မှတ်မှတ်ရရ တသသ အပိုင်း(၃)
(မင်းလွမ်းနောင်)
ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအိုကြီး (၄)စီးဖြင့် တိုးကြိတ် စီးနင်းပြီး အမှတ်(၁)တပ်မတော် စုဆောင်းရေးတပ် (ဒညင်းကုန်း ) မှ စတင်ထွက်ခွာခဲ့ကြပါပြီ...။
ကျနော်ကတော့ စုဆောင်းရေး ဂိတ်မှ စတင်ထွက်ခွာခွာခြင်း တပ်အ၀င် ဆိုင်းဘုတ်ကို စိတ်နာစွာဖြင့် တစ်ချက်ကြည့်ခဲ့ပြီး လူ.ငရဲနှင့်တူသော စုဆောင်းရေးတပ်တွင်းမှ လေ့ကျင့်ရေးသို. ထွက်ခွာ လာရခြင်းကို ပျော်ရွှင်မိသည်မှာ ကျနော် တစ်ယောက်ထဲတော့ မဟုတ်နိုင်ပေ..။ ဒီလိုနှင့် ကျွန်တော်တို. တသသ များအား တင်ဆောင်လာသော ကားအိုကြီးများသည် လေးကန်စွာ မောင်းနှင်ရင် ရန်ကုန်ဘူတာကြီးသို. ဆိုက်ရောက်ခဲ့ကြပါသည်။ဘူတာကြီး သို.ရောက်သည်နှင့် စုဆောင်းရေးမှ ဆရာများက ကျနော်တို.အားလုံးကို တန်းစီခိုင်းပြီး ဘူတာကြီးဧ။် လမ်းမပေါ်တွင် တန်းစီပြီးထိုင်ခိုင်ကာ စုဆောင်းရေးမှပေးလိုက်သော ထမင်းထုပ်များကို ဝေပေးပြီး ထမင်းစားခွင့် ပေးပါတယ်..ကျနော်လဲ ထမင်းထုပ်ကိုဖြေပြီး ကြည့်လိုက်တော့ ပဲဟင်းအရည်ကြဲကြဲကို စမ်းထားပြီး ကြောင်မစား ငါးခြောက် အနည်းငယ်ပုံပေးထားသော ထမင်းထုပ်ကို ဆာလောင်မွတ်သိပ်စွာ စားလိုက်ပြီး ဘေးပါတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပါတယ် ။ ရန်ကုန်ဘူတာကြီးအတွင်းရှိ ခရီးသွားခရီးလာများက ကျနော်တို.အား တစ်ချို.က သနားဂရုဏာသက်သောအကြည့် အချို.က ရွံရှာသောအကြည့် အချို.ကတော့ ဘာတွေလဲ ဆိုတဲ့ အကြည့် များကို သတိထားမိလိုက်ပါတယ် .။တသသများကလဲ ကြည့်လဲကြည့်ချင်စရာပါ ဆံပင်ညှပ်ထားတာက မညီမညာ ပဲကေ မလျှော်မဖွတ်ပဲဝတ်ဆင်ထားတဲ့ အ၀တ်အစားများ ရေမချိုးရလို.နံစော်နေတဲ့ ကျနော်တို.ရဲ. အနံ့အသက်များ ပြီးတော့ မတ်တပ်ရပ်ခွင့်မရှိပဲ တန်းစီပြီး ထိုင်နေရတဲ့ ပုံစံများက လူအများကို သို.လော သို.လော ထင်စေသည်မှာတော့ မဆန်းပါ..။
လေ့ကျင့်ရေးမှ တပ်ကြပ်ကြီး ကတော့ ကျနော်တို. တသသ များ ကိုခေါ်ဆောင်ဖို.အတွက် မီးရထား ရုံပိုင်ကြီးထံသို.သွားကာ အမ်အို (MO) နှင့် ၀ရမ်း ကိစ္စ များသွားရောက်ဆောင်ရွက်နေပြီး ကျနော်တို.အဖွဲ. လိုက်ပါစီးနင်းရမဲ့ ရထားတွဲကို စီမံနေပါတယ်။ကျနော်ကတော့ ဘေးပါတ်ဝန်းကျင်ကိုအကဲခတ်ရင်း အရပ် ပုပျပ်ပျပ် မျက်နာ ကျောက်ပေါက်မာဗလပွနှင့် ဗန္ဒုလတံဆိပ် နှစ်ဖက်တပ် စုဆောင်းရေးမှ တပ်ကြပ်ကြီး တစ်ဦး နှင့် အခြားအဆင့် (၂) ဦးကို တွေ.မြင်လိုက်ပါတယ်။သူတို.ကတော့ ရန်ကုန်ဘူတာကြီးမှာ ကျင်လည်ကျက်စားနေတဲ့ မနုဿ မုဆိုးတွေပါပဲ ..သူတို.တွေက ကျနော်တို. တသသ တွေဖက်ကို မျက်ခြေမပြတ် အကဲခတ်နေတာကို ကျနော် တွေ.မြင်လိုက်ပါတယ် ဒါပေမဲ့ ဘာကြောင့်လဲဆိုတာတော့ ကျနော်မသိသေးပါဘူး ...။သိပ်မကြာခင်ပဲ လေ့ကျင့်ရေးက ဆရာ ဒုတက စိုးသိန်း က ကျနော်တို. နားကိုရောက်လာပြီး တိုးတိုးတိတ်တိတ် သတိပေးလာပါတယ် မင်းတို. ငါမသိပဲ ဘယ်မှ မသွားကြနဲ. အေးသွားလို. ဒါမှမဟုတ် ပြေးလို. မင်းတို. ငါ့လက်ကလွတ်ချင်လွတ်မယ် ဟိုမှာတွေ.လား စုဆောင်းရေးကကောင်တွေ မင်းတို.ကို ကျားချောင်းချောင်းနေတာ သူတို.လက်ကတော့မင်းတို.လွတ်မှာ မဟုတ်ဘူး ..သူတို.မိသွားလို.လဲ ငါတို.လက်ကိုပြန်အပ်တာမဟုတ်ဘူး မင်းတို.ကို သူတို.ကစုဆောင်းရေးကိုပြန်ပို.ြ ပီး ရောင်းစားအုံးမှာ အဲဒီအခါကျရင် မင်းတို.လဲ ဒုက္ခရောက်မယ် ငါတို.လဲ ပြဿနာတက်မယ် ဒီတော့ မင်းတို. ငါတို.အတွက် မကောင်းပဲ စုဆောင်းရေးကကောင်တွေက ကြားကနေ စားသွားမယ် ငါပြောတာနားလည်လား ဆိုပြီးပြောလာတော့ ကျနော်တို.တွေ တုတ်တုတ်တောင် မလှုပ်ရဲတော့ပါ ။ ကျနော်လဲ ထိုင်နေရာကနေ စုဆောင်းရေးက မုဆိုးတွေဆီကိုမကြာခဏ အကဲခတ်ကြည့်လိုက်တော့ သူတို.က ကျနော်တို.ပြေးနိုင်မဲ့လမ်းကြော င်းတွေမှာ လူခွဲပြီး သားကောင်စောင့်ဖမ်း ဖို.အသင့်ဖြစ်နေပုံပါ ပဲ....။ ဒီနေရာမှာတော့ ကျနော်သိခဲ့ရတာ အရင် တသသ တွေထဲက ဘူတာကြီးအရောက်မှာ ပြေးဖို.အခွင့်အလမ်း ရပြီဆိုပြီး ပြေးကြတယ်ဒါပေမဲ့ သူတို.ခမျာမလွတ်ပဲ စုဆောင်းရေးက စားနေကြကြောင်ပါးတွေရဲ.လက်ချက် နဲ.စုဆောင်းတပ်ကို ဒုတိယအကြိမ် ပြန်ပြီးအရောင်းစားခံကြရတယ်ဆို တာပါပဲ ..ပြီးတော့ ထွက်ပြေးသူအတော်များများကလဲ အတင်းအဓမ္မ စုဆောင်းခံရသူ အများစု ဖြစ်တယ်ဆိုတာလဲ သိခဲ့ရပါတယ် ။
ကျနော်တို. လဲ ခရီးသွားခရီးလာတွေများပြားလွန်း လှတဲ့ ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာချင်လှပါပြီ ဘာကြောင့်လဲဆိုတော့ ရှက်စရာ ဖြစ်နေလို.ပါပဲ..မသိရင်ကျွန်တော်တို. တသသ များ က ထောင်ပြောင်းလာတဲ့ အကျဉ်းသားတွေနဲ. တူနေပြီးစုဆောင်းရေးမှ မုဆိုးများရန်ကိုလဲ ကြောက် လို.ပါပဲ..တစ်ချို.ဆိုရင် လေ့ကျင့်ရေးကဆရာများ အလစ် တသသ များဆီလာပြီ မင်းတို.ထွက်ပြေးရင် ငါမင်းတို.ကို ကူညီမယ် ပြောပြီးရင် အပြင်ရောက်အောင်လုပ် စုဆောင်းရေးပြန်ရောင်းစား နဲ. သံသရာလည်နေတဲ့ တသသ များ လဲ ရှိပါတယ် ။ ကျွန်တော် တို. အသုတ်မှာ ကျနော့်လို မိမိသဘောနှင့် ၀င်ရောက်သူ မှာအနည်းစုဖြစ်ပြီး အခြား မသမာတဲ့နည်းများနဲ. သွတ်သွင်းခံရသူအတော်တော်များများပါဝင်လာလို. အုပ်ချုပ်မှု.တွေကို တင်းကြပ်ရတာဖြစ်တယ်လို. ကျနော်တို. တသသ ထဲမှ စည်းကမ်းထမ်းသိမ်းရေး လုပ်နေသူက ပြောပြပါတယ် ..။
ဒီလိုနဲ. ကျနော်တို. လိုက်ရမဲ့ရထားတော့ ဆိုက်ရောက်လာပါပြီ ကျနော်တို.တွေ ကိုတင်မဲ့ အတွဲ က (၃)တွဲပါ လေ့ကျင့်ရေးကဆရာများကတော့ ရထားတွဲတွေကို သွားပြီး ဘေးပြတင်းပေါက်တွေကို ပိတ် ပြီး ကျနော်တို. ခုန်ချပြီးထွက်မပြေးနိုင်အောင် ကြိုးတွေချည်နေတာတွေ.လိုက်ပါတယ် .။ ကျနော်လဲ ဘေးပါတ်ဝန်ကျင်ကိုကြည့်ရင်း စုဆောင်းရေးက ကြောင်ပါးတစ်ယောက် (၁၃) သာသာ ကောင်းလေးတစ်ဦး ကိုပုခုံးဖက်ပြီး(ဘာတွေပြောနေလဲ တော့မသိပါ ) ခဏကြာတော့ ဒညင်းကုန်းဖက်ကိုသွားတဲ့မြို.ပါ တ်ရထားပေါ်ကိုခေါ်တင်သွားတာတွေ.လိုက်ပါတယ်...ကောင်လေးပုံကိုကြည့် ရတာတော့ လိုက်ချင်ပုံမပေါ်ပေမဲ့ ကြောက်လို.လိုက်သွားရတဲ့ပုံမျိုးပါ...ကျနော်အပါအ၀င် တသသ အတော်များများနဲ.ခရီးသွားခရီးလာ အချို. တွေ.မြင်ကြပေမဲ့ ကူညီဖို.ဆိုတာ မဖြစ်နိုင်တော့လဲ စိတ်မကောင်းရုံကလွဲပြီး ဘာများတတ်နိုင်အုံးမှာလဲဗျာ.... ဒါကတော့ ရန်ကုန်ဘူတာကြီးမှာ ကျနော်တွေ.မြင်ခဲ့ရတဲ့ အတွေ.အကြုံလေးပါပဲ....။
ကျနော်တို. အဖွဲ.လဲ ရထားပေါ်တက်ဖို. လှုပ်လှုပ်ရွရွ ဖြစ်လာပါပြီ ..စည်းထိမ်းအဖွဲ.တွေ နဲ. ဆရာတွေကလဲ လုံခြုံရေးကို အထူးဂရုပြီး တစ်တန်းခြင်း အတွဲပေါ်တွေကိုတင်ပါတယ် ..ကျနော်လိုက်ပါတဲ့အတွဲ ထဲမှာတော့ တသသ တွေ ပြည့်ကြပ်နေပြီး ကျနော်ကတော့ စုဆောင်းရေးမှာကတည်းက သိပ်နေမကောင်းချင် တော့ အိတ်တွေတင်တဲ့ စင်ပေါ်ကို တက်ပြီး အိပ်လိုက်ပါတယ် ။ အ၀င်အထွက်အပေါက်မှာတော့ တသသ နေလင်းအောင် က စောင့်နေတာပါ ...အတွဲလိုက် စည်းကမ်းထိမ်းအဖွဲ.တွေထားပြီး ဆရာတွေထဲက ၂ ယောက်သာ ကျနော်တို.အတွဲနဲ.လိုက်ပါတယ် ..။ဒီလိုနဲ. ရထားလဲ စထွက်ပြီ ကျနော်လဲ အိပ်ပြီပေါ့ ဘေးပါတ်ဝန်းကျင်ကိုလဲ ဘာမှ မမြင်ရသလု လေ၀င်ပေါက်ကလဲ နည်းလှပါတယ် ကျနော်တို.အတွဲထဲမှာ လူငွေ.ချွေးနံ. နဲ.အပူရှိန်ကတော့ ရထား ထွက်မှ သက်သာပါတယ် ..။ ဒီလိုနဲ. ကြပ်ကြပ်တည်းတည်း နဲ. လိုက်ပါခဲ့ရပြီး ဘယ်ဘူတာတွေကို ဆိုက်မှန်းလဲမသိရပါ ...ဒီကြားထဲ ဘူတာကနေအထွက် စည်းထိမ်းလုပ်တဲ့ နေမျိုးအောင် (တသသ)က ခုန်ဆင်းပြီးထွက်ပြေးပြန်ပါတယ် ..ဒါကိုလေ့ကျင့်ရေးက ဒုတပ်ကြပ် စိုးသိန်းကလဲ ရထားပေါ်ကနေခုန်ဆင်းပြီးကျန်ခဲ့ ရပါတယ်.။
ဒီလိုနဲ.ကျနော်တို. တသသများအဖွဲ. ရထားပေါ်မှာ အစားဆင်းရဲ အနေဆင်းရဲနဲ. ဒုက္ခခံ ပြီး တပ်မတော်သားတစ်ယောက်ဖြစ်ဖို. အတွက် တောင်းတွင်းကြီးမြို. အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရောက်ဖို. ရင်ခုန်စွာရှိနေတာကတော့ အမှန်ပါခင်ဗျာ...။ ကျနော်တို. အားလုံး ၀ိုင်းပြောကြလို. လေ့ကျင့်ရေးကဆရာများက လိုက်လျောပေးပြီး တောင်တွင်းကြီးမြို. ရောက်ရန် အလိုနောက်ဆုံးဘူတာမှာ ပြတင်းပေါက်တွေကိုဖွင့်ပေးခဲ့ပါ တယ် ..ဒီတော့မှပဲကျနော်တို. တသသတွေအားလုံး ဘေးပ်ါတ်ဝန်းကျင်ကိုမြင်ရပါတော့ တယ်..။ အညာဒေသရဲ. ပူပြင်းတဲ့ ရာသီဥတု ရထားလမ်း ဘေးတစ်ချက်ရှိ ထန်းတောများ နဲ. တောင်ကုန်းတောင်တန်းများက ကျနော့် လို မြေပြန့်က လာသူတစ်ယောက်အနေနဲ.တော့ လှပတဲ့ပန်ချီကားတစ်ချပ်ပါပဲ..။
ဘေးပါတ်ဝန်ကျင်က အညာဒေသရဲ. အလှအပတွေကို ခံစားရင်း ရထားလမ်းအကွေ.မှာ နောက်တွဲမှာပါလာတဲ့ တသသ သူငယ်ချင်းများကို လက်ပြနုတ်ဆက်သူ အော်ဟစ်နုတ်ဆက်သူများဖြင့် ပျော်ရွှင်နေကြပြီး စုဆောင်းရေးမှာကြုံတွေ.ခဲ့ရတဲ့ ဒုက္ခဆိုးတွေကို တသသများ အားလုံး မေ့လျော့ နေသလိုပင် ။ လေ့ကျင့်ရေးသင်တန်းကျောင်းတွင်ေ နာက်ထပ်တွေ.ရမည့်အခက်အခဲကိုလဲ ကြိုတင်မတွေးခဲ့ ကြောက်ရွံ.မှု.လဲမရှိခဲ့ ဖြစ်လာသမျှကိုရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဖြင့် ယခုကဲ့သို. ခရီးသွားနေရသည်ကို ပင် ကျနော့် စိတ်တွင်းကျေနပ်မိပါတယ် ။ဒီလိုနဲ. ကျနော်တို. တသသ များ စီးနင်းလိုက်ပါလာတဲ့ ရထား ကတော့ တောင်းတွင်းကြီးဘူတာမှာ ဆိုက်ရောက်ပြီး အားလုံးတန်းစီ လူစစ် ပြန်ပါတယ် ။ ရထားပေါ်က ခုန်ဆင်းပြီးထွက်ပြေးသွားတဲ့ တစ်ယောက်မှ လွဲပြီး အားလုံး လူစုံ တက်စုံ ဖြစ်ပါတယ်.။ဘူတာရောက်ြုပီး သိပ်မကြာပါ လေ့ကျင့်ရေးမှ ဖောကားကြီးများရောက်လာပြီး ကျနော်တို. တပ်သားသစ်များ ကို ကားပေါ်တင်ပြီး လေ့ကျင့်ရေးတပ်ရှိရာသို. ဦးတည်ထွက်ခွာလာပါတယ် ...လမ်းတစ်လျှောက်မှာတော့စည်ကား လှတဲ့တောင်တွင်းကြီးမြို. ကို ကားပေါ်မှ ကြည့်ပြီး ကျနော်မရောက်ဖူးတဲ့ဒေသကိုရောက်ေ နလို. အမျိုးအမည်မသိတဲ့ ခံစားမှု.လေးကို ခံစားမိပါတယ်.။ တောင်တွင်းကြီး မြို.ကို ဖြတ်ကျော်လာပြီး လေ့ကျင့်ရေးတပ်ကိုမရောက်ခင် အညာဒေသရဲ. လူစီးယာဉ်ဖြစ်တဲ့ မြင်းလှည်းလေးတွေနဲ. အညာဒေသ ရဲ. ပါတ်ဝန်းကျင်အလှအပများကို ကျနော် သဘောကျနှစ်ခြိုက်စွာ ကြည့်ရင်း မဲဇလီပင်တွေ လမ်းဘေးတွေမှာ အစီအရီ စိုက်ထားတဲ့ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ.မှ ကျနော်တို. တွေကို တပ်မတော်သားတစ်ယောက်ဖြစ်ဖို. နီးစပ်လာပါလားဆိုတဲ့အသိနဲ. စိတ်လှုပ်ရှားလာမိပါတယ်....။
ကျနော်တို. တသသ များ ကို တင်ဆောင်လာတဲ့ ဖော ကား များကတော့ တပ်အ၀င်လမ်းမကြီးအတိုင်း ဖြေညင်းစွာ မောင်းနှင်လာပြီး ဗဟိုကင်းကို ဖြတ်ကျော်လာပါပြီ ...။ နောက်ထပ် (၅)မီးနစ်ခန်.မောင်းလာပြီးမှ ကွင်ပြင်ကျယ်ကြီး နဲ. လေ့ကျင့်ရေးတပ်ခွဲများ ကို အစီအရီတွေ.ရပါပြီ ...လမ်းတွေမှာလဲ ညီညာစွာတန်းစီပြီး ပေါက်တူးပေါက်ပြားကိုယ်စီနှင့် သွားလာနေကြသော စစ်စိမ်းရောင်စွပ်ကြယ် စစ်စိမ်းရောင်ဘောင်းဘီ ကိုယ်စီနှင့် ဘ၀တူ စီနီယာ တသသ များကို တွေ.မြင်ရပါတယ်..။ ကျနော်တို. နေရမဲ့တပ်ခွဲကို ရောက်တော့ နေ.လည် ပိုင်းလောက်ပါ အညာနေကလဲပူမှ ပူပါပဲ တသသ အားလုံး ကားပေါ်ကဆင်း တန်းစီ ပြီး တပ်ခွဲမှူး ဗိုလ်ကြီး အောင်မိုး တပ်ခွဲ အရာခံဗိုလ် တစ်ဦး တပ်ခွဲ တပ်ကြပ်ကြီး ကျော်ဦး တို.မှ အမှာစကားပြောပြီး ကျနော်တို.ကို အဆောင်တွေခွဲပါတော့တယ် ..။ ကျနော်တို. တပ်ခွဲ နာမည်ကတော့ ကျန်စစ်သား တပ်ခွဲပါ အဲဒီကမှ တဆင့် တပ်စု (၄)စု ထပ်ခွဲပြီး ကျနော်က တပ် စု(၄) မှာ ကလေးတွေ အများစုပါတဲ့တပ်စု မှာ နေရပါတယ် အားလုံးပြီးမှ တသသ များအားလုံးကို ထမင်းစားဆောင်ကို ခေါ်သွားပြီးစုဆောင်းရေးထက်သာတဲ့(မင်းလွမ်းနောင်)
ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအိုကြီး (၄)စီးဖြင့် တိုးကြိတ် စီးနင်းပြီး အမှတ်(၁)တပ်မတော် စုဆောင်းရေးတပ် (ဒညင်းကုန်း ) မှ စတင်ထွက်ခွာခဲ့ကြပါပြီ...။
ကျနော်ကတော့ စုဆောင်းရေး ဂိတ်မှ စတင်ထွက်ခွာခွာခြင်း တပ်အ၀င် ဆိုင်းဘုတ်ကို စိတ်နာစွာဖြင့် တစ်ချက်ကြည့်ခဲ့ပြီး လူ.ငရဲနှင့်တူသော စုဆောင်းရေးတပ်တွင်းမှ လေ့ကျင့်ရေးသို. ထွက်ခွာ လာရခြင်းကို ပျော်ရွှင်မိသည်မှာ ကျနော် တစ်ယောက်ထဲတော့ မဟုတ်နိုင်ပေ..။ ဒီလိုနှင့် ကျွန်တော်တို. တသသ များအား တင်ဆောင်လာသော ကားအိုကြီးများသည် လေးကန်စွာ မောင်းနှင်ရင် ရန်ကုန်ဘူတာကြီးသို. ဆိုက်ရောက်ခဲ့ကြပါသည်။ဘူတာကြီး
လေ့ကျင့်ရေးမှ တပ်ကြပ်ကြီး ကတော့ ကျနော်တို. တသသ များ ကိုခေါ်ဆောင်ဖို.အတွက် မီးရထား ရုံပိုင်ကြီးထံသို.သွားကာ အမ်အို (MO) နှင့် ၀ရမ်း ကိစ္စ များသွားရောက်ဆောင်ရွက်နေပြီး ကျနော်တို.အဖွဲ. လိုက်ပါစီးနင်းရမဲ့ ရထားတွဲကို စီမံနေပါတယ်။ကျနော်ကတော့ ဘေးပါတ်ဝန်းကျင်ကိုအကဲခတ်ရင်း အရပ် ပုပျပ်ပျပ် မျက်နာ ကျောက်ပေါက်မာဗလပွနှင့် ဗန္ဒုလတံဆိပ် နှစ်ဖက်တပ် စုဆောင်းရေးမှ တပ်ကြပ်ကြီး တစ်ဦး နှင့် အခြားအဆင့် (၂) ဦးကို တွေ.မြင်လိုက်ပါတယ်။သူတို.ကတော့ ရန်ကုန်ဘူတာကြီးမှာ ကျင်လည်ကျက်စားနေတဲ့ မနုဿ မုဆိုးတွေပါပဲ ..သူတို.တွေက ကျနော်တို. တသသ တွေဖက်ကို မျက်ခြေမပြတ် အကဲခတ်နေတာကို ကျနော် တွေ.မြင်လိုက်ပါတယ် ဒါပေမဲ့ ဘာကြောင့်လဲဆိုတာတော့ ကျနော်မသိသေးပါဘူး ...။သိပ်မကြာခင်ပဲ လေ့ကျင့်ရေးက ဆရာ ဒုတက စိုးသိန်း က ကျနော်တို. နားကိုရောက်လာပြီး တိုးတိုးတိတ်တိတ် သတိပေးလာပါတယ် မင်းတို. ငါမသိပဲ ဘယ်မှ မသွားကြနဲ. အေးသွားလို. ဒါမှမဟုတ် ပြေးလို. မင်းတို. ငါ့လက်ကလွတ်ချင်လွတ်မယ် ဟိုမှာတွေ.လား စုဆောင်းရေးကကောင်တွေ မင်းတို.ကို ကျားချောင်းချောင်းနေတာ သူတို.လက်ကတော့မင်းတို.လွတ်မှာ
ကျနော်တို. လဲ ခရီးသွားခရီးလာတွေများပြားလွန်း
ဒီလိုနဲ. ကျနော်တို. လိုက်ရမဲ့ရထားတော့ ဆိုက်ရောက်လာပါပြီ ကျနော်တို.တွေ ကိုတင်မဲ့ အတွဲ က (၃)တွဲပါ လေ့ကျင့်ရေးကဆရာများကတော့ ရထားတွဲတွေကို သွားပြီး ဘေးပြတင်းပေါက်တွေကို ပိတ် ပြီး ကျနော်တို. ခုန်ချပြီးထွက်မပြေးနိုင်အောင် ကြိုးတွေချည်နေတာတွေ.လိုက်ပါတယ်
ကျနော်တို. အဖွဲ.လဲ ရထားပေါ်တက်ဖို. လှုပ်လှုပ်ရွရွ ဖြစ်လာပါပြီ ..စည်းထိမ်းအဖွဲ.တွေ နဲ. ဆရာတွေကလဲ လုံခြုံရေးကို အထူးဂရုပြီး တစ်တန်းခြင်း အတွဲပေါ်တွေကိုတင်ပါတယ် ..ကျနော်လိုက်ပါတဲ့အတွဲ ထဲမှာတော့ တသသ တွေ ပြည့်ကြပ်နေပြီး ကျနော်ကတော့ စုဆောင်းရေးမှာကတည်းက သိပ်နေမကောင်းချင် တော့ အိတ်တွေတင်တဲ့ စင်ပေါ်ကို တက်ပြီး အိပ်လိုက်ပါတယ် ။ အ၀င်အထွက်အပေါက်မှာတော့ တသသ နေလင်းအောင် က စောင့်နေတာပါ ...အတွဲလိုက် စည်းကမ်းထိမ်းအဖွဲ.တွေထားပြီး
ဒီလိုနဲ.ကျနော်တို. တသသများအဖွဲ. ရထားပေါ်မှာ အစားဆင်းရဲ အနေဆင်းရဲနဲ. ဒုက္ခခံ ပြီး တပ်မတော်သားတစ်ယောက်ဖြစ်ဖို. အတွက် တောင်းတွင်းကြီးမြို. အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေး
ဘေးပါတ်ဝန်ကျင်က အညာဒေသရဲ. အလှအပတွေကို ခံစားရင်း ရထားလမ်းအကွေ.မှာ နောက်တွဲမှာပါလာတဲ့ တသသ သူငယ်ချင်းများကို လက်ပြနုတ်ဆက်သူ အော်ဟစ်နုတ်ဆက်သူများဖြင့် ပျော်ရွှင်နေကြပြီး စုဆောင်းရေးမှာကြုံတွေ.ခဲ့ရတဲ့ ဒုက္ခဆိုးတွေကို တသသများ အားလုံး မေ့လျော့ နေသလိုပင် ။ လေ့ကျင့်ရေးသင်တန်းကျောင်းတွင်ေ
ဆန်းစစ်ပြီးတော့ ညနေအတော်စောင်းနေပါပြီ တသသများအားလုံးကို ဘားတိုက်ထဲထည့်ပြီး ကင်းတာဝန်ခွဲဝေ ကြပါတယ် ..။နောက်နေ.မှာတော့ စစ်ယူနီဖောင်နဲ.စစ်ဝတ်ပစ္စည်းတွေ
(အပိုင်း ၄ ကို ဆက်လက်တင်ပေးပါမယ်) မင်းလွမ်းနောင်