.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, September 11, 2011

မြို့ပတ်ရထားတွဲ လမ်းချော်တိမ်းမှောက် လူ (၄)ဦး ဒဏ်ရာရ

ရန်ကုန်မြို့ပတ်ရထားတွဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာအကြား တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ် အချိန်တွင် အင်းစိန်ဘူတာမှ ရန်ကုန်ဘူတာ ကြီးသို့ ထွက်ခွာလာသော မြို့ပတ်ရထားသည် ကမာရွတ်ဘူတာ အလွန်တွင် လမ်းချော်မှုကြောင့် ရထား နောက်ဆုံးတွဲ တိမ်းမှောက်ကာ လူ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုချိန်မှာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ စိစစ်နေဆဲပါ။ ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်စရာ မရှိပါဘူး။ သူတို့ကိုလည်း မီးရထားက ဆရာဝန်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုမှုခံယူနေ ပါတယ်” ဟု မြန်မာ့မီးရထားမှ သွားလာရေး မန်နေဂျာ ဦးသိန်းနိုင်က အခင်းဖြစ်ပွားရာနေရာတွင်
ပြောကြားခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသွားသော ၄ ဦးကို မြန်မာ့မီးရထားမှ ကျန်းမာရေးထောက်ပံ့ငွေ ကျပ်ငါးသောင်းစီ အကူအညီပေးထားကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်မှ ပြည်သို့ထွက်ခွာမည့် ရန်ကုန်-ပြည်အမြန်ရထားနှင့် ပုဂံရထားတို့ သွားလာမှုကို ခေတ္တခဏမျှ ရပ်နားထားကြောင်း သိရသည်။
“အခုရထားကို လမ်းကြောင်းပေါ် တင်ပြီးသွားရင်တော့ အမြန်ရထားတွေ ပြန်သွားလို့ရနေပါပြီ။ မြို့ပတ်ရထားတွေကတော့ ရန်ကုန်ကနေ ကြည့်မြင်တိုင်၊ အင်းစိန်ကနေ ရန်ကုန်ကို ပတ်ပြီး ပြေးဆွဲနေပါတယ်”ဟု ယင်းက ဆိုသည်။
အဆိုပါ ရထားတိမ်းမှောက်ခဲ့သည့် မြို့ပတ်ရထားသည် လူစီးတွဲဆိုင်း ၆ တွဲပါပြီး နောက်ဆုံးအတွဲမှ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းရထားတိမ်းမှောက်မှုကြောင့် ရထားလမ်းမှာ အနည်းငယ်ပျက်စီးသွားသောကြောင့် ဇလီဘားတုံး ၂၀ ခန့် ပြန်လည်ပြုပြင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မြို့ပတ်ရထား တိမ်းမှောက်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားသွားလာရေး မန်နေဂျာ ဦးသိန်းနိုင်က ဆိုသည်။
“ဒီနေရာလွန်ခဲ့တဲ့ လေးငါးလတုန်းကလည်း မီးရထားတွဲဆိုင်း ၂ ဆိုင်းလမ်းချော်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ အခုလောက်ကြီး ရထားက မတိမ်းမှောက်ဘူး။ နည်းနည်းလေးပဲ စောင်းသွားတယ်။ လူတွေလည်း ဒဏ်ရာမရပါဘူး”ဟု ကမာရွတ် လေးရပ်ကွက်ပတ္တမြားလမ်းတွင် ကုန်စိမ်းရောင်းချ လျက်ရှိသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ တိမ်းမှောက်သွားသည့် ရထားတွဲကို မလွှကုန်း ဒီဇယ်ကရိန်းအဖွဲ့မှ ညနေ ၆ နာရီကျော်တွင် မီးရထားသံလမ်းပေါ်သို့ ပြန်လည်တင်ပေးနိုင်ခဲ့ပြီး အဆိုပါ တိမ်းမှောက်သည့် ရထားကို အင်းစိန်ဘူတာသို့ ပြန်လည်ဆွဲယူသွားကြောင်း သိရသည်။
Ref: The Flower News
 

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ