၁၃.၇.၂၀၁၁
ထိုင်းနိုင်ငံအတွင်းတွင် ယာယီနိုင်ငံကူးလက်မှတ် (Pass Port) ၊ အလုပ်ခွင့်လက်မှတ် (၁)နှစ် (ဘတ်)၊ ကိုင်ဆောင်သူများ အား ယခုနှစ် အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးခြင်း ပြီးဆုံးပါက သက်ဆိုင်ရာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ.များ နှင့် ထိုင်း လူဝင်မှု.ကြီးကြီးကြပ်ရေး(တာမော) အဖွဲ.များသည် မြန်မာအလုပ်သမားများ အလုပ်သမားမှတ်ပုံတင်နှင့် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် (ပါတ်စပိုစ်ကိုင်ဆောင်သူ)များအား မှန်ကန်မှု.ရှိမရှိ ၊ အလုပ်ရှင်နာမည် နှင့် အလုပ် မှန်ကန်မှု.ရှိမရှိ ၊တိတိကျကျ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရှိရပြီး ၊ အကယ် ၍ စစ်ဆေးစဉ် အလုပ်ရှင် အမည် လွဲမှာခြင်း၊ ပါမစ်တွင်းမှ အလုပ်နှင့် လက်ရှိအလုပ် မတူညီခြင်း၊ အလုပ်ပြောင်းထားသော်လည်းအလုပ်ရှင်အမည် မပြောင်းထားခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် ၇ ရက်အတွင်း တာမော ရုံးသို.အကြောင်းကြားစာမရှိခြင်း၊
ရက်၉၀ တာမော တံဆိပ်ထုရန် ရက်ကျော်နေခြင်း များအား တွေ.ရှိပါက ထိရောက်စွာ ကိုင်တွယ် သွားမည်ဖြစ်ကြောင်း ကဘီခရိုင် ထိုင်းလူဝင်မှု.ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားလာပါတယ်။
ထို.ကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေနှင့် မိမိတို.ကိုင်ဆောင်သော စာရွက်စာတမ်း များ ကိုကိုယ်နှင့်မကွာထားရှိရန် နှင့် မိမိတို.ကိုင်ဆောင်ထားသော ပါတ်စပိုစ့် နှင့် ၁နှစ်ခံဘတ်များကို အလုပ်ရှင် ၊အလုပ် နှင့် နယ်မြေ မှန်ကန်အောင် ပြုလုပ်ဆောင်ရွက်ထားသင့်ပါကြောင်း နှင့် မိမိတို.လက်လှမ်းမှီသမျှ လက်ဆင့်ကမ်းဖြန်.ဝေသွားပါရန် ။
မင်းလွမ်းနောင်(ပန်းတနော်)

No comments:
Post a Comment