သမ္မတ အိုဘားမား ၏ ဦးလေးသည် အရက်မူးနေစဉ် ယာဉ်မောင်းနှင်သည်ဟု မသင်္ကာရသောကြောင့် မန်ဆာချူးဆက်ပြည်နယ်တွင် ရဲကထိန်းသိမ်းလိုက်ရာ သူက အိမ်ဖြူတော်နှင့် ဆက်သွယ်၍ အာမခံရရန် စီစဉ်မည်ဟု ရဲများအားပြောသည်။ သူ့အား ဗဟိုအစိုးရ လူဝင်မှုကြီးကြပ်ရေး (federal immigration) အရာရှိများက အာမခံ မပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အာဏာပိုင်များက တနင်္လာနေ့ (၂၉.၈.၂၀၁၁) တွင် ပြောသည်။အသက် ၆၇ နှစ်ရှိ အွန်ယန်ဂို အိုဘားမား (Onyango Obama) သည် ဘော်စတွန်မြို့ (Boston)၏ အနောက်ဘက် မိုင် ၂၀ အကွာရှိ ဖရန်မင်ဂန်မြို့ (Framingham) တွင် ယာဉ်အချက်ပြ မီးနီနေစဉ် သူမောင်းလာသော ကားအားရပ်လိုက်ရာ ရပ်ရမည့်နေရာထက် ကျော်လွန်ပြီးမှရပ်နိုင်သဖြင့် ရဲကင်းလှည့်ယာဉ်တစ်စင်းက တိုက်မိလုနီး ဖြစ်သွားခဲ့သည်။
အွန်ယန်ဂို အိုဘားမားသည် မူလတွင် ကင်ညာနိုင်ငံမှ ဖြစ်ပြီး သမ္မတ အိုဘားမား၏ ကွယ်လွန်သူ ဖခင်၏ ဖအေတူမအေကွဲ ညီအကိုဖြစ်သည်ဟု ရဲများကပြောသည်။ အမေရိကန်ပြည်ထောင်စု လူဝင်မှုနှင့် အကောက်အခွန်ဆိုင်ရာ ဌာနတစ်ခုဖြစ်သော (U.S. Immigration and Customs Enforcement) မှ သူ့အား အာမခံမပေးဘဲ ထိန်းသိမ်းထားသည်။ ရုံးမှတ်တမ်းတစ်ခုတွင် အွန်ယန်ဂို အိုဘားမား (Onyango Obama) အား ပြည်နှင်ဒဏ်ပေးထားခဲ့သည်ဟု ပါရှိသည်။
သူသည် ဘော်စတွန်မြို့တွင် နေထိုင်သော ဇေတူနီ အွန်ယန်ဂို (Zeituni Onyango) နှင့် မောင်နှမ အရင်းဖြစ်သည်။ သမ္မတ အိုဘားမား၏ အဒေါ် ဇေတူနီ အွန်ယန်ဂို ပြည်နှင်ဒဏ် ပေးခံခဲ့ပြီးသားဖြစ်သော်လည်း ယခင်နှစ်တွင် အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ခွင့်ရသွားသဖြင့် သူမ၏သတင်းသည် သတင်းစာခေါင်းကြီးပိုင်းများတွင် ပါလာခဲ့သည်။
Ref: Internet
Obama's uncle held by immigration authorities (Yahoo News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)


ငါးနှစ်အတွင်း လူတိုင်းကားစီးနိုင်အောင် ဆောင်ရွက်သွားမည်ဟုဆို
စက်တင်ဘာ ၈ ရက်မှ ၂၁ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည့် (၁၉)နှစ်အောက် အာဆီယံလူငယ် ဘောလုံးပြိုင်ပွဲကို ဖိတ်ကြားလာပါက သွားရောက်အားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ပတ်ရထားတွဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာအကြား တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ် အချိန်တွင် အင်းစိန်ဘူတာမှ ရန်ကုန်ဘူတာ ကြီးသို့ ထွက်ခွာလာသော မြို့ပတ်ရထားသည် ကမာရွတ်ဘူတာ အလွန်တွင် လမ်းချော်မှုကြောင့် ရထား နောက်ဆုံးတွဲ တိမ်းမှောက်ကာ လူ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


