.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 3, 2011

မြန်မာနိုင်ငံသား ၄၀ ကျော် မီဇိုရမ်ရဲကထပ်ဖမ်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ကို မီဇိုရမ်ရဲများက ယနေ့ ထပ်မံဖမ်းဆီးလိုက်သည်ဟုသိရသည်။
အိုင်ဇောလ်မြို့ပေါ် Chawlhhmun ရပ်ကွက်တွင် အိမ်ငှါးပြီးနေထိုင်နေကြသည့် မြန်မာနိုင်ငံမှ ချင်းလူမျိုး အယောက် ၃၀ ခန့်ကို ရပ်ကွက်ကောင်စီအဖွဲ့၊ ရပ်ကွက်လူငယ်အဖွဲ့နှင့် vaivakawn ရဲများကပူးပေါင်းပြီး ယနေ့နံ နက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဘာကြောင့်ဖမ်းတာလဲဆိုတာတော့အတိအကျမသိရဘူး၊ ရပ်ကွက်ကောင်စီအဖွဲ့ နှင့်
မီဇိုးလူငယ်အသင်းအဖွဲ့ တွေက ရပ်ကွက်ထဲမှာနေထိုင်ကြတဲ့ မီဇိုရမ် ID (မှတ်ပုံတင်)မရှိတဲ့သူတွေကို လိုက်စစ်ပြီး မရှိတဲ့သူကိုအကုန်လုံး ဖမ်း တာ” ဟု Chawlhhmun ရပ်ကွက်တွင်နေထိုင်သည့် ချင်းအမျိုးသမီးတဦးကပြောသည်။
အဖမ်းခံရသူများကို အချူပ်ကားဖြင့်တင်ဆောင်သွားကာ ရဲစခန်းဌါနချူပ်သို့ခေါ်ဆောင်သွားကြသည်ဟုသိရသည်။ အဖမ်းခံရသည့်အထဲတွင် ကလေးငယ်တချို့လည်းပါဝင်ကြောင်းသိရသည်။
”မိဘနှစ်ပါးစလုံးကိုဖမ်းသွားတယ်ဆိုတော့ သူတို့ကလေးတွေကို ဒီတိုင်းထားခဲ့ရမှာကိုစိတ်မချတာကြောင့် ကလေးငယ် တချို့လည်း သူတို့မိဘတွေနဲ့အတူပါသွားကြတယ်၊ ကလေး ဘယ်နှစ်ယောက်ပါသလဲဆိုတာ တော့အတိအကျမသိဘူး” ဟုအဆိုပါချင်းအမျိုးသမီးကပြောသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း အိုင်ဇောလ်မြို့မဈေးရှိ စားသောက်ဆိုင်နှစ်ဆိုင်တွင် တည်ခိုနေကြသည့် မြန်မာ နိုင်ငံမှ ချင်းအမျိုးသား ၁၆ ဦးကို အိုင်ဇောလ်ရဲများကလာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။
အဖမ်းခံရသူများထဲမှ ၅ ဦးမှာ အိန္ဒိယနိုင်ငံဘက်သို့ ကျမ်းစာကျောင်းတက်ရန် ချင်းပြည်နယ်မှရောက်ရှိလာကြ သူများ ဖြစ်ပြီး အများစုမှာ မီဇိုရမ်တွင် လွှစွဲရန်ရောက်ရှိလာကြသူများဖြစ်သည်ဟုသိရသည်။
” ကျနော့်ဆိုင်မှာလာဖမ်းသွားတဲ့ ၅ ဦးက ကုလားပြည်မှာကျမ်းစာကျောင်းတက်ဖို့  ချင်းပြည်နယ်ကနေရောက် လာတဲ့သူ တွေပါ၊ မနက်ဖြန်ကို ဒီကနေ ထွက်ဖို့ ကားလက်မှတ်တွေလည်းဖြတ်ထားပြီးပြီ၊ ဒါပေမဲ့ အခုအဖမ်းခံ ရတယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲမသိဘူး” ဟု စားသောက်ဆိုင်ပိုင်ရှင်ကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း အိုင်ဇောလ်မြို့ဇောင်းသွေရပ်ကွက်တွင် သင်္ကြန်ပွဲဆင်နွှဲနေကြသည့် မြန်မာ ယကန်းသမား ၁၃ ဦးကို မီဇိုရမ်ရဲများကဖမ်းဆီးခဲ့ပြီးဖြစ်သည်။
၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်သို့ ထိန်းသိမ်းထားပြီး လာမည့် မေလ ၂ ရက်နေ့တွင် တရားရုံး သို့ အမှု ပြန်လည်ကြားနာကြမည်ဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း အိုင်ဇောလ်မြို့ရပ်ကွပ်တချို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကိုလည်း မီဇိုး လူငယ် အသင်းများက စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရသည်။
”ကျနော်တို့အိမ်ကို မီဇိုးလူငယ်အသင်းအဖွဲ့ဝင်တချို့ရောက်လာပြီးတော့ အိုင်ဇောလ်မြို့မှာနေထိုင်တာကြာပြီ လား၊ ဘယ်ဒေသကနေပြောင်းရွှေ့လာကြတာလဲ၊ ပြောင်းရွှေ့လက်မှတ်ရှိမရှိလာမေးတယ်၊ မရှိရင်တော့ တခုခု ပြသနာဖြစ် လာနိုင်မယ်လို့ထင်တယ်”ဟုအိုင်ဇောင်မြို့ electric ရပ်ကွက်တွင်နေထိုင်သူမြန်မာနိုင်ငံသားတဦးက ပြောသည်။
အဆိုပါ ဒေသတခုမှ ဒေသတခုသို့ ပြောင်းရွှေ့လက်မှတ်ကို အိုင်ဇောလ်မြို့တခြားရပ်ကွက်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ