.comment-form{ margin-right: auto; margin-left: auto; }
အကြို့်များသောပိုစ်များ
Showing posts with label ပြည်သူ.စစ်သည်ရေးရာ. Show all posts
Showing posts with label ပြည်သူ.စစ်သည်ရေးရာ. Show all posts
Wednesday, April 4, 2012
ကာချုပ် ဘာကြောင့် အဆင့်တိုးလဲ
မောင်ကျောက်ခဲ ဘလောဂ်မှ ကူးယူဖော်ပြသည်
အခုတလော ပွလာတဲ့ ကိစ္စက ကာချုပ်ကြီး ဘာကြောင့် အဆင့်တိုးသလဲ
ဟုတ်ကဲ့ တချို့ကတော့ ပြောကြပါတယ်..
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဆိုတော့  သူ့အထက်က ဗိုလ်ချုပ်မှူးကြီး များ ရှိနေမလား..အဲဒီလူဟာ
ဦးသန်းရွှေများ ဖြစ်နေမလား ..စသည်ဖြင့်ပေါ့လေ...။
ဒေါ်စု က လွှတ်တော်ထဲ ရောက်ရင် တပ်မတော်သား အမတ် ၂၅ % ကို ဖယ်ရှားဖို့ ကြိုးပမ်းမှာမို့စစ်တပ်ကဏ္ဍ မြင့်တင်တာ စတဲ့သတင်းတွေကို ကြားနေရပါတယ်...တကယ်တော့ မဟုတ်လာက်ပါဘူး..။
ကျွန်တော်တို့လို အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ခန့်မှန်းတွက်လို့ရနိုင်ပါတယ်
အကျိုးအကြောင်း ၂ ချက် ရှိပါတယ် ။
(၁)
အဲဒါကတော့ အောက်ခြေ ရာထူးကွာဟမှူ ဖြစ်တယ်
 အောက်ခြေ..
.အောက်ခြေ လို့ပြောရပေမယ့် က-စ-ထ မှူးတွေနဲ့ တိုင်းမှူးတွေရဲ့ အဆင့်level တူညီမှူကို ခြားလိုက်တာ ဖြစ်ပါတယ် ။ အခုချိန်မှာ က-စ-ထ မှူးတွေဟာ တိုင်းမှူးတွေနဲ့ ရာထူးတူ ဗိုလ်ချုပ်တွေ ဖြစ်နေပါတယ် ။ တပ်မတော် ဖွဲ့စည်းပုံအရ က-စ-ထ မှူးဟာ စစ်တိုင်းမှူးတွေထက် ကြီးသူတွေဖြစ်တာကြောင့် အခုလို ရာထူး တူညီနေမှူဟာ တာဝန်ထမ်းဆောင်မှူမှာအခက်အခဲအများဆုံး ကြုံတွေ့နေရပါတယ် ။ က-စ-ထ မှူးအောက်မှာ စစ်တိုင်းမှူးတွေ ရှိပါတယ် ။
သာမာန် ခြေလျှင်တပ်ရင်းတရင်းလောက်မှာ ရာထူးတူညီမှူဟာ သိပ်မထူးခြားပေမယ့် ဒီအဆင့်တွေမှာတော့ အတော်တာ သွားတဲ့ကိစ္စဖြစ်ပါတယ် ။
ဒါကြောင့် က-စ-ထ မှူးတွေနဲ့ စစ်တိုင်းမှူးတွေရဲ့ ရာထူးကွာခြားချက်ကို ခြားနားပေးရန်အတွက်
က-စ-ထ များကို တပ်တော်ကြီး အဆင့် တိုးမြင့်ရန် အတွက် ရာထူးများတိုးမြင့်ပြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း upgrade အတွက် လိုအပ်လို့သာဖြစ်ပါလိမ့်မယ် ။ဒါမှသာ အဆင့်ဆင့်ရာထူးမြင့်ရင်း အထက်တွေကို ဌာန နဲ့ရာထူး တိုးသာတာ ဖြစ်ပါလိမ့်မယ်..။
(၂)
ဟ..ဒါဆို စစ်တပ်က ရာထူးတိုးချင်သလို တိုးပေးလိုက်သလား ဆိုတော့ တဖက်က ပြန်တွေးလိုက်ပါ... ယခု ရာထူးတိုးတာဟာ သမ္မတ ကနေတိုးလိုက်တာဖြစ်ပါတယ်.။
ယခု ကာချုပ်ကြီး ရာထူးဟာလည်း နိုင်ငံတကာနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် 5 star general အဆင့်နဲ့ ညီပါတယ် ။
 ဒါဟာ တပ်မတော်ကို နိုင်ငံတကာနဲ့ အညီ အဆင့်မြင့်တင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ် ။လေတပ်မှာ လေယာဉ်တွင် အသစ်ရောက်ရှိတာ လေယာဉ်တွေကို အဆင့်မြင့်တင်နေတာ ရေတပ်မှာ စစ်သဘောင်္တွေ ဝယ်ယူခြင်း အဆင့်မြင့်တင်ခြင်း လက်နက်စနစ်များ အသစ်များ တပ်ဆင်ခြင်း လေကြောင်းရန်ကာကွယ်ရေးတပ်များအတွက် စနစ်သစ်များ ဝယ်ယူဖြည့်တင်းခြင်း အပြင် တင့်များမကျန် အဆင့်မြှင့်နေခြင်းနှင်း စစ်သင်တန်းကျောင်းများတွင်ပါ သင်ရိုးညွှန်းတမ်း အသစ်များ ထပ်ထည့်ခြင်း ခြေလျှင်တင့် ပူးပေါင်းစစ်ဆင်ရေးများလုပ်ခြင်း ခြေလျှင်များအတွက် ယူနီဖောင်းများ ပြောင်းလဲရန် သတင်းအချို့ ထွက်လာခြင်းတို့ဟာ လက်ရှိစစ်တပ်ကို နိုင်ငံတကာ မဟုတ်တောင် အာရှမှာ ကျားတစ်ကောင် ဖြစ်လာရန် ကြိုးစားနေခြင်းနှင့်လည်း ဆက်စပ် စဉ်းစားနိုင်ပါသည် ။
ကျွန်တော်တို့ ရေးသားချက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းချက်တွေ ဖြစ်ပြီး ယတိပြတ် ဤသို့ဖြစ်လာမည် ဟု ရေးသားခြင်းမဟုတ်ပါ ကြောင်း ဝန်ခံပါရစေ..။
Tuesday, October 25, 2011
ကိုယ်ရံတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ
အမ်အေ-၃ ၅.၅၆မမ (ကပစထုတ်) စက်သေနတ်များကိုင်ဆောင်ထားသော စစ်သည်များ
မြန်မာ့တပ်မတော်မှ အထူးချေမှုန်းရေး (ကိုယ်ရံတော်) စစ်သည်များဖြစ်ပါသည်။
Friday, September 30, 2011
ငရဲ ရှယ်ယာ
by Seaman Nayminthu on Friday, September 30, 2011 at 9:23am
 ကိုနေမင်းသူ…
မဟောင်းသေးတဲ့ အတိတ်ပန်းချီကားတစ်ချပ်လို့ပဲပြောမလား ၊ ဟောင်းသွားပေမယ့် မေ့လို့မရတဲ့ အကြောင်းအရာတစ်ခုလို့ပဲပြောမလား ၊ လွန်ခဲ့တဲ့ နှစ် 20 နီးပါးကပေါ့ဗျာ…
ဝန်ထမ်းဘ၀ .. သေသေချာချာပြောရရင်..ကာကွယ်ရေး ၀န်ထမ်းဘ၀…
စစ်သားဘ၀ … တိတိကျကျ ပြောရရင် ရေတပ်သားဘ၀..
ဒီဘ၀တွေထဲက…  ကျနော်…
ဂျုတီချိန်အပြီးမှာ စစ်ရေယာဉ်-ရန်ထက်အောင်(442) ရဲ့ စစ်သည်တွေနားနေခန်း အိပ်စင်ပေါ်မှာ အနားယူနေရင်း  ပြီးခဲ့တဲ့အခေါက်က အကြောင်းတွေကို ပြန်တွေးရင်း အတွေးရေယာဉ် ကြောမှာ မျောနေမိပါတယ်… ကျနော့်ရေယာဉ်ကလည်း ပင်လယ်ပြင်မှာ ကျောက်မချပဲ မျှောထားရင်း….  တာဝန်ထမ်းဆောင်နေတဲ့အချိန်ပေါ့….
အရင်တစ်ခေါက်က.. စစ်ဆင်ရေး တာဝန်… ၀ရဇိန် စစ်ဆင်ရေးတဲ့ဗျာ … ရန်ကုန်မှာ  ၁၅ ရက်ပြည့်အောင် မနေလိုက်ရဘူး အခု … ရေနံစင်လုံခြုံရေး တာဝန်…..
ပိုင်နက်ပင်လယ် ဒို့ကာကွယ် ဆိုတဲ့အတိုင်း .. မြန်မာ့ ပင်လယ်ပြင်ကို စစ်ရေယာဉ် ကြီး ငယ် မဟူ မိမိ တာဝန်ကျရာ နေရာ… အပိုင်းအလိုက် ကာကွယ်စောင့်ရှောက်နေကြတာပါ…
ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်မှရယ် မဟုတ်ပါဘူး ၊ ဘက်စုံ ထောင့်စုံ နေရာတိုင်းကနေ..
Friday, August 5, 2011
လ-၁၃ နဲ့ ဆရာကြီး အေးမင်း
ဆောင်းပါးရှင် Comrade Eagle on Wednesday, July 27, 2011 at 11:51am
နှင်းမကျပေမယ့် မြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ ကျွန်တော် လူတစ်ယောက်နဲ့  ဆုံတွေခဲ့ရဖူးတယ်။ တပ်မတော်သား ဘဝမှာ ရာထူးအဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်းမဟုတ် ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ ကျွန်တော်တို့ စခန်း (ပွိုင့်-၂၉၄၈)ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ ခမရ(-) က တပ်ကြပ်ကြီးအေးမင်း အဲဒီ့ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တနေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမည် ပြောဖြစ်ခဲ့ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့တယ်။ ကျွန်တော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက်(၅၀)နီးပါး၊ စစ်သက်(၃၀) ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။ စစ်သက် (၃၀) နီးပါး ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုတော့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့အတွေ့အကြုံတွေ နားထောင်ရတာဟာ ကျွန်တော်တို့ စခန်းက ရဲဘော် အားလုံးအတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး ကရင်ပြည်နယ် ဖါပွန်သား ဆရာကြီးအေးမင်းဟာ အရက်မသောက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ် တကယ့် လူရိုးလူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာအမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ နာမည်နဲ့လိုက်အောင် အေးတဲ့ ဆရာကြီးအေးမင်းကို သူ့ရဲဘော်တွေကလည်း တော်တော် လေးစား ရိုသေကြတာ တွေ့ရတယ်။ အိမ်ထောင်မရှိ လူပျိုကြီးဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ ရှိအတူ နေလာခဲ့ပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီခဲ့တဲ့သူ။
သူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တစ်ဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ခလရ(၁၃)ဖါပွန်မြို့ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ(၁၃)ဆိုတာကတော့ အမှတ်(၁၃)ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး
Thursday, August 4, 2011
Myanmar Special Operation Task Force
မြန်မာ့တပ်မတော် အထူးချေးမှုန်းရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။
မြန်မာ့ တပ်မတော်ရေ အခြေခံ စစ်သင်တန်းကျောင်း
လေ့ကျင့် ကျွမ်းကျင် အောင်ပွဲဆင်
မြန်မာ့တပ်မတော် ရေ စစ်သည်များ အခြေခံ စစ်သင်တန်းလေ့ကျင့်နေကြစဉ်
မြန်မာ့တပ်မတော်ရေ အမှတ်(၁) စစ်သင်တန်းလေ့ကျင့်ရေး သင်တန်းကျောင်း တွင် လေ့ကျင့်နေကြသော မြန်မာ့တပ်မတော်ရေ တပ်သားများ ဖြစ်ပါသည်။
Thursday, June 9, 2011
လာပြီ…လာပြီ….VIP
by Seaman Nayminthu on Friday, June 10, 2011 at 1:16pm
“အခြေအနေ ဘာထူးသေးလဲ အောင်ဘု..”
“VIP မလာတော့ဘူး တဲ့”
“ဟေ့ကောင် မင်းစကားအတည်ပြောစမ်း.. ဒါနောက်စရာမဟုတ်ဘူးကွ”
“ဆရာကြီးရယ်… ဌာနချုပ်ရုံးမှာ ပြောနေကြတာကို ကျနော်ကြားခဲ့တာပါ”
“မလာလို့မဖြစ်ဘူးကွ လာကိုလာရမယ်”
“သြော်.. ဆရာကြီးကလည်း VIP မလာတော့ ကျနော်တို့စောစော တန်းဖြုတ်ရတာပေါ့.. ပိုမကောင်းဘူးလား”
“မင်းမသိပါဘူးကွာ”
တပ်ကြပ်ကြီး မောင်နီတစ်ယောက် နဖူးပြင်ပေါ်ကချွေးစီးကြောင်းတွေကို စစ်ဦးထုပ် နွမ်းနွမ်းကြီးနှင့် တအား ဖိသုတ်လိုက်ရင်း နီးစပ်ရာ မလေးရှားပိတောက်ပင်တစ်ပင်ကို မှီပြီးထိုင်ချလိုက်လေသည်။ ပြီးတော့မှ ကောင်းကင်ကိုမော့ကြည့်ကာ တစ်စုံတစ်ခု ရေရွတ်လိုက်သည်။ သူတို့တစ်တွေ ရဟတ်ယာဉ်ကွင်း လုံခြုံရေး တာဝန်ယူထားရသည်။
………………………………………………………………………………………………………………………………………
နှစ်စဉ်နှစ်တိုင်း မိုးလေကင်းစင်ခါစ ပွင့်လင်းရာသီရောက်လာတိုင်း VIP တစ္ဆေက ခြောက်ခြောက်လာ တတ်မြဲ။ VIP လာမည်ဟု သတင်းရပြီဆိုလျင် ဌာနချုပ်တစ်ခုလုံး ခေါင်းကိုဆင်နင်းတဲ့ကိန်းဆိုက်ပြီ။ ခရီးစဉ် မတိုင်မီ တစ်လလောက်အကြိုကတည်းက မနေမနား အားသွန်ခွန်စိုက် ပြင်ဆင်ကြရသည်။ မြက်တွေအသေ အလဲ ခုတ်ရသည်။ ဟိုင်းကြီးဒေသမှာ ပေါက်သည့်ကြိမ်မြက်ရိုင်းတွေက သန်စွမ်းထူထဲလွန်းလှသည်။ တပ်ထောက်က ပေါက်တူး မတိုးနိုင်လောက်အောင် မာကြောသည်။ မြက်ခုတ်ဓားနှင့်ဆိုလျင်တော့ မဖြုံရေးချ မဖြုံ။ သုံးထပ်လောက်ခုတ်မှ မြေသားပေါ်သည်။ သည်ကြားထဲ တပ်ဧရိယာက ကျယ်ဝန်းတော့ မြက်ခုတ်ခြင်း သည်ပင်လျှင် အလုပ်ကြီးတစ်ခုလို ဖြစ်နေသည်။ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်(ပရခ)မှာ တာဝန်ထမ်းဆောင် ဖူးသည့် စစ်သည်တိုင်းလိုလို မြက်ခုတ်နည်း အထူးကျွမ်းကျင်သွားတော့သည်။
တစ်မိုးတွင်းလုံး ဂျီအီးကားတွေ ပစ္စည်းသယ်ထားတာကြောင့် ပျက်စီးချင်တိုင်းပျက်စီးနေသော ချိုင့်ခွက်ဗလပွ လမ်းများကို ပြုပြင်ဖာထေးရသည်။ ဆေးရောင်မှိန်မှိန် တပ်ဆိုင်းဘုတ်များ၊ အဆောက်အဦးနံရံများကိုလည်း သည်အတိုင်း ပစ်ထား၍မရ။ ဆောက်လက်စ ဟိုင်းကြီးရွာဟောင်းက ပြည်ခိုင်ဖြိုးရုံးနှင့် ရွာသစ်က မူလတန်း ကျောင်းတွေ အချိန်မီပြီးစီးအောင် လုပ်အားပေးရာမှာလည်း စစ်သည်များ၏တာဝန်ဖြစ်လာသည်။ ဟိုင်းကြီးမှာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးက ပရခဌာနချုပ် G1 နှင့် တိုက်ရိုက်ဆက်ဆံသည်။ ထို့ပြင် ပင်လယ်ကမ်းခြေရှိ ဂေါက်ကွင်းကိုလည်း ညီညာပြန့်ပြူးနေအောင် မြေဖို့၊မြေညှိ၊ မြက်စိုက် သေချာဂရုတမထား ပြင်ဆင်ရသည်။ VIP ဂေါက်သီး လမ်းကြောင်းမဖြောင့်ဖြူးပါက နဂါးမျက်စောင်း သင့်တတ်၍ဖြစ်သည်။
အိမ်ထောင်သည်လိုင်းခန်းများ ပတ်ဝန်းကျင်သာယာလှပရေးကတော့ ရဲမေများ၏ တာဝန်။ ပြီးတော့ ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး။ ခေါင်းစဉ်လေးတွေလှသလောက် ခေါင်းတွေခဲအောင် ကြိုးစားစီမံဆောင်ရွက် ကြရသည်။ ဗူးသီးကြော်၊ ကောက်ညှင်းပေါင်းမှသည် ခေတ်မီဟော်တယ် အစားအစာတွေထိ ပြင်ဆင် ချက်ပြုတ် ရသဖြင့် အ၀ယ်တော်တွေ ရန်ကုန်မြို့အထိခြေဆန့်ကာ လိုအပ်တာတွေ ရှာရဖွေရသည်။ လိုအပ်လျင် အကောင်းဆုံး ဟော်တယ်စားဖိုးမှူးများ ငှားရမ်းကြရသည်။
ယခင်က တည်းခိုစရာနေရာကောင်းကောင်းမရှိသဖြင့် VIP တွေ ညအိပ်နားနေလေ့မရှိကြ။ ယခုတော့ ဟိုင်းကြီး တောင်စွန်း view ကောင်းကောင်းတစ်နေရာမှာ VIP House ကို နန်းတော်ကြီးပမာဆောက်ထားသည်။ ပင်လယ်ပြင်ကို အထက်စီးယူထားတဲ့ အဲဒီနေရာမှာ လေညှင်းခံရင်း၊ ပင်လယ်အော်သံနားထောင်ရင်း၊ ဆုံးစမဲ့ မိုးကုတ်စက်ဝိုင်းကိုငေးမောကြည့်ရှုရင်း၊ ဆက်ရက်မင်း စည်းစိမ်ခံစားရင်း မိနစ်ပိုင်းအတွင်းမှာ ဘ၀အမောတွေ ပြေပျောက်သွားနိုင်သည်။ ပင်လယ်ပြာနှင့် လိုက်ဖက်ညီအောင် Blue Label နှင့်ဧည့်ခံမှ အဆင်ပြေသည်။
ပမ္မ၀တီရေတပ်စခန်းဌာနချုပ် တည်နေရာက VIP လမ်းကြောင်းပေါ်မှာ သာစည်ဘူတာလိုဖြစ်နေသောကြောင့် ကိုကိုးကျွန်းကိုသွားသွား၊   ပါလီပါလဲ့ကိုသွားသွား၊   မော်တင်စွန်းဘုရားပဲဖူးဖူး၊   ပုသိမ်ခရီးစဉ်ပဲဖြစ်ဖြစ် ဟိုင်းကြီးကျွန်းကို ခလုတ်တိုက်မြဲ။ ပရခ မှာ ခရီးတစ်ထောက် ၀င်နားနိုင်သည်။ တစ်နှစ်တစ်ခေါက်တော့ ပုံမှန် ရောက်လာ တတ်မြဲမို့လည်း မလာမချင်း ရတက်မအေးနိုင်။
သည်တော့ ကိုယ့်ဆီကိုဦးတည်လာမှ မဟုတ်။ ကိုယ်နှင့် ဆက်စပ်နေသည့် ခရီးစဉ်ရှိတိုင်း လိုရမယ်ရ ပြင်ဆင် ထားရသည်။ VIP တစ်ခါလာတိုင်းလည်း တပ်ပိုင်ရံပုံငွေစာရင်းမှာ ကျပ်သိန်းဆယ်နှင့်ချီပြီး minus ပြသွားလေ့ရှိ သည်။ VIP ပြန်သွားတဲ့အခါ ဌာနချုပ်မှူးရဲ့မျက်နှာ အလှူရေစက်ချပြီးခါစ ကျောင်းဒကာကြီးလို မရွှင်ပြနိုင်တာ အမှန်။ (ထိုအချိန်က ဌာနချုပ်မှူး ကိုသာဆိုလိုပါသည်။)
ဧည့်သည်အတွက်တော့ ခရီးတစ်ထောက်နားရုံသာ။ အိမ်ရှင်ခမျာမှာက အီးပေါက်ချိန်မရအောင် ဗျာများရသည်။ သည်လို အချိန်ကုန်၊ ငွေကုန်၊ လူတွေလည်း ခြေကုန်လက်ပမ်းကျအောင် လုပ်ကိုင်ပြင်ဆင်ထားပြီးမှ VIPခရီးစဉ် ပျက်ပြယ်သွားသည် ဆိုသောစကားကို ဘွာတေးလုပ်၍ အလွယ်တကူ ကျေအေးနိုင်ပါ့မလား။
သည့်အတွက် တပ်ကြပ်ကြီး မောင်နီ ကျွဲမြီးသွားခြင်း ဖြစ်ပုံရသည်။
နေမင်းသူ
၈ ဇွန် ၂၀၁၁
Thursday, June 2, 2011
စစ်တပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မခံနိုင်တော့သည့် တပ်သားတဦး နယ်စပ်သို့ ထွက်ပြေးရောက်ရှိ
(ရိုးမ၃ မှကူးယူဖော်ပြသည်)
ယခုကဲ့သို့ စစ်တပ်က ထွက်ပြေးလာရခြင်းနှင့် ပတ်သက်၍ “ကင်းစောင့်ရင်း တန်းလန်းနဲ့ ထွက်ပြေးလာတာ၊ သူတို့က မနိုင်တဲ့ဝန်လည်း ထမ်းခိုင်းတယ်။ ဖက်ထိပ်ဆိုလည်း တအား လုပ်ရတယ်။ စနေ တနင်္ဂနွေဆိုလည်း မနားရဘူး။ ထွက်ပြေးလာတာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်လွန်းလို့ပါ။ သေချင်လည်းသေတော့ဆိုပြီး ပြေးတာ။ တပ်ကြပ်ကြီးတို့ ဒုတပ်ကြပ်တို့က ခေါ်ခိုင်းတယ် ညဆိုလည်း ကင်းစောင့်ရ သူတို့ခိုင်းတာလုပ်ရနဲ့ အိပ်ရေးမဝဘူး။ ထမင်းလည်းမဝဘူး သူတို့ အပစ်လို့မြင်ရင် ပါးနားခေါ်ရိုက်တယ် ဆရာတွေက” ဟု ပြောသည်။
မောင်ဘိုမှတ်ကို အမဖြစ်သူက ခမရ(၃၀၁) မှ ဗိုလ်ကြီးတဦးထံ ငွေကြေးဖြင့် ရောင်းချလိုက်ခြင်းကြောင့် ကျုံဒိုးမြို့ကို ရောက်ရှိကာ စစ်သားဖြစ်လာသူဖြစ်ပြီး ၎င်းအနေဖြင့် ရှေ့တန်း စစ်မြေပြင်ကို ယခုတခေါက်သာ ထွက်ဖူးသည်ဟု ဆက်ပြောသည်။
“စစ်ထဲ ကျနော်ဝင်ချင်စိတ် မရှိပါဘူး။ အစ်မက ငွေရေးကြေးရေးအဆင်မပြေလို့ဆိုတော့ ပိုက်ဆံ (၂)သိန်း ခွဲယူထားတာ။ ကျနော့်ကိုပြောတော့ ကျနော်က မဝင်ချင်ဘူးလို့ ငြင်းပါသေးတယ်။ အစ်မက ပိုက်ဆံယူ ပြီးပြီဆိုတော့ ကျနော်လည်း ဝင်လိုက်တယ်။ ဝင်တာက ကျုံဒိုးမှာပဲ စုဆောင်းရေးက မကွေးစုဆောင်းရေး ကျုံဒိုးကဗိုလ်ကြီးတွေကနေ လာခေါ်တာ။ ကျုံဒိုးမှာ ရောင်းတာ။ ကျုံဒိုးက ဗိုလ်ကြီးက အရင်တုန်းက မကွေး (၃၀၁) က အဲဒါ ကျနော်ယောက်ဖနဲ့သိတယ်။ သူကလည်းစစ်တပ်ထဲက မကွေးမှာပါဘဲ။ စစ်ထဲဝင်တာ့ (၁၈)နှစ်ပဲရှိသေးတယ်” ဟု မောင်ဘိုမှတ်က ဆက်ပြောသည်။
ယခင်ကတည်းက စစ်တပ်ထဲဝင်ရန် စိတ်ဆန္ဒမရှိခဲ့သည့် မောင်ဘိုမှတ်က ၎င်းလိုပင် စစ်တပ်ထဲမဝင်ချင်ပဲ စစ်သားဖြစ်ရတဲ့ အခြေအနေကို လူငယ်တွေ မခံစားစေချင်ကြောင်းနှင့် ၎င်းအနေဖြင့် အခြားတိုင်းပြည်မှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်စားသောက်လို့ရတဲ့ သာမန်အရပ်သားဘဝနှင့် နေလိုကြောင်း ဆက်ပြောသည်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ မြန်မာအစိုးရ စစ်တပ်မှထွက်ပြေးပြီး ဒီကေဘီအေနဲ့ ကျောင်းသားတပ်မတော်ပူပေါင်း တပ်ဖွဲ့တွေထံ ထွက်ပြေးခိုလှုံလာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း ကျောင်းသားတပ်မတော် စစ်ဦးစီးမှူးဒုတိယတန်း ရဲဘော်ထွန်းထွန်းက ပြောသည်။
“(၆)ရက် ငါးလပိုင်းမှာလည်း ခလရ (၂၃၁) က လက်နက်လေးလက်နဲ့ လေးယောက် အဲဒီဟာတော့ တသုတ်ရှိတယ်။ နောက်လည်း သေနတ် ငါးလက်နဲ့ တသုတ် အခုဒီတယောက်နဲ့ပေါ့။ ဒါကျနော်တို့ နိုဝင်ဘာကနေဆိုရင် တစ်ရာကျော်သွားပြီ” ဟုပြောသည်။
စစ်တပ်အတွင်း အထွေထွေကြပ်တည်းမှုများ၊ အထက်အောက်ဖိနှိပ်မှုများကြောင့် နေ့စဉ်နှင့်အမျှ စစ်တပ်အတွင်းမှ ထွက်ပြေးမှုများရှိနေပြီး အစိုးရအနေဖြင့် ယင်းကဲ့သို့ အင်အားဆုတ်ယုတ်မှုကို ဖြည့်ဆည်းရန် အမိန့်ညွှန်ကြားချက်များစွာ ထုတ်ပြန်ထားသည့် အတွက်ကြောင့် တရားမဝင် နည်းလမ်းများဖြင့် စစ်သားစုဆောင်မှုများ ပြုလုပ်နေလျှက်ရှိပြီး ၎င်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များစွာ စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။
Monday, May 30, 2011
တပ်နေပျော်လို.စစ်တိုက်တော်ရမည်ဆိုသော်လည်း
မြန်မာ့ တပ်မတော် တပ်ရင်းတပ်ဖွဲ.များတွင် တွေ.မြင်နိုင်သော ဆောင်ပုဒ်လေးဖြစ်ပြီး တပ်မတော်သားများ နှင့် တပ်ရင်းတပ်ဖွဲ.များနှင့်နီးစပ်သူများ စစ်တပ်အကြောင်းလေ့လာသူများအများစုကြားဖူးသော ဆောင်ပုဒ်လေးဖြစ်ပါတယ်။တပ်ေ၇ှ.ကိုဖြတ်သွားကြဖူးသူတိုင်း ထိုဆောင်ပုဒ်လေးကို တွေ.မြင်ဖတ်ရှု.မိမှာလဲ မလွဲဧကန်ပင် ဖြစ်ပါတယ်။ တပ်မတော်သားတို.သည် အမှန်ပင် တပ်နေပျော်လို. စစ်တိုက်တော်ကြရဲ.လား။သူတို.ရဲ.ဘ၀လေးတွေနဲ.သူတို.ရဲ.ခံစားချက်တွေက ထိုဆောင်ပုဒ်နဲ.ညီပါရဲလား တွေးတောမိပါတယ်။ “တပ်နေပျော်လို.စစ်တိုက်တော်ရမည်’
တပ်နေပျာ်ရန် ဆိုရာတွင် စားဝတ်နေရေး နှင့် တာဝန်ယူ ဆောင်ရွက်ပေးမှု.သည်အခန်းတစ်ခုအနေနှင့်ပါဝင်ပါတယ်။ အရာရှိအရာခံ အကြပ်စစ်သည် များအား စားဝတ်နေရေး ဖူလုံစေရန် အထက်မှအမိန်.အရ တပ်တွင်းသက်သာဆိုင် ဆယ်မျိုးဆယ်ဘောင် တပ်တွင်းထောက်ပံ့ ရေး များကို လုပ်ဆောင်ပေးနေသည်ဆိုသော်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးမှု.မရှိခြင်း များကို တပ်မတော်သားတိုင်း သိရှိကြမည်မှာလဲအသေအချာပင်။
ဆယ်မျိုးဆယ်ဘောင် ဆိုရာဝယ် မိမိတို.ရရှိထားသော လိုင်းခန်းများတွင် ပါရှိသော မြေလွတ်များတွင် ရာသီအသီးအနှံ ဆယ်မျိုး ကို ဘောင်ဆယ်ဘောင်ပြူလုပ်လျှက်စိုက်ပျိုးပြီး ဟင်းသီးဟင်းရွက် ၀ယ်စားခြင်း အပိုကုန်ငွေများကို သက်သာစေခြင်းပင်ဖြစ်ပါတယ်။ သို.သော် ရေရှားသောအရပ်ဒေသ များတွင် တာဝန်ကျသော စစ်သည်များမှာ မိမိစိုက်ပျိုးထားသော အပင်များအတွက် လောင်းရန်ရေကိုအသာထားလို. မိမိတို. သုံးရန် ချိုးရန် ရေကိုပင် အနိုင်နိုင် ပင် ။ တပ်မှ ရေပေးဝေသည်ဆိုသော်လည်း အချိန်ပိုင်းမျှသာ ပေးသည့်အချိန်တွင်လဲ စစ်သည် ရဲမေ များမှာ အလုအယက် တိုးဝှေ.နေရလေ့ရှိသည်မှာလဲ ပွဲလမ်းသဘင်ကဲ့သို.ပင်။
စစ်သည်များဧ။် လစာ  တိုးသည်ဟုဆိုတွင်လဲ တရိပ်ရိပ်တက်လာသောကုန်ဈေးနှုန်း များကြောင့် မျက်ကလဲဆံပြာဖြစ်နေကြရသည်မှာလဲ အောက်ခြေအရာရှိ /အရာခံ/အကြပ်/စစ်သည် များပါပေ။လစာတိုးမည် ဆိုသည်နှင့် ကုန်ဈေးနှုန်းက ကကြိုပြီးခုန်တက်လေ့ရှိသည်မှာလဲ မြန်မာပြည်ဧ။် ထုံးစံကဲ့သို.ပင် ။ တချို.စစ်သည်များဆိုလျှင် လိုင်းခန်း မရရှိသည့်အတွက် နေရေးကြပ်တည်းမှု.များလဲ အမြောက်အများပင် ။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးချေ တပ်တွင်းလုပ်အားပေး ကလဲသွားလိုက်ရသေးသည်။ ဒါကလဲ တပ်မတော်ဧ။် မူဝါဒတစ်ရပ်ဖြစ်သော ‘စစ်တိုက်ရန် ၊စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊စစ်တိုက်ရန်နှင့်လေ့ကျင့်ရန်မရှိက ပြည်သူ.အကျိုးပြုလုပ်ငန်းလုပ်ရန် ‘ ဆိုသည်နှင့် ကိုက်ညီသည်သည်ဟုမဆီုနိုင်ပါ ။မိမိတပ်သန်.ရှင်းလှပရန်သာဖြစ်ပါတယ်။သို.သော် နေ.စဉ်နှင့်အမျှပါပေ၊ မပြီးဆုံးသော ဖထိပ်(လုပ်အားပေး)ဖြစ်ပါတယ်။တပ်တွင်းမှ အိမ်ထောင်စုဝင်အချို.နှင့်စစ်သည်အချို.မှာ မိမိ အားလပ်ချိန်လေးများတွင် ပြင်ပ သို.ထွက်ပြီး ပန်းရံ အလုပ် ကဲ့သို.သော နေ.စားလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်မှာလဲ တပ်မတော်သားတိုင်းအသိပင်။စစ်သည်တော်ကျင့်ဝတ်တွင်ပါရှိသော “မိမိဝင်ငွေနှင့်ထွက်ငွေ ညီပါစေ’ဆိုသည် အချက်မှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ၊မိသားစုဝင်များခြင်း အောက်မှာပျောက်ကွယ်သွားရခြင်းပါပေ။ ယခုကဲ့သို. တပ်မတော်သားများဧ။် စား /၀တ်/နေရေး မပြေလည်ခြင်းကို အထက်အကြီးအကဲများမသိမဟုတ်ပေ အသိပင်ဖြစ်ပါတယ်။ ထို.ကြောင့် တပ်နေပျော်နိုင်ပါမည်လား။ နိုင်ငံတော်ဧ။် ကာကွယ်ရေးတာဝန်ယူထားရသော တပ်မတော်သားများကို စားဝတ်နေရေး ဖူလုံစေပြီး တပ်နေပျော်ရန် အလေးထားဆောင်ရွက်သင့်ပါတယ်။
စစ်တိုက်တော်ရန် ဟု ဆိုရာတွင်လဲ အခြေခံလေ့ကျင့်ရေးတပ်မှစလို. တပ်သားသစ်များကို လုံလောက်သောအချိန်ကာလ အတွင်း တတ်ကျွမ်းနားလည်သင့်သော စစ်ပညာ နှင့် အတွေးအခေါ်/စာရိတ္တ ဆိုင်ရာများကို အဓိကသင်ကြားခြင်းပြုသင့်သည့်အစား သင်တန်းမှူးနှင့် သင်တန်းဆရာများဧ။်နေအိမ်များတွင် အစေခံများကဲ့သို. ခေါ်ယူစေခိုင်းခြင်းများ ရှိနေသည်မှာလဲ တပ်မတော်သားတိုင်းအသိပင်ဖြစ်ပါတယ်။ သင်တန်းကာလ (၃)လ အတွင်း အဓိကပညာရပ်များကိုသင်ကြားလေ့ကျင့်ခြင်းမပြုသည့်အပြင် တပ်ရင်းတပ်ဖွဲ.များသို.သွားရောက်တာဝန်ထမ်းဆောင်ရာတွင်လဲ စိုက်ပျိုးရေးလုပ်ငန်း/မွေးမြူရေးလုပ်ငန်းနှင့် တပ်ခွဲမှူး အပါအ၀င် တပ်ရင်းမှူးအိမ်များတွင် သွားရောက် အစေခံပမာ လုပ်ဆောင် ပေးနေရသည်မှာလဲ စစ်တိုက်မတော်သည့်အချက်များထဲမှ တစ်ချက်ပင်ဖြစ်ပါတယ်။တပ်မတော်သားများ နေထိုင်မကောင်းဖြစ်သည့်အချိန်တွင်လဲလုံလောက်သောဆေးဝါးများနှင့် ထိရောက်သောကုသပေးခြင်း ၊ ဂရုစိုက်မှု.လျော့နည်းခြင်း ကြောင့် အသက်ဆုံးရှုံး သွားကြသောတပ်မတော်သားများလဲ ရှိခဲ့သည်မှာ ငြင်းမရသော အကြောင်းအရာတစ်ခုပင်ဖြစ်ပါတယ်။ တပ်တွင်းဖထိပ် (လုပ်အားပေး) စေခိုင်းမှု.မှာလဲ လိုသည်ထက်ပိုကာ အစေခံများပမာခိုင်းစေခံရခြင်း အထက်အရာရှိများအိမ်တွင် အစေခံများလုပ်ကိုင်ရခြင်း၊ ခွဲခြားဖိနှိပ် ဆက်ဆံကြခြင်းတို.ကြောင့် စစ်သည်များဧ။် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ/အတွေးအခေါ် ဆိုင်ရာများကို ကျဆင်းစေသည်မှာလဲ စစ်တိုက်မတော်ရန် အကြောင်းတစ်ချက်ပင်။ တချို.သော စစ်သည်များမှာ စိတ်ဓါတ်ကျဆင်းပြီး တပ်မှ ခွင့်မဲ့ပျက်ကွက် မှု.ဖြစ်ပွားနေသည်မှာလဲ တပ်ရင်းတပ်ဖွဲ.တိုင်းတွေ. ကြုံနေကျပင်ဖြစ်ပါတယ်။ အထက်မှအောက်သို. ဖိနှိပ်မခြင်း ၊လုပ်အားပေး များအားမညှာမတာခိုင်းစေခြင်း ၊စစ်သည်များဧ။်ရသင့်သည့်ခံစားခွင့်များ မရရှိခြင်း၊ သင်တန်းကျောင်းမှ စပြီး တိုက်/စည်းသင်တန်း ၊ အကြပ်ငယ် သင်တန်း ၊အရာခံ/အကြပ်ကြီး သင်တန်း များသည် သင်တန်းကျောင်းများအတွက် လုပ်အားပေး ခိုင်းစေရန် ခေါ်ယူခြင်း ကဲ့သို.ဖြစ်နေတာကိုလဲ သင်တန်းတက်ရောက်ဖူးသူ တပ်မတော်သားတိုင်း အသိပင်ဖြစ်ပါတယ်။ထိုသို. တပ်မတော်အတွင်းရှိ အောက်ခြေ စစ်သည်များအားလုံး စား/၀တ်/နေရေးခက်ခဲမှု. နှင့် လေ့ကျင့်သားမပြည့်ဝမှု.  စိတ်ဓါတ်များကိုအချိုးနှိမ်ခံလိုက်ရမှု.ကြောင့် ယခု အောက်ခြေ စစ်သည်များသည် တပ်နေပျော်ပြီးစစ်တိုက်တော် နိုင်ပါမည်လား။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းဆောင်နိုင်ပါမည်လား ၊မိမိတို. ရှေ.တန်းတွင်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေစဉ် မိမိတို.ဧ။် မိသားစုဝင်အတွက် စိတ်အေးရပြီလားဟု  မေးခွန်းထုတ်စရာသာတွေ.လာပါတယ်။ ထို.ကြောင့်
အောက်ခြေစစ်သည်များအရေးကို တပ်မတော်အတွင်းမှ အထက်အကြီးအကဲများအနေနှင့် မိမိတို.ဧ။် စစ်သည်များ တပ်နေပျော်ပြီးစစ်တိုက်တော်ရန် လုပ်ဆောင်သင့်ပါတယ်။ မိမိတို.ဧ။် ဘ၀ရှေ.ရေးကောင်းစားဖို.ရာ စည်းစိမ် ရာထူး အာဏာကို သာ တိုးပွားရေး တစိုက်မက်မက် လုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ပြီး တပ်မှူးကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသင့်ပါတယ် ။ထို.အပြင် တပ်တွင်းစည်းရုံးရေး/တပ်ပြင်စည်းရုံးရေး များကိုလဲ မှန်ကန်သော စိတ်ထားဖြင့် ဖြောင့်မတ်စွာကျင့်ကြံကြပြီး ပြည်သူချစ်သောတပ်မတော် ပြည်သူ. တပ်မတော်အဖြစ် ပြည်သူ.အကျိုးပြု၊ နိုင်ငံ အကျိုးပြု လုပ်ငန်းများကို လဲတစ်ဖက်တစ်လမ်းမှ လုပ်ဆောင်ပြီး တပ်နှင့်ပြည်သူ လက်တွဲကူ ဆိုသည့် ဆောင်ပုဒ်လေးအတိုင်း ဖြစ်စေချင်သည်မှာလဲ တပ်မတော်သားတိုင်းဧ။်ရင်တွင်းဆန္ဒအမှန်ပင်ဖြစ်ပါတော့တယ်ခင်ဗျာ။………။
မင်းလွမ်းနောင် (ပန်းတနော်)
မှတ်မှတ်ရရ တသသ အပိုင်း(၂)
ကျွန်တော် အပါအ၀င် စုဆောင်းရေးအပို.ခံရသူ (၆)ယောက် ထဲမှာ အသက် (၁၂)နှစ်သားကလေးတစ်ယောက်ပါလာပါတယ်..ကျွန်တော်တို. တပ်ရဲ အိုအိုကြီးရဲ. မညှာမတာ ဆံပင်နုတ်(အဲလေ) ညှပ် ပြီးတော့ တသသ(တပ်သားသစ်)များထားရှိရာ အဆောင်ကို စုဆောင်းရေးမှ ရဲဘော်တစ်ယောက်က ခေါ်ဆောင်သွားပါတယ် ။ အဆောင်ထဲမပို.ခင် အပြင်မှာ အရင်ဆုံး ကျွန်တော်တို.တွေ  လက်ဗွေနှိပ် လက်မှတ်ထိုးပေါ့ဗျာ  ..မှတ်မိသလောက်ဆိုရင်တော့  ဖောင်ထဲမှာ ကျွန်တော်တို.ရဲ. ကိုယ်ရေးအကျဉ်းနဲ.အတူ တပ်မတော်မှာ (၁၀)နှစ်တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့ ကတိ ခံဝန်ချက်တွေ ပါတယ်ဗျ...။အဲဒီမှာ ပြီးသွားတော့မှ အတွင်းရုံးကိုခေါ်သွားတယ်
မှတ်မှတ်ရရ တသသ အပိုင်း(၃)
ကျနော်တို. တသသ များ အမှတ်(၁)တပ်မတော်စုဆောင်းရေးတပ်(ဒညင်းကုန်း) မှ ထွက်လာချိန်တွင်
ကိုယ်စီကိုယ်စီ ခံစားမှု.တစ်မျိုးစီ ခံစားမိကြသည်မှာတော့ အမှန်ပင် ...။ ကျနော် ခံစားမှု.ကတော့
လူ.ငရဲနှင့် ဆင်တူသော ဒီစုဆောင်းရေးမှ လွတ်မြောက်လာခြင်းပင် ကံကောင်းခြင်းတစ်ရပ်ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် စုဆောင်းရေးဧ။် ၀ဋ်ဒုက္ခမှ လွတ်မြောက်လာ သောကျနော်တို. တသသများအားလုံး
ကိုယ်စီ ၀မ်းသာ မိကြသည်မှာတော့ ထပ်တူပင်ဖြစ်ပါတယ်...။ ဒီလိုနဲ.ပဲ .......
ကျနော် တို. တသသ တွေကို တင်ဆောင်လာတဲ့ စစ်စိမ်းရောင်ဖောကား အိုအို ကြီး (၄)စီး သည် တအိအိ
ဖြင့် ရန်ကုန်ဘူတာကြီးသို. ဆိုက်ရောက်လာခဲ့ပါပြီ။
ဘူတာကြီးသို.ရောက်သည်နှင့် လေ့ကျင့်ရေးမှ ဆရာများက ကျနော်တို. တသသ  အားလုံးကို ဘူတာကြီးစင်္ကြန် လမ်းပေါ်တွင် အားလုံးကိုဆောင့်ကြောင့်လေးတွေ ထိုင်ခိုင်းထားပြီး ကျနော်တို.အဖွဲ. လိုက်ပါစီးနင်းကြမည် ရထားတွဲ အတွက် သွားရောက် စီစဉ်ဆောင်ရွက် တယ် ..။ အဲဒီအချိန်ကလေးကတော့ ကျွန်တော်တို. အတွက် ထမင်းစားချိန်လေးလဲဖြစ်သွားပါတော့တယ်..။စုဆောင်းရေးက ထည့်ပေးလိုက်သော ထမင်းထုပ်ကလေးများကိုဖြေပြီး လူသူအရမ်းများသော ရန်ကုန်ဘူတာကြီးအလည်တွင် ကျနော်တို. တသသ
များအားလုံး မရှက်မကြောက်တမ်း အချုပ်သား ထောင်သားများပမာ စားသောက်နေကြသည်ကို လမ်းသွားလမ်းလာ ခရီးသွား ပြည်သူလူထု က အထင်သေးအကြည့် သနားဂရုဏာသက်သောအကြည့်
များဖြင့် ကြည့်နေသည်ကိုတော့ ကျနော်သတိထားမိပါတယ်။
ဒီနေရာ မှာ တင်ပြစရာလေးတစ်ခုပေါ်လာပါတယ်....ရန်ကုန်ဘူတာကြီးဂွင်မှာ စုဆောင်းရေးတပ်မှ လှုပ်ရှားနေသူ တပ်ကြပ်ကြီး တစ်ဦးနှင့် အခြားအဆင့် (၃) ဦးခန်.တွေ.ခဲ့ပါတယ်..။ သူတို.က ကျနော်တို.
တသသ အဖွဲ.ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေသည်မှာ သားကောင်းချောင်းသောမုဆိုး အတိုင်းပင်..
ဒါကို လေ့ကျင့်ရေးမှ ဆရာ ဒုတပ်ကြပ် စိုးလွင် ကလဲရိပ်မိပါတယ်..ဒါကြောင့် ကျွန်တော်တို. ကို ဆရာစိုးလွင်မှ တိုးတိုးတိတ်တိတ် လာရောက်ပြီး  မင်းတို. ထွက်မပြေးကြနဲ.နော်  ထွက်ပြေးရင်လဲ စုဆောင်းရေးကကောင်တွေ မင်းတို.ကို ပြန်ဖမ်းပြီး စုဆောင်းရေးမှာ ပြန်ရောင်းစားမှာပဲ ..မင်းတို.
နောက်ထပ် စုဆောင်းရေးမှာ ဒုက္ခခံရလိမ့်မယ်  ဒီမှာပဲထိုင်နေ ..သူတို.လာခေါ်ရင်လဲ မလိုက်နဲ. ငါ့ကိုပြော
 ဆိုပြီး လာရောက်သတိပေး ပါတယ် ။ ဒီတော့ ကျနော် အပါအ၀င် တသသ များအားလုံးဟာ ပြေးဖို.မပြောနဲ. တန်းစီ ထိုင်နေတဲ့ နေရာကနေတောင် မထရဲတော့ပါဘူး..ဒီဂွင်မှာ လှူပ်ရှားနေတဲ့ အရပ်ပုပု မျက်နာပြဲပြဲ မျက်လုံးပြူးပြူးနှင့် သွားမှာ ကွမ်းဂျိုး အထပ်လိုက်နှင့်တပ်ကြပ်ကြီး ကလဲကျနော်တို. တသသ များဖက်ကို မလွတ်တမ်း အကဲခတ်နေတော့ ကျနော်တို.လဲ ပိုတောင် မလှုပ်ရှားရဲတော့ပါ...။
(ဒီဘူတာကြီးမှာ တသသ များနှင့် ပါတ်သက်သော အဖြစ်အပျက်လေးတွေအများအပြားရှိပါတယ် စုဆောင်းရေးသို. အတင်းအဓမ္မ သွတ်သွင်းခံရသူ (ရောင်းစားခံရသူ) များက ဘူတာကြီးတွင် အခွင့်ရေးရသည်နှင့် ထွက်ပြေးတတ်ကြပါတယ်  ဒီလိုထွက်ပြေးတဲ့သူတွေကို စုဆောင်းရေးမှ မုဆိုးများကပြန်လည်ဖမ်းယူပြီး စုဆောင်းရေးသို. နောက်ထပ်တဖန် ရောင်းစားပြန်ပါတယ် ..လေ့ကျင့်ရေးကတာဝန်ခံဆရာများကတော့ အင်အားပြုန်းတီးမှု.နဲ. ထုချေလွှာတင်ပေါ့ဗျာ..တစ်ချို.ဆိုရင် စုဆောင်းရေးတပ်မှ မုဆိုးများကိုယ်တိုင် တသသ များကို မင်းပြေးချင်လား ငါကုညီမယ်ဆိုပြီး တစ်ဖက်လှည့်နဲ.ခေါ်ထုတ်ပြီးရင် စုဆောင်းရေးပြန်ပို.ပြန်ပေါ့ဗျာ ..ဒါတွေကတော့ အထက်က စီမံချက်မဟုတ်ပဲ စုဆောင်းရေးက ကိုယ်ကျိုးစီးပွားရှာဖွေသူ အောက်လက်တွေရဲ. အကျင့်ပျက်ချစားမှု.ပါပဲ)  
ကျနော်တို.တသသ များအားလုံး ထွက်ပြေးသူမရှိပဲ စည်းကမ်းတကျ ငြိမ်သက်စွာနေကြပြီး ရထားပေါ်တက်ရောက်ဖို.ကို စောင့်မျှော်နေမိကြပါတယ် (စုဆောင်းရေးကမုဆိုးများရန်ကိုကြောက်လို.ပါ)
ကျနော် တို. ရထားစောင့်နေစဉ်မှာပဲ ရထားတစ်စီး ဆိုက်ဝင်လာတာတွေ.ပြီး တောသားပုံစံ အသက် (၁၂)နှစ်သာသာ ကောင်လေးတစ်ယောက် အနီးသို. စုဆောင်းရေးမုဆိုးကြီးကပ်သွားတာတွေလိုက်ပြီး
ကောင်းလေကို ဘာတွေပြောဆိုနေလဲတော့မသိပါ ...ကောင်လေးကို ပုခုံးဖက်ကာ ခေါ်ဆောင်သွားတာကိုတွေ.လိုက်ပါတယ် ပြီးတော့ ဒညင်းကုန်းဘက်ကိုသွားတဲ့ မြို.ပါတ်ရထားပေါ်ကို ကောင်လေးကို ပုခုံးဖက်ပြီးတင်သွားတာကိုတွေ.လိုက်ပါတယ်... ကျနော်အပါအ၀င်တသသများတွေ.ကြပေမဲ့ တစုံတရာ ကူညီပေးနိုင်ဖို.ဝေးစွ ကိုယ်တိုင်တောင် သူတို.ရန်ကလွတ်အောင် နေနေရတာဆိုတော့ စိတ်မကောင်းရုံကလွဲလို.ဘာများတတ်နိုင်အုံးမှာလဲဗျာ...။
စစ်ခရာသံများ
စစ်ခရာသံများ
စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြားဖူးနားဝရှိစေရန်  ၂၀၀၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မနက် ကြံ့ခိုင်ရေးချိန်တွင် တပ်ရင်း၂ တန်းပေါင်းစီကွင်း၌ စစ်ခရာသံများကို တီးမှုတ်ပြစေခဲ့ပြီး သံစဉ်အလိုက် စာသားအချို့ကို ရှင်းလင်း သင်ပြပေးခဲ့သည်။ မြန်မာ့တပ်မတော်တွင် ယခင် သုံးစွဲလျက်ရှိသည့် နိုင်ငံခြား စစ်ခရာသံများအား ပယ်ဖျက်လျက် ၁၉၇၁ ဇန်န၀ါရီလ ၄ ရက်မှ စ၍ တပ်မတော်(ကြည်း၊ရေ၊လေ) သုံး မြန်မာ့စစ်ခရာသံ ၅၉ မျိုးအား မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တီးမှုတ်နိုင်ရန် သတ်မှတ်ထားခဲ့သည်။ ( တပ်မတော်စာစဉ် )
နေ့စဉ်လုပ်ငန်းသုံး စစ်ခရာသံ ၂၉ မျိုး ( Daily Routine Calls )
ပထမနှိုးခရာ ( Rouse 0500 AM )
အလံတင်ခရာ ( Reveille 0530 AM )
တာဝန်ကျအဖွဲ့တန်းစီခရာ ( Duty Watch )
 အလုပ်ပစ္စည်းသိမ်းခရာ ( Return all Cyears )
လက်ဖက်ရည်သောက်ခရာ ( Tea Call )
ကင်းစစ်ရေးပြခရာ ( Parade for Guard )
စစ်ရေးပြပထမသတိပေးခရာ ( Warning for Parade )
စစ်ရေးပြဒုတိယသတိပေးခရာ ( Quarter Call )
 တန်းစီခရာ ( Fall in )
စစ်ချီခရာ ( Advance )
ကင်းအလေးပြုခရာ ( Guard Salute )
လူနာသတင်းပို့ခရာ ( Sick Report )
ယာဉ်စီးဆက်သားသတင်းပို့ခရာ ( Despatch )
ရုံးတင်ခရာ ( Orderly Room )
 ခေတ္တအနားယူခရာ ( Stand Easy )
ဆက်လုပ်ခရာ ( Carry on )
ထမင်းစားခရာ ( Mess Call )
စာယူခရာ ( Post Call )
ရိက္ခာထုတ်ခရာ ( Ration )
အမိန့်ထုတ်ခရာ ( Order )
ပြီးစေခရာ ( Dismiss 1530 )
 အားလပ်ခွင့်ရရဲဘော်ခရာ ( Liberty Men )
အပြစ်ရရဲဘော်ခရာ ( Defaulters )
ညကင်းစစ်ရေးပြခရာ ( Parade for Piequet )
နေ၀င်ချိန်ခရာ ( Sunset )
ညနေတန်းစီလူစစ်ခရာ ( First Post )
ငြိမ်ခရာ ( Still )
 အိပ်ယာဝင်ခရာ ( Last Post )
မီးမှိတ်ခရာ ( Light Out )
အခမ်းအနားသုံးစစ်ခရာသံ ၈ မျိုး ( Ceremonial Calls)
ထိပ်စီးတန်းစီခရာ ( Right Master )
 အရာရှိများသတင်းပို့ခရာ ( Officer Call )
သတိပြုခရာ ( Alert )
အလံတော်အလေးပြုခရာ ( Colour Salute )
ဗိုလ်ချုပ်အလေးပြုခရာ ( General Salute )
အရာရှိကြီးအလေးပြုခရာ ( Senior Officer Salute )
 အရာရှိငယ်အလေးပြုခရာ ( Junior Officer Salute )
ကျဆုံးရဲဘော်အလေးပြုခရာ ( Funeral Salute )
အထွေထွေစစ်ခရာသံ ၁၅ မျိုး ( General Calls )
 တပ်ခွဲအရာခံဗိုလ်သတင်းပို့ခရာ ( Company Sergeant Major )
တပ်ခွဲတပ်ကြပ်ကြီးသတင်းပို့ခရာ ( Company Quarter Master )
အကြပ်အားလုံးသတင်းပို့ခရာ ( All NCOs )
တာဝန်ကျတပ်ကြပ်ကြီးသတင်းပို့ခရာ ( Orderly Sergeant )
 တာဝန်ကျတပ်ကြပ်သတင်းပို့ခရာ ( Orderly Corporal )
စစ်တီးဝိုင်းသတင်းပို့ခရာ ( Band Call )
စစ်ခရာရဲဘော်သတင်းပို့ခရာ ( Buglers Call )
မီးလှန့်ခရာ ( Fire Alarm )
တပ်သားသစ်သတင်းပို့ခရာ ( Recruits )
 ပညာရေးကျောင်းသတင်းပို့ခရာ ( School Call )
ဝန်ထမ်းလုပ်ငန်းခရာ ( Fatigue )
လစာထုတ်ခရာ ( Pall Call )
အချက်ပြရဲဘော်သတင်းပို့ခရာ ( Signallers )
တပ်ခွဲများဗိုလ်သတင်းပို့ခရာ ( Company Calls )
 တပ်ရင်းတန်းစီခရာ ( Battalion Fall in )
စစ်မြေပြင်ခရာသံ ၇ မျိုး ( Field Calls )
တပ်လှန့်ခရာ ( Alarm )
ပစ်ရန်သတိပေးခရာ ( Warning for Firing )
 စပစ်ခရာ ( Commence Firing )
အပစ်ရပ်ခရာ ( Cease Firing )
ချေမှုန်းရေးခရာ ( Charge )
အပြေးတက်ခရာ ( Double )
လေကြောင်းရန်တိုက်ခိုက်မှုခရာ ( Air Alarm )
Sunday, May 29, 2011
ဗိုလ်ချုပ်ကို ဒီလီုလုပ်ကြံခဲ့ကြတယ်
အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း
အသက် ။ ။ ၁၈နှစ်
လူမျိုး ။ ။မြန်မာ
ကိုးကွယ်သည့်ဘာသာ ။ ။ဗုဒ္ဓဘာသာ
အဘအမည် ။ ။ကိုမောင်ထွန်း
ဓါတ်ပုံအား (ဧရာဝတီ)ထံမှ ယူသုံးသည်။
ကျွန်တော်သည်အုတ်ဖိုမြို့ အရှေ့အလယ်ကုန်းရွာတွင် လွန်ခဲ့သော ၉-နှစ်၊၁၀-နှစ်လောက်ကစပြီး နေထိုင်ပါသည်။ ကျွန်တော်မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်ကကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယတန်းအထိ စာသင်ဘူးပါသည်။ လွန်ခဲ့သည့် ၄-လ က ဂဋ္ဌုန်ဦးစော အုပ်ဖိုမြို့သို့လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏နေအိမ်တွင်တည်းခိုပါသည် ။ ဦးစော၏ နှမ၀မ်းကွဲတော်သူ မတင်ညိုက ကျွန်တော့်အား “နင့်ဦးလေး ဦးစောရောက်နေတယ် ၊ တခါမှမင်းကို မမြင်ဘူးသေးဘူး ၊ သွားကြည့်အုံး”ဟု ပြောပါသည်။
ကျွန်တော်လည်း ဦးဘရင် အိမ်သို့သွားရာ ဦးစောကိုတွေ့ရပါသည်။ ဦးစောက “မင်းဘယ်ကလဲ” ဟုမေးပါသည်။
ထိုအခါ ကျွန်တော်က “အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည် ”ဟုပြောရာ ဦးစောက “မင်း ငါ့ဆီလိုက်နေမလား” ဟု မေးပါသည်။ ကျွန်တော်ကလည်း “လိုက်နေပါမည်”ဟုပြောလိုက်ပါသည်။ နောက်တနေ့တွင် ဦးစော မင်းလှမြို့တွင် တရားဟောသွားပါသည်။ ညနေတွင် ဦးစောသည် မော်တော်ကားဖြင့် အုပ်ဖိုသို့ ပြန်လာပါသည်။ နောက်တနေ့ နံနက် ဝေလီဝေလင်းတွင် အုပ်ဖိုမှ ကား ၃စီးဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ရာ ကျွန်တော်လည်း အတူပါလာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်းရှိ နေအိမ်သို့ ညနေဘက်တွင် ရောက်ရှိ ကြပါသည်။
ကျွန်တော်သည် ထိုအိမ်တွင် ကိုစိန်၊ စိန်မောင်၊ မြအုန်း၊ တင်ရွှေ၊ ကိုစိုး၊ ကိုကြီးငွေ၊ ရင်ဖေ၊ ရင်မောင်၊ ခင်မောင်ရင်တို့ကို တွေ့ရပါသည်။ ၎င်းတို့နှင့် အတူနေရပါသည်။ နောက်တနေ့တွင် ရင်ဖေမှာ သူ့အိမ်သို့ ပြန်သွားပါသည်။ တစ်လလောက် ဦးစော၏အိမ်တွင်နေပြီးလျှင်
ဘ၀တူရင်ခုံသံ(၂)
by Seaman Nayminthu on Thursday, May 26, 2011 at 5:00pm
ပင်စင်ထုတ်ရတာလည်း တစ်ဒုက္ခ
ကိုနေမင်းသူ.... ကျနော်လည်း အလုပ်များနေတာ ရယ်... ခရီးသွားနေတာရယ်... တစ်ခါတစ်လေမှပဲ လိုင်းပေါ်ရောက်တယ် ၊ ကျနော့် ပင်စင်က 13 လ ဖြစ်သွားမှာစိုးလို့ လဆန်းပိုင်းမှာ အပြေးအလွှားသွားတင်တာပါ ၊ အခြားအလုပ်တွေလည်း ပါတာပေါ့ဗျာ... ရန်ကုန် - မန်း - နေပူတော် အသွားအပြန် ၂ ခေါက်လောက် ဖြစ်သွားတယ် ၊ ကြုံရင် ကြုံသလို ကိုနေမင်းသူ ဆောင်းပါးတွေကို အငမ်းမရ ဖတ်ဖြစ်တယ် ၊ ရန်ကုန် မှာ အင်တာနက် ဖွင့်လို့ မလွယ်ဘူး ၊ အချို့ ဆိုက် တွေကိုလည်း ဘမ်းထားတယ် ၊ ကျနော် စာလည်းရေးချင်တယ်ဗျာ.. ခံစားရတာ တစ်ခုက ပင်စင်စားတွေရဲ့ ဒုက္ခပါ... ကျနော် ထုတ်တဲ့ ပင်စင် တစ်နှစ်စာက ဒံပေါက် ၃ ပွဲဖိုးလောက်ပဲရှိတယ် ၊ ဒါတောင် ဘဏ်က စာရေးမတွေကိုပေးလိုက်ရတဲ့ (၂ ) နေရာ. တံဆိပ်ခေါင်းဖိုး နဲ့ ဖောင်ဖိုး မပါသေးပါဘူး ၊ ကဲ... လွတ်လပ်ပြီးခေတ် စစ်သားကြီးတွေ ... ကျနော်တို့ အဖေခေတ်. (မဆလခေတ်) စစ်အိုကြီးတွေ ဒီပင်စင်ကို အားထားပြီး စားကြရတဲ့ စစ်အိုကြီးတွေ.. (တကယ်လို့... ကိုနေမင်းသူ တွက်ပြခဲ့တဲ့အတိုင်း... ဗိုလ်ချုပ်မှူးကြီးသာ.. အာဏာမယူပဲ ပင်စင်ယူရင်...) အဲဒီ့ခေတ်မှာ သူဘယ်လောက်ခံစားရမှာလဲ. ရာဂဏန်းလောက်ပဲရှိတဲ့ ပင်စင်နဲ့ ဘယ်လိုသွားပြီးရပ်တည်မှာလဲဗျာ... မြို့နယ်ဘဏ်ခွဲမှာထုတ်လို့ (တကယ်လို့များ) အရင် စီအမ်အေ (ကာကွယ်ရေးဝန်ကြီးဌာန-ငွေစာရင်းရုံး) မှာသွားထုတ်ရရင်... အဌားကားခ အသွားအပြန်ဟာ.. ကျနော်တို့ 10 စုနှစ်တစ်ခု နိုင်ငံ့တာဝန်ထမ်းခဲ့တဲ့ စစ်သားတစ်ယောက်အတွက် တစ်နှစ်စာ ပင်စင် အကုန်ကုန်ပါပြီဗျာ... အစိုးရသစ်အနေနဲ့လည်း ဒီပင်စင်စားတွေကိစ္စကို အရေးယူဆောင်ရွက်ပေးသင့်တယ် လို့ ကျနော်မြင်တယ် ၊ ပင်စင်စားလည်း ဒီ
ဒီခန္ဒာ ၊ ဒီပါးစပ်နဲ့ လူ့လောက ကို အသက်ဆက်နေရတဲ့ လူတစ်ယောက်ပါပဲဗျာ..
သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ကျနော် ကြိုဆိုပါတယ်
တကယ်တမ်းလိုအပ်နေတဲ့ အောက်ခြေအဆင့်ကို တစ်ပိုင်တစ်နိုင် တဖြေးဖြေးရှင်းသွားမှ
အောက်ခြေကိုလည်း ဆင်းကြည့်မှ..
လက်ညှိးထောင်-ခေါင်းငြိမ့် အမတ်တွေ ၊ ၀န်ကြီးတွေ ၀ိုင်းညာတာကို ခံရတဲ့ သမ္မတကြီးတော့ မဖြစ်စေချင်ဘူးဗျာ……
သင့်
မိတ်ဆွေ ရဲဘော်ဟောင်း
ဘ၀တူ ရင်ခုံသံ
by Seaman Nayminthu on Tuesday, May 24, 2011 at 11:02am
ဘ၀တူ၊ခံစားချက်တူ မိတ်ဆွေတစ်ဦးက သူ့ရင်ထဲမှာ ဆို့နင့်မွန်းကျပ်လာတဲ့ ခံစားမှုလေးတွေကို မကြာခဏဆိုသလို ကျနော့်ကိုရင်ဖွင့် တိုင်ပင်တတ်ပါတယ်။ သာမန်လူများစုမနှစ်သက်တဲ့ အဖွဲ့အစည်းမှာ ခိုဝင်ကျင်လည်ခဲ့ဖူးတွေရဲ့ တီးတိုးရင်ဖွင့်သံနဲ့ ရင်ထဲကဆန္ဒအစစ်အမှန်တွေကို မျှဝေအသိပေးလိုတဲ့အတွက် ခုလို ဖော်ပြပေးလိုက်တာပါ…..
ကိုနေမင်းသူ....
                ကျနော် အလုပ်များနေလို့ပါ၊ ခရီးသွားစရာတစ်ခုလည်း ရှိနေသေးတယ်  ၊ ဒီခန္ဒာကြီး ရလာမှတော့ သူ့အတွက်အလုပ်တွေ လုပ်နေရအုံးမှာပေါ့ဗျာ..
                ကိုနေမင်းသူ တို့ မိသားစုတွေရော.. အဆင်ပြေကြလား ၊အားလုံး အဆင်ပြေချောမွှေ့ပါစေဗျာ...
                ပင်စင်စားတွေဒုက္ခကို ကိုယ်တိုင်တွေ့လာပြီး တကယ့်စစ်အိုကြီးတွေ မြင်လာရတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါ ၊ ဘဏ်ကို ရောက်တာတဲ့ ခဏတောင် ဒန်ချိုင့်လေးနဲ့ ထမင်းထည့်လာတယ် ၊ အပြင်အစားအစာ ၀ယ်မစားနိုင်လို့ပါတဲ့...
                 ကျနော်လည်း ဒီပင်စင်ကို ဆက်ထုတ်နေတာ က စစ်တပ်ထဲမှာ ရှိနေချိန်က ခိုး ၊ ဆိုး ၊ တိုက်ခိုက်လာတာတွေနဲ့ မဆိုင်တဲ့ ချွေးနဲစာအမွေအနှစ်လေး ၊  အဲဒီက ရတဲ့ ( သန့်စင်တဲ့ ) ငွေကလေး ကို မ
တည်ပြီး နှစ်စဉ် အလှူလုပ်ဖြစ်နေတယ် ၊ တကယ်တမ်း တွက်ကြကြေးဆို .. ကျနော့် ပင်စင်တစ်နှစ်စာ က အခု ကျနော့ ၀င်ငွေ တစ်ရက်စာ မရှိပါဘူး ၊ စိတ်ထဲကအလှူအတွက် ရည်ရွယ်ပြီးသား ဖြစ်နေလို့သာ တစ်နှစ်တစ်ကြိမ် မဖြစ် ဖြစ်အောင်ထုတ်နေတာ ၊ သီလရင်ကျောင်းတွေ ၊ ရေစင်တွေ ၊ မီးသဂြီုလ်စက်တွေ ၊ အတွက်ကျနော် အလှူတွေ လုပ်ခဲ့ပြီးပြီ ၊ ဒါတွေရဲ့ အစပျိုး တဲ့ အခြေခံက ကျနော့် ပင်စင်လေးပါပဲ....
                 ကျနော့်စိတ်ထဲမှာ... ခုနက စစ်အိုကြီးတွေလို..ဒီပင်စင်လစာလေးကို တခုတ်တရ... လာထုတ်ရတဲ့အနေအထားမျိုး မဖြစ်စေချင်ဘူးဗျာ၊ ၊ တကယ်ဆို.. ပင်စင်စား စစ်အိုကြီး တွေ ၊ ၀န်ထမ်းဘ၀ကနေ ပင်စင်ယူကြတဲ့သက်ကြီးရွယ်အိုတွေအတွက် (ကျနော်တို့ရဲ့ အသစ်စက်စက် သန့်ရှင်းတဲ့
အစိုးရကြီး ရဲ့ ဂုဏ်ယူစရာကောင်းလောက်တဲ့ လုပ်ဆောင်ချက်ကိုမြင်ချင်လိုက်တာဗျာ) ဖြစ်လာခဲ့ရင်... ထိပ်ဆုံးကနေ ကျနော် သာဓုခေါ်ပြီး ကိုနေမင်းသူ ကို လှမ်းပြီး လက်တို့လိုက်ပါ့မယ် ၊ ၊ ကျနော် တို့ အခုလို
နေနိုင်တာတွေအားလုံးက အရင်တုန်းက စီနီယာကြီးတွေ(လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းကြီးတွေ)ရဲ့ သွေးတွေ ၊ ချွေးတွေရင်းပြီး ခင်းခဲ့တဲ့လမ်းကို ကျနော်တို့ အလိုက်သင့် အသုံးချနေနိုင်တာပါ ၊သူတို့ တွေရဲ့ ကျေးဇူးက ခေတ်အဆက်ဆက် ( မဆလ ၊ န၀တ ၊ နအဖ ၊ အစိုးရသစ်အထိ) သက်ရောက်နေတုန်းပါ..
ကျနော်လည်း စိတ်ထဲမှာပဲရှိပြီး နီးစပ်ရာလောက်ပဲ လုပ်နိုင်သေးတဲ့ပြည်သူထဲက ပြည်သူတစ်ယောက်အဆင့်ပဲ ရှိပါသေးတယ်ဗျာ....
တကယ်တမ်းတော့ ကိုနေမင်းသူ... ကျနော်တို့အများကြီး ညံ့ပါသေးတယ်....
သင့်
မိတ်ဆွေ ရဲဘော်ဟောင်း
Monday, May 23, 2011
မှတ်မှတ်ရရ တသသ အပိုင်း (၄)
 အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း တောင်တွင်းင်္ကြီးမြို. မကွေးတိုင်း
ကျနော်အပါအ၀င် တသသ များ အားလုံး ပင်းပန်းနွမ်းသည်က တစ်ကြောင်း ပဲဟင်း စားပြီ တက်လာသည်ကတစ်ကြောင်းဖြင့် လေ့ကျင့်ရေးကျောင်းကြီးဧ။် ကျန်စစ်သားတပ်ခွဲတွင် နှစ်ခြိုက်စွာ အိပ်စက်အနားယူ နေကြစဉ် ခရာသံများဆူညံစွာထွက်ပေါ်လာပြီး နောက် အဆောင်အတွင်း ရှိ တသသများအားလုံး ကိုယ်စီ နိုးနေကြလေပြီ ။
ကျနော်တို.အဆောင်အတွင်းသို. တပ်ကြပ်ကြီးတစ်ဦး ရောက်ရှိလာပြီး မင်းတို. တသသ တွေအားလုံးအပြင်မှာတန်းစီကြပါ  ဆိုပြီးပြောတော့ ကျနော်တို. တသသတွေအားလုံးလဲ တပ်ခွဲရှေ.ကတန်းစီကွင်းမှာ အားလုံး ဗရုတ်သုတ်ခနှင့် တန်းစီကြပါတယ်။
ဒါကို တပ်ကြပ်ကြီး တစ်ဦးမှ လာရောက်ပြီး စနစ်တကျတန်းစီရန် လာရောက်သင်ကြားပေးရင်း ကျနော်တို.တွေလဲ ညီညာစွာတန်းစီ ဖြစ်သွားပါတယ် ။
 ဒီလိုနဲ. ကျနော်တို.အားလုံး မနက်ပိုင်း ၅ နာရီ ၀န်းကျင်လောက်မှာ ကိုယ်လက်ကြံ့ခိုင်းရေး တွေကို PT ဆရာ လုပ်ပြသမျှ နောက်ကလိုက်လုပ်ရင်း နံနက် ၇ နာရီ လောက်ဖြစ်သွားပါတယ် ။ အခြားသော စီနီယာတပ်ခွဲများကတော့ တိုင်ပင်အော်ကာ ဘယ်ညာညီညာစွာ ပြေးနေကြတာတွေ.ပါတယ်။
ကျနော်တို.အတွက်မနက်စာအဖြစ် စုဆောင်းရေးထက် အဆပေါင်းများစွာသာသော (ဆေးသကြားမသုံးပဲသကြားအစစ်သုံးသောကြောင့်)  လက်ဘက်ရည် တစ်ခွက် စုဆောင်းရေးမှ ထမင်းထက်သာသော ထမင်းကြော် ၀ါဝါ လေးတစ်ပွဲ ကြက်ဥပြုတ် တစ်လုံး ကို မနက်စာအဖြစ်စားရတော့ စုဆောင်းရေးမှာကျွေး သောထမင်းနှင့်ဟင်းကို မြင်ယောင်မိပြီး စုဆောင်းရေးမှ မီးဖိုကြီး ခေါ် စာဖိုမှူးများအား စိတ်ထဲမှ ကျိမ်ဆဲမိပါတော့တယ် ။
စားပြီးသောက်ပြီးသောအခါ တန်းပြန်စီပြီး လူ (၁၀) ယောက်ခန်.ရွေးထုတ်သွားပြီး စတို မှာ စစ်ဝတ်ပစ္စည်း သွားရောက်ထုတ်ယူသူကတော့ တပ်ခွဲံအရာခံဗိုလ် ပါပဲ ၊ သူတို.ပြန်လာတဲ့အခါ အိတ်တွေကို ၀ိုင်းဝန်းချပေးပြီး အမျိုအမည်ခွဲခါ အစဉ်လိုက်ထားရှိပြီး ကျနော်တို. တပ်သားသစ်တွေကို လဲ အစဉ်လိုက် တန်းစီစေပြီး စစ်ဝတ်စုံ အစိမ်းရောင် (၃) စုံ ဟန်ကော (၁)လုံး  ရေဗူး (၁)လုံး ကျောပိုးအိတ် (၁) လုံး
အီကွေမင့် ခေါ် ချပ်ဝတ်တန်ဆာ (၁)စုံ ဆေးပါတ်တီး (၁) ခု စစ်ဖိနပ် တောစီး (၁) စုံ (အစိမ်းရောင်) ၊တိုက်ခိုက်ရေး (၁)စုံ(အနက်ရောင်)  ပန်ကန်ပြား စစ်စိမ်းရောင် တစ်ချပ် စစ်စိမ်းရောင် မက်ခွက် တစ်လုံး နှင့် အခြားသောစစ်ဝတ်ပစ္စည်းများကို ပေးခဲ့ပါတယ် ။ ရရ ခြင်းမှာတော့ အားလုံးပျော်နေကြတာပေါ့ စုဆောင်းရေးမှာ ရှိစုမဲ့စုလေးတွေ ကို ရောင်းချ ပြီး ၀မ်းရေးဖြည့်ခဲ့ရတော့ အ၀တ်အစား အတော်လေးရှားပါးနေပြီလေ ။
ဒီလိုနဲ. အဆောင်ထဲကို ပြန်ဝင်ပြီး ယူနီဖေါင်းတွေဝတ်စမ်းကြည့်ကြတော့ ပြဿ နာက စပါပြီ  ။ကျနော်တပ်စုမှာ ၁၄ နှစ်သာသာ ရှိသေးတဲ့ ကလေးစစ်သား အယောက်  ၃၀ လောက်ရှိမယ် ထင်ပါရဲ. သူတို.က စစ်ဝတ်စုံဝတ်ဖို.အတွက် ခါးပါတ်ကို အသုံးပြူရပါတယ် နောက်ပြီး ၀တ်စုံအင်္ကြီးအသေးတွေကို လိုက်လံပြီး လဲလှယ်ဝတ်နေပေမဲ့ သူတို.နဲ.တော်မယ် ယူနီဖေါင်းကတော့ မရှိလာခဲ့ပါဘူး ။ ဒီတော့ တပ်ခွဲံ အရာခံဗိုလ်ကနေပြီး တပ်တွင်း ရဲမေ တွေဆီကို ပို.ပြီး ခါကျဉ်း ပြီးပြင်ပေးတော့မှ သူတို.တွေလဲ ယူနီဖေါင်းကို တော်တော် ရော်ရော် ၀တ်ဆင်ရပါတော့တယ် ။ ပြီးတော့ စစ်ဖိနပ် တွေလဲဒီလိုပါပဲ ကိုယ်နဲ.တော်မယ့် ဆိုက်တွေကို အချင်းချင်းပဲ လိုက်လံပြီး လဲလှယ်ဝတ်ဆင်ရင်း အဆင်ပြေသွားတယ် ဆိုရမှာပေါ့။ ကလေးတွေအတွက် အဆင်ပြေသွားပေမဲ့ ပြန်ပြင်ရတဲ့ ၀တ်စုံတွေအတွက်ကတော့ သူတို.လစာကနေပြီးတော့ ဖြတ်မှာပါ ။ ဒါကတော့ သင်တန်းတောင်မတက်ရသေး တပ်သားသစ်တွေ လစာဆိုတာမမြင်ဖူခင်ထဲက အဖြတ်အတောက်ဆိုတာနဲ.ရင်းနှီးခဲ့ရတာလေးပါပဲ။
ဒီလိုနဲ.ပေါဗျာ ကျနော် တို. တသသ တွေအားလုံး ကသ(ကျောင်းသား) နံပါတ်တွေ ရလာပါတော့တယ်  နောက်ပြီး တပ်စုတွေကို ခွဲတဲ့အခါ  တပ်စု (၁) (၂) (၃) (၄)  မှာမှ ကျနော်က တပ်စု (၄) ရဲ. ဒုတိယ ကျောင်းသားတပ်စုမှူးကို ကံကောင်းပြီးဖြစ်ခဲ့ပါတယ် ။ ကျနော်တပ်စုမှာတော့ ကလေး တသသတွေကို အကုန်လုံးတစ်စုတည်းထားတာပါ ကျနော်ကတော့ အသက်က (၁၉) နှစ်ဆိုတော့ တပ်စု(၄)မှာ လူကြီးပေါ့ဗျာ ။ ကျနော်တို.တွေလဲ သင်တန်းတက်ရင်း လက်နက်မဲ့စစ်ရေးပြတွေ အခြား ဗဟုသုတတွေ အပါအ၀င် သင်ကြားရင် (၁)လ နီးပါ ရှိလာပါပြီ ကျနော်တို.တွေလဲ အတော်လေးအရေခွံထူလာကြပါပြီ အဆဲ ပေါင်းစုံ ရိုက်နည်းပေါင်းစုံနှင့် ဖိနှိပ်နည်းပေါင်းစုံတို.ကြားမှာ အရေထူရင်း လစာများလဲကျန်သည်မရှိ အဖြတ်ခံထိရင်း သင်တန်းကာလ တစ်လတာကျော်ဖြတ်လာနိုင်ခဲ့ပါပြီ ။ စားရသည့် အစားကလဲပေါင်းစုံပါပဲ ဇီးဖြူသိးကြော် နဲ.ပဲဟင်း မှာ ကျနော် ကို ဒုက္ခအပေးဆုံးဖြစ်ပါတယ် ။တသသ အတော်များများကတော့ အညာဒေသရဲ.အပူရှိန် နဲ. သောက်သုံးရေ မသန်.ရှင်းမှု. တို.ကြောင့် သွေးဝမ်းသွားရောဂါတွေ ဖြစ်ပွားလာသည်မှာလဲ အမြောက်အများဖြစ်လာပါပြီ ။နောက်ပြီး ကျနော်တို. ရရှိထားသော ကျောပိုးအိတ်များကလဲ ဖထိတ်ခေါ် လုပ်အားပေစေခိုင်းမှူ.မှာ မြေကြီးသယ် ကျောက်ခဲသယ် ရင်း သင်တန်းမဆင်းခင်ကတည်းက စုတ်ပြဲရိရွဲနေပါပြီ ။ တောင်းတွင်းကြီးမြေအကြောင်း လေးထည့်ပြောချင်ပါတယ် ကျနော်တို. တွေ ရေကန်အတွက် မြေတူတော့ လေ့ကျင့်ရေးတပ်က ရဲဘော် ရဲမေ တွေ အပါအ၀င် အားလုံး တူကြရပါတယ် တူးတဲ့အခါမှာ သံပေါက်ချွန်းတွေ အသွားတွေလိပ်တဲ့အထိ တောင်တွင်းကြီးမြေက မာကျောလွန်းလှပါတယ် မိုးရွာတဲ့အခါများကျတော့လဲ ကျနော်တို.မှာ ကျွဲသာသာ နွံလူးနေကြရတာပါ။
ကျနော်တပ်ခွဲံက ကလေး တသသ များကိုတော့ ကျောင်းအုပ်ကြီးအိမ် (ကျောင်းအုပ်ကြီးမှာ ဒုဗိုလ်မှူးကြီး စိုးဝင်း) နှင့် ဒု ကျောင်းအုပ်ကြီး အိမ် နှင့် တပ်ခွဲမှူးအိမ်းများတွင် သွားရောက် ပြီး ခိုင်းစေသောအလုပ်များကို လုပ်ကိုင်ပေးကြရပါတယ် ။ သူတို.ပြန်လာတဲ့အခါ သူတို.စားဖို.အတွက် ဟင်းကောင်းလေးများကိုလဲ တချို.စိတ်ထားကောင်းမွန်သော အိမ်များမှ ပေးလိုက်တာများလဲရှိပါတယ်၊ ဒါလေးတွေနဲ. လုပ်အားပေးသွားရခြင်းကို ပျော်မွေ.ခြင်းမရှိပေမဲ့ အနေချောင်အစားချောင်းတော့ လဲ သွားချင်ကြတာပေါ့။
လေ့ကျင့်ရေးကျောင်းကြီးတွင် ထွက်ပြေးသူများလဲရှိပါတယ် လွတ်သူများလဲရှိသလို မလွတ်သူများလဲရှိပါတယ်  မလွတ်တဲ့သူများအတွက်ကတော့ ကြိမ်ဒဏ်ပေါ့ ။ တနေ. ကျနော် တို. တပ်ခွဲမှ ထွက်ပြေးသွားသူ တစ်ယောက်ပြန်ပြီး မိတော့ တပ်ခွဲအရာခံဗိုလ်က တစ်ယောက်ကို တစ်ချက် စီ ရိုက်ခိုင်းပါတယ် ၊ ကျနော်အလှည့်ရောက်တော့ ကျနော်လဲ သာသာလေးပဲရိုက်တော့ တပ်ခွဲ တပ်ကြပ်ကြီး ကျော်ဦး ကနေ မင်းမရိုက်တတ်ရင်ငါပြမယ် မင်းမှောက်ထား ဆိုပြီ ကျနော်ကို ရိုက်တော့ အတော်လေး အီသွားတာပေါ့ ဒီတော့မှ ကျနော်လဲ ပြေးတဲ့သူကို ပြန်ပြီး အားနဲ.ရိုက်ပြတော့မှ ဇာတ်လမ်းကပြီးသွားပါတယ်..။ကျနော်တို.တပ်ခွဲမှာ ဆရာတွေဟာ သူဂုဏ်ထူးနဲ.သူ နာမည်ရနေကြတာပါ သူတို.တွေကတော့ တပ်စု(၁) မှာ နန်းစတော့ ဆရာ စိုးကျော် (စကားပြောရင် အင်္ဂလိပ်လို  နန်းစတော့ ခိုင်းမယ်နန်းစတော့ရိုက်မယ် နန်းစတော့ဆိုပြီး အမြဲတစေသုံးတတ်သူ) က တပ်သား ပေမဲ့ ဗိုလ်လောင်း ကိုအခြားအဆင့်နဲ.ဖြေဖို. ကြိုးစားနေတဲ့သူတစ်ယောက်ပါ ။
တပ်စု(၂) မှာတော့ ဆရာကြီးတစ်ဦးပါ နာမည်မမှတ်မိတော့ပါ  သူ.မိန်းမက ကျောင်းဆရာမ ဆရာကြီးကတော့ အရက်ကို အရမ်းကြိုက်တတ်သူပါ။
တပ်စု (၃) ရှင်းလား ဆရာမြင့်မော် (စကားပြောတိုင်း ရှင်းလား ဟုအမြဲသုံးတတ်သူ)
တပ်စု(၄) ပြုံးပြုံးလေးနဲ.တကယ်ဗြုန်းတဲ့ ဗိုလ်အုံး (မျက်နာပြုံးနေသော်လဲ အမှန်အကန် ရိုက်သူ လူပျိုကြီး)
တပ်ခွဲတပ်ကြပ်ကြီးကတော့ ပလယာ ကျော်ဦး (ဗိုက်ခေါက်ကို ပလယာကဲ့သို. လိမ်ဆွဲတတ်သူ ) တို.ဖြစ်ပါတယ် ။
တစ်နေ. ကျနော်တပ်စုမှ အသက် (၁၃)နှစ်သာသာ ရှိ ရခိုင်လေး ဆိုသော တသသ မှာ  ဂယ်ရှာ(အချောင်ခိုဖို.ကြိုးစား)တာကို ပလယာ ကျော်ဦးသိသွားတော့ တပ်စုတိုက်ပွဲ သင်ခန်းစာ လေ့ကျင့်နေစဉ် မှာ ပဲ ရခိုင်လေးကို ကွင်ပြင်ထဲမှာ ကျနော်တစ်ခါမှ မမြင်ဖူးသော နည်းနဲ.ရိုက်တာကို တွေ.လိုက်ရပါတယ် တခြားတော့မဟုတ်ပါဘူး ၀ါးခြမ်းပြားသေးသေးလေးနဲ. ရခိုင်လေး ရဲ. နှာထိပ် ကို တောက်နေတာပါ ပထမတစ်ချက် ရခိုင်လေးတွန်.သွားပါတယ်  နောက်တစ်ချက် နောက်တစ်ချက်နဲ. ရခိုင်လေ နှာခေါင်းကနေ သွေးများကျဆင်းလာတာတွေလိုက်ရပါတယ် ဒါပေမဲ့ ဆရာကြီးကျော်ဦးကတော့ ရပ်နားခြင်းမရှိပဲ ဆက်ပြီးဝါးပြားလေးနဲ. တောက်နေဆဲပါ ကျနော်လဲမနေသာတော့ ဆရာကြီး ရခိုင်လေး သွေးထွက်များနေပြီပြောမှ သူ.ကိုခေါ်ပြီး ရေဆေးပေးလိုက် ဆေးခန်းမပို.နဲ.ဆိုပြီးပြောပါတယ်..ကျနော်လဲ ရခိုင်လေးကို ခေါ်ပြီး ကျနော့်ရေဗူးနဲ.ဆေးကြောပေးပြီး ရေရှူးခိုင်းလိုက် တွေ.တဲ့အပင်ကအရွက်တွေခူးပြီးရှူခိုင်းလိုက်နဲ. သက်သာသွားပါတော့တယ်။
ကျနော်တို. တသသ တွေအားလုံး သင်တန်းသက်  နှစ်လ လောက်ကတော့ အနေအထိုင်အတော်လေး ပင်ပန်းတာပါ  ၊ ဘာကြောင့်လဲဆိုတော့ ထွက်ပြေးသူတွေများတဲ့အတွက်  အဆောင်ရဲ. ပြတင်းတံခါးတွေကို အပြင်ကနေ အသေရိုက်ပိတ်ထားပြီး အဆောင်ထဲတွင်လဲ ညစဉ် ကင်း အဖွဲ.များ ၂ နာရီခြား တစ်ခါ ထစောင့်ရခြင်း ချီးပုံး သေးပုံးများကို  အဆောင်အတွင်း ထည့်ထားပြီး အဆောင်အတွင်း ချီး နံ့သေးနံ့ များ လှိုင်နေပါတော့တယ်။ တစ်ယောက်က အိမ်သာတက်ပြီဆိုလျှင် ကျန်သူအားလုံးမြင်နေကြားနေ နံနေရသည်မှာလဲ ညစဉ်ရက်ဆက်ပဲဖြစ်ပါတယ် ။ အဲဒီကြားမှပင် ထွက်ပြေးသူများကလဲ ရအောင်ပြေးကြတာပါပဲ၊သင်တန်းကပင်ပန်းတာထက် လုပ်အားပေးများတာကြောင့် ထွက်ပြေးကြခြင်းဖြစ်ပါတယ် ။
တနေ.မှာတော့ ကျနော်တို. တပ်ခွဲကို ပြဿနာတစ်ခု ရောက်လာပါတယ် တခြားတော့မဟုတ်ပါ အရပ်သားဘ၀က အသက် ၁၂ နှစ်ကောင်မလေးအား မုဒိန်းကျင့်ပြီး တပ်ထဲသို.၀င်လာသူတစ်ဦးကျနော်တို.တပ်ခွဲတွင်ရောက်ရှိနေတယ်ဆိုပြီး ဒုရဲအုပ်တစ်ဦး နှင့် ကာယကံရှင်ကောင်မလေး သူ.အမေ အပါအ၀င် (၃)ယောက် ရောက်ရှိလာပြီး အားလုံးတန်းစီကာ အမှု.ကျူးလွန်သူကို  ခေါ်ထုတ်ပြီး ကျနော်တို. တပ်ခွဲမှူး ဗိုလ်ကြီး အောင်မိုးမှ စစ်ဆေးကာ အမှု.ထင်ရှားသောကြောင့် ကျောင်းအုပ်ကြီးထံမှတဆင့် စာတင်ပြီး ထို တသသ ကို တရားဥပဒေအရ အရေးယူရန် ဒုရဲအုပ်လက်သို. လွှဲပြောင်းပေးခဲ့ပြီး အရေးယူဆောင်ရွက်စေခဲ့ပါတယ်။ စစ်တပ်အတွင်းသို. အမှု.ဖြင့်ဝင်ရောက်လာသူများရှိသော်လည်း သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးသောအခါ တပ်မှ ဥပဒေအရ အရေးယူခွင့် ပြုခြင်းဖြစ်ပြီး စစ်တပ်ထဲဝင်ရုံနှင့် အမှု.မှ မလွတ်ကင်းနိုင်ကြောင်း ဗိုလ်ကြီးအောင်မိုးမှ ပြောကြားခဲ့တာကိုလဲ ကျနော်တို.တွေ အားလုံး နားထောင်ခဲ့ကြရပါတယ်မြင်ခဲ့ကြရပါတယ်။
ကျနော်တို. ကျန်စစ်သားတပ်ခွဲ တွင် တိုင်းရင်းသားအတော်များများ ပါဝင်ပါတယ် ကချင် ချင်း ရခိုင် မွန် ကရင် ယောနယ် ဆောနယ် မှ လူများ လဲပါဝင်ပါတယ် ။ ယောနယ်မှ တသသ များမှာ ၀ါး ကို နိုင်နင်းစွာအသုံးပြုတတ်ကြပါတယ် ၊ ဒါကြောင့်လဲ ကျွန်တော်တို့တပ်ခွဲ သန်.ရှင်းမှု. ပထမဆုရခဲ့ရပါတယ်။
ကျနော်ကတော့ တပ်ခွဲ အတွက် စံပြတပ်သားဆုကို မျှော်မှန်းတဲ့အလျှောက် အတော်လေးကို ကြိုးစားနေခဲ့တာပါ ။ လက်နက်မဲ့စစ်ရေးပြ လက်နက်နဲ.စစ်ရေးပြ ဖြုတ်ခြင်းတပ်ခြင်းတိုက်ချွတ်ခြင်း စစ်သည်တော်ကျင့်ဝတ် မိုင်း နဲ.အထွေထွေ ဗဟုသုတအတော်များများကိုလဲ အစွမ်းကုန်ကြိုးစားရင်းကျနော်တို. တပ်ခွဲ လဲ သင်တန်းသက် (၂) လ နီးပါရှိလာခဲ့ပါပြီ ။နေ.လည်စာသင်ချိန်မှာတော့ ဆရာကြီး ကျော်ဦးမှ တသသ များအားလုံးကို အိတ်ကိုယ်စီပေးကာ နွားချေးလိုက်ကောက်ရန် အမိန့်ပေးလာပါတယ် ၊ ဒီတော့ကျနော်တို.အားလုံး လေ့ကျင့်ရေးတပ်နားမှာရှိတဲ့ ငွေပို စံပြကျေးရွာအတွင်းမှာ အိတ်ကိုယ်စီ ယူလျှက် နွားချေးလိုက်ကောက်ကြရပြန်ပါတယ် ။ အချို.ရွာသားတွေက ကျနော်တို. ကိုသနားပြီး သူတို.နွားခြံထဲမှာရှိတဲ့ နွားချေးတွေကို ပေးပြီး အေးအေးဆေးဆေး နားခိုင်းကာ နွေးကြမ်းနဲ. ထန်းလျှက် ပဲလှော်တို.ကို ၀လင်အောင်ကျွေးမွေးကြပြီး အတန်ကြာမှ နွားချေးအိတ်ထမ်းကာ လေ့ကျင့်ရေးတပ်သို.ပြန်လာကြပါတယ် ။အဲဒီနွားချေးအိတ်တွေကိုတော့ တပ်ခွဲ စိုက်ခင်းမှာ မြေသြဇာအဖြစ်သုံးပြီး စိုက်ခင်းမှ ရရှိလာသော ၀င်ငွေကို တော့ကျနော်တို.တသသ တွေအတွက် ရိက္ခာစိုငွေမှာပေါင်းပြီး ကျွေးတယ်လို.ပြောပါတယ် ၊ဒါပေမဲ့ ကျွေးတာကတော့ အရင်ထက်ဘာမှ ထူးခြားမလာတာတော့ အမှန်ပါ ။ ထူးခြားတာတစ်ခုကတော့ တပ်ခွဲမှဆရာများ ညစဉ် ပျားရိုင်းအရက်ကို မှီဝဲနိုင်ခြင်းပါပဲခင်ဗျာ။
ဒီလိုနဲ. ကျနော်တို. တပ်ခွဲလဲ အရေထူရင်း မိုင်ရှည်ခရီးစဉ်အတွက် လေ့ကျင့်ခန်း စပါပြီ (အမှန်ကတော့ တောင်ပေါ်တက်ကာ ၀ါးသွားခုတ်ပြီး ရောင်းစားခြင်းပါပဲ) ကျနော်တို.တွေအားလုံးလဲပျော်နေကြတာပေါ့ (၀ါးသယ်ရမယ်ဆိုတာ သိပေမဲ့ အပြင်ကိုသွားရမယ်ဆိုတဲ့အသိကြောင့်ပါ) ကျနော်တို.အားလုံး မနက် (၄)နာရီမှာ တန်းစီပြီး ဟန်ကောထဲကို ထမင်းထညိ့ ရေဗူးရေဖြည့် ၀တ်စံအပိုမပါ နဲ.  ခရီးစထွက်ပါပြီ ၊ တပ်ခွဲအရာခံဗိုလ်အပါအ၀င် ယောနယ်ဘက်မှ တသသ များ နှင့် မွန်လူမျိုးတသသ အယောက် (၃၀)ခန်.ကတော့ တောင်ပေါ်တက်နှင့်ကာ ၀ါးခုတ်နေကြပါပြီ ကျနော်တို.ကတော့ ခုတ်ပြီးသားဝါးလုံးကို သွားရောက်သယ်ယူရမှာပါ။ ကျသောင်းဝါး များမှာ ပေါ့ပါးသော်လည်း တစ်ယောက်ကို (၂)လုံးကျစီ အရှည်လိုက်ထမ်းရပြီး ခရီးမှာလဲမိုင်ရှည်ဖြစ်တဲ့အတွက် အတော်လေးတော့ ပခုံးနာအောင်ထမ်းခဲ့ရပါတယ်။
ကျနော်တို. ၀ါးထမ်းအဖွဲ. စထွက်ပြီး ၁ နာရီခန်.အကြာ ငမင် ရေလှောင်တမံကို ရောက်ပြီး အမောဖြေကြပါတယ် ပြီးတော့ထမင်းစား ဆေးလိပ်သောက် ကြရင်း ပဲခူးရိုးမတောင်တန်းတွေရဲ.အလှအပကို မခံစားနေကြတော့ပါဘူး ဒီရေလှောင်တမံကို လာတဲ့ခရီးမှာတင် အတော်လေး ပင်ပန်းနေကြပြီလေ ၊ နောက်ထပ်ကလဲတောင်ပဲတက်ရတော့မှာဆိုတော့ ခဏနားပြီး ဆက်ထွက်ကြပြန်တာပေါ့ ။  
လျှိုတွေ ကိုဖြတ် တောင်ကုန်းတွေကိုကျော်ရင်း ကျောင်းစာထဲမှာသာသင်ခဲ့ဖူးတဲ့ ပဲခူးရိုးမတောင်တန်းကြီး ရဲ.အတွင်းပိုင်းကို ကျော်ဖြတ်ရင်း ရေတံခွန် သေးသေး လေးတစ်ခုရှိတဲ့ ၀ါးခုတ်စခန်းကို ရောက်ရှိလာပါတယ် ၊အားလုံးလဲံ ပင်ပန်းနွမ်းနယ်နေကြပြီး ခြေလက်များကိုလဲမသယ်ချင်တော့ ပါ။ ဒါပေမဲ့ ဆရာများရဲ. ဆဲသံဆိုသံ တွေ နဲ. ပြည့်လျှံနေတဲ့ အမိန်. တွေကြောင့်ပဲ အသေးဆုံးဝါးကို လိုက်ရှာနေမိပေမဲ့  ယောနယ်သားတို.ရဲ. လက်စွမ်းပြခုတ်ထားတဲ့ဝါးများကတော့ ရောင်းတန်းဝင် အလုံးကြီးတွေချည်းဖြစ်နေတော့ ရွေးနေလို.လဲမထူးပါ  ဒီတော့ ၀ါးနှစ်လုံးကို ပူးချည် ပြီး အိုဂျီ အင်္ကျီ နဲ့ ပခုံးခံပြီး ထမ်းကာ တပ်ခွဲသို. ပြန်လည်ချီတက်လာခဲ့ကြပါတော့တယ် ။
လမ်းခရီးတစ်လျှောက်တွင် ရှိသမျှသော ငရုတ် သီး ချဉ်ပေါင်ရွက် နှင့် ဟင်းသီးဟင်းရွက်များကို ခူးယူခဲ့ပြီး သစ်ပင်များပေါ်တွင် လူမကြောက်တတ်သောပုတ်သင်ညိုများကို ကျနော်ရှေ.မှ တသသ တစ်ဦးမှ အမြီးကိုင်ကာ ရိုက်သတ်လိုက် ဘေးလွယ်အိတ်ထဲထည့်လိုက်နှင့် ညစာအတွက် ဟင်းကောင်းတစ်ခွက်ကို ရှာဖွေနေပါတယ်။ခက်ခဲပင်ပန်းစွာ ၀ါးများကိုသယ်ယူရင်း တပ်ခွဲသို. ပြန်ရောက်ခဲ့ပါပြီ ။ တပ်ခွဲရှေ.မှာတော့ ခြေပစ်လက်ပစ် အနားယူနေကြသော ဘ၀တူ တသသ များကို တွေ.လိုက်ရပြီး ကျနော်လဲ သူတို.နဲ.အတူ အနားယူခဲ့ပါတော့တယ်။(၀ါးသယ်ရာမှာ အဖွဲ.ခွဲပြီး နေ.စဉ် ရက်သတ်မှတ်ခါ သယ်ရခြင်းဖြစ်ပါသည်) ကျနော်ကတော့ နောက် နှစ်ရက်လောက်အထိ  တောင်ပေါ်တက်ရန်မလိုတော့ပါ အလှည့် ပြီးသွားပါပြီ ။ အလှည့်ရောက်ရင်တော့လဲ မနွဲ.စတမ်း တက်ပြန်ရတာပေါ့ခင်ဗျာ။
ကျနော်တပ်ခွဲမှ ကလေးစစ်သားများကိုတော့ ၀ါးသယ်ရာမှာ မခိုင်းခဲ့ပါဘူး၊ တပ်ခွဲအတွက် တိုလီမီုလီ လေးတွေကို လုပ်ခိုင်းဖို. ချန်ထားခဲ့ပေးပါတယ် ၊ နောက်ပြီး ဆရာတွေကို နှိပ်ပေးဖို.ပါ ပါပါတယ်။
တစ်နေ. ကျနော်တို. တပ်ခွဲမှ မြင့် ဆွေ ဆိုသူ တသသ တစ်ယောက် အသက် (၃၀) ကျော်ခန်. ငှက်ဖျားဖြင့် ရူးသလို ဂေါက်သလိုဖြစ်ပြီး အရူးဘုတ်ဖြင့် ထုတ်ပါယ်လုပ်ခြင်း ခံရပါတယ် ။ အဲဒီ တသသ  မြင့်ဆွေ ကောင်းကျိုးပေးလိုက်ပုံများကတော့ ကျနော်တို. စားဆောင်နားမှာ အီအီး တစ်ပုံ ပါထားခြင်းပါပဲ ။ပထမတော့ ဆရာတွေက ဘယ်သူဒီနေရာမှာ အီးပါသလဲ မေးပေမဲ့ တသသ အားလုံးကအဆောင်ထဲမှာ တံခါးပိတ်ပြီး အီးပုံးနဲ.ပါနေရတာပါ ပြောတော့ ပိုင်ရှင်မရှိတဲ့အီးပုံကို ကျနော်တို. တပ်ခွဲ တပ်ခွဲလုံး တစ်ယောက်ကို လက် တစ်ကော် ကော်ပြီး အိမ်သာမှာ သွားလွှတ်ပစ်ရပါတော့တယ် ။ နေ.လည် ထမင်းစားချိန် မှာ ဖြစ်ပါတယ်။
ဆရာ ရှင်းလား မြင့်မော် က ကျောင်းသားတပ်ခွဲမှူးနဲ. ကျောင်းသားတပ်စုမှူးတွေကို ဦးစားပေးပြီး မင်းတို.အရင်ကျုံးကြ ကျန်တာကို ကျန်တဲ့တသသ တွေကျုံးခိုင်းမယ်ဆိုပြီးပြောတော့  အားလုံးသော ကျောင်းသားတပ်စုမှူးတွေ လက်ညှိုးလေးတွေနဲ. (ညာဘက်) ကော်ပြီး အိမ်သာထဲလွှတ်ပစ် ပြီး ဆပ်ပြာနဲ. လက် ဆေးကြတာပေါ့ ။ ကျနော်အလှည်.ရောက်လာတော့  လူလည်ကျနော် က လျှင်မြန်စွာ အီးပုံ ဘေးက ရွှံ ကို အမြန် လက်ညှိုးနဲ. ကော်ပြီး အိမ်သာကိုပြေးသွားတော့ ရှင်းလား မြင့်မော်က  တပ်စု(၄) က လူလည် မင်းလာခဲ့ ငါ့ဘေးမှာလာရပ်နေ ဒီအီးပုံကို ၂၀၀ ကျော်တဲ့ တသသ တွေ ကျုံးလို.မကုန်ရင် မင်းလက်နှစ်ဖက်နဲ.ကျုံးရမယ် ဆိုပြီး ဒဏ်ခတ်ပါတော့တယ် ။ကျနော်စဉ်းစားမိတာက လက်တစ်သာသာ အီးပုံကို တသသ အယောက် (၂၀၀) ကျော်က တစ်ယောက်တစ်ကော်ဆိုရင် ကုန်ပြီပေါ့ ဆိုပြီး ကြိတ်ပြီးပျော်နေခဲ့တာပါ ။ ဒါပေမဲ့ အထင်နဲ.အမြင် တက်တက်စင်အောင်လွဲပြီး လူတွေသာကုန်သွားတယ် ဒင်းကတော့မကုန်နိုင်ခဲ့လို. လူလည်လုပ်မိတဲ့ကျနော် ကျန်ရှင်းဖြစ်ပြီး လက်နဲ.ကျုံးပြီး ရှင်းခဲ့ရပါတော့တယ် ။ တစ်သက်စာမေ့မရတဲ့အဖြစ်အပျက်လေးပါ ။
နောက်ဆုံးတော့လဲ ကျနော်တို. ကျန်စစ်သားတပ်ခွဲလဲ ကျောင်းဆင်းတပ်ခွဲ ဖြစ်ရန် လပိုင်းသာလိုပါတော့တယ် ။ နံနက်တိုင်းပီတီပြေးတိုင်း  ကျောင်းဆင်းတပ်ခွဲ အော်ရတာကိုက အားအင် တစ်မျိုးပါ (လေ့ကျင့်ရေးမှ ထပ်မံလွပ်မြောက်မည်ဖြစ်ပြီး သက်ဆိုင်ရာတပ်အသီးသီးသို. သွားရမှာ ဖြစ်ပါတယ်) ဘာပဲဖြစ်ဖြစ် ဆင်းရဲခြင်းမှ ထပ်မံလွပ်မြောက်ရန် အတွက် ၀မ်းမြောက်ခြင်းပါပေ။
ကျနော်တို. ကျောင်းဆင်းတပ်ခွဲလဲ ဖြစ်ခဲ့ပါပြီ ၊ စက်ပစ်ကွင်းလဲဝင်ခဲ့ပါပြီ ၊သင်တန်းတွေလဲ ပြီးဆုံးလုနီးလာပါပြီ ဒီတော့ ကျနော်တို. အားလုံး လွပ်လပ်စွာ နေခွင့်ရှိလာပါတယ် ညဘက် အိမ်သာသွားရောက်ခွင့် ပြတင်းတံခါးများ ဖွင့်ခွင့် သင်တန်းပြီးချိန်တွင် သက်သာ ဆိုင်တွင် သွားရောက်ခွင့် စားသောက်ခွင့် လစာ ငွေ (ဖြတ်တောက်ပြီး ကျန်ငွေ ) သုံးစွဲခွင့် တို.ရရှိလာပါပြီ ။ ဒီတော့ ကျနော်တို.အားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်လာခဲ့ကြပါပြီ  ၊ ထွက်ပြေးသူများလဲမရှိတော့ အေးချမ်းသွားပေပြီ ။
ဒီလိုနှင့်ပင် ကျနော်တို. တပ်ခွဲ ကျောင်းဆင်းရန်အတွက် ကြိုတင် လေ့ကျင့်ကြပါပြီ ပြိုင်ပွဲတွေလဲဝင်ခဲ့ကြပါပြီ ၊ကျောင်းဆင်းမည့်နေ.တွင် ကျောင်းအုပ်ကြီးမှ ဆုချီးမြှင့်မည်ဖြစ်ပါတယ် ။
ကျောင်းဆင်းမည့်ရက်မတိုင်မီကပင် မိဘများကို စာဖြင့် အကြောင်းကြားကာ ကျောင်းဆင်းပွဲတက်ရောက်ဖို. ဖိတ်ကြားပြီး စားရေး နေရေး ကို တပ်ခွဲမှ စီစဉ်ပေးပြီး မိဘ နှင့် သား များ တွေ.ဆုံကြပုံမှာ မျက်ရည်များနှင့် ပင် ။ တချို.က ၀မ်းသာလို. တချို.က ၀မ်းနည်းလို. ကျနော်ကတော့  တစ်ကောင်ကြွက် မည်သူမှမလာ ထို.အတူ ကျနော့်ဘ၀တူ တသသများ လဲ အမြောက်အများ ဆိုတော့ အားငယ်စရာမလိုတော့ ပါ။
ကျောင်းဆင်းရက်မှာတော့ တသသ များအားလုံး ကျောင်းဆင်းဝတ်စုံအပြည့်နှင့် ကြည့်ကောင်းနေပါတယ် (ယူနီဖောင်းအသစ် နဲ. သေတ္တာ က တော့ လစာထဲမှ အဖြတ်ခံထားရတဲ့ အရာတွေပါ)   ။
ကျောင်းရဲ. စစ်ရေးပြကွင်းထဲမှာ ဘင်ခရာသံ စစ်သီချင်းသံတွေ ပျံ့လွင့်နေပြီး ကျနော်တို. တသသ များက အလေးပြု သစ္စာ ဆို ချီတက်အလေးပြု အားလုံးပြီးဆုံးပြီး အလံ ကိုင် ကာ တပ်မတော်သားအဖြစ်ရောက်ရှိခဲ့ပါတော့တယ် (ခုတော့ ကျနော်တို. ကိုင်ကာ သစ္စာပြုခဲ့သော အလံတော်သည် .........၀မ်းနည်းစရာဖြစ်ခဲ့ပါပြီ)  ။
အားလုံးပြီးတော့မှ ဆုရရှိသူတွေကို ကြေငြာပါတော့တယ် ကျနော်ကတော့ စံပြတပ်သားဆု နဲ. လွဲခဲ့ရပါတော့တယ် ။ဒါပေမဲ့ ကျနော် တပ်စု တိုက်ပွဲ ပုံဖော် ခြင်းမှာ ပထမဆု (တပ်စု လိုက်ဆု) ၊စစ်ရေးပြ အကောင်းဆုံးဆု  နှစ်ခုကို ရရှိခဲ့ပြီး တသသ လို. ခေါ်တဲ့ တပ်သားသစ် ဘ၀မှ ကိုယ်ပိုင်နံပါတ် တပ်ပြီး တပ်သားအဖြစ်သို. အခက်အခဲ ပေါင်းများစွာ ဖိနှိပ်ခံရမှု.များစွာ ၀မ်းနည်းခြင်းများစွာ ပျော်ရွှင်ခြင်းများစွာ တို.နှင့်အတူ တပ်မတော်သားတို.ဧ။် ပထမ ခြေလှမ်းကို ကျောင်းဆင်းဖော် သူငယ်ချင်းများနှင့်အတူ လျှောက်လှမ်းနိုင်ခဲ့ပါပြီ ။ ကျောင်းဆင်းပွဲပြီးတော့မှ သက်ဆိုင်ရာတပ်တွေလာမခေါ်ခင် လေ့ကျင့်ရေးတပ်မှာပင် ဆက်လက်နေထိုင်ရင်း သင်တန်းဆရာများဧ။်အိမ်များသို.သွားရောက်လည်ပါတ်ကာ ဆရာများဧ။် ဘ၀တစ်စိတ်တစ်ဒေသကို တွေ.ခဲ့ရပါတော့တယ် ။ ဆရာများထဲမှ ဆရာကြီးကျော်ဦး  သာ စီပွားရေးအနည်းငယ်အဆင်ပြေပြီး ကျန်ဆရာများမှာတော့ စီးပွားရေးကြပ်တည်းသူများ ဖြစ်ကြပါတယ် ။ဒါပေမဲ့ သူတို.အားလုံးဟာကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျနော်တို. တသသ များအားလုံး ရဲ. ဆရာ တွေဖြစ်ခဲ့ကြပါတယ်။
ကျနော်တို.ကျောင်းဆင်းပြီးအဖွဲ.တွေကို  သက်ဆိုင်ရာတပ်တွေလာခေါ်ရာမှာတော့ ကလေးစစ်သားအများစုဟာ အမြှောက်တပ်နဲ. သံချပ်ကာ ယန္တယား တပ်ဘက်ကို ပါသွားကြတာ တွေ.ရပါတယ် ။ကျနော်တို. အဖွဲ.ကတော့ အများဆုံးပေါ့ ကကယာ ခေါ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ပါတဲ့ ခင်ဗျာ။  နောက်ဆုံးတော့လဲ ကျနော်တို. အားလုံး တပ်သား ဘ၀ကို ရောက်ခဲ့ကြပါပြီ၊ လာရောက် ခေါ်ယူသွားကြမဲ့ တပ်မှ ဆရာများကို စောင့်ရင်း ကျနော်တို. အချင်းချင်း ဘီအီးလား ဂျီင်္အီးလား ဆိုတာကို ငြင်းခုန်နေမိကြပါတော့တယ် ။ ဒါကလဲအကြောင်းရှိပါတယ် ဘီအီဆိုရင် မိုင်း ဂျီအီးဆိုရင် လိုင်း  ပေါ့ဗျာ  ဂျီအီမှာက လိုင်းကောင်းဝင်ရင် ၀င်ငွေရတာကိုး ၊ဒီတော့ အတွေးအမျိုးအမျိုး တွေးရင်းငြင်းခုန်ရင်း ကျနော်တို. တပ်သား ပူပူနွေးနွေး အသစ်ချပ်ချွတ်လေးတွေရင်ခုန်စွာ စောင့်မျှော်ရင်း ဂျီအီးကိုရောက်ပါစေလို. ဆုတောင်းနေကြတဲ့ သူတွေအထဲမှာ ကျနော်ကတော့ ဆေးပေါ့လိပ်လေးကိုဖွာရင်း ရှေ.ဆက်ကြုံတွေ.လာရမဲ့ အခက်အခဲတွေကို ဒီထက်မဆိုးပါစေနဲ.လို. စိတ်ထဲကနေ ကြိတ်ပြီးဆုတောင်းနေတာကတော့ မည်သူမှ သိနိုင်မယ် မထင်ပါ။ကျနော်ဖြစ်ချင်ခဲ့သော တပ်မတော်သားလဲဖြစ်ခဲ့ပါပြီ ဒါပေမဲ့ ကျနော် တာဝန်ကျမဲ့တပ်ကို အမြန် လဲသွားချင်နေမိပါတယ် ဒါကြောင့်လဲ ကျနော်အပါအ၀င် ကျနော်နဲ. တပ်ခြင်းအတူတူတာဝန်ကျသော သူငယ်များအားလုံး လာရောက်ခေါ်မည့်သူများကို စောင့်မျှော်ရင်း မှတ်မှတ်ရရ တပသားသစ် ဘ၀ လေးကို ဘ၀တစ်သက်တာ မမေ့မလျှော့ ရှိနေမှာကတော့ မှန်သောသစ္စာတရားပင်ဖြစ်ပါတော့တယ် ခင်ဗျာ  ။
အားလုံးကိုလေးစားစွာဖြင့် မင်းလွမ်းနောင်  (ပန်းတနော်)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
မိဘဆိုတာ
ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
သူငယ်ချင်းများ