ခိုးဝင်တဲ့ မြန်မာ ၆၁ ယောက် အဖမ်းခံရ
(ဓာတ်ပုံ - Manager Online)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီး၊ အမျိုးသား ၆၁ ယောက်ကို ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အတူ ဘန်ကောက်မြို့ကို ဦးတည် သွားဖို့ ကြိုစားနေတဲ့ အချိန်မှာ ထိုင်း အာဏာ ပိုင်တွေရဲ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။ အဖမ်းခံရတဲ့ သူတွေကတော့ မြန်မာနဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပြည်သားတွေကို ထိုင်း အာဏာပိုင်တွေက စစ်ဆေးတော့ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့အတွက် အားလုံးကို မဲဆောက် မြို့မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး (လ၀က) အချုပ်က မြ၀တီမြို့ တဖက်ကမ်းသို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီလို အဖမ်းခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကယ်ရီနဲ့ လာသလားဆိုတာကို မသိသေးဘူး၊ ဒါပေမယ့် ကယ်ရီနဲ့ လာတယ် ဆိုရင်တော့ အဖမ်းလည်း ခံရပြီး ပိုက်ဆံလည်း ရှုံးသွားနိုင်ပါတယ်။ ဘန်ကောက်ကို သွားဖို့ လူတယောက်ကို ကယ်ရီခ ဘတ်ငွေ အနည်းဆုံး (၁၆၀၀၀) လောက် ပေးရတယ်လို့ သိရပါတယ်။ တချို့ကယ်ရီတွေကတော့ အဖမ်းခံရတဲ့ လူတွေကို အကူအညီပေး တာ ရှိပါတယ်။ ကယ်ရီအားလုံးတော့ မဟုတ်ဘူး။
မြန်မာပြည် စစ်အစိုးရလက်အောက်မှာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲပါပဲ။ အခက်အခဲ မျိုးစုံ တွေ့ရပေမယ့် အဆင်ပြေလိုပြေငြား စွန့်စားကြရပြီး အခုလို ဒုက္ခရောက် ကြရ၊ မျက်နှာငယ်ကြရတာလည်း ရှိပါတယ်။
သန်းထိုက်ဦး
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
by Seaman Nayminthu on Sunday, July 10, 2011 at 9:18am(ဆောင်းပါးရှင်နေမင်းသူ) တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ မည်သည့်နို...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
-
အက္ခရာ ဆိုသည်မှာ အရေး နှင့် အဖတ် အသုံးပြုသည့် ဘာသာစကားတိုင်း၊ စာပေတိုင်းအတွက် အသုံးပြုသော ဗျဉ်း၊ သရ အစရှိသည့် အသံအနှိမ့်အမြင့်များကို ကိုယ်...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ထိုင်းနိုင်ငံအတွင်းမြန်မာအလုပ် သမားများသည်။အနည်းအမီူးမိုး ဖြင့်အလုပ်သမားအခွင့်အရေးခီူးေ ဖာက်မှု ပေါင်းအစွာခံနေရသော နိုင်ငံဟုဆိုလို့ရပါ...
-
By မသင်းသီရိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ ရှေ့တန်းဗဟိုဌာနချုပ်နေရာကို အစိုးရ စစ်တပ်ဘက်က ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ...
1 comment:
နေကောင်းကျရဲ့လား
Post a Comment