.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Wednesday, December 21, 2011

ဗိုလ်ချုပ်ကြီး ဖရာယုသ်ကျန်းအိုချား၊ ဘုရင်ကိုအကြည်ညိုပျက်စေမှု (lese majeste’) ဥပဒေအပေါ် ရပ်ခံ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ (lese majeste’) အရ ပြစ်ဒဏ်ခတ်တဲ့ ဘုရင်ကိုစော်ကားတဲ့ပြစ်မှုကို ပြင်ဆင် မယ်လို့ပြောဆိုနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖရာယုသ်ကျန်းအိုးချား က အင်္ဂါနေ့က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

“ထိုင်းဥပဒေက မတရားဘူး၊ ရက်စက်ကြမ်းကြုတ်တယ်လို့ ထင် ရင်၊ သူတို့တွေ နိုင်ငံခြားသွားနေသင့်တယ်။” လို့ သူက ပြောပါတယ်။ သူ့တသီးပုဂ္ဂိုလ်လ အမြင်အရဆို ဘုရင်စော် ကားတဲ့အတွက်အပြစ်ပေးတဲ့အပေါ် ငြင်းခုံဆွေးနွေးတာတွေ ခွင့်ပြုနေတာကို သဘောမတူပါဘူး။ လို့ ဖရာယုသ်က ပြောပါတယ်။

Sunday, December 18, 2011

ဗုံးပေါက်ကွဲနိုင်ဟု သံသယဖြစ်ဖွယ် နေရာ (၁၀) ခုအား ထိုင်းအစိုးရမှ အသိပေး

နှစ်သစ်ကူး ရက်များအတွင်း ဗုံးဖောက်ခွဲဖြစ်နိုင်ဖွယ်ရှိသည့် နေရာ (၁၀) နေရာကို ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပြီး တချိန်ထဲတွင် ၄င်းနေရာ(၁၀) နေရာသို့သွားရောက် လည်ပတ်မှု မပြုကြရန် ထိုင်းပြည်သူများအား ပန်ကြားထားပါသည်။
ထိုင်းဝန်ကြီးချုပ် ယိင်လပ် ရှင်နာဝါတ်မှလည်း “ကျွန်မ သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို အသင့် အနေအထားရှိအောင် ပြောထားပါတယ်။ လိုအပ်သလို ပူးပေါင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အထူးသဖြင့် နှစ်သစ်ကူးရက်မှာ ပြည်သူတွေ အန္တရာယ် ကင်းစွာနဲ့ နှစ်သစ်ကူး ပွဲတော်ကို နွှဲပျော် နိုင်ကြမယ်လို့ ကျွန်မ မျှော်လင့်ထားတယ်၊ ကျွန်မကိုယ်တိုင်လည်း အသင့်အနေအထားမှာ ရှိနေပါတယ်ဟု” ပြောကြားသွားပါသည်။
မည်သူ့ လက်ချက်နှင့် ဘာကြောင့် ဗုံးကွဲနိုင်သည်ကိုမူ ထုတ်မပြောသော်လည်း ဗုံးပေါက်နိုင်သည့်နေရာများကို ထုတ်ပြန်ထားပါသည်။ ၄င်းနေရာများမှာ လွတ်လပ်ရေး ကျောက်တိုင် (Victory Monument)၊ ရာဒ်ချရယိုထင် ရုပ်ရှင်ရုံ အဆောက်အဦး (Major Ratchayothin cinema complex)၊ ဆယာမ်စကွဲရင်ပြင်  (Seacon Square)၊ စင်ထရယ် ဝေါလ် (Central World)၊ ခေါက်ဆာန်လမ်းမကြီး (Khao San Road)၊ ချစ်ထရလဒါ နန်းတော်နေရာ (Chitralada Palace)၊ စိုင်စောင်းတဝီလမ်းမကြီး (Si Sao Thewes)၊ မော်ချစ်ကားဂိတ် (Mor Chit bus terminal)၊ စိုင်နာနာ လမ်း ညမကြီး (Soi Nana) နှင့် ပထဗိင်ကလောက် လမ်းမကြီး (Pata Pinklao) တို့ ဖြစ်ကြပါသည်။
Thia_PM_and_Deputy
ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်နှင့် လက်ထောက် ဒေါက်တာ ချလိမ် ယူဗါန်ရောင်(ဓါတ်ပုံ - အင်တာနက်)
ဗန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ နယ်ပေါင်း (၈၈) နယ်မှ ရဲအရာထမ်းများ အားလုံးကိုလည်း ဖော်ပြပါ ဗုံးပေါက်ကွဲနိုင် သည်ဟု ယူဆရမည့် နေရာများသို့ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၇) ရက်နေ့ နှင့် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ ဇန်နဝါရီ လ (၃) ရက်နေ့အထိ အနီးကပ် စောင့်ကြည့်သွားရန်

Sunday, September 11, 2011

သမ္မတ အိုဘားမား၏ ဦးလေးအား လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ထိန်းသိမ်းထားခြင်း

သမ္မတ အိုဘားမား ၏ ဦးလေးသည် အရက်မူးနေစဉ် ယာဉ်မောင်းနှင်သည်ဟု မသင်္ကာရသောကြောင့် မန်ဆာချူးဆက်ပြည်နယ်တွင် ရဲကထိန်းသိမ်းလိုက်ရာ သူက အိမ်ဖြူတော်နှင့် ဆက်သွယ်၍ အာမခံရရန် စီစဉ်မည်ဟု ရဲများအားပြောသည်။ သူ့အား ဗဟိုအစိုးရ လူဝင်မှုကြီးကြပ်ရေး (federal immigration) အရာရှိများက အာမခံ မပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အာဏာပိုင်များက တနင်္လာနေ့ (၂၉.၈.၂၀၁၁) တွင် ပြောသည်။
အသက် ၆၇ နှစ်ရှိ အွန်ယန်ဂို အိုဘားမား (Onyango Obama) သည် ဘော်စတွန်မြို့ (Boston)၏ အနောက်ဘက် မိုင် ၂၀ အကွာရှိ ဖရန်မင်ဂန်မြို့ (Framingham) တွင် ယာဉ်အချက်ပြ မီးနီနေစဉ် သူမောင်းလာသော ကားအားရပ်လိုက်ရာ ရပ်ရမည့်နေရာထက် ကျော်လွန်ပြီးမှရပ်နိုင်သဖြင့် ရဲကင်းလှည့်ယာဉ်တစ်စင်းက တိုက်မိလုနီး ဖြစ်သွားခဲ့သည်။
အွန်ယန်ဂို အိုဘားမားသည် မူလတွင် ကင်ညာနိုင်ငံမှ ဖြစ်ပြီး သမ္မတ အိုဘားမား၏ ကွယ်လွန်သူ ဖခင်၏ ဖအေတူမအေကွဲ ညီအကိုဖြစ်သည်ဟု ရဲများကပြောသည်။ အမေရိကန်ပြည်ထောင်စု လူဝင်မှုနှင့် အကောက်အခွန်ဆိုင်ရာ ဌာနတစ်ခုဖြစ်သော (U.S. Immigration and Customs Enforcement) မှ သူ့အား အာမခံမပေးဘဲ ထိန်းသိမ်းထားသည်။ ရုံးမှတ်တမ်းတစ်ခုတွင် အွန်ယန်ဂို အိုဘားမား (Onyango Obama) အား ပြည်နှင်ဒဏ်ပေးထားခဲ့သည်ဟု ပါရှိသည်။
သူသည် ဘော်စတွန်မြို့တွင် နေထိုင်သော ဇေတူနီ အွန်ယန်ဂို (Zeituni Onyango) နှင့် မောင်နှမ အရင်းဖြစ်သည်။ သမ္မတ အိုဘားမား၏ အဒေါ် ဇေတူနီ အွန်ယန်ဂို ပြည်နှင်ဒဏ် ပေးခံခဲ့ပြီးသားဖြစ်သော်လည်း ယခင်နှစ်တွင် အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ခွင့်ရသွားသဖြင့် သူမ၏သတင်းသည် သတင်းစာခေါင်းကြီးပိုင်းများတွင် ပါလာခဲ့သည်။
Ref: Internet
Obama's uncle held by immigration authorities (Yahoo News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
 

Sunday, July 24, 2011

၂၀၃၀ ခုနှစ် ပင်လယ် ရေအောက် ရောက်တော့မည့် ဘန်ကောက်မြို့

  

တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့
ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့

၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်


ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ - Flickr)

တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစင်းဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

Friday, July 22, 2011

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

E-mail Print
မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန်

ရန်ပွဲကို ဖျန်ဖြေသော ထိုင်းကျောင်းဆရာ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခံရ

E-mail Print PDF
နွန်သာဘူရီပြည်နယ်ရှိ ဘတ်စ်ကား မှတ်တိုင်တွင် သက်မွေးကျောင်းသား ၅၀ ခန့် ခိုက်ရန် ဖြစ်ပွားနေစဉ် ၀င်ရောက် ဖျန်ဖြေပေးသည့် ကျောင်းဆရာမှာ မျက်နှာတွင် သေနတ်ပစ်ခံခဲ့ရသည်။

တပ်မတော် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာကျောင်းမှ ဆရာ ၀ီချိယန်ပတ်ချာခီအော်မှာ ကျောင်းသားတစ်ဦးက ဖေါင်တိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မျက်လုံးအောက်နားတွင် ဒဏ်ရာရရှိခဲ့သည်။ ကျောင်း ၂ ကျောင်း အကြား ခိုက်ရန် ဖြစ်ပွားနေစဉ် တစ်ခါသုံး သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခံရခြင်းဖြစ်သည်။ ဖရာရမ်ဟော့နှင့် နာကောင်လွန် နည်းပညာကျောင်းများမှ ကျောင်းသား ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးထားသည်။ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာမူ လွတ်မြောက်သွားသည်။

ဓါး ၂၁ လက်၊ ပေါက်ဆိန်နှင့် ပင်ပေါင်လက်ပစ် ဗုံး တစ်လုံးတို့ကို ရဲများက သိမ်းဆည်းခဲ့ရသည်။
ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် လက်နက် ကိုင်ဆောင်သည့်အတွက်

လုမ္ဗနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ

E-mail Print PDF

ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက
ကမ္ဘာအနှံမှ ဘုရားဖူးများကို စွဲဆောင်မည့် ထို ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗနီမြို့လေး ပြုပြင်ဖို့အတွက်၊ ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံပြီး နီပေါနိုင်ငံမှာ ပရောဂျက်တစ်ခု စတင်တော့မည် ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းတွင် လေဆိပ်တစ်ခု၊ အဝေးပြေးလမ်းမ၊ ဟိုတယ်များ၊ ကွန့်ဖရင့်စင်တာများ၊

ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ

Published on July 22, 2011 by DVB မှ ကူးယူဖော်ပြသည်
ဇူလိုင် ၁၉ ရက်​နေ့​က ပျက်ကျသွား​တဲ့​ ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ်ကို ဒီက​နေ့​ နံနက် ၁၁ နာရီမှာ​တွေ့​ရှိပြီလို့​ ထိုင်း​ရုပ်သံသတင်း​တွေမှာ ​ကြေညာသွား​ပါတယ်။
ဘလက်​ဟော့​ ရဟတ်ယာဉ်ဟာ ထိုင်း​နယ်စပ်နဲ့​ မီတာ ၃၀၀ အကွာ မြိတ်ခရိုင်အတွင်း​မှာ ပျက်ကျတာဖြစ်ပြီး​ စ​နေ​နေ့​က ထိုင်း​ပိုင်နက်ထဲမှာ ပထမတစီး​ပျက်ကျတဲ့​နေရာနဲ့​ မီတာ ၅၀၀ ​လောက်သာ ​ဝေး​ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းကို သယ်ယူရန် ကြိုးစားနေစဉ် (ဓာတ်ပုံ - www.jamjung.com)
ရဟတ်ယာဉ်နဲ့​ ပါသွား​သူ ၉ ဦး​ရဲ့​ ခန္ဓာအစိတ်အပိုင်း​တွေကို ရဟတ်ယာဉ် အစိတ်အပိုင်း​တွေကြား​မှာ ​တွေ့​ရပြီး​ ခန္ဓာကိုယ်အစိတ်အပိုင်း​ ပြည့်​ပြည့်​စုံစုံမရှိဘူး​လို့​ ဆိုပါတယ်။
လေယာဉ်ပျက်ကျ​ နေတဲ့​နေရာဟာ မီတာ ၁၁၀၀ ​လောက်နက်တဲ့​ ​တောင်ကမ်း​ပါး​ဆန်ဆန် ဆင်​ခြေ

Monday, June 6, 2011

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့် ဒေသနဲ့ ဆီးရီးယား နယ်ခြားမှာ တားဆီးထားတဲ့ သံဆူးကြိုးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လိုလားသူ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။
အမျိုးသမီး ၁ ယောက်နဲ့ ကလေး ၁ ယောက် အပါအဝင် လူ ၂၀ သေဆုံးပြီး ၃၂၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ဆီးရီးယားဆေးရုံ တာဝန်ရှိသူတွေကလည်း သေဆုံးသူ စာရင်းကို ထုတ်ပြန်ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုပါတယ်။
၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း စစ်ပွဲ ၄၄ နှစ်မြောက် နှစ်ပတ်လည် အဖြစ်နဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးတို့က ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ဆန္ဒပြ လူအုပ်ဟာ ၁,၀၀၀ ကျော်အထိ များလာပြီး အဝေးမှာရှိတဲ့ အစ္စရေး စစ်သားတွေရှေ့မှာ ဆုတောင်း ကြွေးကြော်မှုတွေ လုပ်ခဲ့ကြပါတယ်။
အစ္စရေး စစ်သားတွေက နှုတ်အားဖြင့်ရော မိုးပေါ်ထောင် ပစ်ပြီးတော့ပါ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ဆီးရီးယားတွေဟာ နယ်စပ်ဘက်ကို ကပ်လာကြတဲ့အတွက် တခြားရွေးစရာ မရှိတော့ဘဲ ဆန္ဒပြသူတွေရဲ့ ခြေထောက်တွေကို ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသက စစ်ဆေးရေးဂိတ် တခုမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး စစ်သားတွေ ပဋိပက္ခဖြစ်ပြီး အစ္စရေး စစ်သားတွေဘက်က မျက်ရည်ယိုဗုံးတွေ၊

Friday, June 3, 2011

ငြိမ်းချမ်းရေး ပြယုဂ် (သို့) ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတား

(လွပ်လပ်သောမွန်သတင်းအေဂျင်စီမှ ကူးယူဖော်ပြသည်)

June 2nd, 2011
မင်းတော်လဝီ
ထိုင်းနိုင်ငံ၏ အရှည်ဆုံးသစ်သား တံတားသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခပူရီမြို့ (မွန်ဘာသာအားဖြင့် ဝင်းကမြို့) တွင် တည်ရှိသည်။ ဤသစ်သား တံတားကြီးက ဒေသခံ ထိုင်း၊ မွန်၊ ကရင်လူမျိုးများအတွက် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့မှုကို အကျိုးပြုသကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။
ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတား
ရန်ဒီချောင်း၊ ခီးချောင်းခေါ် ကင်းချောင်းနှင့် စံခလယ်ချောင်း သုံးခု ဆုံရာ ယခင်ဝင်းကရွာဟောင်း၏ အနောက်ဘက် ယခု ဝင်းကရွာသစ် ကမ်းဘက်နှင့် ထိုင်းကမ်းဘက်ကို ပိုင်းခြားထားသည့် စံခလယ်ချောင်းကို ဖြတ်ပြီး  ဤသစ်သားတံတားကြီးကို ဆောက်လုပ်ထားသည်။
မွန်ဘက်ကမ်းတွင် မွန်လူမျိုးများ နေထိုင်ကြပြီး ထိုင်းဘက်ကမ်းတွင် ထိုင်းနှင့် ကရင်လူမျိုး အများစု နေထိုင်ကြသည်။
သာသနာ သက္ကရာဇ်၂၅၂၅ (ခရစ်နှစ် ၁၉ဂ၁) ခုနှစ်တွင် ထောက်ခနွန် ရေတာတာကြီး တည်ဆောက်လိုက်ခြင်းကြောင့် ယခင် စံခလယ်ချောင်းငယ်မှာ ရေပြင်ကျယ် ချောင်းကြီး ဖြစ်သွားခဲ့သည့်နောက်တွင် ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ကူးသည့်လှေများ မကြာခဏ မှောက်တတ်ပြီး လူများ သေဆုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကူးတို့ခ အကုန်သက်သာစေရန်အတွက် ဝင်းကဆရာတော်ဘုရားကြီးက ခရစ်နှစ် ၁၉၈၄ ခုတွင် ဤသစ်သားတံတားကြီးကို ဆောက်လုပ်ပေးခဲ့သည်။
“ဒီသစ်သားတံတား မရှိခင်က ကူးလူးသွားလာတာ အင်မတန် ခက်တယ်၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ချောင်းက ခြားနေတော့ နှစ်ရွာလို ဖြစ်နေတယ်၊ လူမှုရေး၊ ကုသိုလ်ရေး၊ စီးပွားရေးမှာ ကူးလူးဆက်ဆံမှု နည်းနေတယ်။ တံတားကြောင့် အခုပေါင်းစပ်မှု ကောင်းလာတယ်” ဟု သစ်သားတံတား စဆောက်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သူ အသက် ၇၉ နှစ် အရွယ်ရှိ မွန်အဖိုးအို နိုင်အောင်စိန်က ပြောသည်။
အသက် ၆ဝ ရှိပြီဖြစ်သည် ကရင်လူမျိုး စောလှရွှေ ကလည်း “စံခလယ်ချောင်းက ခြားနေတော့ မွန်ဘက်ကမ်းနဲ့ ထိုင်းဘက်ကမ်းက လူတွေ ရင်းနှီးမှု နည်းနေတယ်၊ နီးလျက်နဲ့ ဝေးနေကြတယ်၊ လူငယ်တွေကြားမှာ ခဏခဏ ရန်ဖြစ်ကြတယ်၊ အခု ထိတွေ့မှု များလာတော့ ချစ်ကြည် ရင်းနှီးမှု ရှိလာတယ်” ဟု ပြောပြသည်။
ဤသစ်သားတံတားက ဒေသခံများကို ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ပေးခဲ့သည် သာမက ဤတံတားနှင့် ဝင်းကရွာမှ သာသနိက အဆောက်အဦးများသို့ လာရောက် ဖူးမျော် လေ့လာ လည်ပတ်သည့် ဧည့်သည်များ နေ့စဉ် စည်ကားလျက် ရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။
၎င်းပြင် ကျောင်းဝတ်စုံ တူညီစွာ ဝတ်ဆင်ထားသည့် မွန်ဘက်ကမ်းမှ ကျောင်းသူကျောင်းသားများ ထိုင်းဘက်ကမ်းရှိ အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင်ခရီးဖြင့် တံတားကို ဖြတ်ကာ ကျောင်းတက်ကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရသည်။
အလုပ်သမားများကလည်း အလုပ်သွား အလုပ်ပြန်၊ ဈေးရောင်း ဈေးဝယ်များနှင့် ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များကလည်း ခေါက်တုံ့ခေါက်ပြန် တံတားပေါ် သွားလာ ဆုံတွေ့ခိုက် နှုတ်ဆက်ကြ၊ နောက်ပြောင်ကြ၊ ရီမောကြနှင့် ချစ်ကြည်ရင်းနှီးစွာ သွားလာနေကြသည့် မြင်ကွင်းကလည်း တနည်းတဖုံ ဆန်းကြယ်လှပါသည်။
“မွန်ဘက်ကမ်းက ဟင်းသီးဟင်းရွက် စိုက်တာ များတယ်၊ တံတားမရှိခင်တုန်းက ကိုယ့်ရပ် ရွာလောက်ပဲ ရောင်းရတော့ ဈေးကွက်က ကျဉ်းတယ်၊ အခု ထိုင်းဘက်ကမ်းဈေးကို သွားရင် တံတားကို ဖြတ်လိုက်ရုံနဲ့ ရောက်တယ်” ဟု မွန်ဘက်ကမ်းမှ ဟင်းရွက်သည် မိကွန်ကျဲ က ပြောသည်။
နံနက်ရှုခင်းကို ဓါတ်ပုံ ရိုက်ကြသည့် ဧည့်သည်များနှင့် ညနေခင်း ဆည်းဆာအလှကို ကြည့်ရှုခံစားရင်း လေညှင်းခံ ထွက်သူများကလည်း တံတားပေါ်တွင် စည်ကားလှသည်။
“တောင်တန်း တောင်ကုန်းကြားက ရေစီးမရှိပဲ ရေကန်ကြီးလို ဖြစ်နေတဲ့ ဒီမြစ်ပြင်ကို ရေကူးရင်း လှေစီးရင်း ဒီတံတားကို လှမ်းမြင်ရတာ စိတ်ထဲမှာ အေးချမ်းတယ်၊ နောက်တော့ လှပ အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်မှာ သဘာဝသစ်လုံးတိုင်နဲ့ ဆောက်ထားတဲ့ ဒီသစ်သားတံတားကို မြင်တွေ့ရတာ နှစ်သက်စရာ အလွန်ကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံသား မစ္စတာဖာရွန်က သူ၏ ခံစားချက်ကို ပြောသည်။
တံတား ပတ်ဝန်းကျင်တွင် ရေပေါ်ဖေါင်အိမ် ၅ဝ ကျော် ရှိပြီး၊ တပတ်လျှင် မြို့ကြီးမှ ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသား ဧည့်သည် နှစ်ထောင်ခန့် လာရောက် တည်းခိုကြကြောင်း၊ ကုန်းပေါ်ရှိ ဟိုတယ်၊ ရီဇော့၊ အင်းများတွင်လည်း ဧည့်သည်အများအပြား လာရောက် တည်းခိုကြပြီး စုစုပေါင်း တပတ်လျှင် ဧည့်သည် ၃၀၀၀ ကျော် ဤတံတားသို့ လာရောက် လည်ပတ်ကြကြောင်း ဖေါင်အိမ်ပိုင်ရှင် နိုင်ချစ်ငွေက ပြောသည်။
သို့သော် ယခုသစ်သားတံတားကြီးကို မဆောက်မီ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ် (ခရစ် ၁၉၈၄) ကလည်း ယခင် ဝင်းကရွာဟောင်း မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းကို ကူးလူး သွားလာရန်အတွက် ပထမဦးဆုံး ဝါးဖေါင်တံတားတစင်းနှင့် ကြိုးတံတားတစင်းကိုလည်း ဝင်းကဆရာတော်ကြီးက ဦးစီးပြီး ဆောက်လုပ်ခဲ့သေးသည်။
ထောက်ခနွန် ရေကာတာ ဆောက်လုပ်ပြီးနောက် ထိုဝါးဖောင်တံတားနှင့် ကြိုးတံတားမှာ ရေအောက် နစ်မြုပ်၍ ပျက်စီးခဲ့ရသည်ဟု ဆောက်လုပ်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သည့် အသက် ၈ဝ အရွယ်ရှိ ကရင်အဖိုးအို နိုင်ပဇာလဝမ် က ပြောသည်။
ယခင်က တံတားပေါ်တွင် လူများ၊ ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း တံတားရေရှည် တည်တံ့ရေးအတွက် နောက်ပိုင်းတွင် လူနှင့် စက်ဘီးများကိုသာ ဖြတ်သန်းခွင့် ပြုတော့သည်။
ကြံ့ခိုင်မှု နည်းလာသည့် ဤတံတားကို သာသနာ သက္ကရာဇ် ၂၅၅၃ (ခရစ်နှစ်၂ဝဝ၉) ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ စပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ ဗိသုကာ ဆရာကြီး နိုင်ဇာပန်နှင့် လက်သမား ၁၃ ဦးတို့က ၂ နှစ်နီးပါး အချိန်ယူကာ အသစ်တဖန် ဆောက်လုပ်ခဲ့သည်။
ဤတံတားကို ပျဉ်းကတိုးသား အများဆုံးနှင့် သင်္ဃန်းသား အနည်းငယ် အသုံးပြုကာ ဆောက်ထားပြီး ယခင်တံတားဟောင်း ဆောက်စဉ်က မတ်မတ်စိုက်ထူထားသည့် တံတားတိုင်ကိုလည်း ပိုမိုခိုင်ခန့်ရန်အတွက် ယခုဆောက်လုပ်စဉ်တွင် ကျားကန်ပြီး စိုက်ထူထားခဲ့သည်။
တံတားအရှည်မှာ ၄၄၅ ဒဿမ ၅ မီတာနှင့် အနံ ၄ ဒဿမ ၅ မီတာ ရှိသည်။ မြစ်လယ်ရှိ တံတား၏ အမြင့်ဆုံး နေရာမှာ ၃၅ မီတာခန့် မြင့်ကာ တံတားကို အခန်း ၁၀၇ ခန်းဖြင့် ဖွဲ့ထားသည်။ တံတားတစင်းလုံးအတွက် သစ် ၂၁၄ တန်ကျော် အသုံးပြုခဲ့ရသည် ဟု နိုင်ဇာပန် က ပြောသည်။
ဤသစ်သားတံတားကြီးသည် ဒေသခံ ပြည်သူ ထိုင်း၊ မွန်နှင့် ကရင်လူမျိုးများ၏ လူမှုဘဝများ ဖွံ့ဖြိုးသာယာရေးအတွက် အကျိုးပြုသည်သာမက စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။

Ashin Pyinna Nanda, For Buddha or For Army ...?


ဘုရားသာသနာလား … စစ်တပ်သာသနာလား …
အရှင်ပညာနန္ဒ
ဇွန် ၃၊ ၂၀၁၁

(၁)
အရှင်ဘုရား အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ဘုရား။ အထက်ပါ စကားကို အမော တကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကိုထောင်ဝင်စာတွေ့နေသူ ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု ရှင် ဒေါ်ရှုပါ။ ဘယ်လိုများဖြစ် လို့ပါလိမ့်လို့ဆက်မေးကြည့်တော့ …။

''မှန်ပါ … စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင်လိုက်အပ်ပေးတာလေ … အဲဒါ ဒီနေ့တပည့်တော်ပုံ ကိုဂြိုဟ်တုစေ လာင်းကနေေ တွ့လို့တဲ့။ တပည့်တော်အပ်တာဆို လက်မခံရဲတော့ဘူးဆိုပြီး ပိုင်ရှင်ကနှင်ထုတ်လိုက်တာပါဘုရား'' ဟု ပြန်လျောက်၏။ ''အော် ဖြစ် မှဖြစ်ရပလေ'' ဟုသာ ညည်းးမိပါတော့တယ်။

(၂)
အပြည့်အစုံနားလည်အောင်ပြန်ပြောရရင်တော့ အဖြစ်ကဒီလိုပါ။ ၂၀၀၇ စက်တင်ဘာအရေးအခင်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်း တွေကို စစ်တပ်က၀ိုင်းဖမ်းလို့ ရဟန်းသံဃာတော်တွေ သီလရှင်တွေ အမြောက်အများအဖမ်းခံခဲ့ရပါတယ်။ အဲဒီအဖမ်းခံရတဲ့အထဲက မြောက်ဥက္က လာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်းအပါအ၀င် ပါ။ ကျောင်းထိုင်ဆရာတော်အပါ အ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး ပါ အဖမ်းခံခဲ့ရ တယ်။ အချို့ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် (၇၀) ကျော် (၈၀) နီးပါးအရွယ်တွေပါ။ ဆရာတော်ကြီးတပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး မ၀ိစိတ္တက ဒီလိုပြန်ပြောပြခဲ့ပါတယ်။

''ညအချိန်မတော်ကြီးဘုရား စစ်တပ်က၀ိုင်းပြီးဖမ်းတာဘုရား … တပည့်တော်တို့ကျောင်းက ဆရာတော်ကြီးအပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က) ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လအသီးသီးချမှတ်ခံခဲ့ရပါတယ်ဘုရား'' ဟု ၀မ်းနည်းကြေ ကွဲစွာ တုန်တုန်ရီရီဖြင့် လျှောက်ထားပါတယ်။

''ထောင်တွင်းအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လဲ အစားအသောက်ကိစ္စတွေ ကျန်းမာရေးကိစ္စတွေကတော့ အများ သိပြီးဖြစ်လို့ ထပ်မလျောက်ချင် တော့ပါဘုရား။ တပည့်တော်စိတ်မကောင်းအဖြစ်ရဆုံးကတော့ တပည့်တော် အမေ အိုကြီးေ ထာင် တွင်းမှာအရိုက် ခံရတာကို မျက်စေ့ထဲက မထွက်ဘူး ဘုရား'' ဟုပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့်ကြာမှ အသံကိုထိမ်းပြီး ''တပည့်တော်အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (ရ၀) နီးပါးဖြစ်နေပြီ။ နဂိုကတည်းက စိတ်က သိပ်မ မှန်တော့ဘူးဘုရား။ အသက်ကလဲကြီး အနေအထိုင်အစားအသောက်ကလဲဆင်းရဲတော့ စကားများတာ ပေါ့ဘုရား …။ အဲဒါကိုထောင်ဝန်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူးဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ထိုးတာ သွားနှစ်ချောင်းကျိုးသွား တယ်ဘုရား …။ နောက်ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲမသိဘူးဘုရား … တော်တော်နဲ့သတိမရဘူး။ အတော်လေးခံလိုက်ရတယ်။ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့ မှာထောင်ဝန်ထမ်းက လက် သီးနဲ့ထိုး ခြေထောက်နဲ့ကန်လုပ်နေတာကို တပည့်တော် ဘာမှမပြောနိုင် မကယ်နိုင်နဲ့ ဘယ်လောက်ခံစားရ မယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါ ဘုရား'' ဟု ၀မ်းနည်းကြေကွဲစွာပြန်ပြောပြရှာပါတယ်။

''အတော်လေး ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား'' ဟု သက်ပြင်းအခါခါချမိပါတော့တယ်။

''အဖမ်းခံခဲ့ရတာနဲ့ပက်သက်ပြီးတော့ လည်း တပည့်တော် တကယ်ခံစားရတယ်ဘုရား ဖြစ်ပျက်သွားတာတွေကို အစကနေအဆုံးအထိ မမေ့ဘူး ဘုရား…။ တပည့်တော်ရဲ့ဘ၀မှာ ဒါမျိုးဖြစ်လိမ့်မယ်လို့လဲ တခါမှထင်မထား ဘူးဘုရား။ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီးဖမ်းလို့ (၄) နှစ် ကျော်ထောင်ထဲမှာနေခဲ့ရတယ်။ နာနာကျင်ကျင်ကြီး ကိုခံစားရပါတယ်ဘုရား …။ အတတ်နိုင်ဆုံးတ ရားနဲ့ ဖြေပါတယ်ဘုရား…။ ကလဲ့စားချေလိုစိတ်လဲ မရှိပါဘူးဘုရား'' ဟု နာကျည်းသံတ၀က် တရားသံလေးတ၀က် စွက်ပြီးဖြေကြား ပါတယ်။

(၃)
''တပည့်တော်တို့ (….) နေ့က သီရှင်လေးပါးလုံး ထောင်ကလွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်း ကိုပြန်ပါတယ် တပည့်တော်တို့သီလရှင်တွေမရောက်ခင် အာဏာပိုင်တွေက အရင်ကြိုရောက်နေပြီး ဒီကျောင်းမှာပြန်နေလို့မရတဲ့ အကြောင်း သီလရှင်ဝတ်ခွင့်မပြုနိုင် ကြောင်းပြောပြီး သီလရှင်တွေကိုမောင်းထုတ်ခဲ့တာ ပါ။ ထောင်ကထွက်ခါစ ကျန်းမာရေးကလည်း မကောင်း နေစရာစားစရာမရှိ ဘယ်သွားရမှန်းမသိနဲ့ တပည့်တော်တို့ သီလရှင်တွေလမ်းပေါ်မှာ ယောင်ချာချာဖြစ်နေခဲ့ တာပါ။ နောက်ဆုံးတပည့်တော် တို့သတိရလိုက်တာကတော့ အမှုရင်ဆိုင် တုန်းက တရားရုံးကိုလာပြီး ဆွမ်းကပ်သူ အ၀တ်အ စား ဆေးဝါးပေးသူ ထောင်တွင်းကို ထောင်ဝင်စာပို့ ပေးနေသူေ ဒ်ါရှုကိုပါ။ ဒေါ်ရှုက သီလရှင်တွေရဲ့အခက် အခဲကိုဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက်အဆင်ပြေသွားပါတယ်။ လွတ်လာတဲ့သီလရှင်လေးပါးထဲမှာ သီလရှင်အိုကြီးနှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေကတာဝန်ယူသွားလို့ အဆင်ပြေ သွားပါတယ်။ တပည့်တော်တို့သားအမိကတော့ ဦးလေးဖြစ်သူအိမ်မှာ ကပ်ရပ်ပြီးနေထိုင် ခဲ့ကြပါတယ်။ ဦး လေးဖြစ်သူက အကြော်ရောင်းကျွေပြီး စောင့်ရှောက်ခဲ့တာပါ။ အတောာ်လေးဆင်းရဲ တယ်ပါတယ်ဘုရား'' ဟု ကြောင့်ေ ကြာင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။

သီလရှင်လဲပြန်ဝတ်လို့လဲမရတော့ ဆရာလေးမ၀ိစိက္တကို အသက်မွေးဝမ်းကြောင်းမှု့အတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ေ ပမယ့် စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်ကပြောခဲ့သလို အကြောက်လွန်ပြီး ခုလိုလက်မခံရဲတော့ဘူးဆို တဲ့အခြေအနေတွေဖြစ်လာ တာပါ။စာရေးသူလဲ မည်ကဲ့သို့ ပြု လုပ်ပေးရမည်မသိဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ြေ ပေ အာင် စီစဉ်ပေးရအုံးမယ်ထင်ပါရဲ့။

(၄)

ထောင်ထွက်တွေရဲ့ဘ၀တွေက အင်မတန်ဝမ်းနည်းကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်းတွေကအစ အာဏာပိုင်တွေက ဒုက္ခပေးမှာကြောက်လို့သူတို့ အိမ်ကိုထောင်ထွက်တွေလာမှာကို စိုးရိမ်ကြတယ်။ ခုတော့ သူတို့ဘာဆက်လုပ်ရ မှန်းမသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကိုရင်ဆိုင်နေကြရပါတယ်။ သူတို့လို ဘဲထောင်ကထွက်လာတဲ့သံဃာတော်တွေလဲ ဒီလိုအဖြစ်ဆိုးေ တွနဲ့ ကြုံခဲ့ကြရတာပါ။ ယခုနယ်စပ်တနေရာကိုရောက်နေတဲ့ မိမိအသိ ဆရာတော်နှစ်ပါး ဆိုရင် ထောင်ထဲမှာ (၁၆) နှစ်နေခဲ့ကြရပြီး ထောင်ကထွက်လာတဲ့အခါ လက်ရှိကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က သိပ်ပြီးလက်မခံချင်တဲ့ အတွက် အာဏာပိုင်တွေကို သူတို့ကိုယ်တိုင် ကျောင်း ကိုဘယ်နိုင် ငံရေးသမားတွေလာတယ် … ဘယ်သွားတယ် … ဘယ်လာတယ် … စသည်ဖြင့် သတင်းတွေ ပေးေ နလို့ ဆက်မနေရဲတော့ဘဲ ဇာတိရွာတွေကိုပြန်သွားခဲ့ ရပါ တယ်။ ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက်ဘုန်းကြီးတွေကို လက်ခံထား တဲ့ဘုန်းကြီးကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ခြိမ်းခြောက်ပါတယ်။ ထောင်ထွက်ဘုန်းကြီးေ တွကိုလဲ နေလို့မ ရအောင် အနှောင့် အယှက်ပေးတဲ့အတွက် ပြည်တွင်းမှာဆက်မနေရဲတော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေတနေရာကို ထွက်ခွာ လာခဲ့ရပါတော့တယ်။

အဲဒီထက် ပိုပြီးဆိုးတဲ့အဖြစ်အပျက်တခုလဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ြေ ခာက်လလောက်က ထောင်ကထွက်လာ တဲ့ ဘုန်းကြီးအိုကြီး တပါးရဲ့အဖြစ်မှန်ပါ။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းေ တွကလဲ အာဏာပိုင်ကိုကြောက်လို့ လက်မခံရဲကြဘူး။ နေစရာ ကျောင်းမရှိလို့ ရထားဘူတာမှာသွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့တိုးပါတယ် …။ ဘုန်းကြီးဖြစ်ကြောင်း ဒီနေ့မှထောင်ကထွက်လာကြောင်း နဲ့ ထောင်ထွက်လက်မှတ် ကိုပြပြီး ရှင်းပြပေမယ့် လက်မခံဘဲထောင်က ထွက်တဲ့နေ့မှာဘဲ ပြန်လည်အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကိုဝမ်းနည်းစရာ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်နေပါပြီ။

န၀တ-နအဖလက်ထက်မှသည် ဦးသိန်းစိန်အစိုးရတက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေးဝန်ထမ်းတွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင် တွေဟာ အဖိနှိပ်ခံနေရဆဲ၊ ဘာသာရေးအခွင့်အရေးတွေချိုးဖောက်ခံနေရဆဲ ဆုံးရှုံးေ နရဆဲပါ။ မတရားတာတွေမလုပ်ကြဘို့ မှန်မှန်ကန်ကန်လုပ်ကြဘို့ တရားဟောတဲ့ဆရာတော်တွရဲ့ တရားပွဲတွေလဲ အပိတ်ခံထားရပါတယ်။ နာဂစ်မုန်တို င်းကြောင့် ဘေးဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်း တောကြီး အတော် များများလဲ စစ်အာဏာရှင်တွေရဲ့ အနှောင့်အယှက်ေ ပးမှုက မလွတ်ပါဘူး။

ယနေ့ မိမိတို့ဗုဒ္ဓဘာသာသာသနာအခြေအနေကိုပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံကျနေတာကိုတွေ့ရမှာပါ။ သာသ နာတော် သန့်ရှင်းတည်တံ့ပြန့် ပွားရေးဆောင်ရွက်နေပါတယ်ဆိုတဲ့ သံဃာ့မဟာနာယကဆရာတော်များကလဲ သံဃာေ တွမတရားအဖိနှိပ်ခံနေရတာတွေကိုသိပါလျှက်နဲ့ မသိချင် ယောင် မမြင်ချင်ယော င်ဆောင်ပြီး နှာစေးေ တ်ာမူနေကြဆဲပါ။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတု တွေလို့ပြောပြီး ဘုန်းကြီးေ ကျာင်းတွေကို စစ်တပ်က၀င်စီးတုန်းကလဲ တားမြစ်တော်မမူရှာဘူး။ ခပ်မဆိတ်နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာ ငယ်တွေကိုနှိပ်ကွပ်ဘို့ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီးပြောခိုင်းတဲ့အခါမှာတော့ သံဃာ့မဟာနာယကဆိုသူတွေ ဟာ ရဟန်းဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေအလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိတရားတွေလက်ကိုင်ထားနေတဲ့ သံဃာ့မဟာနာယကပါ။ အဲဒီ လိုပျက်စီးနေတဲ့အခြေအနေတွေကို သာသနာ စိတ်ရှိကြတဲ့ ဆရာတော်၊ သံဃာတော်တွေက အချိန်မီမပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရားသာသနာ ကွယ်ပျောက်ပြီး စစ်တပ်အလိုကျတည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီးဖြစ်သွားတော့မှာဖြစ်ကြောင်း တင်ပြ လိုက်ရပါ တယ် …..။

(မီုးမခ မှ ကူးယူဖော်ပြသည်)

Sunday, May 29, 2011

စစ်ပြန်တွေ အောက်မေ့ဖွယ် အခမ်းအနား ၀ါရှင်တန်မှာ ကျင်းပ

Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။
ဓာတ်ပုံ AP
Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။ မေ ၂၉၊ ၂၀၁၁။

ဒီတပတ် ရုံးပိတ်ရက်ဟာ အမေရိကန်မှာ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ရည်ရွယ်ထားတဲ့အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ၊ အလှပြ ချီတက်ပွဲတွေကို မြို့တော်အပါအဝင် နိုင်ငံအနှံ့မှာ ကျင်းပနေကြပါတယ်။
မေလရဲ့ နောက်ဆုံးသီတင်းပတ် တနင်္လာနေ့ကို Memorial Day အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတွက် အသက်ပေးသွားကြတဲ့ စစ်သား စစ်သမီးတွေကို ဂုဏ်ပြုကြတာပါ။
ဝါရှင်တန်ဒီစီ (Washington DC) မြို့တော်မှာရှိတဲ့ အထင်ကရ အာလင်တန် (Arlington) စစ်သင်္ချိုင်း

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြန


ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အကြမ်းဖက်အသွင် ပြောင်းခဲ့ပါတယ်။
မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ ကြမ်းကြမ်းရမ်းရမ်းရှိသူ တချို့က အမှိုက်ပုံးတွေကို မှောက်၊ မီးရှူး မီးပန်းတွေ ပစ်ဖောက်၊ ဆိုင်ပြတင်းပေါက်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပါတယ်။
အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။
ရဲ ၁ ယောက်နဲ့ လူ ၃ ယောက်ကို အရေးပေါ်ကို ပို့ခဲ့ရပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ရှိမယ့် ဆန္ဒပြပွဲမှာ မလာဒစ်ရှ်ရဲ့ ဇနီးနဲ့ သားတို့လည်း ပါဝင် ဆန္ဒပြကြပါတယ်။
၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေးပေါင်း ၈,၀၀၀ လောက်အထိကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။
ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပမှာ အဆိုးဝါးဆုံး လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သူ့အဖေနဲ့ လုံးဝ မပတ်သက်ပါဘူးလို့ မလာဒစ်ရှ်ရဲ့သားက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
သူ့ဖခင်ဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်သူတွေ အများကြီးကိုတောင် ကယ်ဆယ်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သူ့အဖေမသိဘဲ ဖြစ်ခဲ့တာလို့ ဒရေကို မလာဒစ်ရှ် (Drako Mladic) က ပြောပါတယ်။

နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ

ထပ်ဆင့် ဖြန့်ဝေရန်

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ နေတိုးတပ်ဖွဲ့က နေ့ဘက်မှာ ရှားရှားပါးပါး တိုက်ခိုက်ခဲ့တာပါ။
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တခါတလေ နေတတ်တဲ့ မော်တော်ယာဉ် သိုလှောင်ရေး အဆောက်အဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနေရာမှာ မီးခိုးဖြူတွေ ထွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သန်းခေါင်ကျော် အချိန်တွေမှာလည်း နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထရီပိုလီမြို့မှာ ရှိခဲ့လို့ ညဘက် ကောင်းကင်မှာ ပေါက်ကွဲမှုတွေကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
လစ်ဗျားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ အာဏာကို စွန့်ခွာဖို့အရေး ကြားဝင် ညှိနှိုင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
မစ္စတာ ဂဒါဖီ ထွက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယဲဒဲ့ဖ် (Dmitry Medvedev) က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း မနေ့က ပြောခဲ့ပါတယ်။ ရုရှားဘက်က ကိုယ်စားလှယ် တဦးကို လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီ (Benghazi) မြို့ကို လွှတ်ထားတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။
အနောက်အင်အားကြီးနိုင်ငံ တော်တော်များများက လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို အာဏာစွန့်ဖို့ ပြောနေကြတာပါ။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံး မီစ်ရာတာ (Misrata) မြို့ကို မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ မနေ့ကတခါ ကြိုးပမ်းခဲ့လို့ အပြန်အလှန် တိုက်ခိုက်မှုတွေ မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ