အပိုဆာဒါးတွေ
ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ
အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊
သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။
အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ
ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊
ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို
ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ်
မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို
ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။
ထွန်းခင်တို့အုပ်စုကိုတော့ အပြစ်မတင်ပါဘူး။ သူတို့က ဒါနဲ့
ထမင်းစားနေရတာကိုး။ ရိုဟင်ဂျာဆိုတာကို အကြမ်းဖက်သမားတွေလို့
စွပ်စွဲပြောဆိုနေကြတာဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ဇနက်လို့ မန္တလေးသား
မူဆလင်ဆရာဝန် ရိုဟင်ဂျာထောက်ခံသူ တစ်ယောက် ပြောဖူးတာ တွေ့လိုက်တယ်။
အဲတော့ခါ စဉ်းစားကြည့်တာပေါ့လေ။ အာဏာရှင်ဦးနေ၀င်းကို
မြန်မာတစ်နိုင်ငံလုံးက အရမ်းချစ်ခင်ကြည်ညိုလေးစားကြတယ် ဆိုတော့ခါ
သူပြောတဲ့စကားကြောင့် အင်မတန်ရိုးသားဖြူစင်လှပါတယ်ဆိုတဲ့ ရိုဟင်ဂျာသည်
မြန်မာတစ်မျိုးသားလုံးရဲ့ အမြင်မှာ အကြမ်းဖက်သမားတွေအဖြစ်
မြင်လာရတယ်ပေါ့လေ။ အမေရိကန်အစိုးရ၊ ဥရောပ သမဂ္ဂတို့လို
မြင့်မြတ်လှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် အသိအမှတ်ပြုထားရပါတယ်ဆိုတဲ့
ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်မခံလိုတဲ့ မြန်မာနိုင်ငံအပေါ်မှာ
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က
စစ်ဖက်အရာရှိတွေ ဘယ်လိုရှုမြင်ထားသလဲဆိုတာ ရှုစားကြရအောင်...:p
ဖိုရမ်မှာတင်ထားတဲ့ အကြောင်းအရာကတော့ခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေကြောင်းတိုက်ပွဲဖြစ်ရင် ဘယ်ဖက်ကနိုင်မလဲဆိုတဲ့အကြောင်းအရာကို စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကြည့်ရတာ နိုင်ငံတကာရေပိုင်နက်တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပွားတဲ့အချိန်တုန်းက နှစ်နိုင်ငံရေတပ်ချင်း ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်းရယ် တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်က သူတို့မျှော်မှန်းထားတဲ့ ပမာဏထက်ပိုပြီးရသွားတယ်ဆိုတဲ့အပေါ်မှာ မြန်မာဖက်ကမကျေနပ်လို့ နှစ်နိုင်ငံတင်းမာမှုတွေဖြစ်ပေါ်လာပြီး စစ်ခင်းကြမယ်ဆိုရင် ဖြစ်လာနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၀င်ရောက်ဆွေးနွေးသူတွေကြားမှာလည်း အငြင်းပွားတာတွေအများကြီး တွေ့ခဲ့ပါတယ်။ အဲဒီထဲက ဆွေးနွေးချက်အချို့ကို ဆွဲထုတ်တင်ပြချင်ပါတယ်။ပထမဆုံး ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမား(သို့) စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးရဲ့ မြန်မာနိုင်ငံအပေါ်မြင်တဲ့အမြင်ကို စတင်လေ့လာကြည့်ရအောင်ပါ။
အပေါ်ပုံထဲက ဆွေးနွေးသူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက madx ဖြစ်ပါတယ်။ သူပြောတာက-
" မြန်မာဟာ ဘယ်တော့မှ ဒီလိုမျိုးဆုံးဖြတ်ချက်(စစ်တိုက်ဖို့)ကို ဘယ်တော့မှ ချမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အဲဒီလိုဆုံးဖြတ်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ၂၁ရာစုကာလအတွင်း အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။ဒီဆုံးဖြတ်ချက်ကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။နောက်ပြီး သူတို့ရဲ့နာမည်လည်း သမိုင်းထဲမှာ ဆိတ်သုန်းပျောက်ကွယ်သွားပါလိမ့်မယ်။ငါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ထက်ပိုပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုအဆင်ပြေတယ်၊ သူတို့ထက်လည်း စီးပွားရေးပိုကောင်းတယ်။ဒါကြောင့် ငါတို့အနေနဲ့ တိုက်မယ်ဆိုရင် သူတို့ထက်ပိုကောင်းအောင် တိုက်နိုင်တယ်၊ ပိုပြီး ကြာကြာလည်းတိုက်နိုင်တယ်။ အဓိကအချက်တစ်ခုက ငါတို့နိုင်ငံဟာ မြန်မာထက်လူဦးရေ လေးဆပိုများတယ်ဆိုတာပဲ။ အဲဒါကြောင့် ငါတို့လူတွေဟာ လူနည်းနည်းလေးပဲရှိတဲ့ မြေဧရိယာအကျယ်ကြီးကိုသိမ်းပိုက်နိုင်တဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့မှာ မြေတွေလိုနေတယ် အဲဒီတော့ ဒီစစ်ပွဲကို ငါတို့ဖက်က စသင့်တယ်"
ဒါက အဲဒီ Captain madx ရဲ့ ဆွေးနွေးချက်တစ်ခုပါ။
"သူတို့ဝင်လာပစေ ငါတို့မှာ ငါတို့ရဲ့ စစ်ရေးစွမ်းရည်ရှိတယ် ဒီတော့ ဘာကြောက်စရာလိုလဲ တကယ်တော့ သူတို့က ငါတို့ဖက်က စတိုက်မှာကိုကြောက်နေကြတယ်လေ ဒါပေမယ့် ငါတို့က သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အကယ်၍ သူတို့ဖက်က မလိုအပ်ပဲတစ်ခုခု စလုပ်လာတာနဲ့ ဆော်ပြီးသားပဲ စိတ်ချ"
ဒါကတော့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Asad71 ဆွေးနွေးသွားတာပါ။ သူရဲ့ရာထူးကို ဒုဗိုလ်မှူးကြီးလို့ဖော်ပြထားပြီး ကနေဒါနိုင်ငံကနေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူပြောတာက-
"၁။ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ရေတပ်မတော်၊ ဗမာရေတပ်ဟာ လေတပ်လိုပဲ ကြည်းတပ်ကကြီးစိုးထားတဲ့ စစ်အစိုးရလက်အောက်မှာ လျှစ်လျှူရှုခံနေရပါတယ်။ ဒီလိုမျိုးဟာတွေကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ပရော်ဖက်ရှယ်နယ်ပီသမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လာနှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။"
"၂။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒီနယ်မြေမှာ သူများထက်ပိုတော်တယ်၊ သတ္တိရှိတယ်၊ အစပိုင်းကတည်းက သောင်းကျန်းသူတွေကို တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မာကြောပြီး