နှစ်သစ်ကူး ရက်များအတွင်း ဗုံးဖောက်ခွဲဖြစ်နိုင်ဖွယ်ရှိသည့် နေရာ (၁၀)
နေရာကို ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပြီး တချိန်ထဲတွင်
၎င်းနေရာ(၁၀) နေရာသို့သွားရောက် လည်ပတ်မှု မပြုကြရန် ထိုင်းပြည်သူများအား
ပန်ကြားထားပါသည်။
ထိုင်းဝန်ကြီးချုပ် ယိင်လပ် ရှင်နာဝါတ်မှလည်း “ကျွန်မ သက်ဆိုင်ရာ
စစ်တပ်၊ ရဲနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို အသင့် အနေအထားရှိအောင်
ပြောထားပါတယ်။ လိုအပ်သလို ပူးပေါင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်၊ အထူးသဖြင့် နှစ်သစ်ကူးရက်မှာ ပြည်သူတွေ အန္တရာယ်
ကင်းစွာနဲ့ နှစ်သစ်ကူး ပွဲတော်ကို နွှဲပျော် နိုင်ကြမယ်လို့ ကျွန်မ
မျှော်လင့်ထားတယ်၊ ကျွန်မကိုယ်တိုင်လည်း အသင့်အနေအထားမှာ ရှိနေပါတယ်ဟု”
ပြောကြားသွားပါသည်။
မည်သူ့ လက်ချက်နှင့် ဘာကြောင့် ဗုံးကွဲနိုင်သည်ကိုမူ ထုတ်မပြောသော်လည်း
ဗုံးပေါက်နိုင်သည့်နေရာများကို ထုတ်ပြန်ထားပါသည်။ ၄င်းနေရာများမှာ
လွတ်လပ်ရေး ကျောက်တိုင် (Victory Monument)၊ ရာဒ်ချရယိုထင် ရုပ်ရှင်ရုံ
အဆောက်အဦး (Major Ratchayothin cinema complex)၊ ဆယာမ်စကွဲရင်ပြင်
(Seacon Square)၊ စင်ထရယ် ဝေါလ် (Central World)၊ ခေါက်ဆာန်လမ်းမကြီး (Khao
San Road)၊ ချစ်ထရလဒါ နန်းတော်နေရာ (Chitralada Palace)၊
စိုင်စောင်းတဝီလမ်းမကြီး (Si Sao Thewes)၊ မော်ချစ်ကားဂိတ် (Mor Chit bus
terminal)၊ စိုင်နာနာ လမ်း ညမကြီး (Soi Nana) နှင့် ပထဗိင်ကလောက် လမ်းမကြီး
(Pata Pinklao) တို့ ဖြစ်ကြပါသည်။
ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်နှင့် လက်ထောက် ဒေါက်တာ ချလိမ် ယူဗါန်ရောင်(ဓါတ်ပုံ - အင်တာနက်)
ဗန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ နယ်ပေါင်း (၈၈) နယ်မှ ရဲအရာထမ်းများ
အားလုံးကိုလည်း ဖော်ပြပါ ဗုံးပေါက်ကွဲနိုင် သည်ဟု ယူဆရမည့် နေရာများသို့
ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၇) ရက်နေ့ နှင့် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ ဇန်နဝါရီ လ
(၃) ရက်နေ့အထိ အနီးကပ် စောင့်ကြည့်သွားရန်