.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label စစ်လက်နက်များ. Show all posts
Showing posts with label စစ်လက်နက်များ. Show all posts

Thursday, August 4, 2011

Bell 212 Helicopter Crash






အခုနောက်ဆုံးကြားရတဲ့ သတင်းကတော့ ယိုးဒယားစစ်တပ် ရဟတ်ယာဉ်နောက်တစီးပျက်ကျသွားပြန် ပါပြီ ခင်ဗျာ အရင်ကကျခဲ့တဲ့ မြန်မာ-ယိုးဒယားနယ်စပ် အနီးမှာ ဖြစ်ပြီးတော့ ရဟတ်ယာဉ်ပေါ်ပါလာသူတွေထဲက ၁ ယောက်ဘဲ အသက်ရှင်ပြီ ၃ယောက်သေဆုံးသွားကြောင်းသိရပါတယ် ခင်ဗျ အခုအချိန်အထိဆိုရင်တော့ ယိုးဒယား-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ၃စီးနှင့် သေဆုံးသူ ၁၇ ယောက်ရှိနေပြီ ဖြစ်ပါတယ် ခင်ဗျာ..။ခေတ်မှီ လေတပ်ကြီးရှိတဲ့ ယိုးဒယားလေတပ်ဆိုတာ တကယ်ရောဖြစ်နိုင်ပါ့မလားလို့ စဉ်းစားနေမိပါတယ် ခင်ဗျာ...။

တရုပ်ရေတပ်၏ ငါးမန်းပျံ တိုက်ခိုက်ရေး လေယာဉ်



တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြုတိုက်လေယာဉ် J-15 ဂျက်တိုက်လေယာဉ်အား ရေတပ်အလံပုံဖြင့် မကြာသေးသောကာလက တွေ့ကြရမည်ဖြစ်သည်။၎င်းမှာ ရုရှားနိုင်ငံ၏ အက်စ်ယူ-၃၃အား တရုပ်ပုံစံထုတ်လုပ်ထားခြင်း ပင်ဖြစ်သည်။အက်စ်ယူ-၃၃မှာ ရေတပ်တိုက်လေယာဉ်ဖြစ်၍ တရုပ်တိုက်လေယာဉ် ဂျေ-၁၅သည်လည်း မကြာမှီတရုပ်နိုင်ငံက အသုံးပြုတော့မည့်အလားတူ လေယာဉ်တင်သင်္ဘောပေါ်မှပင် ပျံတက်နိုင်ရန်

Myanmar Weapons



T-72S MBT

M1991 240mm MLRS

EE9 Caseacet

T-72S MBT

Type-59D ပင်မတိုက်ပွဲဝင်တင့်ကား





မြန်မာတပ်မတော် သံချပ်ကာတပ် အမျိုးစား-၅၉ဒီ များကို ၂၀၀၃ ခုနှစ်တွင်း တွင် ပထမသုတ် ၁၈၀ လက်ခံရရှိပြီး ဒုတိယအသုတ် ၁၅၀ ကို ၂၀၀၄ မေလ အတွင်းတွင် လက်ခံရရှိသည်ဟုဆိုသည်။

မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား

Myanmar Army BTR-3U


နမူနာပုံဖြစ်ပါသည်
မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား ဖြစ်ပါသည်။မြန်မာ့တပ်မတော်တွင် အစီးရေ ၁၀၀၀ အထိထုတ်လုပ်လျက်ရှိပါသည်။

PT-91M Main Battle Tank


ပိုလန်နိုင်ငံမှ ဇက်အမ်ဘူးမား-လာဘီဒီ (ZM Bumar-Labedy) က နောက်ဆုံးပေါ် တိုက်ပွဲဝင်တင့်ကား ပီတီ-၉၁ပီ ကို မိမိ၏ပြည်ပပို့ကုန်အဖြစ် ရေင်းချရန် ပီးရူးနိုင်ငံ၌ ကျင်းပသော (SITDEF 2009)လက်နက်ပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ပုဂ္ဂလိက လုပ်ငန်းမှ ထုတ်လုပ်ထားသော ပီတီ-၉၁တွာဒီ တင့်၏ ပုံပေါ်တွင် အခြေခံကာဒီဇိုင်းရေးဆွဲ ထုတ်လုပ်သည်ဟုဆိုသည်။
ပိုလန်ထုတ် ပီတီ-၉၁ပီ ပင်မတိုက်ပွဲဝင်တင့်ကား

ဤတိုက်ပွဲဝင်တင့်ကားသည် ပီရူးနိုင်ငံ ကြည်းတပ်အတွက် ဝယ်ယူရန်ဖြစ်နိုင်ချေရှိသော တင့်ကားဖြစ်သည်။ပီရူးကြည်းတပ်သည် ပင်မတိုက်ပွဲယင်တင့်ကား ၁၀၀ မှ ၁၄၀ ထိလိုအပ်နေသည်။ဝယ်ယူမည့်တင့်ကားသည် လက်ရှိ အသုံးပြုနေသော တီ-၅၅ အမ်၁/အမ်၂ လီယွန် တင့်ကားများနှင့် အေအမ်အိတ်-၁၃ ပီအေ၃ အက်စ်ကော်ပီယန် (AMX-13 PA2 ESCORPIAN) အပေါ့စားတင့်ကားများနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။
အေအမ်အက်စ်-၁၃ အပေါ့စားတိုက်ပွဲဝင်တင့်ကား

ဤသို့ တင့်ကားသစ်များဝယ်ယူလိုက်ခြင်းဖြင့် ပီးရုးနိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်သည် အိမ်နီးချင်း ချီလီနိုင်ငံမှ ဝယ်ယူထားသော တစ်ပတ်ရစ် ပျာမန်ကြည်းတပ်သုံး လက်ပတ်၂အေ၄ (Leopard 2A4) တိုက်ပွဲဝင်တင့်များနှင့် ယှဉ်လာနိုင်မည်ဟု ဆိုသည်။ပီတီ-၉၁ပီ ပင်မတိုက်ပွဝြင်တင့်ကားသည် မလေးရှားနိုင်ငံလုပ် ပီတီ-၉၁အမ် ပင်မတိုက်ပွဲဝင်တင့်ကားထက် ခေတ်မှီမှု အနည်းငယ်လျော့နည်းသော်လည်း ဖောက်သည်ဖြစ်လာနိုင်သည့် ပီးရူးနိုင်ငံအတွက် ပူးတွဲထုတ်လုပ်နိုင်သော အဆင့်တွင် ရှိသည်ဟုဆိုသည်။
မလေးရှားလုပ် ပီတီ-၉၁အမ်

ပီတီ-၉၁ပီ တင့်ကားတွင် ဒရာဝါ-တီဂျီ (Drawa-TG) ပစ်ခတ်မှု ထိန်းသိမ်းရေးစနစ်သစ် ပူးတွဲပါရှိသည်။ထို့ပြင် ပီတီ-၉၁ပီ တင့်ကားတွင် ချားဒက်စ်-၂ (CHERDES 2) ဓာတုဗေဒနှင့် ရေဒီယို သတ္တိကြွမှု သတိပေးစနစ်ကို တွဲဖက်ပေးထားသည်။ပီရူးသည် စောစောပိုင်းက ရှရုားလုပ် တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားကို စိတ်ဝင်စားခဲ့သည်။တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားတွင် အရီးနား ချက်ချင်းတုံ့ပြန်ကာကွယ်ရေးစနစ် (the Arena Active Protection System) တပ်ဆင်ထားသည်။ပီးရူးစစ်တပ်၏ ကာကွယ်ရေး ဘတ်ဂျက်ကြောင့် ခေတ်မှီမှု အနည်းငယ် လျော့နည်းသော တီ-၇၁အမ်၁ နှင့် ပိုလန်လုပ် ပီတီ-၉၁ပီ တင့်ကားများဘက် လည့်လာသည်ဟုဆိုကြသည်။
ပီးရူးအတွက် အခြားရွေးချယ်စရာတင့်ကားမျာလည်းရှိသေးသည်။ယင်းတို့မှာ ယူကရိန်းထုတ် တီ-၈၄ သို့မဟုတ် အိုပလော (Oplot) ဆားဘီးယား နိုင်ငံလုပ် အမ်-၈၄ နှင့် တရုပ်နိုင်ငံလုပ် အမျိုးအစား-၉၉-၁ နှင့် အမျိုးအစား-၉၆ တိုက်ပွဲဝင်တင့်ကားများဖြစ်သည်။ယခုအချိန်တွင်မှု တရုပ်နိုင်ငံလုပ် အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကားကို ဝယ်ယူအသုံးပြုနေပြီးဖြစ်သည်။
တရုပ်နိုင်ငံမှ ဝယ်ယူလိုက်သော အမ်ဘီတီ-၂၀၀၀ (အမျိုးအစား-၉၀-၂) ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ-တရုပ်နယ်စပ်ကိုရောက်လာတဲ့ စစ်ကားများ


မြန်မာ-တရုပ်နယ်စပ်ကိုရောက်လာတဲ့ စစ်ကားတွေပါ ပုံကတော့ကြာနေပါပြီ ဆိုက်မှာ မရှိသေးလို့တင်လိုက်ပါခင်ဗျာ..။အမြောက်တပ်တွေမှ အသုံးပြုမယ့် စစ်ယာဉ်တွေပါ။

မြန်မာ့တပ်မတော် လက်နက်ငယ် လေ့ကျင့်ရေးသင်တန်း

MA-1 fire exercise




မြန်မာ့တပ်မတော် လက်နက်ငယ် လေ့ကျင့်ရေးသင်တန်း

မြန်မာ့တပ်မတော်ထုတ် အာပီဂျီ








မြန်မာ့တပ်မတော်ထုတ် အာပီဂျီ တင့်ကားဖျက် ပုခုံးထမ်းလောင်ချာများ ပစ်ခတ်စမ်းသပ်နေစဉ်ဖြစ်ပါသည်။

မြန်မာ့ရေတပ် လေယာဉ်ပစ် စက်သေနတ်များ အကြောင်း


၎။အမျိုးအစား-၀၂ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး


တရုပ်ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၁ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ
ပစ်ခတ်နှုန်း.... ၁မိနစ်တွင် ကျည်၆၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။
၅။ အမျိုးအစား-၅၈ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ..တရုပ် (ရုရှားထုတ် ဇက်ပီယူ-၂ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ ၂လက်
ပစ်ခတ်နှုန်း... ၁မိနစ်တွင် ကျည် ၁၁၀၀ မှ ၁၂၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။

၆။ အမျိုးအစား-၅၆ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး
၅၅၆ တိုက်ခိုက်ရေးအမြန်ယာဉ်

၅၅၇ တိုက်ခိုက်ရေး အမြန်ယာဉ်

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၄ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း...၁၄.၅မမ ၄လက်
ပစ်ခတ်နှုန်း...၁မိနစ်တွင် ကျည် ၂၄၀၀
ထိရောက်မှု အကွာအဝေး...မီတာ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။

မြန်မာ့ တပ်မတော်ထုတ် စက်လက်နက်များ


အမ်အေ စီးရီး စက်သေနတ် ဖြစ်သည်။

အမ်အေ စီးရီး စက်လက်လေး ဖြစ်သည်။

ဘီအေ-၁၅ စက်လက် သေနတ်ကြီး ဖြစ်သည်။

အမ်အေ စီးရီး စက်သေနတ်နှင့် ၄၀မမ ဗုံးပစ်လောင်ချာ သေနတ် ဖြစ်သည်။


၆၀မမ စိန်ပြောင်း ဖြစ်သည်။

မြန်မာ့လေကြောင်းရန်ကာကွယ်ရေး

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များသို့ ရောက်ရှိလာသည့် ရေဒါစနစ် အသစ်ဖြစ်ပါသည်။

တရုပ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ်က တွေ့ရပုံဖြစ်သည်။



YLC-18 ရေဒါစနစ်၏ ဘက်ထရီယာဉ်

တရုပ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်က

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များ အတွက် တရုပ်တပ်မတော်မှ မကြာသေးသော ကာလက ဝယ်ယူခဲ့သော လေကြောင်းရန်ကာကွယ်ရေးစနစ် မှာ YLC-18 ဟုခေါ်သော လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ်ဖြစ်ပါသည်။ယင်းရေဒါစနစ်သည် ကိုယ်ပျောက်တိုက်လေယာဉ်များကို တိုက်ဖျက်ရန်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံး ဝယ်ယူသောနိုင်ငံဖြစ်လာသည်။
ရေဒါ၏ အချက်အလက်တချို့
ရေဒါထောက်လှမ်းနိုင်မှု.....၂၈၀ကီလိုမီတာ
အမြင့်....၁၂၀၀၀ မီတာ
ရေဒါအဆင့်....၃ဘက်မြင် စသည်တို့ဖြစ်ပါသည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ