စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Showing posts with label အထုပ္ပတ္တိများ. Show all posts
Showing posts with label အထုပ္ပတ္တိများ. Show all posts
Thursday, March 29, 2012
Wednesday, August 3, 2011
ပန်းတနော် ဦးခန့်
ပန်းတနော် ဦးခန့် (ခရစ် ၁၉၁၁-၁၉၈၇)
ဦးခန့်ကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖခင် ဦးဘိုးနှစ်၊ မိခင် ဒေါ်နန်းသောင် တို့မှ ပန်းတနော်မြို့၌မွေးဖွားသည်။ ညီအစ်ကို လေးယောက်ရှိရာ အစ်ကိုကြီးမှာ အငြိမ်းစား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ဖြစ်ပြီး ညီများမှာ ဦးသောင်း၊ ဦးတင်မောင်တို့ ဖြစ်သည်။ငယ်စဉ်က ဆရာဦးဘဟန် ကျောင်း၌ ပညာသင်ခဲ့သည်။ ထို့နောက် ဝိုင်အမ်ဘီ အလယ်တန်းကျောင်း၌ နှစ်တန်းမှ ငါးတန်းအထိ ပညာသင်ကြားခဲ့သည်။ ငါးတန်း အရောက်တွင် နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ပြီး ၁ဝ တန်း အောင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တတ်ရောက် ပညာသင်ကြားခဲ့သည်။
၁၉၃ဝ ပြည့်နှစ်တွင် ဥပစာတန်းကို အောင်မြင်ပြီး ကြေးတိုင်မင်းကြီးဟောင်း မစ္စတာ ဖာနီဗယ် တည်ထောင်သော ဘားမားဘုတ် ကလပ် (Burma Book Club) စာအုပ်တိုက်တွင် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ အထိ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာထုတ် ဂန္ထလောက မဂ္ဂဇင်း (The World of Books) အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။
စာဆိုတော် မဂ္ဂဇင်း (The Literary World) ကို ၁၉၃၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးစီး ထုတ်ဝေခဲ့ရာ ပထမ နှစ်လတွင် စာရေးဆရာ ဦးသိန်းဖေမြင်က အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့၍ ကျန်လများတွင် ဦးခန့် ကိုယ်တိုင် အယ်ဒီတာချုပ် လုပ်ခဲ့သည်။ စာဆိုတော် မဂ္ဂဇင်းကို တနှစ်ခန့် ထုတ်ဝေပြီး ရပ်ဆိုင်းလိုက်ရသည်။ ထို့နောက် မြန်မာပြည် စာအုပ်တိုက်ကို တည်ထောင်ခဲ့သည်။
ဦးခန့်သည် ၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒေါ်စောရင်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားလေးယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။
၁၉၃၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အသင်းကြီး၏ အမှုဆောင် အဖွဲ့တွင် အကျိုးဆောင် အဖြစ် အရွေးချယ်ခံရသည်။ အဖွဲ့၏ အကျိုးတော်ဆောင် အဖြစ် ၄ နှစ် လုပ်ကိုင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အသင်းကြီးသည် ဇာတိမာန် တက့်ကစေရေး၊ တိုင်းရင်းဖြစ် ဝတ်ဆင်ရေး ဟောပြောပွဲများကို ကြီးမှူးကျင်းပခဲ့သည့် အသင်းကြီး ဖြစ်သည်။
ဦးခန့်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အခမဲ့စာကြည့်တိုက် ဖြစ်သော ဘားနဒ် ပိဋကတ်တိုက်တွင် တိုက်အုပ် အဖြစ် ငါးနှစ်ခွဲခန့် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ စာကြည့်တိုက် ရုံးခန်းတွင် မြန်မာ့ လွတ်လပ်ရေး အတွက် သခင်ခေါင်းဆောင်များ ဆွေးနွေးပွဲများ မကြခဏ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၎င်း၏ နေအိမ်၌လည်း တို့ဗမာ အစည်းအရုံးမှ ခေါင်းဆောင်များသည် လွတ်လပ်ရေး အတွက် မကြာခဏ ဆွေးနွေး တိုင်ပင်ကြသည်။ ထို့နောက် ဦးခန့်အား သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာ အစည်းအရုံး၏ မြေအောက် အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး အဖြစ် တာဝန်ပေးခြင်း ခံရသည်။
၁၉၄၂ ခုနှစ်၊ ဘီအိုင်အေ (BIA) ဗမာ့တပ်မတော်၌ ဗိုလ်ကြီးအဖြစ် မြစ်ဝကျွန်းပေါ် ဒေသတွင် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့၏ တာဝန်ပေးချက်များ အရ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်၌ အုပ်ချုပ်ရေး အထူးအရာရှိ အဖြစ် နှစ်လခန့် ဆောင်ရွက်ခဲ့ရသည်။
ဦးခန့်သည် ၁၉၄၅ ခုနှစ်အတွင်းက သခင်ဗစိန်၊ ၎င်းမိသားစုနှင့် သခင်လှထွန်းတို့အား ဗြိတိသျှတပ်က
ဗိုလ်ချုပ်ကြီး ခင်ညွန့်
ဗိုလ်ချုပ်ကြီးခင်ညွန့် | |
![]() | |
မွေးနေ့ | ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် |
မွေးဖွားရာဒေသ | ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာ။ |
ဇနီး | ဒေါက်တာဒေါ်ခင်ဝင်းရွှေ |
ရာထူးအလုပ်အကိုင် | ဝန်ကြီးချုပ် |
အတွင်းရေးမှူး(၁) | |
တပ်မတော်ထောက်လှမ်းရေး မှူးချုပ် | |
စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုး | |
ပြည်ထောင်စုကြံ့ခိုင်းရေး နှင့် ဖွံဖြိုးရေးအသင်း နာယကအဖွဲ့ဝင် | |
လူသိများခြင်းမှာ | တပ်မတော်ထောက်လှမ်းရေးမှူးချုပ်၊အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ် |
ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
ကွန်ယက် | နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ |
ငယ်စဉ်ဘဝ
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေ၀င်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ
အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့်ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ်Wednesday, July 20, 2011
စစ်သူကြီး သတိုးမဟာဗန္ဓုလ (၁၇၈၀ - ၁၈၂၅)
စစ်သူကြီး မဟာဗန္ဓုလသည် ဘိုးတော်ဘုရားနှင့် ဘကြီးတော်တို့ လက်ထက် ပထမ အင်္ဂလိပ် - မြန်မာစစ် အတွင်း ထင်ရှားကျော်ကြားခဲ့သော ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုပမ်း အမူတော် ထမ်းခဲ့သော မြန်မာစစ်သူကြီး ဖြစ်သည်။ မဟာဗန္ဓုလ၏ ဘွဲ့အပြည့်အစုံကား 'စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ' ဖြစ်သည်။
မဟာဗန္ဓုလ၏ အမည်ရင်းမှာ မောင်ရစ်ဖြစ်ပြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ပန်းယင်းရွာ (ငပယင်းရွာ) ၌ ဦးပေါက်တော၊ ဒေါ်မိငြိမ်းတို့က သက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ (ခရစ်နှစ် ၁၇၈၂၊ အောက်တိုဘာ ၇) တွင် မွေးဖွားသည်။ ဆင်းရဲသား တောင်သူလယ်သမားမျိုးရိုးဖြစ်သည်။ မွေးဖွားစဉ် ကိုယ်တွင် အချင်း ရစ်သိုင်း ထွေးပတ်နေသဖြင့် 'မောင်ရစ်' ဟု အမည်မှည့်ခေါ်ခဲ့ကြောင်း အဆိုရှိ၏။ မောင်ရစ်သည် သားဦး ဖြစ်ပြီး မွေးချင်း မောင်နှမ ၃ ဦး ရှိသည်။ ငယ်စဉ်က ငပယင်းရွာဦးကျောင်း ဆရာတော်ထံတွင် ပညာဆည်းပူးခဲ့သည်။ အရွယ် ရောက်လာသောအခါ 'ရှင်မင်းဘူး' အမည်ရှိသော အမျိုးသမီးနှင့် အိမ်ထောင်ပြုခဲ့ပြီး၊ သား မောင်ကျန်းကြီး ထွန်းကားခဲ့သည်။
မိဖလက်ငုတ် ဖြစ်သော နှမ်းခင်းအလုပ်မှာ ဝင်ငွေ မမှန်သဖြင့် ဘိုးတော်ဘုရား နန်းစိုက်ရာ အမရပူရ နေပြည်တော်သို့ မင်းမှုထမ်းရန် ရွှေ့ပြောင်းလာခဲ့သည်။ သာမန် အရပ်သားဘဝမှ နေပြည်တော်ရှိ အဘိုးဖြစ်သူ တံခါးနီတော်မှူး ဦးအောင်ရ၏ အဆက်အသွယ်ဖြင့် နန်းတွင်းသို့ ရောက်ရှိ အမှုထမ်းခွင့်
မြင်ကွန်း မြင်းခုန်တိုင်အရေးအခင်း
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။ ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလ၀)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ့ စံ ကနောင်မင်းသားကြီးကို ဥပါယ်နှင့် လုပ်ကြံခဲ့သည်။ ကနောင်မင်းသားကြီးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့ပါသည်။ မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို
တော်ဘုရားလေး (အောင်ဇေ) (၁၉၂၆ - ၂ဝဝ၆)
သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ မြေးတော် တစ်ဦးဖြစ်သော တော်ဘုရားလေး (ဦး) အောင်ဇေကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် အဖ ဦးကိုကိုနိုင်၊ အမိ
Sunday, June 26, 2011
သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး
Wednesday, April 8, 2009
" . . .
မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည်
ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌
လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ
ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္ဈလေး
အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ
တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္ဈလေး အစိုးရသည်
ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့်
မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ
တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည် . . . " . . . [၁၉၆၂ ခု၊ ပဌမနှိပ်၊
ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ
ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ် အခန်း (၄)
မှ "သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း
ရောင်းဝယ်ရေး" အကြောင်းကို ထုတ်နှုတ် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
သီပေါမင်း နန်းတက်စ အခြေအနေ။
ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေး အတွက် အစဉ်အလာ အတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ သြဇာ အာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်း ဥပဒေ အရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သော အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန်

သီပေါမင်း နန်းတက်စ အခြေအနေ။
ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေး အတွက် အစဉ်အလာ အတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ သြဇာ အာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်း ဥပဒေ အရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သော အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန်
Wednesday, June 1, 2011
ဗိုလ်ချုပ်နှင့် သမိုင်းဝင် ကြေးနန်း

ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ … ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင်
မင်းဟန် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်
(၂ဝ၁ဝ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့…..)
(က)
ပထမတွင် ….ဖက်ဆစ်တော်လှန်ရေးကြီးအား မတ်လ ၂၅ ရက်နေ့တွင် စတင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သတ်မှတ်ထား၏။
သို့သော်…. အင်္ဂလိပ်စစ်တပ်များအား ခုခံတိုက်ခိုက်ရန်၊ ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်ကို၊ ‘စစ်အမိန့်’ ထုတ်ပြန်ပေးခဲ့သည့်အတွက် …ပထမ သတ်မှတ်ထား ခဲ့သောရက်အား ပြင်ဆင်ခဲ့ကြရသည်။ မတ်လ ၂၅ ရက်မှ…. ဧပြီလ ၂ ရက်နေ့သို့ ပြောင်းလဲလိုက်၏။
တော်လှန်မည့်နေ့ ‘ဒီ ဒေး’ အပြောင်းအလဲရှိသကဲ့သို့ …စစ်တိုင်း ၁ ၏ စစ်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲများလည်း ရှိ၏။
မတ်လ ၂၅ ရက်နေ့တွင်မူ ….. တပ်မတော်နှင့် တော်လှန်ရေးအား ဆန့်ကျင်ပြီး ဂျပန်တို့နှင့် ပူးပေါင်းလိုသည့် ဗိုလ်မှူးရန်နိုင် (ရဲဘော်သုံးကျိပ်ဝင်၊ ဒေါက်တာ ဘမော် ၏ သားမက်) ၏ သတင်းပေးမှုကြောင့် ဂျပန်စစ်ဘက်ဌာနက သိရှိသွားပြီး တပ်မတော်၏ လှုပ်ရှားမှုများအား အရေးယူစုံစမ်းလာ၏။ ပဲခူးရှိ တိုင်း ၄ တွင် လက်နက် များသိမ်းယူမည်အထိ အခြေစိုက်လာ၏။ ဤတွင် ….. တပ်မတော်အနေနှင့် ဖက်ဆစ်တော်လှန်ရေးအား လက်ဦးမှုရယူနိုင်ရန်အတွက် …. တော်လှန်ရေးစတင်မည့် ရက်နှင့် အချိန်အား အရေးပေါ်ပြောင်းလဲသတ်မှတ်လိုက်ရ၏။ ဖက်ဆစ်တော်လှန်ရေးကြီး စတင်မည့် နေ့ရက်…
‘ဒီ-ဒေး’ ကား …၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်….။ စတင်မည့်အချိန် ‘န-နာရီ’ က … ၁၉းဝဝ နာရီ…။
(ခ)
၁၉၄၅ ခုနှစ် ၊ မတ်လ ၃၁ ရက်…။
မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာ…လယ်တဲ…။
ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုစစ်ဦးစီးဌာနချုပ်အား ကံမမြို့နယ် ပုဏ္ဍားရွာတွင် အခြေစိုက်ထားပြီး၊ ဗိုလ်မှူးအောင်၏ တိုင်း ၇ တိုင်းစစ်ဌာနချုပ်က …. မင်းတုန်းမြို့နယ် ကစွန်းမြောင်ရွာအနီးရှိ လယ်တဲငယ်တခုတွင် ယာယီအခြေပြုထားသည်။ ပုဏ္ဍားရွာနှင့် ကစွန်းမြောင်ရွာများက ခြေလျင်ခရီးနှင့် ၄ မိုင် ခရီးမျှ သာဝေး၏။
ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းမှပင် ဆင်းမလားရောက် ဗြိတိသျှများနှင့် ဖဆပလ သည် အဆက်အသွယ် ရရှိထားခဲ့၏။ ဖက်ဆစ်တော်လှန်ရေးအတွက် အိန္ဒိယရှိ သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) ၏ အဆက်အသွယ်ဖြင့် ဖဆပလ နှင့် Force - ၁၃၆ အကြား စစ်ရေးအရ အပြန်အလှန် ဆက်သွယ်မှု ရှိနေ၏။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး တပ်သားများအား Force - ၁၃၆ မှ လေထီးနှင့် ဖက်ဆက်တော်လှန်ရေး စစ်တိုင်းကြီးများတွင် ချပေး၏။ စစ်တိုင်းများအားလုံးတွင်မူ မဟုတ်…။ ဗိုလ်မှူးအောင်၏ တိုင်း ၇ တွင် ရှိ၏။ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ အခြေပြုထားသည့် ပဲခူးရိုးမအရှေ့ခြမ်းတွင် ရှိ၏။ မြစ်ဝကျွန်းပေါ်ရှိ တိုင်း ၂ တွင် ရှိ၏။ တိုင်း ၂ တွင်က …. သခင်စိုးနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ တာဝန်ယူကြ၏။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗဟိုစစ်ဦးစီးဌာနချုပ်တွင်က မရှိ….။ တိုင်း ၇ နှင့်တွဲ ၍ သုံးရသည်။
မတ်လ ၃၁ ရက်နေ့၊ နံနက်မှာပင် ဗိုလ်ချုပ်တို့ တိုင်း ၇ စစ်ဌာနချုပ်ရှိရာ မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာအနီးရှိ လယ်တဲတခုသို့ ရောက်ရှိလာကြ၏။ ဗိုလ်ချုပ်နှင့်အတူ…. ဗိုလ်မှူးမင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှူးထွန်းအုံ (မြူနီစပယ်မင်းကြီး၊ အငြိမ်းစား)၊ ဗိုလ်မှူးစမိုက် (ဗိုလ်မှူးကြီး လှအောင်) ၊ ဗိုလ်မှူးဖိုးကွန်း (ပြည်သူ့ရဲဘော်၊ အငြိမ်းစား၊ ဆိုဗီယက်သံအမတ်ကြီး) တို့လည်း လိုက်ပါလာကြသည်။
တပေါင်းနွေ၏ မွန်းတည့်နေက ပူပြင်းလွန်းလှ၏။ အပူရှိန်ကြောင့် သက်ကယ်မိုးသည် တဖျစ်ဖျစ်နှင့် မြည်နေ၏။ ညိုခြောက်နေသည့် ရိုးပြတ်တောအား ဖြတ်၍တိုက် ခတ်လာည့်လေကား…. လေပူ….။ တဲအရှေ့ရှိ လက်ပံပင်အိုညီနောင်က တပင်လုံး အပွင့်နီနီရဲရဲများနှင့် အနီရောင် ချယ်ထား၏။ လေပူအဝှေ့ကြောင့် လက်ပံပွင့်တို့ က လေဟုန်စီး၍ မြေသို့ ဝဲ၍ …ဝိုက်၍ သက်ဆင်းနေကြ၏။ မြေပြင်ပင်ရင်းတွင်လည်း ရဲရဲ…။
တဲအတွင်း၌က …. ဗိုလ်ချုပ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးထွန်းအုံ၊ ဗိုလ်မှူးမင်းခေါင်နှင့် သခင်တင်မြတို့ ထိုင်နေကြ၏။ ဗိုလ်ချုပ်သည် Force - ၁၃၆ ၏ တပ်ဖွဲ့မှူးမှ သူ့ထံသို့ ပေးပို့လိုက်သည့် ကြေးနန်စာအား ဖတ်နေသည်။ ကြေးနန်စာအား ဖတ်ရင်း ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား တခွက်ပြီး တခွက် သောက်၍နေ၏။ ကြေးနန်စာအား ဖတ်နေသည့် ဗိုလ်ချုပ်၏ မျက်နှာသည် …. တင်းမာမှုများနှင့် …။ တင်းမာနေသော ဗိုလ်ချုပ်၏မျက်နှာက …. တည်တည်ငြိမ်ငြိမ်ပင် …ဒေါသမထွက်…။
(ဂ)
Force - ၁၃၆ က (ဖဆပလ) အား ဖက်ဆစ်တော်လှန်ရေးတွင် သူတို့၏ ပြောက်ကျားတပ်၊ သတင်းပေးအဆင့်နှင့်သာ ဆက်ဆံချင်၏။ ဖက်ဆစ်ဝင်ရိုးတန်း အင် အားစုအား စစ်ရေးအရ မဟာမိတ်ပြု၍၊ တော်လှန်တိုက်ပွဲဝင်နေသည့် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့တပ်မတော်အဖြစ် (ဖဆပလ) အပေါ် သဘောမထားလို..။ ပြီးလျှင် … လေထီးနှင့် ချပေးထားသည့်၊ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး စက်များကိုလည်း Force - ၁၃၆ နှင့်သာ ဆက်သွယ်ရမည်။ အခြားစစ်တိုင်းများနှင့် အချင်းချင်း မဆက်သွယ်ရဟူ၍ ကန့်သတ်ထား၏။ လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ဖက်ဆစ်တော်လှန်ရေးအတွက် လေထီးနှင့် ချပေးမည့် အစီ အစဉ်ကို လည်း ဖက်ဆစ်တော်လှန်ရေးကြီး စတင်သည့် အချိန်အထိ မချသေး…။ ဤတွင် … တိုင်း ၇ ၏ ဒုတိယစစ်ရေးခေါင်းဆောင် ဗိုလ်မှူးစိန်မှန် ပေါက်ကွဲလေ၏။ မဟာမိတ်တပ်မျာအား ‘ငါ ’ နှင့် ကိုင်တုတ်ဖူး၏။
“ဒီမအေပေးတွေဆီက လက်နက်မရရော ဂျပန်ကို မတိုက်နိုင်တော့ဘူးလား။ ရှိတဲ့လက်နက်နဲ့ ဂျပန်တွေ ဖင်သနီလန်ကုန်အောင် တိုက်ပြမယ်။ ဂျပန်တင်မကဘူး ဒင်းတို့ကိုပါ တိုက်ပြမယ်။ … နယ်ချဲ့သမားတွေ”
ဗိုလ်ချုပ်သည် ကြေးနန်းစာအား အပြန်ပြန်အလှန်လှန် ဖတ်၏။ ပြီးလျှင် …. အနီးတွင် ထိုင်နေသည့် ဗိုလ်မှူးစိန်မှန်အား…။
“ကဲ… အားလုံးကြားရအောင် ဒီကြေးနန်းကို ဗိုလ်စိန်မှန်က ဖတ်ပြလိုက်စမ်းပါ”…ဟု ဗိုလ်ချုပ်က လက်အတွင်းမှ ကြေးနန်းစာအား ဗိုလ်မှူးစိန်မှန်သို့ လှမ်း၍ပေး၏။
ကြေးနန်စာက ….မတ်လ ၃၁ ရက်နေ့တွင် တိုင်း ၇ စစ်ဒေသသို့ ဗိုလ်ချုပ်တို့ ရောက်ရှိနေသည့် အကြောင်းအား Force - ၁၃၆ သို့ ဗိုလ်ချုပ်ကိုယ်တိုင် အကြောင်း ကြားခဲ့သည့် ကြေးနန်းစာအပေါ် Force - ၁၃၆တပ်ဖွဲ့မှူးမှ ဗိုလ်ချုပ်ထံသို့ အကြောင်းပြန်လာသည့် ကြေးနန်းစာ ဖြစ်သည်။ ဗိုလ်မှူးစိန်မှန်က ….ဗိုလ်ချုပ်လှမ်း ပေး သည့် ကြေးနန်အား အသံမြှင့်၍ ဖတ်ပြ၏။

“Major General Aung San (Self Styled)”…
“မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း…”
ဗိုလ်မှူးစိန်မှန်သည် ကြေးနန်းစာ၏ ပထမတကြောင်းအား ဖတ်ပြီး… ဆက်၍ မဖတ်။ ရပ်လိုက်၏။ ပြီးလျှင် …. ဒေါသနှင့် …။
“ဒါဟာ ကျနော်တို့ကို စော်ကားတာပဲ ဗိုလ်ချုပ်။ ဒီကောင်တွေ လူပါးကို ဝတယ်။ ကျနော်တို့ကို သူတို့ရဲ့ ကျွန်တွေပဲလို့ ထင်နေတုန်းပဲနဲ့ တူတယ်”
အားလုံးက … Force - ၁၃၆ ၏ ကြေးနန်းတွင် ရေးထားသည့် ပထမဆုံးစာကြောင်းကြောင့်၊ မခံမရပ်နိုင်ဖြစ်၍ နေကြ၏။ မကျေနပ်ကြ…။
“ဗိုလ်ချုပ်ကို ဒီလို အမည်တပ်ရေးတာဟာ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားကာတာတင် မဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးကိုရော…။ တမျိုးသားလုံးကိုပါ စော်ကားရာကြတာပဲ”။ သခင်တင်မြက ဝင်ပြော၏။
“ ကဲပါလေ ဆုံးအောင်ဖတ်ပြီးမှ ထင်မြင်ချက် ပြောကြတာပေါ့။ ဆက်ဖတ်စမ်းပါ”
ဗိုလ်ချုပ်က …စကားစအား ဖြတ်၍ ဆက်ဖတ်ရန် အမိန့်ပေး၏။ ဗိုလ်မှူးစိန်မှန်သည် အံတတြိတ်ကြိတ်နှင့် ကြေးနန်းအား ဆက်၍ဖတ်၏။
“သင့်ထံမှ ကြေးနန်းကို လက်ခံရရှိသည်။ လက်ဖတင်နယ်ကာနယ် ကရူးအား ဖြူးအနောက်တွင် လေထီးနှင့် ချပေးပြီး ယခု သခင်သန်းထွန်းနှင့် အတူရှိနေသည်။ A.F.O နှင့် ပူးတွဲဆောင်ရွက်မည့် တပ်ဖွဲ့ Force - ၁၃၆ မှ အရာရှိအားလုံးကို ကာနယ်ကရူးက အုပ်ချုပ်လိမ့်မည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် A.F.O လက်အောက်ရှိ သင်အုပ်ချုပ်နေသော လက်နက်ကိုင်တပ် အားလုံးသည် မဟာမိတ်စစ်ဌာနချုပ်၏ စစ်အမိန့် ညွှန်ကြးချက်များကို လိုက်နာဆောင် ရွက်သင့် သည်။
သင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မင်းဘူး၊ မကွေး၊ သရက်ဒေသများရှိ သင်တို့၏ လက်နက်ကိုင်တပ်များသည် ဂျပန်များကို ထိရောက်စွာ တိုက်နိုင်မည် မဟုတ်။ သို့ကြောင့် ဤဒေသရှိ သင်၏ တပ်များကို ပြည်၊ သာယာဝတီ၊ အင်းစိန် မီးရထားလမ်းတလျှောက်သို့ အမြန်ဆုံး ပြောင်းရွှေ့၍ မဟာမိတ်စစ်ဌာနချုပ်၏ ညွှန်ကြားမှုအောက်တွင် ဂျပန်ကို စစ်ဆင်ရန် ဖြစ်သည်။ သင်၏ တပ်များအားလုံး ထိုဒေသသို့ ရောက်ပါက ကျွန်ုပ်တို့ထံမှ ဆက်သွယ်ရေးအရာရှိများနှင့် လိုအပ် သော ဆက်သွယ်ရေး ကိရိယာများကို လေထီးဖြင့် ချပေးမည်။ သင်တို့ လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် စစ်ပစ္စည်းများ ထောက်ပံ့ရေးကို ဆက်သွယ် ရေးအရာရှိများက ဆောင်ရွက်ပေးလိမ့်မည်။ သင်၏ သဘောထား အကြောင်းပြန်ပါ”
ကြေးနန်းက ဤတွင် ဆုံးပြီ….၊ အားလုံး၏ ရင်အတွင်းမှ ဒေါသမီးအပူက … တပေါင်းနွေနှင့် အပြိုင်…။ ဗိုလ်ချုပ်သည် သူ၏ တပ်မှူးများအား ဝေ့၍ကြည့်ပြီး…. တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားအား ဆို၏။
“ဒီမှာ ကိုယ်တို့ ဂျပန်ကို ထချတာဟာ သူတို့အလိုကို လိုက်လျောဖို့၊ သူတို့က အသိအမှတ်ပြုတာကို ရချင်လို့ မဟုတ်ဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်အဖြစ် ကိုယ်တို့ ဆန္ဒအလျောက် ဂျပန်ကို ထတော်လှန်ကြတာပဲ။ အဲဒီတော့ သူတို့က ကိုယ်တို့ကို အသိအမှတ်မပြုချင်၊ လေးလေးစားစား မဆက်ဆံချင်လည်း ပြဿနာမဟုတ်ပါဘူး။ ကိုယ်တို့အဖို့ ပြည်သူလူထုကို စည်းရုံးနိုင်သလောက် ပြည်သူလူထုနဲ့အတူ ဂျပန်ကို ချနိုင်သလောက် ကမ္ဘာက ကိုယ် တို့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ် ပြုလာမှာပဲ။ ဒီအင်္ဂလိပ်တွေကိုလည်း သိပ်မမျှော်လင့်နဲ့။ သူတို့ဟာ နယ်ချဲ့သမားတွေဆိုတာလည်း မမေ့နဲ့။ ကဲ .. သူတို့ဆီကို ကိုယ်တို့ရဲ့ သဘောထား အမြန်ဆုံး ပြန်ပို့ရမယ်။ အဲဒီကြေးနန်း အခုပဲ ရေးလိုက်မယ်”
ဗိုလ်ချုပ်၏ စကားဆုံးသည်နှင့် တဲအတွင်း၌ ခဏငယ်မျှ တိတ်ဆိတ်၍သွား၏။ ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား ငှဲ့၍ သောက်၏။ ပြီးလျှင် …. စာရွက်လွတ်တရွက်ပေါ်၌ ကြေးနန်းစာအား ချ၍ရေး၏။
“မှ
မေဂျာဂျင်နရယ်အောင်ဆန်း
စစ်ခေါင်းဆောင်
ဖ တ ပ လ အဖွဲ့ချုပ်
မြန်မာနိုင်ငံ။
သို့
စစ်သေနာပတိ
မဟာမိတ် စစ်ဌာနချုပ်
အရှေ့အာရှတောင်ပိုင်း
သင်တို့ထံမှ ပေးပို့သော…. နေ့စွဲပါ ကြေးနန်းကို ရရှိပါသည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် မင်းဘူး၊ မကွေး၊ သရက် ဒေသများရှိ ကျွန်ုပ်တို့ တပ် များအားလုံး ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများသို့ ပြောင်းရွှေ့၍ စစ်ဆင်တိုက်ခိုက်ပါ ဟူသော သင်တို့၏ အကြံပေးချက်ကို လက်မခံနိုင်ပါ။ ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများတွင် ကျွန်ုပ်တို့ အုပ်ချုပ်မှုအောက်ရှိ ဗမာ့အမျိုးသားတပ်မတော်မှ တပ်ရင်းအချို့နှင့် ပြောက်ကျားတပ်အချို့ တပ်ဖြန့်စစ်ဆင်လျက်ရှိပါသည်။ ဖ တ ပ လ အဖွဲ့ချုပ်မှ ချမှတ်ထားသော စစ်ဆင်ရေး အစီအစဉ်အတိုင်း ဂျပန်ဖက်ဆစ်များကို ကျွန်ုပ်တို့ တပ်များက တိုက်ခိုက်ရင်း သင်တို့၏ မဟာမိတ်တပ်များနှင့် စစ်မျက်နှာများတွင် ပူးတွဲတိုက်ခိုက်သွားလိုသည်။
သို့ကြောင့် မြန်မာနိုင်ငံပေါ်မှာ ဖက်ဆစ်ဂျပန်များကို ထိရောက်စွာ စစ်ဆင်တိုက်ခိုက်ရေးအတွက် လိုအပ်သော စစ်ရေးအစီအစဉ်များကို သင်တို့နှင့် ညှိနှိုင်းရေးဆွဲရန် သင်တို့ထံမှ ဆက်သွယ်ရေးအရှာရှိ တယောက် ကျွန်ုပ်ထံ အမြန်ပို့ပေးစေလိုသည်။ လောလောဆယ်အားဖြင့် သင်တို့ ပေးမည်ဟု ကတိပြုထားသော လက်နက်ခဲယမ်း နှင့် ဆေးဝါးစစ်ပစ္စည်းများကို ကျွန်ုပ်တို့ ညွှန်ပြသည့် နေရာများသို့ အမြန်ဆုံး ချပေးစေလိုသည်။
လက်နက်ခဲယမ်းကို အမြန်ဆုံး လေထီးနှင့်ချပေးရမည့်တပ်များနှင့်ဒေသမှာ
(၁) ဗိုလ်ကြီးစိန်ဝင်း ခေါင်းဆောင်သော တပ်ရင်း ၆ ၊ မင်းတုန်းအရှေ့ဒေသ။
(၂) ဗိုလ်ကြီးစန်းယု ခေါင်းဆောင်သော တပ်ရင်း ၂ ၊ မင်းတုန်း ပတ်ဝန်းကျင်ဒေသ။
(၃) ဗိုလ်ကြီးမိုးညို ခေါင်းဆောင်သော စက်မှုလက်မှု တပ်ရင်း၊ မင်းဘူးဒေသ။
(၄) ဗိုလ်မင်းလွင် အုပ်ချုပ်သော တိုင်း ၇ ဌာနချုပ်၊ ကင်းတပ်ခွဲ
အမြန်အကြောင်းပြန်ပါ။ ဗိုလ်ချုပ်သည် သူ၏ကြေးနန်းအား အဆုံးသတ်လိုက်၏။
လေအသွေ့ကြောင့်….တဲအရှေ့ရှိ လက်ပံပင်ညီနောင်မှ လက်ပံပွင့်တို့က …. လေဟုန်စီး၏။ ဝေလည်း ရဲရဲ….။ ကြွေလည်း ရဲရဲ…..။
“… ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မိသည်
အနီထဲမှ ကြယ်ဖြူပွင့် … ”
(ဒဂုန်တာရာ၏… မတ်လတော်လှန်ရေးကဗျာမှ)
အညွှန်း။ ။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဋ္ဌမတွဲ)
မူရင်း။ http://www.mizzimaburmese.com/edop/songpa/5102--force----.html မှ ကူးယူဖော်ပြပါသည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ ၂၈။၃။၂၀၁၀
Tuesday, May 17, 2011
ညောင်ရွှေစော်ဘွားကြီး
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသော ယာယီသမ္မတကြီးစ၀်ရွှေသိုက်
သန်းဝင်းလှိုင်
မတ် ၁၇၊ ၂၀၁၁
၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် တတိယညီလာခံမှ နိုင်ငံတော်ယာယီ သမ္မတအဖြစ် ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည် ။
၁၉၄၇ခုနှစ် စက်တင်ဘာလ၂၄ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် တတိယအကြိမ်ညီလာခံအဋ္ဌမမြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်သောကြောင့် ငါးနှစ်တကြိမ် ပါလီမန်လွှတ်တော်နှစ်ရပ်ပေါင်း (ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်) အစည်းအဝေးမှလျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။
သမ္မတသည် နိုင်ငံတော်၏အကြီးအကဲဖြစ်သဖြင့် တတိုင်းတပြည်လုံး၏ ရိုသေလေးစားကိုင်းရှိုင်းမှုကိုခံယူရသည်။ နိုင်ငံတော်သမ္မတ၏ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး၊ မည်သူမဆိုသမ္မတရာထူးသက်တမ်းကို နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရဟု ဖွဲ့စည်းပုံတွင်အတိ အလင်းဖေါ်ပြထားသည်။ သမ္မတသက်တမ်းငါးနှစ်အတွင်း သမ္မတကိုဖြုတ်ချခွင့် မရှိပေ။ သို့သော်သမ္မတသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖေါက်ဖျက်ခြင်း၊ အခြေခံဥပဒေကိုကျူးလွန်ခြင်း၊ အကျင့်သိက္ခာလွန်ကဲစွာ ပျက်ပြားမှသာ ပါလီမန်က သတ်မှတ်သည့်နည်းများအတိုင်း စွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီး ခိုင်လုံမှသာ သမ္မတကိုရာထူးမှ ထုတ်ပယ်နိုင်သည်။
နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များကို သမ္မတနာမည်ခံပြီး ဆောင်ရွက်ရမည်။ ပါလီမန်၏ ပြ ဌာန်းသည့်ဥပဒေများကို သမ္မတလက်မှတ်ထိုးမှသာ အတည်ဖြစ်သည်။ သမ္မတသည်အစိုးရအဖွဲ့၏ထောက်ခံချက်၊ အကြံပေးချက်တို့ကို လက်ခံပြီးမှသာ ကိစ္စအ၀၀ကိုဆောင်ရွက်ရမည်။ တဦးတည်း ထင်သလိုဆောင်ရွက်ခွင့် မရှိချေ။
ဥပဒေပြုရာ၌လည်း ပါလီမန်က သဘောတူအတည်ပြုထားသည့်ဥပဒေကြမ်းကို သမ္မတထံလက်မှတ် ရေးထိုးရန် ပေးပို့ရသည်။ သို့သော် ခုနှစ်ရက်အတွင်း သမ္မတက လက်မှတ်ရေးထိုးခြင်းမပြုလျှင် သမ္မတက လက်မှတ်ရေးထိုးပြီးသကဲ့သို့ အတည်ဖြစ်သည်ဟု မှတ်ယူရမည်။
နိုင်ငံတော်ဝန်ကြီးချုပ်ကို ပါလီမန်က ရွေးချယ်တင်မြှောက်ပြီး သမ္မတက ခန့်အပ်ပေးရမည်။ ၀န်ကြီးများနှင့် နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်စာရင်းစစ်ချုပ်များကို ၀န်ကြီးချုပ်က ထောက်ခံပြီးမှ သမ္မတကခန့်အပ်ရမည်။ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဝန်ကြီးများကိုလည်း အစိုးရအဖွဲ့က ရွေးချုပ်ပြီး နာမည်တင်သွင်းလာမှုကို ပါလီမန်က အတည်ပြုပြီးမှသာ သမ္မတက ခန့်အပ်ရမည်ဟူ၍ သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းထားလေသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အထွဋ်အထိပ် နိုင်ငံတော်အကြီးအကဲ ဖြစ်သောကြောင့် နိုင်ငံတော်မှထောက်ပံသည့် အိမ်တဆောင်ဥပဒေအရ ပြဋ္ဌာန်းထားသော လစာငွေ ၅၀၀၀ကျပ်၊ တနှစ်ဧည့်ခံစရိတ် ၂၄၀၀၀ကျပ်၊ နိုင်ငံတော်အတွင်း လှည့်လည်ခရီးသွားစရိတ် ၇၅၀၀၀ကျပ်၊ ၀တ်စုံခ ၁၀၀၀၀ ကျပ် ၊ ဒုတိယအကြိမ် ထပ်မံရွေးကောက်ခံရလျင် ၀တ်စုံခ ငွေ ၅၀၀၀ ကျပ်သာ
စာဆိုငွေတာရီ
စာဆိုငွေတာရီ
သန်းဝင်းလှိုင်
မတ် ၂၇၊ ၂၀၁၁
မြန်မာကဗျာဆရာကြီးဒဂုန်တာရာက “ကဗျာဆိုတာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးသည်။ မှန်ပေသည်။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွှန်းသည့်အနုပညာ ပစ္စည်းတခုပါ။ ကောင်းပြီ….။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာဆိုလျှင် အဆိုပါ ရင်ခုန်သံဆိုသည်မှာ မည်သူ၏ရင်ခုန်သံလဲ။ ကဗျာဆရာဖြတ်သန်းကြီးပြင်းရသည့် ခေတ်၊ တနည်း ကဗျာဆရာ၏ ခေတ်ပြိုင်လူထု၏ရင်ခုန်သံလူထုခံစားချက်ကိုဆိုလိုသည့် သဘောပင်ဖြစ်သည်။
လူထု၏ခံစားချက်၊ လူထု၏ရင်ခုန်သံကို ကိုယ်စားပြုရေးဖွဲ့ထားသောငွေတာရီ၏ “ကြွေပွင့် ကောက်စဉ်က”ဟုခေါင်းစဉ်ပေးထားသော ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါစို့။ အဆိုပါပဗျာကို လွန်ခဲ့သော ၅၁ နှစ် ၁၉၆၈ပြည့်နှစ်က ထုတ်ဝေခဲ့သော“ငွေတာရီကဗျာ ၁၀၀ ”စာအုပ်ထဲ၌ ထည့်သွင်းထားသော ကဗျာဖြစ်သည်။
ကြွေပွင့်ကောက်စဉ်က
လေအဝှေ့မှာလ
နေသွေ့ကာအညှာလိမ်တဲ့
ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့
ရင့်ညောင်းကာ ဘ၀ကူးသည်ထင့်
မူးဝေအောင်ချာချာလည်၍
သည်မြေဆီရွှေရည်ပွင့်ငယ်လို့
ကြွေလွင့်၍နေစဉ်ဝယ်
အပင်အောက်တယောက်သည်စာဆိုဖြင့်
ရွှင်မချိုမြေ့မချမ်းနိုင်ဘူ့
ကြွေပန်းလွှာမြေမှာစီတော့
သီကရီကောက်ယူနှမ်းမိငဲ့
သြော်… အလွမ်းသည်လိုထွေတော့
ပွင့်ဝါကြွေသူလေသိမှာလှ
တွေးမိပြန်တယ်။
အကြွေစောသူငယ်
နှမြောတွယ်တာတာဖြင့်
ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့်
နှလုံးဘ၀င်ဆူပေါ့
မရွှင်သူနှုတ်ခြွေလွှတ်ပါလို့
အတွတ်တွတ်ဆိုကာရယ်
ဖြေဖွယ်ဖြင့်ရှိလိမ့်လား
သည်အခိုက်မှာကို
ပင်ထက်ငွေရောင်စိုတဲ့
ဖူးငုံပျိုထိုတသင်းတွေက
လေညင်းမှာ တကြိုင်ကြိုင်နဲ့
ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ
“နောင်ရဲ့မငိုပါနှင့်
ကြည်ညိုကာနောင်မြတ်နိုးတာဖြင့်
ဝေဖြိုးအောင်ရေစင်ဖြာပါ့
ကြွေပွင့်မတွယ်တာနဲ့
ဖူးညာသာထူးစွာပွင့်အောင်လို့
ပင်ဗွေကိုစဉ်အခြေမြှင့်ပါ”တဲ့
ကူချင့်အောင်သူကပြောလေတော့
ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက
ဖူးဆီကိုဦးလည်လို့စောမိရဲ့
လှသောပင်ယံဗွေက
ငုံတံတွေရွှေရည်လျှမ်းမှာဖြင့်
စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ်
လွမ်းခဲ့မိတကား။
စာဆိုငွေတာရီက သူ့ကဗျာတွင် အတန်ငယ်မြင့်သည့်ပန်းပင်ထက်မှ ပန်းကလေး တပွင့် ချာလည်ချာလည်နှင့်ကြွေကျသွားပုံ၊ ညှိုးငယ်စွာသောလူယောက် ပန်းပွင့်ကလေးကို နှမြောတသ ကာ ယုယုယယကောက်ယူနေပုံနှင့် အပင်ထက်ရှိဖူးငုံကလေးများကို မော့ကြည့်နေပုံ၊ ပန်းငုံက လေးများက သူ့ကို
“ငိုမနေပါနဲ့၊ ပန်းပွင့်ကိုခင်မင်မြတ်နိုးရင် အပင်ကိုရေလောင်းပါ၊ ကြွေလေတဲ့အပွင့်ကို တွယ်တာမနေပါနဲ့တော့။ အပင်မှာကျန်တဲ့အဖူးကလေးတွေကားကားစွင့်စွင့်ပွင့်လန်းလာအောင် အပင်ကိုသာမြေတောင်မြှောက်ပေးပါ”ဟု ပြောနေဟန် စာဆို၏ခံစားချက်ကိုထင်ဟပ်ဖွဲ့ဆိုထားပေ သည်။
ငွေတာရီသည် ဤကဗျာကလေးကို အဘယ်အခါကရေးစပ်သီကုံးခဲ့လေသနည်း။ သူ ကိုယ်တိုင် ပန်းပွင့်ကြွေကလေးများကို ကောက်ရင်းဤကဗျာကို စပ်ခဲ့ခြင်းဖြစ်လေသလား။ အမှန် စင်စစ် ပြောရလျှင် ထိုစဉ်အခါက ငွေတာရီမှာ မြန်မာစာပေပန်းဥယျာဉ်ထဲတွင် ရှန်သန်ကြီးထွားဆဲ အသက်(၃၃) နှစ်အရွယ်၁၉၅၈ ခုနှစ်မတ်လ ၁၉ ရက်နေ့တွင် အကြွေစောခဲ့ရလေသည်။
စာဆို ငွေတာရီသည် ပန်းကလေးငွေတာရီကို “အကြွေစောသူငဲ့” ဟုတသဖွဲ့ဆိုခြင်းဖြစ်လေသလား။ ငွေတာ ရီက ငွေတာရီကို အကြွေစောသူငဲ့ဟု တသခဲ့သလား။ ကဗျာဆုံးသွားသောလည်း ကျွှန်ုပ်၏အတွေးများမှာ မဆုံနိုင်အောင် ချာချာလည်နေလေသည်။
ယင်းကဗျာကိုလေးကို ရေးဖွဲ့ခဲ့သော ငွေတာရီ၏အမည်အရင်းမှာ ဒေါ်ခင်ရီဖြစ်သည်။ ၁၉၂၅ခုနှစ် ဖောဖေါ်ဝါရီလ (၁၆)ရက်နေ့၌ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဗြိတိသျှ ဘားမားဦးညွန့်၊ ဒေါ်ချစ်တင်တို့ဖြစ်သည်။ ငွေတာရီအသက် ၁၈နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက် (၃၂) အရွယ်တွင်ဖခင်ကွယ်လွန်ခဲ့သည်။
ငွေတာရီသည် ရန်ကုန်မြို့မြို့မမိန်းကလေးအ ထက်တန်းကျောင်း(ယခုဒဂုံအ ထ က- ၃)၌ ပညာသင်ယူသည်။ ၁၉၃၉ခုနှစ်အသက် (၁၄) နှစ်အ ရွယ်(၉) တန်းအရောက်တွင် ကျန်းမာရေးမကောင်းသဖြင့် ကျောင်းထွက်လိုက်ရသည်။ ဂျပန်ခေတ် နှင့်စစ်ပြီးခေတ်တွင် ရှေးဟောင်းမြန်မာစာပေကို ဗိုလ်မူးဘသောင်း (မောင်သုတ)ထံမှ သင်ယူ သည်။ ထို့နောက် အင်္ဂလိပ်စာကို ဆရာမကြီးမစ္စက်မန်ရိုးထံမှသင်ယူသည်။
ငွေတာရီသည် ၁၉၅၂ ခုနှစ်အသက်၂၇ နှစ်အရွယ်တွင် ဦးဝင်းမောင်(မင်းယုဝေ)နှင့် အိမ်ထောင်ပြုခဲ့သည်။ မင်းယုဝေနှင့်အိမ်ထောင်ပြုသည်ကို အကြောင်းပြု၍ ငွေတာရီက “လှည်း ယဉ်ကလေးစီးကာလည်” ကဗျာနှင့် “တောသူရွာဝင်”ကဗျာတို့ကို ဖွဲ့ဆိုခဲ့သည်။
ငွေတာရီသည်မြန်မာနိုင်ငံအရပ်ရပ်သို့သာမက နိုင်ငံခြားတိုင်းပြည်များသို့ပါ ခရီးလှည့် လည်သွားခဲ့သည်။ ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားခဲ့၏။ ၁၉၅၆ ခုနှစ်တွင် ခင်ပွန်းသည်မင်း ယုဝေပညာဆည်းပူးရာ လန်ဒန်တက္ကသိုလ် အင်္ဂလန်ပြည်သို့လိုက်ပါ သွားခဲ့သည်။ ငွေတာရီသည် မင်းယုဝေနှင့်အတူ အင်္ဂလန်ပြည်အတွင်းလက်လှမ်းမီရာအရပ်များသို့ အချိန်ရလျှင် ရသလိုခရီး ဆန့်ခဲ့သည်။ ထို့ပြင် နယ်သာလန်၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်စသည်နိုင်ငံများ သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။
မြန်မာပြည်သို့သဘောင်္ဖြင့်အပြန်တွင် အီဂျစ်၊ သီဟို၌ (သီရိလကာင်္)နိုင်ငံများသို့ ခေတ္တ ၀င်ရောက်လည်ပတ်ခဲ့သေးသည်။
ထို့နောက် ၁၉၅၈ ခုနှစ်မတ်လ ၁၉ရက်နေ့တွင် ရုတ်တရက် အမျိုးသမီးရောဂါဖြစ်ပွား ကာ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက်(၃၃)နှစ်မျှသာ ရှိသေးသည်။ တဦးတည်း သောသမီးကလေးခင်နီဝင်း(ယခုကျိုင်းထုံတက္ကသိုလ်မြန်မာစာတွဲဖက်ပါမောက္ခ)ကျန်ရစ်ခဲ့သည်။
ငွေတာရီသည် ကဗျာကို ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည်။ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်း မှစ၍ ကဗျာကို စတင်ဖွဲ့ဆိုသည်။ ၁၉၄၁ခုနှစ်တွင် ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်တို့ ၏ ကဗျာများကို သေချာစွာ လေ့လာ၍ စနစ်တကျဖွဲ့ဆိုနိုင်ခဲ့သည်။ ကဗျာပုဒ်ရေ (၈၀၀) ကျော်ရေး ဖွဲ့နိုင်ခဲ့ပြီး ပုဒ်ရေ(၄၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
ငွေတာရီသည် စာပေဗိမာန်ဆုကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့သည်။ အီစွတ်ပုံပြင်ကိုလည်း မင်းယုဝေနှင့်တွဲဖက်၍ဘာသာပြန်ဆိုထုတ်ဝေရာ၊ ၁၉၅၄ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။ ငွေတာရီကွယ်လွန်ပြီးနောက် မင်းယုဝေရွေးချယ်ထုတ်ဝေခဲ့ရာ ၁၉၆၀ ပြည့်နှစ်အတွက် စာပေ ဗိမာန်(ကဗျာ) ဆုကို ရရှိခဲ့သည်။
ငွေတာရီသည် သူ့စာများ၊ ကဗျာများကို စာနယ်ဇင်းအမျိုးမျိုးတို့၌ ရေးသားဖေါ်ပြခဲ့ သည်။ ငွေတာရီရေးသားထုတ်လုံးချင်းစာအုပ်များမှာ (၁) “မင်ဆေးရည်ပဲမှုန်သလား နှင့် ကဗျာရှင် ၀တ္ထုတိုများ” (၁၉၄၄)၊ (၂) “မာလာမြိုင်ကဗျာများ” (၁၉၄၇)၊ (၃) “ရတနာကဗျာများ” (မင်းယုဝေ နှင့် တွဲ၍ ၁၉၅၄)၊ (၅) “ကဗျာ ၁၀၀” (၁၉၆၀) ၊ (၆) “ဆုနှင့် အခြားဝတ္ထုတိုများ” (၁၉၆၅) တို့ဖြစ် သည်။
ငွေတာရီကဗျာပေါင်းချုပ်ကို ၁၉၆၈ခုနှစ်တွင်စုစည်း ထုတ်ဝေခဲ့သည်။ ခင်ပွန်းဖြစ်သူ မင်းယုဝေက ကွယ်လွန်သူ ငွေတာရီအထိမ်းအမှတ်အဖြစ် “ငွေတာရီ” မဂ္ဂဇင်းကိုတည်ထောင်၍ ၁၉၆၀ ပြည်နှစ်ဇူလိုင်လ (၁)ရက်နေ့မှ စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၁ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိပုဂ္ဂလိက ပိုင် အဖြစ် ထုတ်ဝေ၍ ၁၉၆၁ ခု နိုဝင်ဘာလမှ စ၍ မြ၀တီပုံနှိပ်တိုက်ပိုင် အဖြစ်သို့ပြောင်း ပေးခဲ့ရာ ယနေ့တိုင် လစဉ်ထုတ်ဝေနေဆဲဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး
Wednesday, 30 March 2011
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး
သန်းဝင်းလှိုင်
မတ် ၃၁၊ ၂၀၁၁
၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့ တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရား ရေး ၀န်ကြီးချုပ်ဟောင်းဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။
သို့ဖြင့် မတ်လ ၁၃ရက်နေ့တွင်ပြည်သူ့လွတ်တော်အစည်း အဝေးခန်းမ ကြီး၌ ဒေါက်တာဘဦးသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနေ့၌ပင် နိုင်ငံတော် သမ္မတကြီးအဖြစ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၁၉၅၂ ခုနှစ်မတ်လ ၁၂ ရက်နေ့ အထိ ထမ်းရွက်ခဲ့သော သမ္မတဟောင်း ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက်အား လူမျိုးစုလွှတ်တော် နယက အဖြစ် ရွှေးကောက်တင်မြောက်ခဲ့ ကြသည်။
မြန်မာနိုင်ငံ၏ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီးအဖြစ် ရွှေူးကောက် တင် မြောက် ခြင်းခံ ရသော ဒေါက်တာဘဦးကို ခရစ် ၁၈၈၇ ခုနှစ် မေလ ၂၆ရက် ကြာသာပတေးနေ့တွင် ပုသိမ်မြို့၌ အဖ အရေးပိုင် ဦးဖိုးလှ (C.I.E, K.S.M, A.T.M) အမိ ဒေါ် ညွန့်တို့မှ ဖွားမြင်ခဲ့သည် မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ မွေးချင်းကိုးယောက် အနက် ညီငါး ယောက် နှင့် ညီမ ၁ ယောက်တို့မှာ ငယ်စဉ်ကပင် ဆုံးပါးသွား ခဲ့ရာ ဒေါက်တာဘဦး၊ ညီကပ္ပတိန်လှဘူး နှင့် ဦးမြဘူး တို့သာ ကျန်ရစ်ခဲ့သည်။
ဖခင်ဖြစ်သူ အရေးပိုင် ဦးဖိုးလှ မှာ ၁၉၂၁ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ပုသိမ်မြို့မှ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည်။ အောက်လွတ်တော် အမတ် အဖြစ် သက်တန်းတကြိမ်ဆောင်ရွက်ပြီးနောက် ၁၉၃၆ ခုနှစ်တွင် အထက် လွှတ်တော် ဒုဥက္ကဌအဖြစ် ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ ဘုရင်ခံ၏ ခံ့အပ်ခြင်းခံခဲ့ရသည်။
ဒေါက်တာဘဦးသည် ပုသိမ် တိုင်းရင်းမြန်မာကျောင်း၊ မအူပင် အစိုးအလယ်တန်း ကျောင်း အေတီအမ် အလယ်တန်းကျောင်း၊ ပုသိမ်အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်းအစိုး ရအထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ် စာမေးပွဲ (တက္ကသိုလ်ဝင်တန်း) ကို ဒုတိယ အဆင့်မှ အောင်မြင်၍ ပညာသင်စုရခဲ့သည်။ ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ရာအက်ဖ်အေ စာမေးပွဲ မဖြေမီ ၁၉၀၇ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်ပြည်သို့ ဥပဒေပညာ သွားရောက် သင်ယူသည်။
ထို့နောက် ကိန်းဘရစ် တက္ကသိုလ် ထရီနတီ ကောလိပ် မှ ၁၉၁၂ တွင် ဥပဒေဘွဲ့ (L.LB) မဟာဝိဇ္ဇာဘွဲ့ (M.A) ၁၉၁၃တွင် ၀တ်လုံဘွဲ့ (Barrister) ဘွဲ့များရရှိခဲ့သည်။ အင်္ဂလန် ၌ပညာသင်နေစဉ်အတွင်း မြန်မာ - ကိန်းဘရစ်တက္ကသိုလ်ကလပ်အသင်း တွင် အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၁၃ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်။
၁၉၁၃ မှ ၁၉၂၀ထိ ရန်ကုန်လွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်၍ ၁၉၂၁ ခုနှစ်မှ စတင်ကာ အစိုးရ၀န်ထမ်းလောကသို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၁- ၂၂ တွင် ဖျာပုံခရိုင် စက်ရှင် တရားသူကြီး၊ ၁၉၂၂-၂၃တွင် ရန်ကုန်အစိုးရ ရှေ့နေ ၊ ၁၉၂၃ - ၃၀ တွင်တောင်ငူ၊ မကွေး၊ မြောင်းမြ ခရိုင်စက်ရှင် တရားသူကြီး။ ၁၉၃၀ - ၃၂ တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ရန် ကုန်ခရိုင်နှင့် အင်းစိန်ခရိုင် စက်ရှင်တရားသူကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။ ခရိုင်နှင့် စက်ရှင် တရာသူကြီးအဖြစ် အင်းစိန်ခရိုင်တွင် တာဝန်ချထားခံရစဉ် ၁၉၃၀ ပြည့်နေ့ ဒီဇင်ဘာလတွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရာ အထူးခုံရုံး တရာသူကြီး ဂျေအာအီးကန်းလစ်၊ အေဂျေဒါဝတ် တို့နှင့်အတူ အထူးခုံရုံးအဖွဲ့ဝင် တရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆရာစံဦဆောင်သော တောင်သူလယ်သမား အရေးတော် ပုံ ဂဠုန်တပ်သားများကို အိန္ဒိယ ရာဇသတ် ပုဒ်မ ၁၂၁ အရ သေဒဏ် အပြစ်ပေးခဲ့သည်။
သို့သော် နောင်တွင် ၄င်းရေးသားခဲ့သော ‘ ကျွှန်ုပ် ၏ ပြည်မြန်မာခေါ် သမ္မတတစ်ဦး၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ’ (My Burmaး The autobiography of a president ) စာအုပ်တွင် တောင်သူလယ်သမားများဘက်မှ တတ်နိုင်သမျှ ဖေးမ ခဲ့ကြောင်း၊ ပြစ်ဒဏ်ထင်ရှားသူများကို သာ အထက်မှ ဖိအားပေး၍ တာဝန်အရ ပြစ်ဒဏ်စီရင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ခုခံ ရေးသားထားလေသည်။
ထို့ပြင် မြန်မာ့လွတ်လပ်ရေး လမ်းပြဆရာတော် ဦးဥတ္တမ သည် ဒေးဒရဲမြို့ စုကလပ်ရွှာ တရားပွဲတွင် နယ်ချဲ့ ဗြိတိသျှ အစိုးရအား ပြင်းပြင်းထန်ထန် ဆန့်ကျင်တရားဟောပြောမှုဖြင့်ပုဒ်မ ၁၂၄(က) နှင့်  ၁၅၃ (က) အရ ထောင်ဒဏ်သုံးနှစ်နှင့် ၈ လ ချမှတ်ခဲ့သည့် ကိစ္စနှင့်ပတ် သက်၍ ဆရာတော်ဦဥတ္တမကို ပြစ်ဒဏ် ချမှတ်ခဲ့သူမှာ ၄င်း၏ဦးလေး မအူပင်အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)ဖြစ်ပြီးအမှုကို ကိုင်တွယ်ရမည့် ဖျာပုံ ခရိုင်အရေးပိုင်မှာ သူ၏ဖခင် ဦးဖိုးလှဖြစ်ကြောင်း၊ ၄င်း၏ဖခင်ဖြစ်သူ ဦးဖိုးလှက အမှုကို မကိုင်တွယ်လို၍ အခြားတစ်ဦးအား လွှဲပြောင်းခွင့်တောင်းခဲ့ရာ မအူပင် ခရိုင်အရေးပိုင် ဦးဖိုးဘေအား တရားလွှတ်တော်မှ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တဖန် ဦးဖိုးဘေကလည်း လွှဲပြောင်းခွင့်ထပ်မံတောင်းရာ တရားလွှတ် တော်ချုပ်မှ ခွင့်မပြု၍ ဆရာတော်ဦးဥတ္တမအား စီရင်ချက်ချခဲ့ရခြင်း ဖြစ်ကြောင်း စီရင်ချက်ချခဲ့ သော်လည်း ဆရာတော်အား ထောင်တွင်း၌သက်တောင့်သက်သာ နေစေရန် ၄င်း၏ဖခင်က စီမံပေးခဲ့၍ ဆရာတော်ဘက်မှလည်း ကျေးဇူးတင်ရှိကာ ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊ သူ၏ဖခင်နှင့် ဦးလေးတို့၏ သဘောထားကို ဆရာတော် နားလည်၍ ဆရာတော်ထောင်မှ လွှတ်ချိန်တွင် ၄င်း၏ညီများနှင့် အလွန်ရင်းနှီးသွားပြီး အထူးသဖြင့် ကပ္ပတိန် လှဘူး၏ နေအိမ်တွင် အခါအားလျော်စွာ ဆွမ်းဘုန်းပေးခဲ့သည်မှာ ဆရာတော်ပြန်လွန်တော် မမူခင် ၂ နှစ် ၃ နှစ်မျှ ထိပင် ကြာမြင့်ခဲ့ကြောင်း ရေးသားခဲ့လေသည်။
ထို့နောက် ဒေါက်တာဘဦးသည် ၁၉၃၂-၄၂တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၄၂-၄၅ ဂျပန် ခေတ်တွင် တရားလွှတ်တော်ဝန်ကြီး ၊ ၁၉၄၅ -၄၈ တွင် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီး ချုပ် ၊ ၁၉၅၂ ခုနှစ် မတ်လ ၁၃ရက်နေ့မှ ၁၉၅၇ မတ်လ ၁၂ရက်နေ့အထိ နိုင်ငံတော်သမ္မတ ၊ ၁၉၆၀ပြည့်နေ့ ဧပြီလ ၂၅ရက်နေ့ မှ ၁၉၆၂ မတ်လ ၁ရက် နေ့အထိ နိုင်ငံတော်အစိုးရ အကြံပေးအဖွဲ့ဥက္ကဌအဖြစ် အသီးသီး ဆောင်ရွက်ခဲ့သည်။
ဒေါက်တာဘဦးသည် ၁၉၁၃ ခုနှစ်တွင် ဖခင်၏ အစ်မ ကြီး ဒေါ်ရှင်နှင့် ခရိုင်စက်ရှင် တရားသူကြီး ဦးအောင်ဇံ (K.S. M) သမီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထပ်၍ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် ဇနှီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါဖြစ် ကွယ်လွန်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ဖခင်၏ ညီဖြစ်သူ အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)၏ သမီးထွေး ဒေါ်အေးနှင့် ဒုတိယအိမ်ထောင် ထူခဲ့သည်။ ဒေါ်အေးနှင့် သားနှစ် ယောက် သမီး ၃ ယောက် ထွန်းကားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်ဒေါ်အေး ကွယ်လွန်ခဲ့သည်။ ဒေါ်အေးကွယ်လွန်ပြီးနောက် ၆လအကြာတွင် ပထမအိမ်ထောင်မှ ဒုတိယ သား နှင့်ဒုတိယ အိမ်ထောင်မှ သမီးနှစ်ယောက်တို့ အဆုတ်ရောဂါဖြစ် ကွယ်လွန်သွားခဲ့လေသည်။
တရားလွှတ်တော် တရားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ရွှေးကောက်ပွဲ စုံစမ်းရေး ကော်မတီများ၊ ၁၉၃၈ ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့် ကျောင်းသားသ ပိတ်တွင် စုံစမ်းရေးကော်မတီဝင်၊ ၁၉၃၁ ခုနှစ်တွင် ဆရာစံနှင့် ဂဠုန်တပ်သားများအား အမှု့စစ် ဆေး၍ အပြစ်ဒဏ်ချမှတ်ခဲ့သည့် အထူးခုံရုံး တရားသူကြီးအဖွဲ့ဝင်၊ ၁၉၄၇ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ၏ တရားရေးကော်မတီ၌ အကြံပေး၊ ၁၉၄၈ -၅၂ ဒေသ အုပ်ချုပ်မှု စုံစမ်းရေးကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စသည့်တာဝန် များကိုထမ်းရွက်ခဲ့သည်။
လူမှုရေးလုပ်ငန်းများအနေဖြစ် အိုးရီးရင့်ကလပ် ဥက္ကဌ၊ မြန်မနိုင်ငံကြက်ခြေနီအသင်း၊ သူနာပြုတပ်ဖွဲ့၊တက္ကသိုလ်ရန်ပုံငွေအဖွဲ့၊ပန်းဥယျာဉ်အသင်းဥက္ကဌအဖြစ်စသည့်အဖွဲ့အ စည်းများကို ဦးဆောင် ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗြိတိသျှအစိုးရမှ ချီးမြင့်သောဆာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရသည့်အခါ ဆာဘွဲ့ကို စွန့်လွှတ်ခဲ့ရ သည်။
နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာသရေစည် သဘွဲူ့၊ အဂ္ဂမဟာ သီရိသူဓမ္မဘွဲ့များ ချီးမြင့်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ် ထူးဆောင်ဥပဒေပညာ ပါရဂူ (L. LD) ဘွဲ့ ချီးမြှင့်ခံရသည်။၁၉၅၅ တွင် ယိုးဒယား(ထိုင်း) ဘုရင်၏ ဂုဏ်ထူးဆောင် ဆင်ဖြူဘွဲ့ တဆိပ် ၊ ယူဂိုစလားဗီးယား နိုင်၏ ဂရိတ်စတားတဆိပ် များ ချီးမြင့်ခံရသည်။
ဒေါက်တာဘဦးသည် ၁၉၆၃ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့တွင်ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် က သားကြီးဦးကျော်ဦး၊ ဦးမြဦး၊ ဦးမြင့်ဦး နှင့်သမီး ခင်စောဦး ကျန်ရစ်ခဲ့သည်။
နိုင်ငံတော်သမ္မတဟောင်းဒေါက်တာဘဦးသည် ၁၉၅၉ခုနှစ်က ကျွှန်ုပ်၏ ပြည်မြန်မာခေါ် သမ္မတတဦး၏ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသား၍ ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ၂၀၁၀ ပြည်နေ့ ဇွန်လတွင် စာရေးဆရာ စိန်ဝင်းစိန်က ကျွှန်ုပ်၏မြန်မာနိုင်ငံ အမည်ဖြစ် ဘာသာပြန်၍ လောကသစ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သည်။
ဝိဓူရ သခင်ချစ်မောင်
သန်ဝင်းလှိုင်
ဧပြီ ၁၁၊ ၂၀၁၁
သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင် စပါးကုန်သည် ဦးသာဂေါင်နှင့် အမိဒေါ်လှဖြူတို့မှ ဟင်္သာတခရိုင် ကွင်းကောက်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ သန်းမောင်ဖြစ်သော်လည်း၊ ချစ်မောင်အမည်သာ တွင်ခဲ့သည်။
ငယ်စဉ်က ၁၉၂ဝ ပြည့်နှစ်တွင် ကွင်းကောက်မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၂၃ အသက် ၇ နှစ်အရွယ်တွင် ကွင်းကောက်မူလတန်းကျောင်း၌ ဒုတိယတန်းပညာသင်ကြားနေစဉ် ဖခင်ကြီးကွယ်လွန်သွားခဲ့သည်။ ထို့နောက် ကွမ်းသီးတပင် မူလတန်းကျောင်းမှ စတုတ္ထတန်း၌ စကောလားရှစ် (ပညာသင်ဆု) ဖြင့် အောင်မြင်၍ အင်္ဂလိပ်အစိုးရ၏ အထောက်အပံ့ငွေ ၁၆ ကျပ်နှင့် ၅ နှစ် အထိ စတိုင်ပင် (ပညာသင်စရိတ်) ရခဲ့သည်။ ၁၉၂၃ သာယာဝတီခရိုင်သုံးဆယ် အာစီအမ် (ဗရင်ဂျီ) အထက်တန်းကျောင်းနှင့် နော်မံကျောင်းတို့၌ အထက်တန်းပညာသင်ကြားသည်။
ကျောင်းသားဘဝ၌ ၁၉၃၆ ခုနှစ်ထုတ် စာဆိုတော်မဂ္ဂဇင်း ဝတ္တုတိုတပုဒ်ရေးသား၍ ပြိုင်ပွဲဝင်ခဲ့ရာ ပထမဆု ရရှိခဲ့သည်။ ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စဉ် သုံးဆယ်မြို့ အာစီအမ် ခေါ် ဗရင်ဂျီသာသနာပြုကျောင်းမှ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့၏။ သပိတ်လှန်သောအခါ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်သော်လည်း တက္ကသိုလ်ကျွန်ပညာရေးစနစ်ကို မသင်ချင်တော့၍ တို့ဗမာအစည်းအရုံး (သခင်ပါတီ) သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံး ခေါင်းဆောင်ကြီးများဖြစ်ကြသော သခင်မြ၊ သခင်ဗစိန်၊ သခင်ခင်အောင် တို့နှင့်တွဲဖက်၍ နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။
သို့ကလို နိုင်ငံရေးဆောင်ရွက်ရင်း ၁၉၃၇ ခုနှစ်ထုတ် ဒီးဒုတ်ဂျာနယ်တွင် ‘အပြူး’ ကလောင်အမည်ဖြင့် “ထိုထိုဤဤ အလီလီ” ဟူသော အခန်းဆက်ဆောင်းပါး ရေးသားခဲ့သည်။
၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃ဝဝ ပြည့်အရေးတော်ပုံအစတွင် သာယာဝတီခရိုင် တောင်သူလယ်သမား ညီလာခံကြီးမှ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။ ၁၉၄ဝ ပြည့်နှစ်တွင် သာဝတီခရိုင် တို့ဗမာအစည်းအရုံး၏ တောင်သူလယ်သမား ဌာနမှူးအဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) ၏ အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
သာယာဝတီခရိုင် တို့ဗမာအစည်းအရုံးတွင် ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ၉ ရက်နေ့၌ မတရားအသင်း ကြေငြာခံရသည်အထိ ဥက္ကဋ္ဌ သခင်လင်းနှင့်အတူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး မတရားအသင်းအဖြစ် ဖျတ်သိမ်းခံရပြီးနောက် မြေအောက်တော်လှန်ရေးကာလ၌ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် သာယာဝတီခရိုင် မြေအောက်တော်လှန်ရေး အဖွဲ့ချုပ်တွင် အဖွဲ့ဝင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သာယာဝတီအနောက်ပိုင်းမှ တော်လှန်ပုန်ကန်မှုကို ခေါင်းဆောင်ခဲ့သည်။ သာရဝေါ၊ ထိန်တောနယ်တလျှောက်သိမ်းယူခဲ့ပြီး သာယာဝတီခရိုင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ရာတွင်လည်း ခေါင်းဆောင်တဦးအဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။
ဂျပန်ခေတ်တွင်အစိုးရ ရာထူးပေးသည်ကိုလက်မခံဘဲ ၁၉၄၂ သြဂုတ်လတွင် သာယာဝတီခရိုင် တို့ဗမာဆင်းရဲသားအစည်းအရုံး၏ ခရိုင်မှူးအဖြစ် ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးအတွက် မြေအောက်စည်းရုံးရေးများကို ဆောင်ရွက်ခဲ့သည်။
၁၉၄၇ ခုနှစ် နယ်သာလန်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စိုက်ပျိုးရေးကွန်ဂရက်သို့
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည် မြန်မာပြည်သားတွေအတွက် ရွှေတွံတေးဆရာတော်နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး FED အဖွဲ့တို့ ပူးေ...
-
(မောင်ကျောက်ခဲ) က ပ စမှ စစ်အင်ဂျင်နီယာများကိုယ်တိုင် ရခိုင်သို့ တတက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါသည် ။ ထို့ကြောင့် တိုက်ပွဲများတွင် ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...