စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Friday, November 4, 2011
နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ
2011-11-03
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
Photo: RFA
အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီမိုကရေစီရေးဆွေးနွေး
By ခင်မျိုးသက်
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချဲလ်တို့ဟာ
ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာအစိုးရသစ်အဖွဲ့ဝင် ဒုတိယနေ့
ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီး ဒီကနေ့ သောကြာနေ့မှာတော့ ရန်ကုန်မှာ
အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမေရိကန်
နိုင်ငံခြားရေးဌာနက VOA ကိုပြောပါတယ်။
သောကြာနေ့မှာတော့ အမေရိကန်သံတမန် ၂ ဦးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာစေဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ရော နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ပါ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မို်က်ကယ်ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ သူတို့ ၂ ဦး ဟာ နေပြည်တော်မှာ ဒုတိယနေ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်တို့ဟာ မြန်မာနိုင်ငံမှာရှိနေပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ နေပြည်တော်မှာ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”
ဒီဆွေးနွေးမှုတွေကို မြန်မာအစိုးရသစ်အဖွဲ့ရဲ့ ကာကွယ်ရေး၊ အလုပ်သမားရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီးတွေအပြင် ပြည်ထဲရေးဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
“ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေကတော့ အလုပ်သမားနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်၊ နယ်စပ်ဒေသရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက်၊ ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ပါ။ ဒါ့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စနာကတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနဲ့ တွေ့ဆုံခဲ့ပါတယ်”
ဒါဟာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပေမယ့် မစ္စတာမစ်ချဲလ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအဖြစ်တာဝန်ယူခဲ့တဲ့ ၃ လနီးပါး အချိန်အတွင်းမှာ တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ သောကြာ နေ့မှာ ရန်ကုန်မှာ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် တို့ဟာ နေပြည်တော်ကအပြန် နိုဝင်ဘာလ ၄ရက်နေ့မှာ ရန်ကုန်မြို့မှာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်”
အမေရိကန် ကိုယ်စားလှယ်၂ ဦးဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွါဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဆက်ပြီး ထားရှိတဲ့ အမေရိကန်အစိုးရက မြန်မာ အစိုးရသစ်အဖွဲ့ကို ခိုင်မာတဲ့ အပြောင်းအလဲ ခြေလှမ်းတွေလှမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
အစိုးရသစ်အဖွဲ့အနေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုထက်ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသားတွေနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နိုင်ငံတကာက စိုးရိမ်နေတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခုထက်ပိုပြီး ထင်သာမြင်သာ ရှိဖို့ပါ တောင်းဆိုနေတာပါ။
အမေရိကန် သံတမန် ၂ ဦးဟာ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က VOA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

မြန်မာရေဘေးဒုက္ခသည် ဌာနေပြန်ရေး အခမဲ့ ကူညီရန် ထိုင်းနှင့်မြန်မာ သဘောတူ
နိုဝင်ဘာလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
လနှင့်ချီကာ ရေကြီးနေသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဌာနေပြန် ချင်သူ ရေဘေးဒုက္ခသည် မြန်မာရွှေ့ပြောင်းအလုပ် သမားများကို အခမဲ့ ကူညီရန် ထိုင်းနှင့် မြန်မာတို့က ယနေ့ညနေက မဲဆောက်-မြ၀တီ ကုန်သွယ်ရေးတံတားပေါ်တွင် သဘောတူလက်မှတ်ရေးထိုးလိုက်သည်။ နှစ်ဦးနှစ်ဘက် ပဏာမသဘောတူချက်အနေဖြင့် တာ့ခ်ခရိုင် ထိုင်းလူဝင်ကြီးကြပ်ရေးအဖွဲ့(လ၀က)က ယမန်နေ့က ဘန်ကောက်မှ မဲဆောက်သို့ ရောက်ရှိလာသည့် မြန်မာရေဘေးဒုက္ခသည် ၁၀၀ကျော်ကို မြ၀တီခရိုင် (လ၀က)အဖွဲ့ထံလွှဲအပ်ပေးခဲ့ခြင်းဖြစ်သည်။မြန်မာအစိုးရအဖွဲ့မှ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦဇော်လွင်ဦးက “ဒုက္ခရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေ မိခင်နိုင်ငံကို ပြန်လာနိုင်ရေးအတွက် ကျနော်တို့က ခရိုင်အဆင့်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဆီ တင်ပြပြီး သမ္မတကြီးက ဒါကို လက်ခံ တဲ့အတွက် ဒီလို ဖြစ်လာတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသည် ရေဘေးဒုက္ခသည်များကို မြ၀တီခရိုင် အစိုးရက တည်းခိုရာနေရာ၊ အစားအ သောက်နှင့် ခရီးစရိတ်(ကားခ) ကူညီပေးမည်ဖြစ်ပြီး ရေဘေးဒုက္ခသည်ထံ ငွေတောင်းသူများရှိလျှင် တိုင်ကြားနိုင်သည်ဟု လည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။
မြန်မာရေဘေးအလုပ်သမားများ ကူညီရန်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ယခင်လက ဖွဲ့စည်းခဲ့သည်ဟုလည်း သူက ပြောသည်။
ထို့အပြင် ထိုင်း-မြန်မာအစိုးရအနေဖြင့် မြန်မာရေဘေးဒုက္ခသည်များကို နေ့စဉ် ပုံမှန် ရာချီ၍ ဆက်လက်ပို့ဆောင်ရန် သဘော တူခဲ့ကြပြီး ၎င်းပို့ဆောင်ရေးအတွက် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးတံတားကို ဖြတ်သန်းခွင့်ပြုရန်လည်း နှစ်ဦးနှစ်ဘက်မှ ယနေ့ သဘောတူညီမှု ရရှိခဲ့သည်။
သို့သော် တံတားပြန်ဖွင့်ရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်မှ မေးမြန်းရာမှာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးက သမ္မတ ဦးသိန်း စိန် ဗဟိုအစိုးရထံ တင်ပြသွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထိုင်း-မြန်မာအစိုးရတို့၏ အစီအစဉ်ဖြင့် မဲဆောက်ကို ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက “ကျနော်တို့ ကို ခရီးစရိတ်အကုန်ခံပြီး ကူညီပေးတဲ့ အစိုးရကို ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ အပြီးပြန်လာတာ။ ထိုင်းနိုင်ငံကို အလုပ်လာမလုပ်တော့ဘူး။”ဟု ပြောသည်။
ပြီးခဲ့သည့်လက ဘန်ကောက်မှ ပြန်လာသည့် ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် မြ၀ တီမှ နယ်ခြားစောင့်အဖွဲ့များက ပူးပေါင်းကာ ငွေညှစ်မှုများ ရှိခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဆည်များကို ရေဖောက်ချမှုကြောင့် ဘန်ကောက်ဒေသ တွင်၂လကြာ ရေကြီးမှု
အသုံးမ၀င်တဲ့ မှတ်ပုံတင်နဲ့ ခရီးသွားတွေရဲ့ဒုက္ခ
Published on September 23, 2011 by ဒီဗွီဘီ ·
ကျနော်က
ရန်ကုန်ကနေ ကော့သောင်းကို အရေးကြီးကိစ္စနဲ့ ခရီးသွားရပါတယ်။ ရန်ကုန်ကနေ
မော်လမြိုင်အထိ ဘာမှ ပြဿနာ မရှိပေမယ့် မော်လမြိုင်လွန်တာနဲ့ လ၀ကနဲ့
လူကုန်ကူးတားဆီးရေး ဆိုတဲ့အဖွဲ့တွေ တောက်လျှောက်လာစစ်တယ်။
မှတ်ပုံတင်တစောင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ပေးဆောင်ပြီး ခရီးသွားရတယ်။
ပိုဆိုးလာတဲ့နေရာက ထားဝယ်အ၀င်မှာပါ။ မှတ်ပုံတင်နယ်ခြားကို ၅၀၀၀
ကောင်းကောင်းမတောင်းဘူး။ ဟိန်းဟောက်ခြောက်လှန့်ပြီး တောင်းတယ်။
ပေးတဲ့လူတွေပေးတယ်။ ကျနော်ကတော့မပေးဘူး။ စကားတော်တော်များ လိုက်တယ်။
မှတ်ပုံတင် ထားခဲ့လိုက်တယ်။ တိုင်းရဲစခန်းကို သွားအမှုဖွင့်တယ်။
မှတ်တမ်းရေးပေးပါ့မယ်ဆိုပြီး ရေးပေးတယ်။ ထားဝယ်မှာ သုံးရက်ကြာတယ်။
တိုင်းရုံးက ထောက်ခံစာ ရေးပေးလိုက်တယ်။ ကော့သောင်းရောက်တော့
လူကုန်ကူးတားဆီးရေးအဖွဲ့ ရဲတွေက ကျနော့် ထောက်ခံစာကို လုံးခြေ
လွှတ်ပစ်လိုက်ပြီး မင်း ရန်ကုန်ပြန်ရမယ်၊ ကော့သောင်းမ၀င်ရဘူးဆိုပြီး
သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ထားတယ်။ မင်းတို့ ထွက်ချင်ရင်
မှတ်ပုံတင်တစောင်ကို ၇ သောင်း ဆိုပြီး လာပြောတယ်။ ကောင်မလေးတွေကိုတော့
မှတ်ပုံတင် တစောင် ငါးသောင်းနဲ့ တည့်ပြီး လာထုတ်သွားတယ်။ ခဏနေတော့မှ
ကျနော့်သူငယ်ချင်း ရောက်လာလို့ ကျနော်ထွက်ရတယ်။ ခရီးသွားတွေ
စိတ်ချမ်းသာမလား။ မှတ်ပုံတင်က မြန်မာပြည်မှာ သုံးမရဘူးလား။
တဖက်နိုင်ငံခိုးထွက်မဲ့သူတွေ ဘယ်နေရာကနေ တားသင့်သလဲ။ အသုံးမ၀င်တဲ့
ဒီမှတ်ပုံတင် ဘာလို့ ထုတ်ပေးနေမလဲ။ အခုလို လာဘ်စားပြီး ရိုင်းပြတဲ့
ဝန်ထမ်းတွေကို ဘယ်လိုအရေးယူမလဲ။ သမ္မတကြီးနဲ့ တိုင်းမှူးကြီးသိအောင်
ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ခရီးသည်တဦး
ထိုင်းနိုင်ငံရေးကြီးမှုကြောင့် ငွေညစ်-ခေါင်းပုံဖြတ်နေသည့် နယ်ခြားစောင့်တပ်၏ရှက်ဖွယ်အတိလုပ်ရပ်အား ဝိုင်းဝန်းရှုတ်ချဆန့်ကျင်ကြပါစို့
by Ko Baloi on Friday, November 4, 2011 at 5:06am
ရေဘေးဒုက္ခရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြသည့် အလုပ်သမားတွေကို နယ်ခြား
စောင့်တပ်၏ မတရားအဓမ္မ ငွေညစ်တောင်းခံနေခြင်းသည် အရမ်းအောက်တန်းကျ
သည့်လုပ်ရပ်ဖြစ်ပြီး ရှက်တတ်ရင် လဲသေပစ်ဖို့ကောင်းပါသည်။
ထို- အောက်တန်းကျသည့်လုပ်ရပ်သည် နယ်ခြားစောင့်တပ်၏ ဂုဏ်သိက္ခာကိုများစွာ
ထိချုက်စေသည်ကို နယ်ခြားစောင့်တပ် ခေါင်းဆောင်များအား သိစေလိုပါသည်။
ရေနစ်လို့မသေ- ငွေညစ်လို့သေမည်ဆိုသည့်စကားသည် အလုပ်သမားများ၏ ရင်ဘတ်
ထဲက လာသည့်စကားစစ်စစ်ဖြစ်သည်။
ထို- ငွေညစ်နေသည့် လုပ်ရပ်ကို ကျနော်တို့ ဒီမိုကရေဒီအသိုင်းဝိုင်းနဲ့ အခြားသောအဖွဲ့
အစည်းများမှ ဥပေက္ခာမပြုထားပဲ...ယင်း- အောက်တန်းကျတဲ့ နယ်ခြားစောင့်တပ်၏
လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုပ်ချကြဖို့ အရေးကြီးပါတယ်။
ဒီ- နယ်ခြားစောင့်တပ်တွေဟာ...အခုလိုလုပ်နေတာ ကြာပြီးဖြစ်ပေမယ့် မသိကျိုးကျွန်
ပြုထားမှုကြောင့်....တဖြည်းဖြည်းနဲ့ အတင့်ရဲလာကာ- အခုလို...ဒုက္ခရောက်လာတဲ့ လူ
တွေကိုတောင်မရှောင်တော့ပဲ...ငွေညစ်တောင်းခံလာတာဖြစ်ပါတယ်။ ကုန်သယ်တွေက
ငွေကောက်ခံတာကို နားလည်မှုပေးလို့ရပေမယ့်....အခုလို- လက်ရဲ- ဇက်ရဲ ဒုက္ခ
ရောက်နေသူတွေအပေါ် ငွေညစ်တောင်းခံနေတာကို facebook ကနေတဆင့် ပြင်းပြင်း
ထန်ထန်ရှုတ်ချကြပါစို့...။
သမ္မတ- ဦးသိန်းစိန်၏ မြဝတီ- မဲဆောက်တံတား ယာယီပြန်ဖွင့်ပေးပြီး ရေးဘေးဒုက္ခရောက်
လာသည့် အလုပ်သမားများအား အကူညီပေးသည့် လုပ်ငန်းအစီစဉ်ကို ကျေးဇူး
တင်ရှိကြောင်း ပြောကြားလိုပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြွေးကျော်သံများ.....
၁- နယ်ခြားစောင့်တပ်၏ မတရားငွေညစ်နေသည့်လုပ်ရပ်.....ချက်ခြင်းရပ်- ချက်ခြင်းရပ် ။
၂- ဒုက္ခရောက်သူများအပေါ် ငွေညစ်သူများအား....ဆန့်ကျင်ကြ....ဆန့်ကျင်ကြ။
၃- ဒုက္ခရောက်နေသူတွေကို.....ကယ်တင်ကြ....ကယ်တင်ကြ။
၎- ဒုက္ခရောက်နေသူတွေကို.....ကူညီကြ......ကူညီကြ။
နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး
by The Irrawaddy (Burmese Version) on Thursday, November 3, 2011 at 7:16pm
By ဧရာဝတီ on November 3, 2011 6:09 pm in သတင်း
ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို မြန်မာအာဏာ ပိုင်များက ယနေ့မွန်းလွဲ ၂နာရီခန့်တွင် ဖွင့်လှစ်ပေးလိုက်သည်။
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီတွင် လူ ပွဲစားများ၏ အဓမ္မငွေတောင်းခံရမှုများနှင့် အခြားပြဿနာများ ကြုံတွေ့နေရမှုများမှ ကင်းဝေးရန်အတွက် မြန်မာအစိုးရက တနှစ် ကျော်ကြာ ပိတ်ထားသည့် ယင်း ချစ်ကြည်ရေးတံတားကို ယာယီဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရပြီး မဲဆောက်ရှိ ထိုင်း လူဝင်မှု ကြီးကြပ်ရေး(လ၀က)ရုံးသို့ ရောက်ရှိလာသည့် မြန်မာအလုပ် သမား ၁၀၀ ကို ပထမအသုတ်အဖြစ် ထိုင်း လ၀က အဖွဲ့က ချစ်ကြည်ရေးတံတား မှတဆင့် ယနေ့တွင် မြန်မာ ဘက်သို့ လွှဲပြောင်း ပေးရာ မြ၀တီခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး နှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။
ဦးဇော်လွင်ဦးက“ထိုင်းကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်မှာ လူပွဲစားတွေက တယောက်ကို ဘတ် ၂၅၀၀ ငွေညှစ်တဲ့ ကိစ္စတွေနဲ့ အခြားပြဿနာတွေကြောင့် နိုင်ငံတော်အစိုးရက အလုပ်သမားတွေအတွက် ဒီနေ့ကစပြီး တံတား ကို ဖွင့်ပေးလိုက်တယ်”ဟု သတင်းထောက်များကို ပြောသည်။
ယနေ့မှစ၍ ချစ်ကြည် ရေးတံတားမှလွဲ၍ အခြားတရားမ၀င် နယ်စပ်ဂိတ်များမှ မြန်မာ အလုပ်သမားများကို မပို့ရန်လည်း ဦးဇော်လွင်ဦး က ထိုင်း လ၀က အရာရှိကို ပြောကြားသည်။
မြ၀တီခရိုင် လ၀က ဦးစီးမှူးကလည်း“ကျနော်တို့ဘက်က ဖွင့်ပေးလိုက်ပြီးဖြစ်တဲ့အတွက် နောက်ကို ဒီလမ်းကပဲ ပို့ရမှာဖြစ် တယ်၊ တံတားပေါ်ကနေလူ ၁၀၀ ပို့ပြီး အခြားတရားမ၀င် ဂိတ်တွေကနေ ၃၀၀ လောက် ပို့ပေးတာမျိုး မလုပ်စေချင်ဘူး”ဟု ထိုင်း အာဏာပိုင်များကို ပြောသည်။
မြန်မာ အာဏာပိုင်များက နေရပ်ပြန်လာကြသည့် အလုပ်သမားများကို ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် လိုအပ်ချက်များကို အပြည့်အ၀ အကူအညီပေးလျက်ရှိသည်ဟုလည်း ထိုင်းအာဏာပိုင်များနှင့် သတင်းထောက်များကို ဦးဇော်လွင်ဦးက ဖြည့် စွက်ပြောကြားသည်။
“ကျနော်တို့ အစိုးရကအလုပ်သမားတွေကို အပြည့်အ၀အကူအညီပေးဖို့ ညွန်ကြားထားပြီး ဖြစ်တယ်၊ အခုပြန်လာကြတဲ့လူတွေကို နေရေးထိုင်ရေးကူညီပေးတဲ့အပြင် ငွေမရှိတဲ့လူတွေကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်”ဟု ဦးဇော်လွင်ဦးက ဆို သည်။
မနက်ဖြန်မှ စတင်၍ ထိုင်းနိုင်ငံမှပြန်လာကြမည့် ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသည့် တရားဝင် အလုပ်သမားများနှင့် ဖမ်းဆီးခံ တရားမ၀င် အလုပ်သမားများသည် ချစ်ကြည်ရေးတံတားမှ တဆင့်သာ နေရပ်ပြန်ကြရမည်ဖြစ်သည်။
နေရပ်ပြန် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ယာယီဖွင့်လှစ်ပေးခြင်းသာဖြစ်ပြီး အခြားလူများသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် မရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ရေဘေးနှင့် ဖမ်းဆီးခံရမှုများကြောင့် ယနေ့ မဲဆောက်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ ၅၀၀ ကျော်ရှိသည်ဟု သိရသော်လည်း ပထမနေ့အဖြစ် ထိုင်း လ၀က က ချစ်ကြည်ရေး တံတားပေါ်မှတဆင့် မြန်မာဘက်ပြန်ပို့သည့် အရေအတွက်မှာ လူ ၁၀၀ သာဖြစ်သည်။
အောက်တိုဘာ လဆန်းက စတင်သည့် ဘန်ကောက်နှင့် ဆက်စပ်ခရိုင်များအတွင်း ရေဘေးဒဏ်ကြောင့် စက်ရုံအလုပ်ရုံများပိတ်၍ မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် နေရပ်ပြန်လာကြသော ထောင်ချီသည့် မြန်မာ အလုပ်သမားများကို မြ၀တီ ဘက် ရှိ အမှတ် ၁၀ လှေဂိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လူပွဲစားများက တဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀ ကောက်ခံ မှုများကြောင့် အလုပ်သမားများ အခက်အခဲ ကြုံခဲ့ကြရသည်။
ထိုသို့ အဓမ္မငွေတောင်းနေမှုကို နေပြည်တော် အမိန့်ဖြင့် မြ၀တီခရိုင် အာဏာပိုင်များက လွန်ခဲ့သည့်အပတ်မှ စတင်အရေးယူခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ယာယီစတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ် သည်။
မြန်မာဘက်မှ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင် ပိတ်ထားခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူများကလည်း နခွန်ပထုန် မြို့နယ် ၀ပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်းအတွင်း ယာ ယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးဒုက္ခကြုံနေရသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့်ပူးပေါင်း ၍ ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများ နှင့် ယာယီ ပတ်စ်ပို့များကို အောက်တိုဘာ၂၉ ရက်နေ့က စတင် ထုတ်ပေးခဲ့သည်။

ဒီကေဘီအေနှင့်အစိုးရ နိုဝင်ဘာ ၆ ရက်နေ့ တရားဝင် အပစ်အခတ် ရပ်စဲမည်
Published on November 4, 2011 by ဒီဗွီဘီ ·
ဒီ
ကေဘီအေ – တိုးတက်သော ကရင်အမျိုးသား ဗုဒ္ဓဘာသာတပ်မတော် နဲ့
အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိသွားပြီဖြစ်ပါတယ်။
ဘားအံမြို့
ကို မနေ့က သွားရောက်ခဲ့တဲ့ ဒီကေဘီအေ ကိုယ်စားလှယ် အဖွဲ့ဝင် ၇
ဦးဟာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက် ဒီလ နိုဝင်ဘာ ၅
ရက်နေ့မှာ အပစ်အခတ်ရပ်စဲ ရေး ကြေညာပြီး ၆ ရက်နေ့မှာ
ကရင်ပြည်နယ်တခုလုံးမှာ အပစ်အခတ်ရပ်စဲသွားဖို့ သဘောတူလိုက်ကြတယ်လို့
ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလဲဘွဲ ခေါ်
ဗိုလ်ချုပ်နှုတ်ခမ်းမွေးက ဒီဗွီဘီကို ပြောကြားပါတယ်။
ကျန် နောက်ဆက်တွဲကိစ္စတွေကိုတော့ ရှေ့ဆက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
နယ်ခြား
စောင့်တပ်ကို အသွင်ပြောင်းဖို့ ငြင်းဆန်ပြီး မနှစ်က နိုဝင်ဘာ
ရွေးကောက်ပွဲနေ့က စပြီး အစိုးရတပ်ကို စတင်တိုက်ခိုက်ခဲ့တဲ့
ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ
ဗုဒ္ဓဘာသာတပ်မတော်တပ်ဖွဲ့က အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့
အစိုးရဘက်နဲ့ ကရင်ပြည်နယ်ဝန်ကြီးရုံးမှာ အောက်တိုဘာ ၂၆ ရက်က ပဏာမ
ဆွေးနွေးခဲ့ပါတယ်။
Wednesday, November 2, 2011
မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း
မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း
အကြောင်းမှာ လက်၇ှိကျောင်းထိုင်ဆရာတော်သည် ထိုင်းနိုင်ငံသားလက်မှတ်မရှိသည် ကို အကြောင်းပြ၍ ဖေါ်ပြပါထိုင်းနိုင်ငံသားအချို့ 
(ရယောက်ဝန်းကျင်)မှ ထိုင်းနို်င်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းကရင် လူမျိုး ဆရာတော်ကြီးထက် ၀ါတော်များစွာငယ်သည့် ကိုယ်တော်တပါး
အား ကျောင်းထိုင်တင်ရန် ကြိုးစားခဲ့ကြသည် ။ ၄င်းကိစ္စနှင့် ပတ်သတ်၍ ၂၅-၁၀-၂၀၁၁ တွင် မဲဆောက်ရှိထိုင်းအာဏာပိုင်များ သံဃာ့
နာယက ဆရာတော် ကြီးများ မှ လာရောက်ဖြေရှင်းပေးခဲ့ကြပါသည် ။
ဆုံးဖြတ်ချက်မှာ - မူလကျောင်ထိုင်ဆရာတော်ကြီးဘဒ္ဒန္တ မဟိန္ဒ
ကိုသာဆက်လက် တစ်နှစ်ခြောက်လ ကျောင်းထိုင်အဖြစ် ဆက်လက် တာဝန်ယူစေပြီး
ထိုင်နိုင်ငံတွင် နှစ်ပေါင်း၄၀ နီးပါ သာသနာေ၇းကို ဆောင်ရွက်ခဲ့သည့်အတွက်
ထိုင်းဒကာတို့ နှင့် သံဃာတော်များမှ ထိုင်နိုင်ငံသား
လက်မှရရှိရန်ဝိုင်းဝန်းကြိုးစား ပေးကြရန် နှင့် ထိုင်းလက်မှတ်အပြည့်အစုံရလျှင် ဘဒ္ဒန္တမဟိန္ဒ အား ကျောင်းထိုင်ဆရာတော်ကြီးအဖြစ် ထပ်မံအသိအမှတ်ပြုအောင်ပွဲကျင်း ပရန် မဲဆောက်သာသနာပိုင်များမှ ဆုံးဖြတ်ခဲ့ကြသည်။
(ရယောက်ဝန်းကျင်)မှ ထိုင်းနို်င်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းကရင် လူမျိုး ဆရာတော်ကြီးထက် ၀ါတော်များစွာငယ်သည့် ကိုယ်တော်တပါး
အား ကျောင်းထိုင်တင်ရန် ကြိုးစားခဲ့ကြသည် ။ ၄င်းကိစ္စနှင့် ပတ်သတ်၍ ၂၅-၁၀-၂၀၁၁ တွင် မဲဆောက်ရှိထိုင်းအာဏာပိုင်များ သံဃာ့
နာယက ဆရာတော် ကြီးများ မှ လာရောက်ဖြေရှင်းပေးခဲ့ကြပါသည် ။
ဆုံးဖြတ်ချက်မှာ - မူလကျောင်ထိုင်ဆရာတော်ကြီးဘဒ္ဒန္တ
ထိုဆုံးဖြတ်ချက်ပြီးနောက်
၂၅-၁၀-၂၀၁၁ ည ၇း၀၀ အချိန်တွင် ဖေါ်ပြပါ သတင်းဂျာနယ် အယ်ဒီတာ မှဦးဆောင်၍
ရဲများကို ခေါ်ပြီးနိုင်ငံသားလက်မှတ်မရှိ သည့် ကျောင်းထိုင်အား သံဒေါက်မှု (လက်မှတ်မရှိ သည့်အမှု) နှင့်ဖမ်းဆီးရန် ကျောင်းရှေ့ ပရ၀ဏ်တွင်
ဝိုင်းထားကြသည် ။ဆရာတော်မှ ၀ရန်းမပါသည့်အတွက် အဖမ်းမခံပဲ ကျောင်းပေါ်တွင်ပင် သီတင်းသုံးလျှက်ရှိနေသည် ဆရာတော်အတွက်စိုးရိမ်သော ဒကာဒကာမများ ၅၀ ၀န်းကျင်းဝန်းရံ လာသဖြင့် ရဲများ ပြန်သွားကြသည်။ထိုညတွင်ပင် ၂း၀၀၀န်းကျင်၌ သတင်းအယ်ဒီတာ စစ်စမ် ဦးဆောင်၍ ဆရာတော် ကောင်းမွန်စွာ မကျိမ်းနိုင်ရန် အနှောက်အယှက်မျိုးစုံပြုခြဲ့ ကသည် ။မြန်မာဒကာများထိုင်းဒကာအချို့ က
ဆရာတော်အား အကာအကွယ်ပေးပြီးကျောင်း၌ပင် ညမအိပ်ပဲစောင့်ခြ့ကြရသည်။
၂၆-၁၀-၂၀၀၁၁ ည ၁၀း၀၀ ကျော်တွင် ၄င်းသတင်းအယ်ဒီတာနှင့်အတူ
နောက်လိုက်တပည့်များ က ဆရာတော်ကြီးသီတင်းသုံးသောကျောင်းပတ်လည်သေနတ်ရှည်တစ်လက်ကိုင်ပြီး လမ်းလျောက် ၍ ခြိမ်းခြောက်သမှုပြုခဲ့ကြသည် ။တပည့်ဒယကာများမှ ဆရာတော်ကြီးအား ဆက်လက်၍ မအိပ်မနားဝိုင်းဝန်းစောင့်ရှော က်နေကြသည်။၂၇-၁၀-၂၀၁၁ ည ၁၀း၃၀တွင်
ဝိုင်းထားကြသည် ။ဆရာတော်မှ ၀ရန်းမပါသည့်အတွက် အဖမ်းမခံပဲ ကျောင်းပေါ်တွင်ပင် သီတင်းသုံးလျှက်ရှိနေသည် ဆရာတော်အတွက်စိုးရိမ်သော ဒကာဒကာမများ ၅၀ ၀န်းကျင်းဝန်းရံ လာသဖြင့် ရဲများ ပြန်သွားကြသည်။ထိုညတွင်ပင် ၂း၀၀၀န်းကျင်၌ သတင်းအယ်ဒီတာ စစ်စမ် ဦးဆောင်၍ ဆရာတော် ကောင်းမွန်စွာ မကျိမ်းနိုင်ရန် အနှောက်အယှက်မျိုးစုံပြုခြဲ့
၎င်းသတင်းစာအယ်ဒီတာမှ ရဲ ၁၀ယောက်ခန့် ခေါ်ပြီး ဆရာတော်ကြီးအားလာရောက်စောင့်ရှောက်နေသည့်ဒကာများအားဖမ်းဆီးခို င်းခဲ့သည်။ရဲမှ
ဘတ်များစစ်ဆေးပြီး မပြန်လျှင် ဖမ်းသွားမည်ဟုခြိမ်းခြောက်ခဲ့ရာ
မြန်မာဒကာများမှ တဦးချင်းဖန်းဆက်၍ အကြောင်းကြားခဲ့ရာ ဒကာ
၅၀ကျော်ဝန်ရံလာပြီး ဆရာတော်ကြီး၏ကျောင်းဒကာ ထိုင်းအဖိုးအိုမှ
လာရောက်ဖြေရှင်းပေးခဲ့သဖြင့် ရဲများပြန်သွားခဲ့သည်။ ဤကဲ့သို့ 
ညအချိန်မတော်မှ ဆရာတော်ကြီးအား နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်နေခြင်း
ဆရာတော် အာကာကွယ်စောင့်ရှောက်နေသည့် ဒကာဒကာမများအား
ရန်လိုခြိမ်းခြောက်နေခြင်း တို့ နေ့ စဉ်ရက်ဆက် ပြုလုပ်နေသည်မှာ
ဗုဒ္ဓဘာသာဝင်များ အမြင်ဖြင့်အင်မတန် အရုပ်ဆိုး အကျည်းတန် လှပါသည်။ သို
့အတွက်ကြောင့် မဲဆောင်တွင်ရှိနေသော မြန်မာအလုပ်သမားများ တော်လှန်ရေး အဖွဲ
့အစည်း များမှ မခံမရပ်နိုင် ဖြစ်သဖြင့် နေ ည အလှည့်ကျ
ကျောင်းရှေ့ဝန်းကျင်တွင်စောင့်ြ ကည့်ပေးနေရပါသည် .နေ့  ၂၈-၁၀-၂၀၁၁ တွင်
၎င်းသတင်းစာအယ်ဒီတာ နှင့် အဖွဲ့ မှ ပြင်ပသို့ ထွက်သွားပြီး
ဆရာတော်နှင့်အတူ ဆရာတော်အားစောင့်ရှောက်နေကြသော အဖွဲ့ အစည်းအသီးသီး နှင့်
ရွှေ့ ပြောင်းအလုပ်သမား အချို့ အား ဖမ်းဆီးရန် အကြမ်းဖက်မောင်းထုတ်နိုင်ရန်
အစီအစဉ်ရှိကြောင်းသတင်းရရှိပါ သည်။
ပုံတွင်ပါသော နှုတ်ခမ်းမွေး နှင့် ကုတ်အကျီ င်္အနက်ဝတ်၍ လက်နှင့်ညွန် ပြနေသူ (Get Wind of News ) သတင်းစာ အယ်ဒီတာစစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂) ဦးဆောင်သည့် ၄င်းသတင်းစာတိုက် အဖွဲ့ ဝင် တစ်ချို့ပါသော ထိုင်းနိုင်ငံသားများမှ တောရကျောင်းမဲဆောက်မြို့တွင်နှစ် ၄၀နီးပါး သီတင်းသုံးခဲ့ပြီး၂၂နှစ်ကြာ တောရကျောင်းထိုင် အဖြစ် သီတင်းသုံးခဲ့သော ဆရာတော် ဘဒ္ဒန္တမဟိန္ဒ
အား မြန်မာနိုင်ငံသား ဘုန်းကြီးဖြစ်သည်ကို အကြောင်းပြု၍ တောရကျောင်းထိုင်အဖြစ်မှ ၄င်းတောရကျောင်းမှ လည်းကောင်း မောင်းထုတ်နိုင်ရန် ဥပဒေအားဖြင့်တနည်း ခြိမ်းခြောက်သောအားဖြင့်တနည်း ကြိုးစား အားထုတ်နေသည်မှာ ဗုဒ္ဓဘာသာဝင် တို့ အဖို့ အရှက်ရဖွယ် ကိစ္စဖြစ်သလို ထိုင်းမြန်မာဗုဒ္ဓသာသနာ အတွက် လည်း ဂုဏ်သိက္ခါငြိုးနွမ်းစေသည့်ဖြစ်ရပ်ဖြစ်သည်။

သူဖုန်းကိုခေါ်ပြီး ကန်ကွက်ပေးကြပါရန်ပန်ကြားပါတယ်။
ဆရာတော်ကြီးကိုနှောက်ယှက်နေသူနာမည်- စစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂)
ကလေးကိုဖက်ထားသူ ဟာ စစ်ခ်စမ်း ဖြစ်တယ်။
ကလေးကိုဖက်ထားသူ ဟာ စစ်ခ်စမ်း ဖြစ်တယ်။
မြန်မာပြည်တွင်းရှိသူများက ထိုင်းသံရုံးကိုကန့် ကွက်စာပို့ ပါ။
အမေရိကန်နိင်ငံဆိုင်ရာထိုင်းသံရုံးကိုဖုံးဆက်ကြပါ။ ကန်ကွက်ကြပါ။
ရေဘေးသင့် မြန်မာ အလုပ်သမားများ အတွက် နေထိုင်ခွင့် စာရွက်များ လုပ်ပေးနေ
Written by မြတ်ညို |
Tuesday, 01 November 2011 00:00 |
ထိုင်းအလုပ်သမား
ဝန်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်နှင့် မြန်မာသံရုံးမှ သံမှူး
ဦးနိုင်ထွန်းတို့ ဦးဆောင်ပြီး ရေဘေးသင့် ရွှေ့ပြောင်း မြန်မာ
အလုပ်သမားများအတွက် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေး
စခန်းထဲတွင် လုပ်ပေးနေသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၁၀၀)ခန့် အကွာတွင် ရှိသော Watrakhing Phraarramluang ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေး စခန်းတွင် လာရောက် ခိုလှုံနေသည့် ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲနှင့် လူဝင်မှု ကြီးကြပ်ရေး (လ၀က) အဖွဲ့များက ဖမ်းဆီးခြင်း မပြုနိုင်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်ပေးကြခြင်း ဖြစ်သည်။ မြန်မာသံမှူး ဦးနိုင်ထွန်းက “ရေဘေးကြောင့် ယာယီပတ်စ်ပို့ ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့် စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို ဒီကယ်ဆယ်ရေး စခန်းထဲမှာပဲ ယာယီပတ်စ်ပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ ထိုင်းအစိုးရက work permit ပါ လုပ်ပေးမယ်။ ဘာစာရွက် စာတမ်းမှ မရှိတဲ့ အလုပ်သမားတွေကိုတော့ ယာယီ ခရီးသွားလာခွင့် လုပ်ပေး ထားတယ်’’ဟု ပြောသည်။ အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် ထိုင်းနိုင်ငံ အတွင်းရှိ ရေဘေးသင့် နေရာဒေသ ပေါင်းစုံမှ မြန်မာ အလုပ်သမားပေါင်း (၃၆၄)ယောက် ရှိသည်ဟု သိရသည်။ ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်က “ဒီစခန်း အထဲကို ဘယ်နေရာကမဆို လာနိုင်ပါတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေး စောင့်ရှောက် ထားပါတယ်။ ဆေးခန်းလည်း ဖွင့်လှစ် ထားပါတယ်။ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးနေပါတယ်”ဟု ပြောသည်။ စခန်းတွင်း လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများ ကလည်း နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း ခြံဝင်းနှင့် ၎င်းရပ်ကွက် အတွင်းရှိ အနိမ့်ပိုင်း နေရာများတွင် သဲအိတ်များဖြင့် တမံဆည် ဖို့ခြင်းများကို နေ့စဉ် လုပ်အားပေးလျှက် ရှိကြသည်။ |
မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေးဒုက္ခသည်များအတွက် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်။
Thursday, 27 October 2011 00:00 |
ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီ ပေးသည့် လုပ်ငန်းများ နှေးကွေးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများကို (၂၅၊၁၀၊၂၀၁၁) ရက်နေ့တွင် ထုတ်ပြန်သည့် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ ကြေညာချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။ နေးရှင်းသတင်းစာ၏ အဆိုအရ ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာန အနေဖြင့် ရေဘေးဒုက္ခသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်းသည် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ တွန်းအား တစ်ခုကြောင့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများအား မိမိတို့ နိုင်ငံသို့ ပြန်ခြင်းထက် ထိုင်းနိုင်ငံအတွင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးပြီး လုပ်ငန်းသစ်များ ရှာဖွေပေးမည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို နေးရှင်း သတင်းစာက ကိုးကားထားသည်။ “ထိုင်းအစိုးရ အနေနဲ့ အခုလို မြန်မာရေးဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး စခန်း ဖွင့်ပေးပြီး အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတာ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာပြည်ကို ပြန်သွားတဲ့ အလုပ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဂိတ်ကြေးတွေ ပေးနေရတယ်ဆိုတော့ သူတို့အနေနဲ့ ယာယီစခန်းတွေမှာ ခဏနေပြီး၊ အလုပ်အကိုင် ရှာဖွေကြတာ ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။ ရွှေ့ပြောင်း အလုပ်သမား ရေဘေး ကယ်ဆယ်ရေးကို လုပ်ကိုင်နေသည့် ကွန်ယက်အဖွဲ့နှင့် ထိုင်းအစိုးရ တာဝန် ရှိသူများသည် (၂၆၊၁၀၊၂၀၁၁)နေ့က ယာယီ ကယ်ဆယ်ရေးစခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အရေးပေါ် လိုအပ်ချက်များ၊ အနာဂတ်တွင် ကူညီ ဆောင်ရွက်ပေးသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ယခုကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ်သည် နှစ်ပေါင်း (၇၀)အတွင်း အဆိုးရွားဆုံး ဖြစ်ပြီး၊ ခန့်မှန်းခြေ စာရင်းများအရ ထိုင်းအလုပ်သမား လေးသိန်းကျော်နှင့် ရွှေ့ပြောင်း အလုပ်သမား နှစ်သိန်းကျော် ရေဘေးဒဏ် ခံနေကြရသည်ဟု သိရသည်။ |
ထိုင်းနိုင်ငံအတွင်း
ရေဘေးဒဏ် ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက်
ယာယီကယ်ဆယ်ရေးစခန်း တစ်ခုကို ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ
ရိုင်ခင်းဘုန်းကြီးကျောင်း၌ ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာနက (၂၃၊၁၀၊၂၀၁၁)
ရက်နေ့က ဖွင့်လှစ်လိုက်သည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာ၌
ဖေါ်ပြထားသည်။
ရေကြီးမှုကြောင့် စက်ရုံများ ပိတ်ထားခဲ့ရသဖြင့် ထောင်ပေါင်း များစွာသော
မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အခြား
ရေဘေး ဒုက္ခသည်များကဲ့သို့ အကူအညီ မရရှိခြင်းတို့ကြောင့် မြန်မာပြည်သို့
ပြန်သွားခဲ့ ကြသည်။
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
-
စကားဦး အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...