.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, December 1, 2013

အိမ်ပြန် အလွမ်း





ဆေးလိပ်လဲတို နေလဲညို ပြီ
ငါကား အိမ်ပြန်မရောက်သေး။

ပူလောင်ပျပျ နွေတညမှာ
ရွက်ကြွေတောလဲ မှုန်ပျပြီ
ငါကား အိမ်ပြန်မရောက်သေး။

တောင်လေလဲတိတ် မိုးလဲဆိတ်ပြီ
ငါကားအိမ်ပြန်မရောက်သေး။

နှင်းမြူ ဖြူဖြူ အေးဓါတ်ကူလဲ
ဘ၀အမော အပူတောကြောင့်
ငါကား ခုတိုင် မပြန်နိုင်။

ဥတုရာသီ အလီလီတွင်း
အတိတ် ကို ဆန်းစစ်
ပစ္စုပ္ပန် ကို ပြုပြင်
အနာဂတ်ကို ပုံပြောင်း
ငါ့ဘ၀ ငါ့အကြောင်း
ငါ့သမိုင်းကောင်းဖို.
လှုပ်ရှားရုန်းကန်
အဖိုးတန်ရန်ကျိုးစားဆဲ ။ ။

Saturday, September 28, 2013

လူနတ်ချမ်းသာ

ခြေတစ်လှမ်းက ကုဋေတစ်သန်းမသန်ပေမဲ့
လက်တစ်လှုပ်မှာ ငွေထုပ်တွေ တဖြုတ်ဖြူတ်ကြွေကျလာအောင်စွမ်းနိုင်တယ်။

နာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့
အော်သံတစ်ချက်ထုတ်ရင် ဒူးတုပ်လို.ခစားစေနိုင်တယ်။

ရာထူးနေရာမရှိပေမဲ့
ဟေ့ ........ဆိုတာနဲ. အရက်နဲ.ကြက်ကင် ဆက်သမဲ့ကတော်တွေရှိတယ်။

နိုင်ငံကျော် ဇာတ်မင်းသားမဟုတ်ပေမဲ့
စနစ်မကျ ရွတတ ကကွက်တွေကို လက်ခုပ်လက်ဝါးတီးပြီးအားပေးမဲ့သူတွေရှိတယ်။

သြဇာသံ မရှိပေမဲ့
ပြောလိုက်တဲ့စကားသံ ရိုသေတဲ့ဟန်ပန်နဲ. နားထောင်တဲ့သူတွေရှိတယ်။

လော်ပန်မဟုတ်ပေမဲ့
အချိန်တန်လို.အိမ်ပြန်ရင် အိတ်ဖောင်းအောင်ထည့်ပေးတဲ့သူတွေရှိတယ်။


မှတ်ထား  ရွှေတိုက်စာရင်းဝင် နတ်ကတော်တဲ့ 



မင်းလွမ်းနောင် (ပန်းတနော်)

 

ပန်းတနော်ရဲ. အဓိပတိလမ်း





တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
ဥပဓိအေးချမ်း တိုက်ပုံလေးထမ်းလို.
ကျောင်းဆရာကြီး ဦးသန်. လျှောက်လှမ်းခဲ့ဖူးတယ်။

တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
အပူငြိမ်းစေတဲ့အဖြူအစိမ်းလေးဝတ်လို.
ဖဒိုမန်းရှာ ဆိုတဲ့ကျောင်းသားလေးလျှောက်ခဲ့ဖူးတယ်

တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
လွယ်အိတ်ကိုစလွယ်သိုင်း
ဖဒိုမန်းငြိမ်းမောင် ဆိုတဲ့ကျောင်းတော်သားတစ်ယောက်
လျှောက်ခဲ့ဖူးတယ်။

တစ်ချိန်ကဒီလမ်းလေးပေါ်မှာ
ကျောင်းစိမ်းနဲ.လွယ်အိတ်
စာအုပ်နဲ.ခဲတံ ကာတွန်းဈာန်ဝင်စားနေတတ်တဲ့
ကျောင်းသားလေး မောင်ဖေသိန်းလဲလျှောက်ခဲ့ဖူးတယ်။

ဒီလိုပါပဲ
ဒီလမ်းလေးပေါ်မှာ လျှောက်ရင်း
ကျောင်းတော်ကြီးရဲ.ပညာရင်နို.
သောက်စို.ရင်း ကွဲကွာ
အပေါင်းအသင်းဆိုတာတွေလဲရှိခဲ့ဖူးတယ်။

ဒီလမ်းလေးပေါ်မှာလျှောက်ခဲ့သူမှန်သမျှ
တသသနဲ.လွမ်း
တတမ်းတမ်းနဲ.မျှော်
တာဝန်တွေကိုယ်စီထမ်း
နိုင်ငံ့အတွက်တစ်ဖက်တစ်လမ်း
အကျိုးပြုကာ မှန်းဆသူတွေလဲရှိတယ်။


ခေတ်တွေဘယ်လိုပြောင်း မဟောင်းသောသမိုင်းတွေနဲ.
ဒီင်္မြို.လေးရဲ. အနာဂတ်
လှပခြင်းတွေ ဆက်နေဖို.
အဓိပတိလမ်းလို. အမည်ပေး
မော်ကွန်းရေးလိုက်ချင်ပါသေးတယ်။

မင်းလွမ်းနောင် (ပန်းတနော်)
(ဓါတ်ပုံ= ပန်းတနော်သားများဆုံဆည်းရာ)

Wednesday, May 15, 2013

တိုက်ပွဲ


ငါ------------- အကြိမ်ကြိမ် လဲကျဖူးတယ်

ငါ-------------- အကြိမ်ကြိမ် ပြန်ထနိုင်ခဲ့တယ်

ငါ---------------အကြိမ်ကြိမ်လဲကျမှာကိုမကြောက်ရွံတော့ဘူး

ငါ---------------အကြိမ်ကြိမ် ပြန်ထဖို. အသင့်ပြင်ဆင်ထားတယ် ။

Friday, September 7, 2012

"ဘယ်ရောက်နေမှန်းမသိသော မိုးသီးဇွန် သို့ အရေးပေါ် အကြောင်းကြားစာ"

ဆရာ အောင်ဝေး။ ကိုမိုးသီးဇွန် ရဲ့ ရှေ့နေကြီးကိုတော့ အားနာပါရဲ့။ ဟောဒါလေးတော့ ဖတ်ကြည့်နော်။ ကျွန်တော့် အစ်ကို တစ်ယောက် ရေးထားတာ။ (ကျော်သူရိန်)



(ကျနီး)

"အနှစ်(၂၀) မျှ တော်ရာလှန် လုပ်စားလာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
နိုင်ငံရေးသူတောင်းစား ဖြစ်၍နေသည်ကို

တွေ့ ရလေသည်"
(အမည်မသိ ခေတ်စာဆို)

သူခိုးကြီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
"မျက်နှာ"ဆိုတာလည်း
အိမ်သာအိုးလိုပဲ
အမြဲ "ပြောင်"နေအောင် တိုက်နေရတယ်။
မင်းမျက်နှာ ပြောင်တာလည်း
အစ်ကို သိတယ်။
အစ်ကို့မျက်ခွက်အရေပြား မပါးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ အခွက်တွေ
သေးနဲ့အပန်းခံလိုက်ရပြီ။
သူခိုးကြီးရေ
မင်းပြန်လစ်ခဲ့တော့။
မင်းရဲ့ စားကျက်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်မှန်းသိလျက်နဲ့
မျက်နှာပြောင်တိုက်ပြီး
လုပ်စားကွက်လေးများ ရမလားလို့သွားတာ

မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )



မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ
( မာဃ )

ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့်
အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .

ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက
ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .

ကိုနိုင်အောင် မှာတာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့  ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .

Sunday, April 15, 2012

ကျောပိုးအိတ်တစ်လုံးရဲ.တမ်းချင်း

စိမ်.မြိုင်ဂနိုင်တွင်း..... အေးမြခြင်းနဲ.ရိုးမ
 မိုးစက်မိုးပေါက် ......တစ်ဖျောက်ဖျောက်နှင့်
 မေးခိုက်လို.တုန်းချမ်း.....ငှက်ဖျားကြောင့်နွမ်းရပြီ .............။
 နွမ်းနွမ်း ပန်းပန်း ..ခရီးလမ်းကို
 မာန်တင်ဆက်လျှောက် ...ငါ့ခြေထောက်တို.
နင်းလိုက်တိုင်နာ....ရေ၀ဲပါတဲ့ ...............................။
 ခရီးတစ်ထောက် ....အမောဖျောက်စဉ်
 စားချက် ခဏ ...........အူတောင့်ရပြီ
 ငရုတ်ဆားထောင်း ...လွန်စားကောင်းခဲ့ ......................။
 လက်မှာ သေနတ် ...ကျောမှာရိက္ခာ
 ခါးမှာကျည်ဘောက် ..........ဓါးမြောင်ထောက်လို.
 ကျောနာ လက်ညောင်း ........ဒီတောင်စောင်းကိုဖြတ်ခဲ့သည်................။ ရှည်ကြာလမ်းလျှောက်............ ငါ့ခြေထောက်တွေ
 ဇကာသဏ္ဍာန် ........ရေ၀ဲဒဏ်ကြောင့်
 ခြေအားမီးမြိုက်........တောရှောက်ကိုက်စေ သက်သာလေဧ။်...............။
 တောရဲ.အလှ.........သဘာဝကို
မရှု.စိမ့်နိုင် .....ရန်သူ.ရန်နှင့်
 မြေမြုပ်ဗုံးဒဏ်...မခံရရေး
သတိပေးသံနားထက်ညံခဲ့ .............။
ချစ်သူကြင်သူ .......ရည်ရွယ်သူကို
လွမ်းပင်လွမ်းငြား............. မောင် စစ်သားမို.
အုံ.မှိုင်းဂနိုင် .....တောရိပ်မြိုင်မှာ
 နေရောင်လဲပျောက်............လရိ ပ်ရောက်တောင်
 လွမ်းတဲ့စိတ်ဒဏ်..........သေနတ် သံကြောင့်
ပျက်ပျယ်လွင့်ပျောက်...........ဖီလင်ပျောက်ခဲ့ ....................။
ကျန်ရစ်ခဲ့သူ...ကိုယ့်သည်းအူကို
 ရည်ရွယ်မှန်းထား .....အတွေများက
 အောင်ပွဲဆင်မြန်း ..................အပြန်လမ်းမှာ
 ချစ်ပေါင်းသက်သေ.............အနမ်းမိုးချွေအံ့ .........................။ .....................................................................................

 မင်းလွမ်းနောင်(ပန်းတနော်)








အဝေးရောက်စစ်သည်တော်များအတွက် ခံစားရေးခဲ့ပါတယ်

Sunday, November 20, 2011

ဦးဇင်းများဖျာ့


ဦးဇင်းများဖျာ့

ပြည်တွင်းစစ်ရပ်ရေး .. ဒို့ အရေး
နိုင်ကျဉ်းအရေး .. ဒို့ အရေး
ကမ္ဘာ့ငြိမ်းချမ်းရေး .. ဒို့ အရေး
... ......... သိမ် အလုံပိတ်ပြီး
တရားဟောတဲ့ ဦးဇင်းများဖျာ့ ..

စစ်တပ်ကို တရားဟော
စစ်သားတွေ လူထွက်လို့ 
မြို့ တွေကို သူပုန်စီးရင်
တပည့်တော် ကြောက်ရယ်ဖျာ့ ..

မြစ်ကြီးနားမှာ ဝိုင်းဒိုင်းကြဲ
ဗုံးခွဲတဲ့ ကေအိုင်အေကြောင့်
မြေဇာမြက်ဖြူ များပြည်သူတို့ 
သေကြေခဲ့ရသတဲ့
ကေအိုင်အေ ကိုလည်း
ငြိမ်းချမ်းရေးအကြောင်း ဟောပါအုံးဖျာ့ ..

ရိုဟင်ဂျာကို ရှေ့ တန်းတင်
ပြည်ပမှာ လူရာဝင်တဲ့
ခေါတောထွန်းခင် နဲ့  ဟန်ညောင်ဝေတို့ ကိုလည်း
မဟုတ်တရုတ် မလုပ်ဖို့ 
သွန်သင်ပါအုံးဖျာ့ ..

ဘင်္ဂလားနယ် ကော့ဘဇားက
ဆရာတော်တပါးပေါ့ .. ဦးဇင်းရယ်
ခေါတောသတ်လို့  ပျံလွန်စော
နတ်မြစ်မှာ ပက်လက်မျှောသတဲ့
ဘကုန်းကို ကြွရောက်ပြီး
တရားလေး ဘာလေး ပြပါအုံးဖျာ့ ..

ကဗျာပါဒများကြောင့်
ရွှေစိတ်တော် ညိုညင်ခဲ့ရင်
ဦးဇင်းများက မေတ္တာရှင်မို့ 
အမိုက်မဲလေး ဗမာ့သွေးကို
ဗွေမယူပါနဲ့ ဖျာ့ ..... ။

ဗမာ့သွေး@Bamar Blood

ပြည်တွင်းစစ်ရပ်ရေး .. ဒို့ အရေး
နိုင်ကျဉ်းအရေး .. ဒို့ အရေး
ကမ္ဘာ့ငြိမ်းချမ်းရေး .. ဒို့ အရေး
... ......... သိမ် အလုံပိတ်ပြီး
တရားဟောတဲ့ ဦးဇင်းများဖျာ့ ..

စစ်တပ်ကို တရားဟော
စစ်သားတွေ လူထွက်လို့ 
မြို့ တွေကို သူပုန်စီးရင်
တပည့်တော် ကြောက်ရယ်ဖျာ့ ..

မြစ်ကြီးနားမှာ ဝိုင်းဒိုင်းကြဲ
ဗုံးခွဲတဲ့ ကေအိုင်အေကြောင့်
မြေဇာမြက်ဖြူ များပြည်သူတို့ 
သေကြေခဲ့ရသတဲ့
ကေအိုင်အေ ကိုလည်း
ငြိမ်းချမ်းရေးအကြောင်း ဟောပါအုံးဖျာ့ ..

ရိုဟင်ဂျာကို ရှေ့ တန်းတင်
ပြည်ပမှာ လူရာဝင်တဲ့
ခေါတောထွန်းခင် နဲ့  ဟန်ညောင်ဝေတို့ ကိုလည်း
မဟုတ်တရုတ် မလုပ်ဖို့ 
သွန်သင်ပါအုံးဖျာ့ ..

ဘင်္ဂလားနယ် ကော့ဘဇားက
ဆရာတော်တပါးပေါ့ .. ဦးဇင်းရယ်
ခေါတောသတ်လို့  ပျံလွန်စော
နတ်မြစ်မှာ ပက်လက်မျှောသတဲ့
ဘကုန်းကို ကြွရောက်ပြီး
တရားလေး ဘာလေး ပြပါအုံးဖျာ့ ..

ကဗျာပါဒများကြောင့်
ရွှေစိတ်တော် ညိုညင်ခဲ့ရင်
ဦးဇင်းများက မေတ္တာရှင်မို့ 
အမိုက်မဲလေး ဗမာ့သွေးကို
ဗွေမယူပါနဲ့ ဖျာ့ ..... ။

ဗမာ့သွေး@Bamar Blood

Saturday, August 13, 2011

တစ်ချိန်က........ခုတော့

by Way Min Way Min on Sunday, August 14, 2011 at 11:56am
တစ်ချိန်က ဧရာဝတီမှာ ပျော်ရွှင်မြူးတူး ရေကူးခဲ့ဖူးတယ်
တစ်ချိန်က ဧရာဝတီမှာ ရွှင်ရွှင်ပျော်ပျော် လှေလှော်ခဲ့ဖူးတယ်
တစ်ချိန်က ဧရာဝတီမှာ ၀မ်းစာအရ ပိုက်ချခဲ့ဖူးတယ်
တစ်ချိန်က ဧရာဝတီမှာ အရင်းမစိုက် လှေထိုးလိုက်ဖူးတယ်
တစ်ချိန်က ဧရာဝတီမှာ မိသားစုပျော်မငြီး သဘောင်္စီးခဲ့ဖူးတယ်
တစ်ချိန်က ဧရာဝတီမှာ ပြန်ပြောင်းမရတဲ့သမိုင်းကြောင်းတွေရှိခဲ့တယ်
တစ်ချိန်က ဧရာဝတီမှာ သမိုင်းတွင်တဲ့ရာဇ၀င်ကောင်းတွေရှိခဲ့တယ်
တစ်ချိန်က ဧရာဝတီမှာ ကဗျာ၊ သီချင်း စာဆိုခြင်းတွေ ရှိခဲ့တယ်
ခုတော့ ဧရာဝတီကို ဖမ်းချုပ် ဆည်ကာတာတွေ လုပ်တော့မတဲ့
ခုတော့ ဧရာဝတီကို အနာတရ ဒေါသကြွအောင် လုပ်တော့မတဲ့
ခုတော့ ဧရာဝတီကို တားမြစ်တဲ့ကြား တရုတ်နားကို ပို.တော့မတဲ့
ခုတော့ ဧရာဝတီကို ဆင်စီးလို.မြင်းကန် တရုတ်အစား ခံစေတော့မတဲ့
ခုတော့ ဧရာဝတီဆိုတာ တစ်ချိန်က လို.အပြောမခံလို တိမ်ကောမှာလဲ စိုးရိမ်းမိပါရဲ.
ခုတော့ ဧရာဝတီဆိုတာ နောက်လာမဲ့ ဒို. မျိုးဆက် လက်ဆင့်ကမ်းလို.မှီနိုင်လောက်ပါရဲ.
ခုတော့ ဧရာဝတီအတွက် တို.တွေ လက်ခြင်းဆက်လို. ကာကွယ်နိုင်လောက်ပါရဲ.
(ဝေမင်း )

ဧရာဝတီသို.တမ်းတခြင်း

by Way Min Way Min on Sunday, August 14, 2011 at 11:25am
စပါးကျီတစ်ခု ၊ အမည်တွင်ဖို.အတွက်
သူ၊ ပြုံးပြုံးကြီးငိုပေးခဲ့တယ် ...........။
မျိုးစေ့တွေ၊ အထမြောက်စေဖို.
သူ၊ မျက်ရည်တွေကို ခြောက်သွေ.စေခဲ့တယ်.........။
ကုန်စည်နဲ.ခရီးသွား၊ ချောမွေ.စေဖို.အတွက်
သူ၊ ကျောကုန်းပေါ်မှာ နင်းလျှောက်ခွင့်ပေးခဲ့တယ်.......။
အခြေခံလူတန်းစားတွေအတွက်၊ အိပ်မက်ကောင်းတွေမက်စေဖို.
သူ၊ ရင်ခွင်ကိုပေးဆပ်ခဲ့တယ်............။
အထက်နဲ.အောက်တောင်နဲ.မြောက်၊ သွယ်တန်းစီးဆင်း
သူ၊ သွေးချင်းတို.နဲ. ရင်းနှီးအောင်စွမ်းဆောင်ပေးခဲ့တယ်.................။
သမိုင်းတစ်လျှောက်၊ ကောင်းခြင်းတွေရောက်အောင်လဲ
သူ၊ အနစ်မွန်းခံပြီး ရာဇ၀င်တင်ခဲ့တယ်.......................................။
တခါတစ်ရံ စိတ်တိုဟန်နဲ. မျက်ရည်တွေလျှံကျ
သူ၊ အနာတရတွေ ဖြစ်ခဲ့တယ်........................................။
အားလုံးရဲ.အမှီသဟဲ၊ အလုပ်အကျွေးအတွက်မငြီးညူ
ဧရာဝတီ ဆိုတဲ့သူမ အတွက်၊ ပြန်ရခဲ့တဲ့ရလဒ်
ကောင်းကွက်တစ်ကွက်မှ မရှိခဲ့ပေမဲ့
သူ၊ ဆက်လက်တာဝန်ထမ်းခဲ့တယ်.................................။
ကိုယ်ကျိုးကြည့် ၊တစ်ဘို.တည်းသမား
လက်တစ်ဆုပ်စာတို.အတွက်၊ ကျန်ရှိတဲ့အားအင်
ပိန်လှီနေတဲ့သူမ၊ နှလုံးသွေးတို.နဲ.ပေးဆပ်ရအုံးမယ်....................။
ကဗျာ၊ ဂီတ ၊ သုခုမ လဲ
သူ၊ အကြောင်းတွေ ရေဖွဲ.သီငြား
ကုန်မသွားခဲ့.................................။
ကြီးမြတ်မိခင်၊ ဧရာ ရှင် ကို
တို.တွေကြိုးစားကာကွယ်သွားရင်း
နှောင်းလွန်နောင်တ၊ တို.မရလို
ဝိုင်းဝန်းကာရံကြပါစို. .......................................။...........................................။
မင်းလွမ်းနောင်(ပန်းတနော်)

Saturday, August 6, 2011

ဘ၀ဧ။်မှတ်တမ်း

ဖိနှိပ်ခဲ့ကြ၊ နှိမ့်ချကြ၍
နိုးထရုန်းကန်၊ သည်အားမာန်တွေ
ငါ့ထံရောက်ရှိခဲ့လေပြီ  .................။

နှောင့်ယှက်ဆီးတား၊ ခကိခဲများလည်း
ငါ့အားကြုံစေ၊ ဟန်.တားလေလဲ
မရွှေ.မပျောက်၊ ပန်းတိုင်ရောက်အောင်
သွားရဲသတ္တိရှိခဲ့ပြီ    .............................။

စကားတင်းဖွဲ.၊  ဆိုကဲ့ရဲ.လည်း
မသွေမစောင်း၊ ငါ့လမ်းကြောင်းကို
ဆိုးကောင်းဆင်ခြင်၊ သတိယှဉ်၍
ပန်းတိုင်အရောက်၊  ငါဆက်လျှောက်အံ့
ငါဧ။် ခြေထောက်၊  သန်ခဲ့ပြီ ................................။

ထုထောင်းထိုးနှက်၊ ဒီဒဏ်ချက်တွေ
ငါကားမမှု.၊ တွန်းလှန်ပြုရင်း
အသိနဲ.ဥဏ်၊ ငါ့လမ်းမှန်ကို
ငါလျှင်ဆက်လျှောက်၊ ပန်းတိုင်ရောက်အောင်
ခံနိုင်ရည်သားပြည့်ခဲ့ပြီ ...........................................။

ဖိနှိပ်ခဲ့သူ၊ နှိမ့်ချသူနှင့်
ထုထောင်းခဲ့သူ၊  ကဲ့ရဲ.သူကို
ကြည်ဖြူလေးစား၊ မုးဒိတာပွားသည်
ငါဧ။်ဘ၀၊ အောင်ပွဲရဖို.
စွမ်းအင်ပေးသူ၊ ချီးမြှောက်သူဟု
ငါလျှင်ယူဆ၊  ငါ့ဆန္ဒသည်
ငါဧ။်ဘ၀တာ၊ မှတ်တမ်းလွှာ၌
ထာဝရစဉ်ဂုဏ်ပြုနေမည်သာ...............။...........................။


မင်းလွမ်းနောင်(ပန်းတနော်)
၇-၈-၂၀၁၁  နေ.လည် ၁၂း၅၀  












Sunday, July 10, 2011

တွေ.ရှိခဲ့သောသစ္စာ



တမာန်တော်ရဲ. ငြိမ့်ညောင်းတဲ့တယောသံ
ငါ့ထံကိုလွင့်ပျံ့လာတယ်.....
ဒါကြောင့် ...တစ်ခွက် ငါသောက်တယ်.......း)
မာဃနတ်မင်းရဲ. ကြွေးကြော်သံ..ဘ၀ဂ်ကိုညံနေတာငြါ​ကားတယ်..
သူရာပြည်ကိုအောင်နိုင်တယ်ဆိုပဲ.​..
ဒါကြောင့်.......တစ်ခွက်ငါသောက်​တယ်........း)
ကမ္ဘာကျော်အီစွတ်ပုံပြင်စာအုပ်ကိုဖတ်ရင်း .စိတ်ထဲမှာပျော်ရွှင်လာတယ်...
ဒါကြောင့် တစ်ခွက်ငါသောက်တယ်.............း)
တာရာမင်းဝေရဲ.ကဗျာစာအုပိ...ငါ့​နှလုံးသားကိုကိုင်လှုပ်လိုက်နို​င်တယ်..
ခံစားချက်တွေထပ်တူညီလို.
ဒါကြောင့် တစ်ခွက်ငါသောက်တယ်...........း)
ဒီလိုနဲ.......ဒီလိုနဲ. ............အကြောင်းပြချက်တွေများစွာ
ကြယ်ကြွေသလိုကြွေကျ...သောက်ဖြစ်​ရတဲ့အကြောင်းတွေ....
အာဒံနဲ.ဧ၀ ဗြဟ္မာကြီးလေးဦး ..စုန်းကိုက်တဲ့သစ်သီး
ပိုးဟပ်ကိုက်တဲ့ကျမ်းစာ ...အားလုံးပါကုန်တာပဲ......
ဒါ့ကြောင့် တစ်ခွက်ငါသောက်တယ်.............​...း)
ရှာရင်နဲ.မူး မူးရင်းနဲ.ရှာ ငါတွေ.လိုက်တာ သစ္စာတရား ......
သောက်ရင်မူးတဲ့အရက်.....ငါ့အတွက်တော့ လိုအပ်ချက်တစ်ခုလိုပါပဲ.....း)
ဒါကြောင့် တစ်ခွက် ငါသောက်တယ်.............
ဒါကြောင့်တစ်ခွက် ငါသောက်တယ်.......
ဟောပြောရင်းသစ္စာပြလာပြီ .....
သောက်ရင်းနဲ.မူး.......မူးရင်းေ​မှာက်...........
ငါ့ရှေ. သစ္စာတရားရောက်နေပြီပဲ..........​.............း)
 
မင်းလွမ်းနောင်

Thursday, June 30, 2011

အမောင်လုလင်သို.


နုနယ်ပျိုမျစ်၊ အားမာန်သစ်
  စိတ်ဓါတ်ဖွံထွား၊ မြန်ပြည်သား
ခံ့ညားရုပ်သွင်း၊အိုလုလင်
အသင်ဘယ်သို. ချီတက်မလဲ....။
လှိုင်းလေမုန်တိုင်း၊ ဒို.သမိုင်းအား
လှပရှု.မြင်အောင်ပွဲဆင်ရန်
အသင်ဘယ်သို.ပါဝင်မလဲ.........။
အစဉ်အလာကောင်း၊ သမိုင်းကြောင်း
ရှိကောင်းမှတ်ထင် ၊အိုလုလင်ကား
အဘယ်လမ်းသို. လျှောက်မလဲ.........။
တိုင်းဝန်ပြည့်ကျိုး၊ ထမ်းသည်ပိုး
မျိုးချစ်ဇာနည်၊ သင့်စွမ်းရည်
ဘယ်ဆီဘယ်မျှရှိပါစ
အားကျတို.လျှင်၊ သိပါချင်
ပြောပြပါလား အိုလုလင် ..........။
တိုင်းပြည်နုနုမုန်းတိုင်းစုရပ်
မြန်ပြည်ထက်ဝယ်
မယိမ်းမယိုင် ၊ဒို.ပန်းတိုင်ကို
အမောင်လုလင် ၊အောင်ပွဲဆင်ရန်
အဘယ်လမ်းသို. ၊ လျှောက်မည်လဲ...........။
လျှောက်ရမည့်လမ်း၊ခယောင်းလမ်းပမ
တွေ.မြင်ပါလဲ၊ စိတ်ဓါတ်ကျဆင်း
အလျှင်းမရှိ၊လျှောက်လှမ်းမည်လော................ရပ်မည်လော............။
မင်းလွမ်းနောင်(ပန်းတနော်)

သဘာဝထဲကကျနော်



ဇဝေဇ၀ါနဲ. ၊မညီမညာ ပေတရာမှာလမ်းလျှောက်ခဲ့
အလင်းမဲ့တဲ့ နီယွန်မီးသီးတွေအောက်
ငါ.....ပရစ်ကောက်ဖို.မကြိုးစားေ

တာ့ပါဘူး......
လေအဝှေ.မှာ ကကြိုးပျောက်နေတဲ့
တရားသဘောတွေနဲ.စုဝေးနေတဲ့အမှိုက
်ပုံဆီက
စူးရှရှ အနံ.ကိုရှူပြီး အိပ်ကပ်ထဲကဆေးလိပ်တို
နေမညိုခင်ထဲက ခုထိမသောက်ရသေးပါဘူး....
အပြာရောင်တွေကိုယ်စီနဲ. ပါဝါတွေသီလို.
လမ်းလျှောက်ဆေးလိပ်သောက် ...ဂျေးထဲရောက်ဖို.ရှိတယ်လေ....
..
ကံကောင်းခြင်းသီချင်းလေးညဉ်းတွာ
းလို.
ကံကောင်းစွာ ခရမ်းချဉ်သီးတစ်လုံးကျနော်အထက်မ
ှာအားယူပြီးပြုံးနေလေရဲ......း)
ပြည်တွင်ဖြစ်ယမ်းမီးခြစ် ထောက်ကနဲချစ်လို.
ဆေးလိပ်တိုကိုညှိ  ဖီးလ် ရှိရှိနဲ. သောက်နေမိပါရဲ...
လမ်းဘေးကအုတ်ခုံ ဘယ်သူအရောင်ဆိုးသွားတာပါလိမ့်
အဖြူမှနီကျင်ကျင်ရောင် ကာလာကပျောက်ကျား
သြော်...မြန်မာ့ကွမ်းယာပါလား...
......
ကံကောင်းတဲ့ ကျနော် ......
ညရဲ. အလှတွေကိုအပြည့်ခံစား
ကဗျာတွေဖွဲ. စာတွေချဲ. ....
ကဗျာတွေသီ..စာတွေစီ...
အိမ်ပြန်ရောက်ရင် ရေးရမည်ပေါ့.......
ညအလှတွေရဲ.ဖမ်းစား..သဘာဝတရားတွေ
ပြည့်နေတဲ့
တို.တိုင်းပြည်၊  သဘာဝထဲမှာရှိနေတာကိုတောင်
ကျေနပ်မိသယောင်ယောင်......
ဒီလိုနဲ.အိမ်ပြန်ရောက် ...
သဘာဝထဲကကျနော် .....
သဘာဝကျကျ ...ဖယောင်တိုင်မီးနဲ.
ကဗျာတွေရေး  စာတွေရေးပေါ့..........။။      


မင်းလွမ်းနောင်(ပန်းတနော်)





        

Thursday, June 16, 2011

ပဲလှော်ကြားကဆား


အုန်း...ဒိုင်း..ဘုန်း....ဂွမ်း အသံ
သောသောညံ တို.ပြည်သူတွေကြားကခံ

ကိုယ်ချင်းတရားသူတို.နည်းပါး
အပြစ်မဲ့သူတွေပြေးစို.လား

ရွားထဲမှာလဲနေမရပြန်
ရွာနီးချုပ်စပ်ပြေးဖို.ကြံ

ပြေးပြန်ရင်လဲငါ့ကျွဲနွား
သူတို.ဟင်းစားဖြစ်ဖို.များ

မပြေးလို.လဲမဖြစ်ပြန်
ပြေးပြန်တော့လဲ မိုင်းကွင်းထဲ

ပဲလှော်ကြားမှာဆားညပ်ဆဲ
တို.ပြည်သူတွေ သေမှာပဲ

ညှာတာစိတ်ထားမရှိပါ
ပဲလှော်ကြားဆားသူထပ်နွှာ

တို.အိုးအိမ်တွေ ရှိပါ့မလား
သူတို.တက်လို.ကုန်ပြီလား

တို. ဆား တွေရဲ. အတွေးများးးး
ပဲလှော်ကြားကဆားးးးးးးး
 

ငဆော်ပွကြီး

Friday, June 10, 2011

မျိုးမြတ်သာကီ

ဝေမှိုင်းမှောင်ရီ ပြန်မာပြည်ဝယ်
လည်သူကလည် ကြွယ်သူကြွယ်နှင့်
နိုင်ငံအရေး ပြည့်အရေးထက်
ဝမ်းရေး ခက်စွာ ရုန်းကန်လာတည့်
လူကော်လူမော် လူ ငစော်တွေ
တိုးပွားပေါက်ပုံ အလုံစုံကား
ကြောက်ဖွယ်လိလိ တွေ.ရမိ.......။
မေတ္တာ ဂရုဏာ မုဒိတာ ပွား
ထိုသူများကို ဇရပ်ကျောင်းကန်
မြေလှန်ရှာသော်ကံကောင်းထောက်မ
တွေ.မြင်ရမူ ကံကောင်းသူတည့်......။
စားဝတ်နေရေး စီးပွားရေးကြောင့်
ကမ္ဘာမီးလောင်သားတောင်ချနင်း
ဒီဖြစ်ခြင်းကား စိုးရမြန်ပြည်
ကောင်းမတည်သည့် လူမူ.စီးပွား
ကြောင်းရာများသာဖြစ်ပေတော့သည် ဖြစ်လိမ့်မည်.....။
ထို.ကြောင့်သာလျှင်
သာကီနွယ်ဖွားမြန်ပြည်သားတို.
ပြည်ပထွက်ရှောင် လူရောင်ပြောင်ဖို.
ကိုယ့်ကျိုးစီးပွား ဇွဲနှင့်အားကို
တပါးပြည်ထံပေးအပ်နှံရင်း
ဖိနှိပ် စော်ကား ပြည်ခြားသား ကို
အံကြိတ်ရင်းခံ ခေါင်းမလှန်ခဲ့ သည်းခံခဲ့..........။
ချိန်တန်ရွယ်ရောက် မြန်ပြည်တောက်ပ
လွတ်မြောက်မှပင် တို.ပြည်ဝင်အံ့
ဆုံးဖြတ်စိတ်ထား တို.ခွန်အားတွေ
ပြည်တော်ပြန်ဝင် သုံးပြုရန်ပင်ရှိမယ်မထင်......။
သို.သော်သို.ငြား တို.စိတ်ထားက
မျိုးမြတ်မြန်မာ သခင်သာတည့် ကျွန်  မရှိ......။.......။


မင်းလွမ်းနောင်(ပန်းတနော်)

Thursday, June 9, 2011

မဆုံးသောခရီး

 ဒေါနတောင်ခြေ ညိုမှိုင်းဝေကြား
မိုးစက်မိုးဖျောက် 
တောက်လျှောက်ကျဆင်း
ဒီတောတွင်းမှာ ယမ်းခိုးယမ်းငွေ.
တောလုံးပြည်လျှံ  လူကြားခံတွေ
ပြေးလွှားရွှေ.ပုန်း ဘယ်တော့ ဆုံးအံ့....................။............။



မင်းလွမ်းနောင်(ပန်းတနော်)

နွမ်းလျနှလုံးသား

တစစ်စစ်နဲ.နာ
ဓါတ်လိုက်တာတော့မဟုတ်
တပါးမြေမှာ
ကိုယ့်နိုင်ငံသား မတရားခံရတာမြင်တိုင်းပေါ့...။
မကြာမကြာ
ဘေးဘယာတွေ
သံစုံမြည်တီး
ဒီခရီးကို ငါတို.ဘာကြောင့် လာခဲ့ကြ........။
ကိုယ်မြေ ကိုယ့်ရေ
ချစ်ပင်ချစ်ငြား
တို.စီးပွားက
 စားရေးမလောက် နေဖို.ပျောက်အောင်
ဒုက္ခတွေဖန်
လောကဒဏ်မှာ
မခံနိုင်ဆုံး အမှောင်ဖုံးလို.
တိုင်းခြားပြည်ရပ်
ငါတို.ထွက်ပြီး
လာခဲ့မိ........................။
သာကီနွယ်ဖွာ မြန်ပြည်သားလို.
တိုင်းရပ်ပြည်ခြား
လူမျိုးခြားတို.
သိမှတ်မပြု ကျွန်သာပြုခဲ့
ရင်ဝယ်မချိ  ၀မ်းနည်းမိ..............................။

မင်းလွမ်းနောင်(ပန်းတနော်)




စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ