.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, December 18, 2011

ဗုံးပေါက်ကွဲနိုင်ဟု သံသယဖြစ်ဖွယ် နေရာ (၁၀) ခုအား ထိုင်းအစိုးရမှ အသိပေး

နှစ်သစ်ကူး ရက်များအတွင်း ဗုံးဖောက်ခွဲဖြစ်နိုင်ဖွယ်ရှိသည့် နေရာ (၁၀) နေရာကို ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပြီး တချိန်ထဲတွင် ၄င်းနေရာ(၁၀) နေရာသို့သွားရောက် လည်ပတ်မှု မပြုကြရန် ထိုင်းပြည်သူများအား ပန်ကြားထားပါသည်။
ထိုင်းဝန်ကြီးချုပ် ယိင်လပ် ရှင်နာဝါတ်မှလည်း “ကျွန်မ သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို အသင့် အနေအထားရှိအောင် ပြောထားပါတယ်။ လိုအပ်သလို ပူးပေါင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အထူးသဖြင့် နှစ်သစ်ကူးရက်မှာ ပြည်သူတွေ အန္တရာယ် ကင်းစွာနဲ့ နှစ်သစ်ကူး ပွဲတော်ကို နွှဲပျော် နိုင်ကြမယ်လို့ ကျွန်မ မျှော်လင့်ထားတယ်၊ ကျွန်မကိုယ်တိုင်လည်း အသင့်အနေအထားမှာ ရှိနေပါတယ်ဟု” ပြောကြားသွားပါသည်။
မည်သူ့ လက်ချက်နှင့် ဘာကြောင့် ဗုံးကွဲနိုင်သည်ကိုမူ ထုတ်မပြောသော်လည်း ဗုံးပေါက်နိုင်သည့်နေရာများကို ထုတ်ပြန်ထားပါသည်။ ၄င်းနေရာများမှာ လွတ်လပ်ရေး ကျောက်တိုင် (Victory Monument)၊ ရာဒ်ချရယိုထင် ရုပ်ရှင်ရုံ အဆောက်အဦး (Major Ratchayothin cinema complex)၊ ဆယာမ်စကွဲရင်ပြင်  (Seacon Square)၊ စင်ထရယ် ဝေါလ် (Central World)၊ ခေါက်ဆာန်လမ်းမကြီး (Khao San Road)၊ ချစ်ထရလဒါ နန်းတော်နေရာ (Chitralada Palace)၊ စိုင်စောင်းတဝီလမ်းမကြီး (Si Sao Thewes)၊ မော်ချစ်ကားဂိတ် (Mor Chit bus terminal)၊ စိုင်နာနာ လမ်း ညမကြီး (Soi Nana) နှင့် ပထဗိင်ကလောက် လမ်းမကြီး (Pata Pinklao) တို့ ဖြစ်ကြပါသည်။
Thia_PM_and_Deputy
ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်နှင့် လက်ထောက် ဒေါက်တာ ချလိမ် ယူဗါန်ရောင်(ဓါတ်ပုံ - အင်တာနက်)
ဗန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ နယ်ပေါင်း (၈၈) နယ်မှ ရဲအရာထမ်းများ အားလုံးကိုလည်း ဖော်ပြပါ ဗုံးပေါက်ကွဲနိုင် သည်ဟု ယူဆရမည့် နေရာများသို့ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၇) ရက်နေ့ နှင့် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ ဇန်နဝါရီ လ (၃) ရက်နေ့အထိ အနီးကပ် စောင့်ကြည့်သွားရန်
သတိပေးထားပါသည်။
ထိုနေရာများသည် အန္တရာယ်ရှိသည့် နေရာများအဖြစ် သတ်မှတ်ခြင်းကို မြို့တော်ရဲ ဗျူရိုနှင့် လွှတ်တော်အမတ်လည်း ဖြစ်၊ ထိုင်းဝန်ကြီးချုပ်၏ လက်ထောက်လည်းဖြစ်သူ၊ ယခင် ထိုင်းရဲချုပ်ဟောင်း ဒေါက်တာ ချလိမ် ယူဗါန်ရောင် (Chalerm Yoobamrung) က သတိပေးခဲ့ခြင်းဖြစ်ပါသည်။
"ကျွန်တော်က (၁၀) နေရာ ဗုံးပေါက်မယ်လို့ မပြောဘူး၊ အဲဒီနေရာတွေ ဗုံးပေါက်ခဲ့ဖူးတယ်၊ အတိတ်ကို ပြန်ကြည့်ရင် အဲဒီနေရာတွေက စိုးရိမ်ရတဲ့ နေရာတွေ၊ ကျွန်တော်သတိ အကောင်းကြီး ရှိပါသေးတယ်၊ အဲဒီ ယုတ္တိမတန်တဲ့ စကားမျိုး ကျွန်တော်မပြောပါဘူး" ညနေ ၄ နာရီခန့်က ဒေါက်တာ ချလိမ် ယူဗါန်ရောင်က သတင်းထောက်များအား ကိုးကား ပြောကြားသွားပါသည်။
ဗန်ကောက် မြို့တော် အုပ်ချုပ်ရေး အဖွဲ့မှလည်း အဓိကရုန်း နှိမ်နှင်းရေး အထူးတပ်ဖွဲ့များနှင့် ကမ္ဘာလှည့် ခရီးသည်များ အတွက် ရဲတပ်ဖွဲ့များ ကွန်မန်ဒို တပ်ဖွဲ့များကို တစ်စုံတစ်ရာ ပေါက်ကွဲမှု ဖြစ်ပွားလာပါက မြို့တော် ရဲတပ်ဖွဲ့များ အသင့် အနေအထားနှင့် ကူညီမှုပေးနိုင်ရန် ထားရှိမည်ဖြစ်သည်။ ထိုမျှသာမကပဲ နှစ်သစ်ကူး ပွဲတော် ရက်များအတွင်း ရာဇ ဝတ်မှုများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ်မှုများ၊ ခိုးယူလုယက်မှုများနှင့် လူသတ်မှုများ အစရှိသည်တို့ကို လုံခြံရေး တိုးမြှင့်ချကာ အချိန်ပြည့် စောင့်ကြည့်သွားမည်ဖြစ်သည်။
Bangkok-Main-Page-2
ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်နှင့် လက်ထောက် ဒေါက်တာ ချလိမ် ယူဗါန်ရောင်(ဓါတ်ပုံ - အင်တာနက်)
ယခု သတ်မှတ်ထားသည့် နေရာများမှ တစ်နေရာဖြစ်သည့် စင်ထရယ်ဝေါလ် (Central World) သည် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး Count Down အခမ်းအနား ကျင်းပရာ နေရာ တနေရာဖြစ်ပြီး ယခုနှစ်တွင်မူ အခမ်းအနား ကျင်းပမည့်နေ့ ညနေ (၄) နာရီ မတိုင်မီ အန္တရာယ်ကင်းရှင်းမှု အနေအထား ရှိအောင် ပြင်ဆင်ထားရှိမည် ဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ