စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Showing posts with label ဗီဒီယို/ဓါတ်ပုံသတင်း. Show all posts
Showing posts with label ဗီဒီယို/ဓါတ်ပုံသတင်း. Show all posts
Saturday, May 5, 2012
Monday, April 16, 2012
Sunday, April 15, 2012
2nd အကြတ်နေ့... Popular @ ကန်တော်ကြီး.သရုပ်ပျက်အကနဲ.သင်္ကြန်
ပြည်သူ.ရဲလော ဓါးပြလော
အင်းယားကန်စောင်း တံတားဖြူရှေ.နားမှာ ရောင်းနေတဲ့ ဈေးသည်တွေဆီမှ အတင်းအကြပ် ငွေတောင်းခံနေတဲ့ စည်ပင်ရဲများ
ဓါတ်ပုံ ဖေ့ဘွတ်
Saturday, April 14, 2012
Friday, April 13, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ
ဗြိတိန်ဝန်ကြီးချုပ်
မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂
နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ
သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ
ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။
မစ္စတာဒေးဗစ်ကင်မရွန်း၏
ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။
Wednesday, April 11, 2012
Friday, April 6, 2012
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး ၏ ပြောပြချက် (ရုပ်/သံ)
ပဲခူးမှ မီးပူဖြင့် အကပ်ခံရသည့် အိမ်ဖော်မလေး၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ။ အိမ်ဖော်မလေး မအေးယုအောင် ကိုယ်တိုင်ပြောပြထားတဲ့ --- (ရုပ်/သံ) ဘားမားဗီဂျေ မှ တင်ဆက်ထားတာပါ။
နောက်ဆက်တွဲ သိရသည့် သတင်းအချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်းထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူလောင်သည်ဟု ပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက်ထားသည်ဟု သိရပါသည်။ အခု လက်ရှိအခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့် ဌာနဆိုင်ရာများက ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်းဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိရပါသည်။
ဒီသတင်းနဲ့ ပါတ်သတ်တဲ့ Myanmar News Now မှ ဖော်ပြချက်များကို အောက်မှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ပဲခူးမြို့ဒုတိယမြို့နယ်တရားသြူ ကီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ 
ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊
လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော
ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ
ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက တွေ့ရှိပြီးမေးမြန်းသောအ ခါမှ
ဝမ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ
ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “
မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတ ယ်။
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန်
တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊
ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊
သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွာြး ပီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင် ရဲ့ မိခင်
ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။
"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော်
သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး
ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ
ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ
ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"
မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။
Thursday, March 29, 2012
(ဘာမားဗီဂျေမှကူးယူဖော်ပြသည်)ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဆားပြင်ကျေးရွာမှာ နေထိုင်တဲ့ ကိုတင်ဝင်းဆိုသူကို အရက် အလွန်အကျွံမူးနေတဲ့ ကျေးရွာဥက္ကဌ ဦးသိန်းရွှေနဲ့ မြို့နယ် ဒုရဲအုပ် စိုးမိုးအေးတို့က မတရား ရိုက်နှက် ထိုးကြိတ်မှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဒီ ရိုက်နှက်မှုကို မတ်လ ၁၅ ရက်နေ့က တရွာထဲနေ မောင်ဒေါင်းကြီး ဆိုသူက သူ့ရဲ့နေအိမ်ထဲကို ခဲပစ်သွင်းပါတယ်ဆိုပြီး စွပ်စွဲတိုင်ကြားခဲ့တာကြောင့် အခုလို ရိုက်နှက်ခဲ့တာဖြစ်ပြီး ရိုက်နှက်နေတဲ့ အချိန်မှာလည်း ခြိမ်းခြောက် ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ ကိုတင်ဝင်းမှာ အခုလို ရိုက်နှက် ခံရတာကြောင့် ပါးစပ်နဲ့ နှာခေါင်းတို့မှာ သွေးတွေ ယိုကျတာတွေနဲ့ ရင်ဘတ်နဲ့ ကျောပြင် တွေက အောင့်နေတာကြောင့် တောင်ကုတ် ဆေးရုံနဲ့ စစ်တွေ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူ ခဲ့ရပါတယ်။ အခုအခါ ဒီမတရားရိုက်နှက်မှုကို တောင်ကုတ် မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှ ရွာသားအယောက် ၆၀ ခန့်က စုပေါင်း လက်မှတ်ထိုးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို လာရောက် ဖြေရှင်း အရေးယူ ပေးဖို့အတွက် တိုင်ကြား တောင်းဆို ထားတယ်လို့ သိရှိ ရပါတယ်။
Saturday, January 28, 2012
Friday, November 4, 2011
Wednesday, November 2, 2011
Monday, October 24, 2011
ထိုင်းနိုင်ငံရေဘေးနှင့် မြန်မာပြည်သားများ
Tuesday, October 11, 2011
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည် မြန်မာပြည်သားတွေအတွက် ရွှေတွံတေးဆရာတော်နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး FED အဖွဲ့တို့ ပူးေ...
-
(မောင်ကျောက်ခဲ) က ပ စမှ စစ်အင်ဂျင်နီယာများကိုယ်တိုင် ရခိုင်သို့ တတက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါသည် ။ ထို့ကြောင့် တိုက်ပွဲများတွင် ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...