.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, December 14, 2011

ဘန်ကောက်ရေဘေးဒုက္ခသည် မြန်မာများအတွက် ရွှေတွံတေးဆရာတော်နဲ့ FED အဖွဲ့ ပူးပေါင်းအလှူ

ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည် မြန်မာပြည်သားတွေအတွက် ရွှေတွံတေးဆရာတော်နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး FED အဖွဲ့တို့ ပူးပေါင်းကာ ရေဘေးဒဏ်ခံခဲ့ရတဲ့ အယုဒ္ဓယ ဒေသမှာ မြန်မာပြည်သား အပါအဝင် ဒုက္ခသည် ၄၀၀၀ ကျော်ကို ယခုလ ၆ – ၇ –  ၈ – ၉ ရက်နေ့တွေက စားစရာများ ပေးလှူခဲ့ပါတယ်။ အလှူအတွက် ကုန်ကျငွေကို FED အဖွဲ့က အကုန်အကျ ခံခဲ့ပါတယ်။
• DSC_5541

• DSC_5638

• DSC_5668

• DSC_5672

• DSC_5680

• DSC_5687

• DSC_5699

• DSC_5709(2)

• DSC_5709

Powered By Cincopa
ထိုင်းနိုင်ငံရောက် ရေးဘေးဒုက္ခသည် မြန်မာပြည်သားများအတွက် ရည်ရွယ်ကာ ရွှေတွံတေးဆရာတော်ဦးစီးပြီး နိုဝင် ဘာ ၄ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ဝပ်ခေါင်မဒယာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း အမှတ် (၂) ရေဘေးဒုက္ခ သည်စခန်းကို စဖွင့်ခဲ့ပြီး ကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ခုချိန်မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်း မှာ ရေဘေးဒုက္ခသည် မြန်မာပြည်သား ၂၀၀ ကျော် တည်ခိုနေလျက်ရှိပါတယ်။
ရွှေတွံတေးဆရာတော်၊ ကိုကျော်သောင်း၊ ကိုခိုင်ကြီးတို့ ဦးဆောင်ပြီး ဝပ်ခေါင်မဒယာ ဘုန်းကြီးကျောင်းမှာ စခန်းစဖွင့်စ မှာပဲ မြန်မာသံရုံးက ဘတ်ငွေ ၅ သောင်း လာရောက်လှူဒါန်းသွားပါတယ်။ ရေဘေးသင့်ရာ မြန်မာပြည်သားတွေရှိတဲ့ အုံးမနွဲ၊ အုံးယိုင်၊ ဆွိုင်ဟ၊ ဆွိုင်စီ၊ ပထုံထာနီ၊ နခွန်ပထွန်၊ အယုဒ္ဓယ စတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ကိုင်ပေးခဲ့တယ်။ လူတဦးကို ဆန် ၃ ပြည်၊ အာပြဲခြောက် ၁၀ ကောင်၊ ကြက်သွန်နီ/ဖြူ ကီလိုဝက်၊ ရေသန့် ၁ ဘူး၊ ယုဇနလက်ဖက် ၂ ထုပ်၊ ငါသေတ္တာ ၁ ဘူး၊ မာမားခေါက်ဆွဲခြောက် ၂ ထုပ် စတဲ့ စားစရာတွေပါတဲ့ အထုပ်များ ပေးလှူနိုင်ခဲ့ကြတယ်။ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ ကိုခိုင်ကြီး ပြောပြတာက …
“ကျနော်တို့ ပထုံထာနီ ဘက်မှာ ကျနော်တို့ သွားလှူကြတုန်းက အဲဒီဒေသမှာရှိတဲ့ မြန်မာအပါအဝင် ထိုင်း လာအို ကမ္ဘောဒီယား စတဲ့ လူမျိုးတွေကိုပါ အခွဲခြားပဲ လှူခဲ့ပါတယ်။ ဒီအချိန်မှာ အားလုံး ဒုက္ခဖြစ်နေတာ လူမျိုးရေးခွဲရမယ့် အချိန်မဟုတ်ဘူး လို့ နာလည်ထားပါတယ်။ အခု အယုဒ္ဓယ တခုပဲ ရေကျသေးတယ်၊ လမ်းသွယ်တွေက ရေက ပေါင်ရင်း လောက်ထိ ရှိနေတုန်းပဲ၊ စက်ရုံအသေးတွေနဲ့ အိမ်ရုံတွေတော့ ပြန်ဖွင့်ကုန်ပါပြီ ဒါပေမယ့် စက်ရုံပိုင်ရှင်က ထမင်းတနပ်ပဲ တာဝန်ယူ ကျွေးသေးတော့ ကျန်တဲ့ တနပ်စာအတွက် အခက်အခဲရှိနေပါတယ်။”

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ

သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ