
ကော့သောင်းမြို.လေး ဧ။်တည်ရှိပုံမှာ တောင်ကုန်း တောင်မြင့်များပေါ်တွင် တည်ထားသည့်အလျှောက် လမ်းများမှာလဲ ဆိုးရွားကျဉ်းမြောင်းလှပေသည်။ သို.သော် စီးပွားရေးရှာဖွေတတ်သူများအဖို. စီးပွားဖြစ်ထွန်းရာ နယ်စပ်မြို.လေးပါပေ။ ထိုင်းနိုင်ငံမှ ၀ယ်ယူ အသုံးပြုသော ဆိုင်ကယ်များမှာလဲ ကော့သောင်းမြို.ပေါ်တွင် ပျားပန်းခတ်မျှ သွားလာနေကြသည်မှာလဲ သည်းထိတ်ရင်ဖီုစရာပင်။မကြာခဏ ဆိုသလို တိုက်မိခြင်း မှောက်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ များ မကြာခဏ ရှိတတ်သောကြောင့် ကျနော်ကိုယ်တိုင် ဆိုင်ကယ်ကို သတိကြီးစွာ မောင်းနှင်ပြီး ကော့သောင်းမြို.လေးကို လှည့်ပါတ်ကြည့်ရှု.ခဲ့ပါတယ်။
(ကော့သောင်းမြို.မှ လူလတ်ပိုင်းစွန်ပစ်ပစ္စည်းကောက်သူ)

စီးပွားရေးကောင်းမွန်သော ကော့သောင်းလိုမြို.လေးတွင် ကလေးအလုပ်သမားအနည်းငယ်ကိုသာတွေ.ရှိရသော်လည်း တောင်းရမ်းစားသောက်ခြင်း ရေသန်.
ဘူးခွံများသံတိုသံစများ ရှာဖွေကောက်ယူ ကြသော ခလေးများနှင့် လူလတ်ပိုင်းအရွယ် များကိုလဲတွေ.မြင်ရပါတယ်။
ကျနော်ကော့သောင်းမြို.ကိုရောက်စဉ် အထူးစိတ်ဝင်စားသော အကြောင်းအရာလေးမှာ ဘောလုံး ဟု ခေါ်သောလူကုန်ကူးမှု.ပင်ဖြစ်ပါတယ်။ဘောလုံးဆိုသည်နှင့် ကန်သောဘောလုံး မဟုတ်ပါ ၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို.အလုပ်လုပ်ရန် တရားမ၀င် သွားရောက်ကြသောသူများကို ဘောလုံးဟု ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ လာရောက်ကြသောသူများမှာလဲ ယောကျာ်း မိန်းမ ကလေး လူကြီး အစုံပါပေ။ ပဲခူးတိုင်း/မွန်ပြည်နယ်/ရန်ကုန်တိုင်း/ တို.မှ အများဆုံးဝင်ရောက်ကြသည့်အလျှောက် ကော့သောင်းမြို.တွင် တားဆီးခရီးသည်များ ဆိုပြီး စီမံချက်ထုတ်ကာ နေရပ်ပြန်ပို.ခြင်းကို လုပ်ဆောင်နေသော်လည်း တဖက်နိုင်ငံများသို. သွားရောက်နေကြသော ဘောလုံးများမှာ နေ.စဉ်နှင့်အမျှ ပင်ဖြစ်ပါတယ် ။
တချို.က လှေ ဖြင့် တချို.က ကားဖြင့် တဖက်နိုင်ငံသို. ပို.ဆောင်ပေးနေသည်မှာလဲ နေ.စဉ်ရက်ဆက်ပင်။
ထိုသို.ပို.ဆောင်ပေးနေခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များ မသိကြတာမဟုတ်ပါ ။
ဘောလုံးလုပ်စားနေသူများမှာလဲ လိုင်းကြေး ပေးပြီး လုပ်စားနေကြခြင်းသာဖြစ်ပြီး ဆယ်ခေါက်တစ်ခေါက်သာ အဖမ်းခံပြရခြင်းသာ။
(ကော့သောင်းမြို.ရှိအမြန်ယာဉ်ဆိပ်)

ထားဝယ်မှ အမြန်ယာဉ် ဆိုက်ကပ်လာပါက ဆိုင်ကယ်သမားများက အနားသို.ကပ်လာပြီး ဟိုဘက်ကမ်းကူးမလား အလုပ်ရှိတယ် ကူညီမယ် ဆိုပြီ လူကုန်ကူးခြင်းအတွက် ဖျားယောင်းနေသည်မှာလဲ လိုင်စင်ရသူများကဲ့သို.ပင် ။
တချို.ကျပြန်တော့ ပဲ့ချိတ် မောင်းသူ လှေသမားများနှင့် ချိတ်ဆက်ကာ ထိုင်းဘက်သို. ခီုးဝင်ကြလေ့ရှိပါတယ်။ ဆိုင်ကယ် ကယ်ရီနှင့် လှေသမားများမှာ ဘောလုံး များကို အဓိက ရှာဖွေပြီး မိမိတို.ဧ။် စီးပွားရေးအဆင်ပြေစေရန် ကြိုးစားကြသည်မှာလဲ ကော့သောင်းသို. အမြန်ယာဉ်ဖြင့် သွားရောက်သူတိုင်းအသိပင်။

လှေမောင်းရာတွင်လဲ နှစ်နိုင်ငံ ရေခြားမှ မောင်းနှင်ပြီး ထိုင်းရေတပ်မှ ခေါ်သောအခါ မြန်မာရေပိုင်နက်အတွင်းသို.မောင်းပြေး ၊ မြန်မာရေတပ်မှမီးရိုက်ခေါ်သောအခါ ထိုင်းရေပိုင်နက်ထဲသို. မောင်းပြေးပြီး ဘောလုံးကစား သကဲ့သို. သွားရောက်ကြသော ဘောလုံးများမှာ သည်ထိတ်ရင်ဖီု ပါပေ။
ထိုင်းနှင့် မြန်မာ ရေတပ်မှ လွပ်ပြန်သော်လည်း ထိုင်းရေပိုင်နက်တွင် လှေလူမိုက်များကျန်နေပါသေးတယ် ။သူတို.ကို လဲလိုင်းကြေးပေးမှ ဖြတ်သန်းခွင့်ရှိပါတယ်။အကယ်လို. လိုင်းကြေးမပေးခဲ့ပါက လှေကို ၀မ်းဖောက်ပြီး မြှုပ်ပြစ်သည့်အထိ ရက်စက်သူများပါပေ။ ထိုလူမိုက် လှေများတွင် မြန်မာများလဲ ရှိနေသည်မှာ ရင်နာစရာပင်ဖြစ်ပါတယ်။(ထိုင်းနိုင်ငံ တောင်ပိုင်းထိုင်းရေပိုင်နက်တွင်ရှိပါတယ်)
(ကားလမ်းခရီးဖြင့်ဝင်သော်လည်း ထိုင်းရဲများဧ။်အဖမ်းဆီးခံရသော ဘောလုံးများ)

ဒုက္ခအမျိုးမျိုးခံကာ သူတပါးနိုင်ငံသို.သွားရာက်ကာ ထင်တလုံးဖြင့်လုပ်စားကြသော်လဲ တွက်ခြေမကိုက်ပဲ
( မြန်မာ အလုပ်သမားများအားဖမ်းဆီးချုပ်နှောင်သော ဖန်ငမြို. လ၀က အချုပ် ထိုင်းတောင်ပိုင်း)
ဆင်းရဲဒုက္ခ များစွာဖြင့်ကြုံရသူများမှာလဲ ဒုနဲ.ဒေးပင်ဖြစ်ပါတယ်။လူကုန်ကူးမှု.တားဆီး ကာကွယ်ရန် အဖွဲ.များဖွဲ.ထားသော်လည်း အာဏာပိုင်အဖွဲ.တွင်းအကျင့်ပျက်ချစားမှု.ကြောင့် တဖက်နိုင်ငံသို. ဘောလုံးများ နေ.စဉ်နှင့်အမျှ ၀င်ရောက်နေကြခြင်းကို သန်.ရှင်းသောအစိုးရဖြစ်ရန် ဟု အော်ဟစ်နေသူများသိပါစ။
ကော့သောင်းမြို.တွင် ဘောလုံးများ နှင့် ကြီးပွားနေသူ (သို.) လူအများကို လှေကားထစ်လုပ်ပြီး မိမိကိုယ်ကျိုးစီးပွား လုပ်နေသူ များကို သန်.ရှင်းသောအစိုးရကြီးမှမည်သို.မည်ပုံအရေးယူဆောင်ရွက်မလဲဆိုတာကို လဲ သိချင်လှပါတယ်။
ယခုကဲ့သို. ဘောလုံးသမားများ ခေတ်စားလာခြင်း ပေါများလာခြင်းမှာ နယ်စပ်မြို.များဖြစ်သော မြ၀တီ နှင့် ကော့သောင်းမြို.များမှ သက်ဆိုင်ရာအာဏာပိုင်များဧ။် အကျင့်ပျက် ချစားမှု.ကြောင့်ဟု ပြောပါကလွန်အံ့မထင်ပါ။
ယခုအခါတွင် ကော့သောင်းမြို. မှ ဘောလုံးသမားများနှင့် ဘောလုံးများ မည်မျှလောက်အထိ ပေါများလာသည်ကို သိရှိလိုသော မည်သူမဆို ကော့သောင်းမြို. နှင့် မြ၀တီ မြို.များသို. ကိုယ်တိုင်သွားရောက်လေ့လာလျှင် ပီုမီု ပြည့်စုံစွာ သိရှိရှိရမည်ဖြစ်ပြီး ကိုယ်တိုင် တိတိကျကျ လေ့လာချင်သူများအဖို. ကိုယ်တိုင် ဘောလုံးအဖြစ် သွားရောက်လေ့လာနိုင်ပါကြောင်း ပြောလိုပါတယ်ခင်ဗျာ။

(ကော့သောင်းမြို.မှတောင်းရမ်းစားသောက်ကြသော ကလေးများ)
မင်းလွမ်းနောင် (ပန်းတနော်)
1 comment:
ကျွန်ပ်တော်လဲကော့သောင်သာတစ်ယောက်ပါဝပ်ဝမ်သာပါတယ်များများရေပါများများတင်ပေပါ
Post a Comment