ်သားရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။
"ဇူလိုင်လမတိုင်ခင်က
ထုတ်ပေးထားတဲ့ သုံးနှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး
လက်မှတ်ကိုင်ထားတဲ့သူတွေကို သက်တမ်းတိုးရင် နောက်ထပ် သုံးနှစ်ထပ်တိုး
ပေးမယ်။ အသစ်လျှောက်မယ့် သူတွေကို ခြောက်နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေး သွားမှာပါ"ဟု ၎င်း ကျွမ်းကျင်သူက ပြောသည်။
ထိုင်းအစိုးရကလည်း
မြန်မာရွှေ့ ပြောင်းလုပ်သားများကို မှတ်ပုံတင်နိုင် ရန် နိုင်ငံတစ်ဝန်းတွင်
ဌာန ၈၅ ခု ဖွင့်လှစ် ပြီး ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက် အထိ
မှတ်ပုံတင်ခွင့်ပေးထားရာ ဇွန်လ ၂၉ ရက်အထိ မြန်မာလုပ်သားပေါင်း ၂၈၆,၅၆၂ ဦး
မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင် ခွင့် နောက်ဆုံးရက်မတိုင်မီ လူတစ်သန်း အထိ
မှတ်ပုံတင်နိုင်လိမ့်မည်ဟု ထိုင်း အစိုးရက ခန့်မှန်းထားသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများကု
ိ ဖမ်းဆီးခြင်းနှင့် ယခင်ကကဲ့သို့ ငွေညှစ် ခြင်းများမပြုလုပ်ရန်
ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ထိုင်းရဲတပ်ဖွဲ့ကို အရေးပေါ်
အကြောင်းကြားစာထုတ်ပြန်ထားပြီး ထိုင်းအလုပ်ရှင်များကိုလည်း ပွဲစားနှင့်
ကြားခံလုပ်ပေးပါက အလုပ်ရှင်၏ ကိုယ်စားလှယ်သာဖြစ်ရမည်ဟု သတိပေးထားကြောင်း
သိရသည်။
"အလုပ်ရှင်အစစ်မဟုတ်တာ၊ အလုပ် သမားတွေ
ကိုယ်စားလှယ်လုပ်တာတို့၊ အလုပ်သမားတွေအပေါ် ပွဲစားခ အဆ မတန်တောင်းမှာ
စိုးတဲ့အတွက် ခုလိုလုပ်တာလို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောသည်။
ထို့ပြင်
ထိုင်းဗီဇာခကိုလည်း ယခင် အတိုင်း ဘတ် ၅၀၀ သာ ဆက်လက် ကောက်ခံရန်
ထိုင်းနိုင်ငံ၊ လူဝင်မှုကြီး ကြပ်ရေး၊ နိုင်ငံခြား ရေးနှင့် အလုပ်သမား
ဝန်ကြီးဌာနတို့ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းနိုင်ငံဥပဒေအရ ပြည်ပ အလုပ်သမားများသည် လေးနှစ်သာ အလုပ်လုပ်ခွင့်ရရှိပြီးနောက် သုံးနှစ်ကို မိခင်နိုင်ငံသို့ ပြန်ကြရသည်။
ယင်းသုံး
နှစ်ကျော်လွန်မှသာ ထိုင်းနိုင်ငံသို့ ပြန် လည်ဝင်ရောက်ကာ ထပ်မံ အလုပ်လုပ်
ပိုင်ခွင့်ရရှိကြသော်လည်း ယင်းစနစ် သည် ပြောင်းလဲဖွယ်ရှိကြောင်း ဆရာ
ဝင်းနိုင်ထွန်းက ပြောကြားသည်။
"ထိုင်းဥပဒေအရ ပြည်ပအလုပ် သမားတွေဟာ
ထိုင်းမှာ လေးနှစ် အလုပ် လုပ်၊ သုံးနှစ် မိခင်နိုင်ငံ ပြန်နားရပေမယ့်
မြန်မာလုပ်သား တွေအဖို့တော့ သုံးနှစ် ပြန်စရာမလိုဘဲ လပိုင်းသာ ပြန်လာပြီး
အလုပ်ပြန်ဆင်းရရေးကို ထိုင်းအစိုးရက ကြိုးစားပေးမယ်လို့ သိထား ပါတယ်"ဟု ၎င်းက
ပြောသည်။
"ဇူလိုင်လမတိုင်ခင်က ထုတ်ပေးထားတဲ့ သုံးနှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်ကိုင်ထားတဲ့သူတွေကို သက်တမ်းတိုးရင် နောက်ထပ် သုံးနှစ်ထပ်တိုး ပေးမယ်။ အသစ်လျှောက်မယ့် သူတွေကို ခြောက်နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေး သွားမှာပါ"ဟု ၎င်း ကျွမ်းကျင်သူက ပြောသည်။
ထိုင်းအစိုးရကလည်း မြန်မာရွှေ့ ပြောင်းလုပ်သားများကို မှတ်ပုံတင်နိုင် ရန် နိုင်ငံတစ်ဝန်းတွင် ဌာန ၈၅ ခု ဖွင့်လှစ် ပြီး ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက် အထိ မှတ်ပုံတင်ခွင့်ပေးထားရာ ဇွန်လ ၂၉ ရက်အထိ မြန်မာလုပ်သားပေါင်း ၂၈၆,၅၆၂ ဦး မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင် ခွင့် နောက်ဆုံးရက်မတိုင်မီ လူတစ်သန်း အထိ မှတ်ပုံတင်နိုင်လိမ့်မည်ဟု ထိုင်း အစိုးရက ခန့်မှန်းထားသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများကု
"အလုပ်ရှင်အစစ်မဟုတ်တာ၊ အလုပ် သမားတွေ ကိုယ်စားလှယ်လုပ်တာတို့၊ အလုပ်သမားတွေအပေါ် ပွဲစားခ အဆ မတန်တောင်းမှာ စိုးတဲ့အတွက် ခုလိုလုပ်တာလို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောသည်။
ထို့ပြင် ထိုင်းဗီဇာခကိုလည်း ယခင် အတိုင်း ဘတ် ၅၀၀ သာ ဆက်လက် ကောက်ခံရန် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီး ကြပ်ရေး၊ နိုင်ငံခြား ရေးနှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းနိုင်ငံဥပဒေအရ ပြည်ပ အလုပ်သမားများသည် လေးနှစ်သာ အလုပ်လုပ်ခွင့်ရရှိပြီးနောက် သုံးနှစ်ကို မိခင်နိုင်ငံသို့ ပြန်ကြရသည်။
ယင်းသုံး နှစ်ကျော်လွန်မှသာ ထိုင်းနိုင်ငံသို့ ပြန် လည်ဝင်ရောက်ကာ ထပ်မံ အလုပ်လုပ် ပိုင်ခွင့်ရရှိကြသော်လည်း ယင်းစနစ် သည် ပြောင်းလဲဖွယ်ရှိကြောင်း ဆရာ ၀င်းနိုင်ထွန်းက ပြောကြားသည်။
"ထိုင်းဥပဒေအရ ပြည်ပအလုပ် သမားတွေဟာ ထိုင်းမှာ လေးနှစ် အလုပ် လုပ်၊ သုံးနှစ် မိခင်နိုင်ငံ ပြန်နားရပေမယ့် မြန်မာလုပ်သား တွေအဖို့တော့ သုံးနှစ် ပြန်စရာမလိုဘဲ လပိုင်းသာ ပြန်လာပြီး အလုပ်ပြန်ဆင်းရရေးကို ထိုင်းအစိုးရက ကြိုးစားပေးမယ်လို့ သိထား ပါတယ်"ဟု ၎င်းက ပြောသည်။
No comments:
Post a Comment