Published on December 25, 2011 by နေသွင်
ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို အကူအညီပေးနိုင်ဖို့ ဘန်ကောက်
မြန်မာသံရုံးမှာ အလုပ်သမားရေးရာ အရာရှိတဦးကို ပြီးခဲ့တဲ့ အပတ်က အသစ်ခန့်
ထားလိုက်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
ဦးချစ်ရှိန်က ဒီဗွီံဘီကို ပြောပါတယ်။
မြန်မာရွေ့ပြောင်းမြန်မာ အလုပ်သမားများ
အလုပ်သမားဝန်ကြီးဌာနက
အသစ်ခန့်လိုက်တဲ့ အရာရှိဟာ လောလောဆယ် ကွင်းဆင်းမှုတွေနဲ့ ထိုင်းမှာ
ရှိနေတဲ့ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ စလုပ်နေတယ်လို့
ဆိုပါတယ်။
“၁၈ ရက်နေ့က
ထိုင်းသံရုံးမှာ မြန်မာ အလုပ်သမား အရာရှိ ဒီမှာ တွဲပြီး
တာဝန်ထမ်းဆောင်နေပြီ။ သံရုံးကလည်း ကူညီပေးမှာပါ။ အခု တော်တော်
နှံ့နှံ့စပ်စပ်ကို အလုပ်သမားတွေ ရှိတဲ့နေရာကို လူကြီးတွေလည်းရောက်၊
သံရုံးကလည်း ရောက်နေတဲ့အခါကျတော့ ထိတွေ့မှုတွေ အတော်များနေပါပြီ။”
မြန်မာအလုပ်သမားတွေ
သန်းနဲ့ချီရှိနေတဲ့ ထိုင်းနဲ့မလေးရှားက သံရုံးတွေမှာ အရင်ကတည်းက
သံအမတ်ကြီးတွေ ဦးဆောင်တဲ့ အလုပ်သမား စောင့်ရှောက်ရေး ကော်မတီ ရှိခဲ့ပေမယ့်
လက်တွေ့မှာ အလုပ်သမားတွေအရေးကို ထိထိရောက်ရောက် အကူအညီပေးတာ မရှိခဲ့ဘူးလို့
အလုပ်သမားတွေက ယူဆကြပါတယ်။
ထိုင်းတောင်ပိုင်းက
အလုပ်သမားတဦးက “ဘာမှ မကူညီဘူးအကို။ ကျနော်တို့ကို နာမည်သုံးပြီး လုပ်နေတဲ့
နေရာကိုလိုက်ပြီး အဖွဲ့အစည်း အဖွဲ့တွေသာ တင်ထားတာ။ ဘယ်သူက ဘယ်နေရာ၊ ဘယ်သူက
ကျန်းမာရေး၊ ဘယ်သူက ခြေပြတ်လက်ပြတ်တွေ ကူညီပေးမယ်၊၊ ဘယ်သူက လုပ်ငန်းရှင်က
ပိတ်ခံထားတာကတွေကို ကူညီပေးမယ် ဆိုတာကို တာဝန်မခွဲခြားဘဲနဲ့
ရုပ်ပြလုပ်တာဗျ။ အဲဒါကိုကမှားနေတာ။ ကျနော်တို့က အဲဒါကို လက်မခံတာ။”
ဒါကြောင့် အသစ်ခန့်လိုက်တဲ့ အရာရှိက ဘယ်လောက်အထိ ဆောင်ရွက်နိုင်မယ့် အပေါ်မှာ အလုပ်သမား