.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 4, 2012

“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” PDF Print E-mail
မူရင်းလင့်  http://www.ghre.org/mm/news/696-2012-04-04-09-21-12/    Writtenby မြတ်ညို   
20120404aထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဈေးဆိုင်ခွဲပေါင်း (၅၀)ကျော်ခန့်ရှိသော စူပါချိ (Super cheap) အမည်ရှိ ဧရာမ စူပါ မတ်ကက်ကြီးတွင် အလုပ်လုပ်ကိုင်ကြသော ထောင်ချီသည့် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့ရာ လုပ်ငန်းရှင်က လိုက်လျောမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဧပြီလ (၁)ရက်နေ့ နံနက် (၅)နာရီကတည်းက ထောင်ချီသည့် မြန်မာအလုပ်သမားများက ၎င်းတို့ ချိုးဖေါက် ခံနေရသည့် အခွင့်အရေးများအား တင်ပြခဲ့ကြရာ လုပ်ငန်းရှင်က တစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများက ဆန္ဒပြမှုကို ရပ်တန့်ခဲ့ကြသည်။
ဦးဆောင်သူ တစ်ဦးဖြစ်သော ကိုထွန်းမင်းနိုင်က “ကျနော်တို့ ထောင်ချီရှိတဲ့ အလုပ်သမားတွေ မနက် (၅)နာရီ ကတည်းက လူစုလူဝေး လုပ်ကြတယ်။ အလုပ် မဆင်းကြဘူး။ ၀ဏ္ဏတို့ မန်နေဂျာတို့က သူတို့ ဖြေရှင်းပေမယ်လို့ ပြောတယ်။ ကျနော်တို့ လက်မခံဘူး။ သူဌေးနဲ့ စကားပြောရမှ ဆန္ဒပြတာကို ရပ်မယ်လို့ ပြောလိုက်တယ်။ သူဌေး ရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့က အခွင့်အရေး ချိုးဖောက်ခံနေရသမျှတွေကို တင်ပြကြတယ်။ နစ်နာနေရသမျှတွေကို တင်ပြကြတယ်။ တစ်လအတွင်း ဖြေရှင်းပေမယ်လို့ ပြောလို့ ကျနော်တို့ ဆန္ဒပြပွဲကို ရပ်နား လိုက်ကြတာပါ”ဟု ပြောသည်။
အလုပ်သမားများ တောင်းဆိုချက်များမှာ (၁)ဆေးဝါးကုသမှုနှင့် ကျန်းမာရေး အာမခံချက် မရှိခြင်း။ (၂)အလုပ်သမားများသည် မိမိတို့လစာ မည်မျှ ရသည်။ မည်မျှ ဖြတ်တောက်သည် မည်သည့်အတွက် ဖြတ်တောက်သည်ကို မသိရှိရပဲ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်သူများ ပေးသမျှသာ ရရှိခြင်း၊ မေးမြန်း စုံစမ်းခွင့် မရှိခြင်း။ (၃)မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်ရေးမှူး ၀ဏ္ဏတို့၏ ထိုးကြိတ်မှုတို့ကို ခံခဲ့ရသည့်အပြင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း။ (၄)ပတ်စ်ပို့နှင့် work permit တို့အား မိမိတို့ အစီအစဉ်နှင့် ပြုလုပ်ပါက လုပ်အားခမှ ထပ်မံ ဖြတ်တောက်ခြင်း။ (၅)လူမျိုး ခွဲခြား ဆက်ဆံခံရခြင်းတို့ ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ အနေနဲ့ ဘယ်လို အခြေနေမျိုးကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေဆီမှာ တစ်ခုခု တောင်းဆိုမယ်ဆိုရင် အဓိကတော့ မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုပါမယ်။ တစ်ချိန်ထဲမှာဘဲ တိုက်ပွဲကို ဦးဆောင်ဖို့ အလုပ်သမား ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး စနစ်တစ်ကျ တာဝန်ခွဲဖို့ လိုပါမယ်။ ဥပမာအားဖြင့် သတင်းနှင့် ပြန်ကြားရေး၊ ကျန်းမာရေး၊ အစားအသောက်နဲ့ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ပုံစံမျိုး စနစ်တကျ ဖွဲ့စည်ထားဖို့ လိုပါမယ်”ဟု ပြောသည်။
အဓိက အရေးကြီးဆုံးမှာ လုပ်နိုင်ကိုင်နိုင်ပြီး စည်းရုံးရေး စွမ်းရည်ကောင်းသော ခေါင်းဆောင်များ အားလုံး ဦးဆောင်မှု ကော်မီတီထဲတွင် စုပြုံပြီး မပါဝင်ရန် အရေးကြီးသည်။ အရည်အချင်းရှိသော ခေါင်းဆောင်အားလုံး တိုက်ပွဲ၏ တပ်ဦးတွင် ပါနေပါက လုပ်ငန်းရှင်များက နည်းအမျိုးမျိုးဖြင့် ဖြိုခွင်းသည့်အခါ နောက်ထပ် ခေါင်းဆောင်နိုင်မည့် ခေါင်းဆောင်များ မရှိတော့ဘဲ ပြိုပျက်သွားနိုင်သည်။ တိုက်ပွဲစမည့် နေ့ရက်၊ အချိန်နှင့် နေရာများကိုလည်း စနစ်တကျ ရွေးချယ်သင့်သည်။ ထို့မှသာ မိမိတို့၏ ရည်ရွယ်ချက် အထမြောက် အောင်မြင်နိုင်သည်။ အများပြည်သူ ရုံးပိတ်ရက်မျိုးနှင့်  ရုံးချိန်ပြင်ပများတွင် ဆန္ဒပြခြင်းထက်၊ ရုံးချိန်အတွင်းမှာ ဆန္ဒပြခြင်းက ပိုမိုထင်သာမြင်သာ ဖြစ်စေကြောင်း ဦးထူးချစ်က အကြံပြုပြောဆိုသည်။
ဖူးခက်မြို့၏ တစ်ခုတည်းသော အကြီးဆုံး Super cheap စူပါမတ်ကက် ကြီးအား ၁၉၈၄ ခုနှစ်က စတင် တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း အင်တာနက်အွန်လိုင်း အချက်အလက်များအရ သိရှိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ