၁၃-၇-၂၀၁၁ မင်းလွမ်းနောင်(ပန်းတနော်)
နေ.စဉ်နှင့်အမျှ စက်မှု.ပညာ နှင့်စီးပွားရေး တိုးတက်ကောင်းမွန်လျှက်ရှိသော
ထိုင်းနိုင်ငံ အတွင်းသို. တစ်ချိန်က သခင်မျိုးဟေ့ ဒို.ဗမာဟု ကြွေးကြော် ခဲ့ကြသော
ရွှေမြန်မာများ တစ်နေ.တစ်ခြား တိုးပွားဝင်ရောက်လျှက်ရှိသည်မှာ
ယခုအခါ အလုပ်သမားရေး လေ့လာဆောင်ရွက်သူများအဆိုအားဖြင့် လူဦးရေ ၄သန်းကျော်မျှသော
ပမာဏသို.ရောက်ရှိနေပြီဖြစ်ပြီး ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော
ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁နှစ်ခံ အလုပ်လုပ်ကိုင်ခွင့်(ဘတ်) ၊ပြည်နယ်ဒေသများတွင်
(၁၀)နှစ်ခံ နေထိုင်ခွင့် နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပေသည်။သို.သော်အများစုမှာ မည်သည့် စာရွက်စာတမ်းမှ
မရှိပဲ တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ လူ.အခွင့်အရေးကိုချိုးဖောက်ခံနေကြရသူများလဲဖြစ်သည်။
တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ ၊လူ.အခွင့်အရေးချိုးဖောက်ခံနေ
ရဆဲဖြစ်သည်မှာ ငြင်းချက်ထုတ်မရသည့်အချက်တစ်ချက်ပင်။
အဘယ့်ကြောင့် ရွှေမြန်မာများ ထိုင်းနိုင်ငံအတွင်းသို. ၀င်ရောက်လာရပါသနည်း။
ယခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အခြေခံ စားသောက်ကုန်စရိတ်ကြီးမြင့်ခြင်း၊အလုပ်အကိုင်ရှားပါးခြင်း၊
ရရှိသော လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေးပြေ
လည်စေရန်ဖြေရှင်းနိုင်မှု.မရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း
ဝင်ရောက်မည့် အရည်အချင်း မရှိရှိခြင်း၊ ကောင်မွန်သောအလုပ်အကိုင်ရှာဖွေရန်ခက်ခဲသောအခြေအနေတစ်ရပ်
တို.ကိုအခြေခံလျှက် မိမိတို.မြန်မာနိုင်ငံ`၏ ငွေကြေးထက်ထိုင်းငွေကြေးက
ပိုမိုဈေးသာခြင်း၊ အလုပ်အကိုင်ရှာဖွေရလွယ်ကူခြင်း၊ ရရှိသောလုပ်အားလစာမှာ ပြည်တွင်းမှရရှိသောလုပ်အားလစာထက်များပြားခြင်း၊
အလုပ်အကိုင် ရရှိရန် အရည်အချင်းကန်.သတ်ချက် နည်းပါးခြင်း ၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ
တရားမ၀င်ဝင်ရောက်ရန်လွယ်ကူခြင်း တို.ကြောင့် ယနေ.ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ
ထူထပ်များပြားလာရခြင်းပင်ဖြစ်ပါသည်။
လာရောက်ကြသည့်နည်းလမ်းများ။
ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး
လူစုကာ အယောက် ၃၀ အထက် တွင် လှေတစ်စီးစာသတ်မှတ်ကာ ကော့သောင်းမှ ညလူခြေတိတ်ချိန်တွင်
လှေပေါ်၌လှဲအိပ်စေပြီး အပေါ်မှ တာလဘတ်ခေါ် အမိုးဖြင့်ဖုံးအုပ်ပြီး သက်ဆိုင်ရာအာဏာပိုင်များအားလိုင်းကြေးပေးဆောင်လျှက်
လူကုန်ကူးမှု.
များကိုပြုလုပ်လေ့ရှိသည်။ အသက်အန္တရာယ်အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး
လမ်းခရီးတွင် ကျွန်များ၌ နားခိုခြင်း အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ ထိုင်းနိုင်ငံတောင်ပိုင်း
နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို.သယ်ဆောင်ကာ
ထိုင်းအာဏာပိုင်များနှင့်ချိတ်ဆက်လျှက် ပို.ဆောင်ရမည့်နယ်မြေဒေသများသို.ပို.ဆောင်ပေးလေ့ရှိပေသည်။
ကုန်းလမ်း(ကော့သောင်းဘက်မှ) လာလျှင်လဲ လူပွဲစားများတဆင့်
(သို.) မိမိတို.`၏အသိမိတ်ဆွေများအကူအညီဖြင့် ရနောင်းဘက်ကမ်းသို.တရားဝင်(သို.)တရားမ၀င်
ကူးကာ
ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှ တဆင့် သက်ဆိုင်ရာသွားလိုသည့်နယ်မြေများသို.သွားရောက်လျှက်ရှိပေသည်။
ကော့သောင်းဘက်မှ ရနောင်းဘက်သို.ကူးရာတွင် တရားဝင်
၇ ရက် အလည်အပါတ်စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက
ဘတ်ငွေ ၂၀၀၀ ဘတ် ၀န်ကျင်ခန်. ၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ
၁၃၀၀ ခန်.ကုန်ကျ ခံပြီး ပြုလုပ်ပေးသော လှေသမား(သို.)ပွဲစား များမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ
လုပ်ဆောင်လျှက်ရှိနေပါသည်။
ရနောင်းမြို.ပေါ်သို.ရောက်လျှင် စုရပ်တစ်ခုအတွင်းစုဆောင်းပြီး
ကားအမျိုးစုံဖြင် ထိုင်းနိုင်ငံအတွင်းသို. သယ်ဆောင် လျှက်ရှိသည်မှာလဲ ယနေ.ထက်တိုင်ပင်။
အချို.ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း ၊ ယာဉ်တိမ်းမှောက်ပြီး
သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီးလုံလောက်သော အသက်ရှူခွင့်မရသောကြောင့်
သေဆုံးခြင်းများကလဲ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
မြ၀တီမှမဲဆောက်သို. တရားဝင် (သို.)တရားမ၀င် သွားရောက်ပြီး
ကားလမ်းမှ တဆင့် ဘန်ကောက် နှင့်အခြားသော အလုပ်အကိုင်ရှိရာဒေများသို. ထိုင်းဘတ်ငွေ
၁၀၀၀၀ ကျော်ခန့် ပေးဆောင်ကာ ၀င်ရောက်ကြသူများလဲရှိပေသည်။ ထိုသို.ပို.ဆောင်ရာတွင်လဲ
လူပွဲစားများ နှင့်ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ တာဝန်ရှိသူများ လက်ဝါးချင်းရိုက်ကာလုပ်ဆောင်ပေးနေသည်မှာလဲ
အထင်အရှားပင်ဖြစ်ပါသည်။ ထိုကဲ့သို. နည်းမျိုးစုံဖြင့်
မြန်မာပြည်သားများ ထိုင်းနိုင်ငံအတွင်းသို.၀င်ရောက်လာကြသည်မှာယခုအခါ တိတိကျကျပြောရန်ပင်ခက်ခဲသော
ပမာဏ ဖြစ်နေပေသည်။
နောက်ဆက်တွဲ
ထိုသို.ဒုက္ခ ပေါင်းများစွာခံစားရပြီး မိမိတို.သွားလိုသော
နေရပ်သို.ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား ။ မပြီးဆုံးပါချေ အလုပ်ခွင် သို.ရောက်ရှိပြီး
မကြာသောကာလမှာပင် ထိုင်းရဲများ`၏ဖမ်းဆီးခြင်းခံရပြီး မတန်တဆသောငွေကြေး ပေးဆောင်ပြီးလွတ်မြောက်သူ
မပေးဆောင်နိုင်သောကြောင့် နယ်စပ်သို.ပြန်လည်ပို.ဆောင်သူ များမှာလဲဒုနဲ.ဒေးပင်။
အချို.ဆိုလျှင် အဆင့်ဆင့်ရောင်းစာခံရခြင်း၊ မိန်းကလေးများမှာလဲ
အသွေးအသား ရောင်းစားရန်အလို.ငှာ ဆန္ဒအရ(သို.)အတင်းအကြပ် ရောင်းစားခံနေကြရသည်မှာလဲ သတင်းဌာနများမှဖော်ပြပြီးဖြစ်ပါသည်။
သာမန်သမ္မာအာဇီဝကျကျသောလုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့်
အထွေထွေ လုပ်ငန်းများ ၊ စက်ရုံအလုပ်ရုံများတွင်လဲ အလုပ်ချိန် နှင့် အချိန်ပိုကြေးများ၊လုပ်အားလစာများခေါင်းပုံဖြတ်ခံရခြင်း
လူ.အခွင့်အရေးချိုးဖောက်ခံရခြင်း၊အလုပ်သမားအခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ
အလုပ်လုပ်ကိုင်နေလျှက်ရှိသည်မှာလဲ ဒုနဲ.ဒေးပင်။ အထွေထွေလုပ်ငန်းများထဲမှ ဆောက်လုပ်ရေးလုပ်ငန်းများတွင်
ကန်ထရိုက် များ(သို.)အလုပ်ရှင် တို.`၏ လိမ်လည်မှု. ခေါင်းပုံဖြတ်မှု.များမှာလဲ ပြောမအဆုံးပေါင်
တောသုံးထောင်သာဖြစ်ပေသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလဲ အလုပ်ရှင်များ`၏
လှည့်ဖျားမှု.၊ နကလိန် ခေါ်
ဒါးပြ များများဧ။် ရန်ကိုကြုံတွေ.နေရသည်မှာလဲ ၆၀% ခန်.ရှိနေပေသေးသည်။ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အဆင်ပြေခြင်းဆိုသည်မှာ လက်ရှိပမာဏ၏