.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, May 6, 2011

ပြည်ပရောက်မြန်မာ တို.ရဲ. အခက်အခဲ

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများက မြန်မာကြံ့ဖွံ့သံရုံးကို စာရေးအကူအညီတောင်း
ပေးစာကို တဆင့်မျှဝေသူ ကိုမျိုမြင့်ချို
မိုးမခ၊ မေ ၇၊ ၂၀၁၁
လက်ခံရရှိသော စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 သို့/
ဒေါ်ခင်နီလာစိုး
သံအမတ်ကြီး
အီဂျစ်နိုင်ငံဆိုင်ရာမြန်မာသံရုံး                                                                                       
၅/၅/၂၀၁၁
အကြောင်းအရာ။        ။ ဂျော်ဒန်နိုင်ငံရောက်မြန်မာအလုပ်သမားများ၏အခက်အခဲကို ကူညီဖြေရှင်းပေးပါရန် တင်ပြ တောင်းခံခြင်း။
          ကျနော်/ကျမတို့သည် ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့နယ် OASIS စက်ရုံတွင် အလုပ်လုပ်ကိုင်လျှက်ရှိကြသော မြန်မာ အလုပ်သမားများဖြစ်ပါသည်။ ကျနော်/ကျမတို့သည် လုပ်အားခတိုးမြှင့်ပေးပါရန်တောင်းခံခြင်းနှင့်ပတ်သက်၍ ၂၄/၄/၂၀၀၁ (တနင်္ဂနွေနေ့ နေ့လည်) ၁၂ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ အေးဆေးငြိမ်သက်စွာဖြင့် လုပ်ငန်းရပ်ဆိုင်း၍တောင်းဆိုခဲ့ပါသည်။ တောင်းဆိုချက်မှာ အခြေခံလစာ JD(110) မှ JD(150) သို့တိုးမြှင့်ပေးပါရန်ဖြစ်သည်။
          ဂျော်ဒန်နိုင်ငံအလုပ်သမားဦးစီးဋ္ဌာနရုံးမှတာဝန်ရှိသူများမှ လာရောက်၍ အခြေခံလစာ JD(150) မှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီမှလည်း ဝန်ထမ်းများအားအလုပ်ပြန်လည်၍လုပ်ရန်နှင့် ဝန်ထမ်းများ၏လိုအပ်ချက်များကို ညှိုနှိုင်း ဖြေရှင်းပေးမည်ဟု ကြေညာခဲ့သည်။
          ဝန်ထမ်းများမှ လိုအပ်ချက်များကိုတောင်းဆိုရန်ကြိုးစားသော်လည်းလက်မခံပဲ အလုပ်လုပ်ရန်သာတိုက်တွန်းခြောက် လှန့်ခဲ့ပါသည်။
          လက်ရှိအချိန် ကျနော်/ကျမတို့၏စက်ရုံတွင် မြန်မာ၊ ဘင်္ဂါလီ၊ တရုပ်၊ အိန္ဒိယ၊ ဆီလင်ဂါ ဗီယက်နမ်စသည်ဖြင့် လူမျိုး အသီးသီးလုပ်ကိုင်လျှက်ရှိသော်လည်း အလုပ်သမားများ၏ခံစားခွင့်မှာ လွန်စွာကွာခြားလျှက်ရှိပါသည်။ ၎င်းတို့မှာ---

(၁) အခြားသောလူမျိုးခြားဝန်ထမ်းများနည်းတူ ဘောနပ်စ်ကြေးမရရှိခြင်း။
(၂) အခြားသောလူမျိုးခြားဝန်ထမ်းများအား ထ္မင်းစားရိတ်ဖြတ်တောက်ခြင်းမရှိပဲ မြန်မာဝန်ထမ်းများကိုသာထ္မင်းဖိုး ထ္မင်းဖိုး ပေးဆောင်ခိုင်းခြင်း။
(၃) တခြားလုပ်ငန်းခွင်ကြိုးစားမှုကို အသိအမှတ်ပြု တန်းတူဘောနပ်စ်ကြေးမရရှိခြင်း။
(၄) ဆေးဝါးကုသရာတွင် စက်ရုံတွင်းဆေးဝါးမလုံလောက်မှုကြောင့် ပြင်ပဆေးကုသမှုစားရိတ်ကို မိမိငွေကြေးဖြင့်ကုသရခြင်း
အစရှိသော လုပ်သားအခွင့်အရေးဆုံးရှူံးမှုတို့ကို များပြားစွာခံစားနေရပါသည်။

          မူလတွင် အေးဂျင့်မှ ထိုင်ဝမ်မှသူဋ္ဌေးလာရောက်လုပ်သားခေါ်ယူစဉ်တွင် အခြေခံလစာ (155) USDI အထည်စံချိန်ပြည့် ဘောနပ်စ်နှင့် ရက်မှန်ကြေးဘောနပ်စ်များ၊ တနှစ်အတွင်းပျက်ရက်မရှိသောဝန်ထမ်းများအတွက် နစ်နာကြေးဘောနပ်စ်များ၊ နှစ်ပြည့်အပန်းဖြေခရီးစဉ်များ၊ လုပ်သက်ကြာမြင့်သည်နှင့်အမျှခံစားခွင့်ဘောနပ်စ်များတိုးမြှင့်ပေးခြင်း၊ တလတွင်အနည်းဆုံး USD(300) (ဝန်းကျင်) ရရှိမည်ဖြစ်ခြင်းအစရှိသော ထိုင်ဝမ်သူဋ္ဌေး၏ပြောကြားချက်များကြောင့် လာရောက်လုပ်ကိုင်ခဲ့ကြ ပါသည်။
သို့ရာတွင် ဒေါ်လာငွေဈေးကျခြင်း၊ ကုန်စည်များဈေးနှုန်းမြင့်တက်ခြင်း၊ မိမိနိုင်ငံသို့ ငွေလွှဲရာတွင်ဝန်ဆောင်မှု စား ရိတ်များခြင်း အစရှိသောအခက်အခဲများကြောင့် ကျနော်/ကျမတို့သည် အခြေခံလစာတိုးမြှင့်ပေးပါရန် စက်ရုံမှတာဝန်ရှိ လူ ကြီးများအား အသိပေးတောင်းဆိုခဲ့ပါသည်။ ကျနော်/ကျမတို့သည် စက်ရုံကုမ္ပဏီပိုင်ပစ္စည်းတစုံတရာကိုမှ ဖျက်ဆီးခြင်း၊ ပေါက် ခွဲခြင်း၊ ရိုင်းပြစွာအော်ဟစ်လှောင်ပြောင်ခြင်းအစရှိသည့် မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော အပြုအမူများကိုမပြုလုပ်ပဲ အေး ဆေးငြိမ်သက်စွာဖြင့် ဂျော်ဒန်နိုင်ငံရောက်မြန်မာအလုပ်သမားများနည်းတူ အခွင့်အရေးများကိုတောင်းဆိုခဲ့ကြပါသည်။ ထို တောင်းဆိုမှုများကို စက်ရုံမှတာဝန်ရှိသူများက တစုံတရာလိုက်လျောမှုမရှိပဲ၊ ညှိုနှိုင်းမှုမရှိပဲနှင့် နည်းမျိုးစုံဖြင့် အလုပ် ပြန်လည်လုပ်ကိုင်ရန်ကိုသာတိုက်တွန်းခဲ့သည်။ ထိုသို့ လုပ်ငန်းများရပ်ဆိုင်းခဲ့သဖြင့် ဂျော်ဒန်နိုင်ငံအလုပ်သမားဥပဒေကို ချိုးဖေါက်သည်ဟု ပြောဆိုခဲ့ပါသည်။
ထို့ကြောင့် ဂျော်ဒန်နိုင်ငံအလုပ်သမားဥပဒေအရ စတင်အလုပ်ရပ်ဆိုင်းသည့် ပထမနေ့တွင် (50) JD ၊ ဒုတိယနေ့မှစ၍ ယနေ့ (၅/၅/၂၀၁၁)အထိ တနေ့လျှင် JD(5) ဒဏ်ကြေးပေးဆောင်ရမည်ဟု စက်ရုံမှတာဝန်ရှိ သူများက ပြောကြားခဲ့ပါသည်။ ကျနော်/ကျမတို့ဘက်မှတင်ပြတောင်းဆိုမှုများကို စက်ရုံသူဋ္ဌေးမှတစုံတရာလိုက်လျောခြင်း၊ စဉ်းစားခြင်းတို့ကိုမပြုလုပ်ပေးခဲ့ပါ။
(၅/၅/၂၀၁၁) နံနက် (၈ နာရီ) တွင် သူဋ္ဌေးမှအလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန်၊ ယခု အချိန်မှသ၍ အလုပ်ပြန်လည်လုပ်ကိုင်ပြီး (၃) ရက်အတွင်း လုပ်သားများတောင်းဆိုမှုတစုံတရာအား စဉ်းစားပေးမည်ဟုပြောပြီး ကျနော်/ကျမတို့၏ တင်ပြတောင်းဆိုမှုများကိုငြင်းပယ်ခဲ့၍ အလုပ်ပြန်လည်လုပ်ကိုင်ခြင်းမရှိပါက မိမိစားရိတ်ဖြင့်မြန်မာနိုင်ငံ သို့ပြန်ရန်ပြောခဲ့ပါသည်။ ကျနော်/ကျမတို့မြန်မာအလုပ်သမားများမှလည်း တစုံတရာလိုက်လျောမှုမရှိပဲ အလုပ်ပြန်လည်မလုပ် နိုင်ပါဟုပြန်လည်တင်ပြပြီး မြန်မာပြည်သို့ပြန်လည်ပို့ဆောင်လိုကလည်းပြန်မည်ဟု သူဋ္ဌေးအားပြန်လည်ပြောဆိုခဲ့ပါသည်။
သူဋ္ဌေးမှ ဒုတိယအကြိမ် မနက်(၁၀နာရီ)တွင် ယနေ့ပြန်လည်လုပ်ကိုင်ပါက သို့တည်းမဟုတ် (၇/၅/၂၀၁၁) နေ့တွင်အလုပ် ပြန်လည်လုပ်ကိုင်ပါက ယခင်အလုပ်ပျက်ရက်ဒဏ်ကြေးငွေများအားမဖြတ်ရန် စဉ်းစားပေးမည်ဟုပြောခဲ့ပြီး မိမိ နိုင်ငံသို့ပြန်လိုပါ ကလည်း သက်ဆိုင်ရာအေးဂျင့်များသို့ အကြောင်းကြားခြင်း၊ မြန်မာနိုင်ငံသံရုံးများသို့အကြောင်းကြားပြီး တာဝန်ရှိမြန်မာသံရုံး ဝန်ထမ်းများရောက်ရှိမှသာ ကိစ္စများဖြေရှင်း၍ပြန်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
 ထို့အပြင် သူဋ္ဌေးမှ လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့ သည့် (၂၄/၄/၂၀၁၁) မှ (၅/၅/၂၀၁၁) ရက်နေ့၊ စုစုပေါင်း(၁၂)ရက်စာကို ဂျော်ဒန်နိုင်ငံအလုပ်သမားရုံးအားပေးဆောင်ရန် ဒဏ်ကြေးငွေကို ကျနော်/ကျမတို့မြန်မာအလုပ်သမားများ၏ အသက်အာမခံကြေးငွေနှင့် April လ လုပ်အားခငွေများမှ နှုတ်ယူ မည်ဟုပြောခဲ့ပါသည်။
မနက်(၁၁ နာရီ ၃၀ မိနစ်အချိန်တွင်) လူမှုရေးနှင့်စီမံခန့်ခွဲရေးတာဝန်ရှိသူမှ အဆောင်သို့ပြန်လည် အနားယူ၍ သက်ဆိုင်ရာမြန်မာသံရုံးမှဝန်ထမ်းများအားစောင့်ဆိုင်းရန် ဝန်ထမ်းများအားပြောကြား၍ အဆောင်သို့ပြန်ခိုင်းခဲ့သည်။
ဂျော်ဒန်နိုင်ငံတွင် ဂျော်ဒန်နိုင်ငံဆိုင်ရာမြန်မာသံရုံးမရှိသဖြင့် အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးများသို့ ယခုကိစ္စနှင့်စပ်လျဉ်း၍ ကူညီဖြေရှင်းပေးပါရန်တင်ပြတောင်းဆိုထားသော်လည်း ယခုအချိန်အထိ တစုံတရာ လာရောက်ညှိုနိုင်းပေးဖြင်း ပြောဆိုဆွေးနွေးပေးခြင်းစသည့် တာဝန်ယူဆောင်ရွက်ပေးမှုများ မရှိသေးပါ။

လက်မှတ်ကို ထိုဒေသရောက် မြန်မာအလုပ်သမားများက ရေးထိုးထားသည်။
         

သတင်းကောင်း

အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်မည်


ဘန်ကောက်(မဇ္ဈိမ) ။      ။ အရှေ့တောင်အာရှ နိုင်ငံများအသင်းကြီးမှ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပနေသည့် ညီလာခံအပြီး ထုတ်ပြန်မည့် ကြေညာချက်မူကြမ်းတွင် ပါရှိသည်ဟု ထိုင်း MCOT သတင်းတရပ်မှ ဖော်ပြပါရှိသည်။  

အဆိုပါသတင်းနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးရေး လုပ်ဆောင်နေသည့် မဟာချိုင်အခြေစိုက် Labour protection Network(LPN) အလုပ်သမားအကာအကွယ်ပေးရေး ကွန်ယက် ဒါရိုက်တာ ခွန်စုန်ဖုန်းဆာကဲယော့မှ “ဒါကောင်းတဲ့ လက္ခဏာပါ အစိုးရပိုင်းက ပူးပေါင်းဆောင်ရွက်မှုတွေ ပါလာမယ်ဆိုရင်ပေါ့၊ ကျနော်တို့ ကြိုဆိုပါတယ်၊ ဒီကိစ္စ္စကို အစိုးရတာဝန်ရှိသူတွေက အလေးအနက်ထားလုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုပါတယ်” ဟုမဇ္စ္ဈိမကို ပြောဆိုသည်။ 

UNODC ကမ္ဘာ့ကုလသမဂ္ဂ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် လူ ၂.၅သန်း လူကုန်ကူးခံနေရသည့်

ရထားပေါ် လက်တော့ပ်သယ်ရင် တန်ဆာခ မလိုတော့


ချင်းမိုင် (မဇ္ဈိမ) ။      ။ မီးရထားပေါ် လက်တော့ပ် ကွန်ပြူတာ သယ်ဆောင်ပါက ယခင်လို တန်ဆာခ ပေးဆောင်စရာ မလိုတော့ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနက ထုတ်ပြန်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင် ပြောသည်။

မီးရထားပေါ် ခရီးဆောင် လက်တော့ပ် သယ်မှုကို လက်မှတ်စစ်က ဒဏ်ရိုက်ကြောင်း မဇ္ဈိမက သတင်းထုတ်ပြန်ခဲ့အပြီး မီးရထားဝန်ကြီးဌာန အကြီးအကဲများ စည်းဝေးပြီးနောက် ဝန်ကြီးဌာန အောက်ရှိ ဌာနများကို ဧပြီလ ၂၈ ရက်နေ့တွင် နှုတ်မိန့်ဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

Tat-Kon-train-station

“ကျနော့်ကိုတော့ ၂၈ ရက်နေ့ ၁၄ နာရီ ၁၅ မှာ နှုတ်မိန့်နဲ့ ဖုန်းနဲ့တဆင့် ပြောလာတာပါ။ ကျနော့်လက်အောက်ခံ လက်မှတ်စစ်တွေ အပါအဝင် အဖွဲ့တွေကို ဒဏ်မရိုက်နဲ့၊ တန်ဆာတွေ မလုပ်နဲ့၊ သယ်ခွင့်ပေးလိုက်ပါ ဆိုပြီးတော့ ကျနော်တို့ကို အဲလိုညွှန်ကြားပါတယ်” ဟု ဦးအောင်ခင်က မဇ္ဈိမကို ပြောသည်။

လက်တော့ပ်ကို တန်ဆာခ မပေးဘဲ သယ်ဆောင်လျှင် မီးရထားဝန်ထမ်းများက ဒဏ်ရိုက်မည့်အကြောင်း ဧပြီ်လ ၂၂ ရက်နေ့တွင် မဇ္ဈိမက သတင်းထုတ်ခဲ့သည်။ သတင်းထုတ်ပြီး ၆ ရက်မြောက်တွင် ဝန်ကြီးဌာနက ပြောင်းလဲဆုံးဖြတ်မှု ဖြစ်သည်။

“ဝန်ကြီးဌာနကလည်း ကျနော့်ကို မေးပါတယ်။ အဲဒီလက်တော့ပ်ကို ဒဏ်ရိုက်တာနဲ့ ပတ်သက်ပြီး ပြည်ပက အင်တာနက် သတင်းမှာ ပါလာတယ်ဆိုပြီးတော့ ဒီမှာ တော်တော်လေး ဂယက်ရိုက်သွားတယ်” ဟု ဦးအောင်ခင်က ဆိုသည်။

ယခုခွင့်ပြုချက်သည် ကိုယ်ပိုင်သုံးပစ္စည်းကိုသာ ခွင့်ပြုခြင်းဖြစ်ပြီး ရောင်းဝယ်ရန်အဖြစ် သယ်ဆောင်မှုများကို ဘူတာရှိ တန်ဆာဆောင်ဌာနတွင် တန်ဆာခ ပေးဆောင်ရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးကလည်း ပြောသည်။

“အခု ခွင့်ပြုတယ်ဆိုတာတွေဟာ Personal Use အတွက်ကိုသာ ခွင့်ပြုပေးခြင်းသာ ဖြစ်ပါတယ်။ အရောင်းအဝယ် ပြုလုပ်ဖို့ များများစားစား သယ်ဆောင်တာကိုတော့ တန်ဆာဆောင်ရမှာပါ။ ဒါကတော့ ထုံးစံအတိုင်းပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

မမ ဟု လူသိများသော မြန်မာ့မီးရထားဌာနက ၁၉၉၉ ခုနှစ်ခန့်မှစ၍ ညွှန်ကြားချက် ပြဋ္ဌာန်းကာ အခွန်ဆောင်စေခဲ့ခြင်း ဖြစ်သည်။
                      
ဧပြီလဆန်းပိုင်းတွင် လက်ပ်တော့ ကွန်ပြူတာ သယ်သဖြင့် လက်နှိပ်စက်နှုန်းထားအတိုင်း ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင်ခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook ပေါ် တင်ခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြကြသည်။

ထိုစဉ်က နေပြည်တော်အခြေစိုက် မြန်မာ့မီးရထား ပို့ဆောင်ရေးဌာန တာဝန်ရှိသူများက လက်တော့ပ်ကွန်ပြူတာများ ပါရှိက တန်ဆာလုပ်ရန် လိုအပ်ပြီး၊ မပြုလုပ်ပါက ဒဏ်ငွေ ၃ ဆ ပေးဆောင်ရမည်ဟု ပြောဆိုခဲ့သည်။ ယခု အသစ်ပြဋ္ဌာန်းချက်တွင် ပေးဆောင်စရာ မလိုတော့သဖြင့် လွတ်လပ်စွာ သယ်ယူနိုင်ပြီဖြစ်သည်။

ခရီးဆောင်အဖြစ် လက်တော့ပ်ကွန်ပြူတာ၊ ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာ၊ ရေဒီယို၊ ကက်ဆက် စသည်တို့ကို ဧပြီလ ၂၉ ရက်နေ့မှစပြီး လက်ဆွဲတန်ဆာ ဆောင်စရာမလိုတော့ဘဲ သယ်ယူခွင့်ပြုပြီးနောက် လက်မှတ်စစ်များ၊ ရထားဘူတာရုံ ဝန်ထမ်းများက အခွန်ဆောင်ခိုင်းပါက သက်ဆိုင်ရာ မီးရထားဌာနများသို့ တိုင်ကြားနိုင်မည်။

ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မီးရထားဝန်ကြီးဌာန၌ ပထမဦးဆုံး အပြောင်းအလဲတခုဟု ရထားပို့ဆောင်ရေး စီးပွားရေးဌာနကအရာထမ်းတဦးက ပြောဆိုကာ၊ လက်ရှိဖောက်လုပ်နေသည့် မီးရထားလမ်းများနှင့် ရထားဘူတာများမှာ စစ်အစိုးရဟောင်းလက်ထက် မပြီးပြတ်သေးမှုများသာ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ မီးရထား တန်ဆာခ နှုန်းထားအသစ်များကို တရားဝင် ပုံသေသတ်မှတ်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိ လူကြီးများအနေဖြင့် လွှတ်တော်မှတဆင့် တင်ပြသွားနိုင်ရန် စီစဉ်နေကြသည်။

လက်ရှိ လူစီးရထား ကုန်တင်နှုန်းမှာ တပိဿာလျင် ၃၆ ကျပ် ဖြစ်သွားသလို ကုန်တင်ရထား နှုန်းမှာ တပိဿာလျင် ၂၄ ကျပ်ဖြစ်သည်။

ဆန္ဒပြ မြန်မာအလုပ်သမား ၂ ဦးကို မလေးရှားရဲ ဖမ်းဆီး

2011-05-06
မလေးရှားနိင်ငံမှာရှိတဲ့ Electronics ပစ္စည်းထုတ်စက်ရုံ တရုံက မြန်မာ အလုပ်သမား၂၄ ဦး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာ ၂ ဦးကို မေလ ၅ ရက် မနေ့ညက ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ BCM အဖွဲ့က RFA ကို ပြောပြပါတယ်။
(Photo: AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)
အဲဒီစက်ရုံကတော့ Johore ပြည်နယ် Sanai Jayar မြို့နယ်မှာရှိတဲ့ Rohe Birt Electronics ပစ္စည်းထုတ်စက်ရုံလို့ သိရပြီး မြန်မာ၊ နီပေါလ်၊ Bangladesh နဲ့ ဗီယက်နမ် အလုပ်သမားတွေ ငှားရမ်း လုပ်ကိုင် လည်ပတ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။
ဆန္ဒြပရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမား ၂၄ ယောက်အနက်

Thursday, May 5, 2011

မှတ်မှတ်ရရ တသသ

မှတ်မှတ်ရရ တသသ  (တပ်သားသစ်)    အပိုင်း(၁)

 (မင်းလွမ်းနောင်) ၅-၅-၂၀၁၁


ကျွန်တော် ...ကျွန်တော်ဆိုတာ ကတော့ ဧရာဝတီတိုင်းရဲ. မြစ်ဝကျွန်ေးပ်ါဒေသ ကရင်လူမျိုးအများစုနေထိုင်တဲ့ မြို.လေးတစ်မြို.က အညတရ ဆင်းရဲသားလေးတစ်ယောက်ပါ..မြို.ပေါ်ကဘုန်းကြီးကျောင်းမှာဘုန်းကြီးကျောင်းသားအဖြစ်လုပ်လိုက် မြို.ထဲမှာ ဆိုက္ကားလေးနင်းလိုက်နဲ. ကျောင်းစားရိတ်ရှာနေရသူတစ်ယောက်ဆိုလဲမမှားပါဘူး  ကိုယ်ဒူးကိုကိုယ်ချွန်ရင်း သူခိုးမဖြစ်ဂျပိုးမဖြစ်ဖို.အတွက်ကတော့ ကျွန်တော်မှီခီုနေတဲ့ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက သွန်သင်ဆုံးမပေးကြပါတယ်....မိခင်လုပ်သူကလဲ ဆယ်တန်းဖြေမဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ...ဒီနေရာမှာ ပြည်သူ.ကျန်းမာရေး(ဆေးရုံ)အကြောင်းပြောစရာပေါ်လာပါတယ်  ကျွန်တော်က အရင်ထဲက ကျောင်းသားဘ၀မှာ ကြက်ခြေနီ တပ်ဖွဲ.ထဲဝင်ရောက်ပြီးလူမှု.ရေးလုပ်ငန်းတွေကို အားကျိုးမာန်တက်လုပ်ပေးခဲ့သူပါ...ကြက်ခြေနီမှ ပေးအပ်သော ထူးချွန်ဆုကိုလဲ

မြန်မာ ကျပ်ငွေများ

မြန်မာကျပ်ငွေ

Contents

[hide]
ငွေစက္ကူ ဆိုသည်မှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ရာတွင် ကြားခံအဖြစ် အသုံးပြုကာ စက္ကူဖြင့် ပြုလုပ်ထား၍ တန်ဘိုးသတ်မှတ်ထားသော အရာဖြစ်သည်။ ကမ္ဘာတွင် နိုင်ငံအသီးသီး၌ ငွေစက္ကူကို အသုံးပြုကြသည်။ နိုင်ငံတိုင်း လိုလိုပင် ကိုယ်ပိုင် သတ်မှတ်ထားသည့် ငွေစက္ကူများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ငွေစက္ကူများကို သုံးစွဲခဲ့ကြသည်။
ကိုလိုနီခေတ်တွင် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်လုပ်ခဲ့သည်။ “ဗမာပြည်တွင် သုံးနိုင်သည်”ဟုရေးပြီး ထုတ်သည်။ ထိုခေတ်တွင် ရူပီး (Rupee) အသုံးဖြစ်သည်။ ၁ရူပီး (Rupee)တွင် ၁၀၀ စန့် (Cent) ရှိသည်။ ၁ရူပီး (Rupee) တွင် ၁၆- ပဲ (Anna) ရှိသည်။
၁၉၄၄ ခုနစ်တွင် “ဂျပန်နိုင်ငံတော်အစိုးရ” ဆိုသည့်နာမည်နှင့် ငွေစက္ကူများ၊ “ဗမာနိုင်ငံတော်ဘဏ်” ဆိုသောနာမည်နှင့် ထုတ်ထားသော ငွေစက္ကူများ တွေ့ရသည်။ ဂျပန်ခေတ်တွင်လည်း ရူပီး (Rupee) သာသုံးသည်။
နောက်ပိုင်းတွင် ကျပ် (Kyat) အသုံးပြုလာသည်။ ၁ကျပ်တွင် ပြား၁၀၀ ရှိသည်။
၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”ဟုဆိုသော နာမည်နှင့် ပြောင်းထုတ်သည်။
နောက်ထူးခြားချက်တစ်ခုကတော့ ၁၉၉၄ ခုနစ်က ထုတ်ခဲ့သော ၅၀၀ကျပ်တန် နှင့် ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့သည့် ၁၀၀၀ကျပ်တန် ငွေစက္ကူများကို ၂၀၀၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာဖြစ်သည်။


၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

ဂျပန်ခေတ် ငွေစက္ကူပုံများ

၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

FEC: Foreign Exchange Certificate

ဖျက်သိမ်းခဲ့သော ငွေစက္ကူပုံများ

၁၉၉၀ ခုနစ်မှ ယခုအချိန်ထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ