အနောက်တောင်တိုင်းစစ်ဌာချုပ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ.ရဲ. မဏ္ဍာန် မှာတော့ သရုပ်ပျက် အဆိုတော် တစ်ယောက်နဲ. ဖျော်ဖြေနေလေရဲ. ...အမှန် ဖြစ်သင့်တာက မြန်မာ့ယဉ်ကျေးမှု.ကို ဦးဆောင်ပြီးစံနမူပြရမှာ ခုတော့ ....သရုပ်ပျက် အ၀တ်အစားတွေနဲ. ကဲနေတာတွေကို စရဖ အနေနဲ. လစ်လျူရှု.ပြီး ကျင်းပနေတာကလဲ အမြင်မတော်ပါဘူး........နောက်ပြီး ဖြစ်သင့်တာက အနောက်တောင်တိုင်း ဆိုတာနဲ. စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ. ဆိုတာ အပေါ်မှာ ဖြစ်သင့်တယ်ထင်တယ်..ခုတော့ ဖာသားလန်. ကုမ္ပဏီက အပေါ်က စရဖ က အောက်က ဆိုတော့ အမြင်လဲမတင့်တယ်ဘူး....အဓိပ္ပါယ်တွေလဲ အမျိုးမျိုးကောက်လို.ရတယ်....ပြောချင်တာကတော့ မြန်မာ့ယဉ်ကျေးမှု. သင်္ကြန်ပွဲမှာ အားလုံးက သရုပ်ပျက်မှု.တွေကို မဖြစ်စေပဲ ထိမ်းသိမ်းနိုင်ပြီး မြန်မာ့ရိုးရာစစ်စစ် သင်္ကြန်လေးဖြစ်စေချင်ပါတယ်.......။
မင်းလွမ်းနောင်(ပန်းတနော်)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Saturday, April 14, 2012
မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး
ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI
မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ
ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့်
ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး
ပြန်နေကြသည်။
ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး
ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ
လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင်
ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ
မသိရှိရသေးပေ။
ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။
မဖော်လည်း လှပါတယ် မမတို့ရယ်
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ)
ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ
သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှင်မိန်းကလေးများနှင့်တကွ
သာမန်အပြင်မှမိန်းကလေးအများစုအချို့၏
လက်လန်ရလောက်အောင်ဝတ်စားဆင်ယင်မှု.အပေါ်တွင် အမျိုးမျိုးသော
ထင်မြင်ချက်ပေးမှုများရှိခဲ့ပါသည်။ မတင့်တယ်သောကြောင့်
ဆန့်ကျင်ဘက်ယောင်္ကျားလေးအချို့မှ မကြိုက်နှစ်သက်ကြောင်း
ဝေဖန်မှု.များတွေ့ရသလို ကြည့်ကောင်းပါ၏ လို့မှတ်ချက်ပေးကြသူများလည်းရှိ၏။
ပုရိသများဘက်မှ အမြင်မတော်ပါဟု ပြောကြားသည်ကိုမြင်ရသည်မှာ အတော်လေးတော့
ဝမ်းသာရမည့်အကြောင်းတရားလေးလို့တော့
ယူဆသည်။ ယောင်္ကျားဆိုသည်မှာ မြင်ရင်ကြည့်မည်။ ကြညိ့သောသူမှာအပြစ်မရှိ ။ပြသောသူမှာသာ အရှက်ရရုံအပြင် ဘာအကျိုးမှမရှိ။ ယခုကဲ့သို့ အမြင်မတော်မှု.မျိုးကို ၀ိုင်းဝန်းဝေဖန်ခြင်းသည် မတရားသဖြင့် တစ်ဖက်သားကို ပြောဆိုနေခြင်းတော့ မဟုတ်ချေ။ မလုပ်သင့်၊မ၀တ်သင့်၊ မပြုသင့်သည်ကို လုပ်သောသူမှာသာလျှင် ဤအပြောအဆိုကို ခံရုံသာရှိသည်။ ယဉ်ကျေးမှုပျက်စီးနေသည်မှာ ယခုမှဖြစ်တာတော့မဟုတ်ပေ။ အတော်ကြာနေပေပြီ။ သို့သော် ဤအချိန်မှ သင်္ကြန်ရောက်မှသာ ၀တ်စားမှု.ဆိုးရွားခြင်းသည် ၀တ်ချင်နေသူများအတွက် အခွင့်ကောင်းဟုယူဆထားပုံရသည်။ ၀တ်ချင်သူများဝတ်သည်။ အမြင်မတော်လျှင် ပြောကြမည်။ ကြိုက်သူများကအားပေးမည်။ ဒါအားလုံးအတွက် ရနေသည့်အခွင့်အရေး။ သို့သော် ထိုပျက်စီးမှု.များကို ရှေးယခင်ကကဲ့သို့ ရှေ့ဆောင်လမ်းပြအနေဖြင့် လူသိများသော ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များမှ ၀တ်ဆင်ပြသင့်သည်ဟု status တစ်ခုတွင် ဖတ်လိုက်ရပါသည်။ တစ်ခုတော့ရှိပါသည်။ သူများလုပ်တိုင်းလိုက်မလုပ်သူတွေများလှသလို ကောင်းတာကိုအတုမခိုး၊ မကောင်းတာမှလိုက်တုချင်တာက ခပ်များများရယ်ပါ။ တစ်တိုင်းပြည်လုံးနီးပါး ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ဝတ်ဆင်သနည်း။ လိုက်ဝတ်ကြပါသလား အားလုံးသောမိန်းကလေးများ ? .....ဒီနေရာမှာ သူ့နေရာနှင့်သူ ၀တ်တတ်ဖို့လည်းလိုပါသည်။ ထမီ၊လုံချည်မှာ နေရာတိုင်းအတွက်တော့ ယခုခေတ်တွင် ၀တ်ဆင်ရအဆင်မပြေပါ။ သွားလာရအဆင်မပြေဖြစ်ပါသည်။သို့သော် ထမီရင်လျား ပုံစံထက်တောင် မြင်ရအကျည်းတန်သည့် ၀တ်စားမှုသည် မည်သည့်ခေါင်းဆောင်ကောင်း ရှေ့ဆောင်လမ်းပြကောင်းများက လမ်းညွှန်ပြခဲ့၍ ၀တ်ဆင်နေကြပါသနည်း။ မည်သူမပြုမိမိမှုသာ။ ရှိသမျှမိန်းကလေးများကို သူတို့တွေဒီလိုဝတ်နေတယ် ။လိုက်ဝတ်ကြလို့ပြောကြည့်ပါ ။တစ်ယောက်မှနားထောင်မည်မဟုတ်။ ကိုယ်လုပ်ချင်ရာသာလုပ်ကြပေလိမ့်မည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေကိုး။ ဒီလိုဝတ်ဆင်ခြင်းကို သဘာဝ ဟုထင်မြင်နေလျှင်တော့ ဒီထက်ပိုပျက်စီးကြရုံသာရှိမည်။ မသင့်တော်ဟု ၀ိုင်းဝန်းပြောဆိုနေကြချိန်တောင် ၀တ်နေကြလျှင် သဘာဝပါကွာ ရှေ့ဆောင်လမ်းပြ လုပ်ပြရမယ်၊ သူတို့တွေပြောင်းလဲဖို့ဟု ပြောနေသူတွေများလာလျှင်တော့ နောင်တစ်ချိန် ကျွန်မတို့ မျိုးဆက်များလက်ထက်တွင် သင်္ကြန်မှမဟုတ် ပုံမှန်အချိန်များတွင်တောင် ရေကူးဝတ်စုံနှင့် အပြင်ထွက်ကြပေတော့မည်။ တန်ဖိုးဆိုတာ စာအုပ်ထဲမှာပြန်ရှာ၊ အာပေါက်အောင်ရှင်းပြရင်တောင် လက်မခံတော့မယ့် သားသမီးများနှင့် နပန်းလုံးနေရပေတော့မည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြတွေ၊ မော်ဒယ်လ်တွေကို အားကိုးနေလျှင်တော့ ဒီတစ်သက်လုံခြုံလာမည်မဟုတ်။ ရှက်စရာကိစ္စကို ပြုလုပ်သူများမှ အနည်းငယ်သာဖြစ်စေသိနိုင်ရန် ၀ိုင်းဝန်းပြောဆိုမှသာလျှင် တော်ပေလိမ့်မည်။ ဒီထဲကမှ ကြီုက်တယ် ဘာပြောပြောဝတ်တယ်ဆိုသူတွေလည်းရှိမည်သာ။ ၀တ်ကြပါစေပေါ့။ အနည်းဆုံးတော့ ကိုယ့်အစ်မ၊ညီမ၊ တူမ၊သားသမီးတွေဒီလိုမ၀တ်ရင်ပဲ ၊ ရှင်းပြလျှင်လက်ခံနိုင်ရင်ပဲ တော်ကာကျပါသေးသည်။အမြင်မတော်သည်ကို လက်မခံပဲ ပြောဆိုမှသာ လူနည်းစုကျန်ပေမည်။ အဓိကမှာဝတ်ပြသောမည်သည့်နိုင်ငံခြားမင်းသမီးများအပြစ်မဟုတ် ။ မစဉ်းစား မဆင်ခြင် အရှက်မဲ့သော ၀တ်ဆင်သူများအပြစ်သာဖြစ်သည်။ လူတိုင်းတွင် စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်တစ်လုံးစီပိုင်ဆိုင်ထားပါ၏။ ဤနေရာတွင်အသုံးချပါက အကျိုးရှိမည်သာဖြစ်သည်။ ပုရိသများဖြစ်ပါလျက် မသင့်တော်ဟုပြောသော မြင်သောသူများကိုလေးစားပါကြောင်း၊ ထိုသူများကြောင့်သာ ယဉ်ကျေးမှုပျက်စီးခြင်းဘေးမှ အနည်းငယ်သာဖြစ်စေ သက်သာရာရလိမ့်မည်ဖြစ်ပါကြောင်း မိန်းကလေးတစ်ချို့နှင့် လူမိုက်လုပ်ကာ ရေးသားလိုက်ရပါသည်။ ယောင်္ကျားတိုင်းသည် မိမိချစ်ခင်သော တန်ဖိုးထားသောမိန်းကလေးကို တန်ဖိုးရှိသလိုသာမြင်ချင်ကြသည်။ ဖော်မှကြိုက်တယ်ဟု အထင်မမှားစေလိုပါ။ မိမိ၏ အနေအထိုင်ကသာ မိမိတန်ဖိုးကိုပြပါသည်။ တန်ဖိုးမြင့်စေချင်ပါသည်။ ဆရာလုပ်တာမဟုတ်ပါ။ လုံခြုံပြီး လှပခေတ်မီ စတိုင်ကျရန် ၀တ်ဆင်၍ လူစိတ်ဝင်စားကာ မိမိချစ်သူ ချစ်ခင်မြတ်နိုးရန် နေထိုင်နိုင်ကြောင်း စေတနာဖြင့် ပြောပြလိုက်ပါသည်။
(status တင်ရန်သာရည်ရွယ်ရေးရာမှ ပြောချင်တာများပြီး နုတ်စ်ဖြစ်သွားပါတယ် ။ နားလည်ခံစားပေးနိုင်ရန်မျှော်လင့်မိပါတယ်..)
မေ၀င်းလဲ့ရီ

Friday, April 13, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ
ဗြိတိန်ဝန်ကြီးချုပ်
မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂
နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ
သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ
ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။
မစ္စတာဒေးဗစ်ကင်မရွန်း၏
ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။
ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်
လက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။
ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။
“ဆူနာမီ သတိပေးချက်ကြေညာလိုက်တော့ အဲဒီရုံးမှာရှိတဲ့ ထိုင်း-မြန်မာ အစိုးရ ဝန်ထမ်းတွေက ဆက်လုပ်မပေးတော့ဘဲ ရုံးပိတ်ပြီးပြေးသွားတယ်။ အလုပ်သမားတွေက ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိဘူး။ ရေတက်လာမယ်ဆိုတော့ သူတို့လဲ မြို့ထဲလမ်း တွေမှာ ခြေဦးတည့်ရာသွားကြတာပဲ”ဟု ရနောင်း မြို့တွင်နေထိုင်သူ ကိုထိုက်ထိုက် က ဧရာဝတီသို့ပြောသည်။
သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။
အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။
“ဒီကိုတကူးတက လာရတာ။ စာအုပ် နေထိုင်ခွင့်သက်တမ်းက မနက်ဖြန်ဆိုကုန်ပြီ ဘာဆက်လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ဒီည လည်း ဘယ်မှာတည်းခိုရမလဲ မသိဘူး။ ထိုင်းရောမြန်မာအစိုးရရောက သူတို့ပဲ လွတ်အောင်ပြေးသွားတာ အခုဘာဆက်လုပ် ရ မလဲမသိဘူး၊ လမ်းဘေးမှာပဲ ထိုင်စောင့်ရတော့မယ်”ဟု အလုပ်သမ တဦးက ပြောသည်။
အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။
“မြို့ထဲလမ်းမကြီးပေါ်မှာ မြန်မာတွေချည်းပဲ လမ်းလျှောက်သွားနေကြတာ၊ တချို့ကလည်း ကလေးတွဲလောင်းနဲ့ ပြေးလွှား ကြရင်းနဲ့ ယာဉ်တိုက်မှုတွေပါဖြစ်ကုန်တယ်လေ။ ဒီအချိန်က အစိုးရတွေကလည်း ဘာအာမခံချက်မှမရှိဘူး”ဟု ကိုထိုက်ထိုက် က ပြောသည်။
မြို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။
ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ခ်ျစ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို
Wednesday, April 11, 2012
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့
http://lovelyarakanese.blogspot.com/ ဘလောဂ်မှ

ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလဆန်းပိုင်းက ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် အင်တာဗျူးနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲသည်။
ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဦးခင်ညွှန့်၏ မီဒီယာတွေ့ဆုံမှုများကို အဓိကစီစဉ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်တို့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်အနေဖြင့် ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်း နှင့် ဒီပဲယင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားမှုမရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရဲမှူးကြီးဝင်းနိုင်ထွန်းက ''၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ သတင်းက အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတယ်။ အဲဒီထဲမှာ Highlight လုပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအချို့ကတော့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒီပဲယင်း
ထိုင်း တီဗီ 7 နှင့် ထိုင်းလေကြောင်းမှ တာဝန်ရှိသူတစ်ဦးနှင့် တိုက်ရိုက် အင်တာဗျူး
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆူနာမီသတိပေးချက်ထုတ်ပြန်။
Messenger News Journal
ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၁၂ မိနစ် ၀၂ စက္ကန့် အချိန်တွင် ကမ္ဘာအေး
မြေငလျင်စခန်းမှ တောင်ဘက် မိုင် ၁၁၀၀ ခန့်အကွာအဝေး မြန်မာနိုင်ငံ ပြင်ပ
အင်ဒိုးနီးရှားနိုင်ငံ ဆူမားတြားမြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍
အင်အား ရခ်ျတာစကေး ၈.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြီး တခု
လှုပ်ရှားခဲ့ပါသည်။ ယင်းမြေငလျင်ကြီး၏ အင်အားပမာဏသည် ဆူနာမီရေလှိုင်းများဖြစ်နိုင်ြေ ခရှိသည့်
အင်အားပမာဏ ဖြစ်ပါသဖြင့် တွက်ချက်မှုများအရ ဆူနာမီရေလှိုင်းဖြစ်ပေါ်ခဲ့ပါက
ယခုသတင်းထုတ်ပြန်သည့်အချိန်မှ စ၍ နောက် ၂ နာရီအတွင်း
မြန်မာကမ်းရိုးတန်းသို့ ရောက်ရှိနိုင်ပါသောကြောင့်
ဆူနာမီသဘာဝဘေးအန္တရယ်ဆိုင်ရာ အဖွဲ့အစည်းများ အသင့်ကြိုတင်ပြင်ဆင်ထားနိုင်ပါရ န်နှင့်
နောက်ဆက်တွဲ သတင်းအချက်အလက်များအာ အချိန်နှင့် တပြေးညီ
ထုတ်ပြန်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ
အသိပေးထုတ်ပြန်ထားပါသည်။
ထိုင်းနိုင်ငံမှ ဆူနာမိ သတင်းနှင့် ဆူနာမိဘေးမှ ရှောင်နေကြသည့်မြင်ကွင်းဓါတ်ပုံများ
ထိုင်း နိုင်ငံ ဖူးခက်နဲ. ဖန်င တွေမှာ ဆူနာမိ သတင်းပေးချက်တွေ အရေးပေါ်ထုတ်ပြန်ထားပါတယ်...နီးစ ပ်ရာ မြန်မာအလုပ်သမားများကို သတိပေးကြပါရန်...။
· · · about an hour ago near Yangon- စစ် ကိုနိုင် likes this.
- Way Min အခု ဖူးခက်မှာမဟုတ်လား အခြေအနေဘာထူးလဲ ရဟတ်ယာဉ်တွေတော့ အဲ့ဘက်ကို ပျံသွားတာတွေ.လိုက်တယ်....
- Min Thantzin ကမ်းခြေက...အရောင်းစင်တာ..ေ
တွ နဲ့..တည်ခိုးခန်းက..လူတွေကို..လုံခြုံနဲ့..နေရာ..ပြောင်းခိုင်း နေတယ်....မြို့ ထဲက....အရောင်းစင်တာ..တွေလ ည်း...ပိတ်ခိုင်း..ထားတယ်.. .လာမယ့် လေးနာရီ..အတွင်း..ဆူနာမီ.. စောင့်ကြည့် ..ရမယ်..တဲ့ ..ဗျာ့.... 59 minutes ago · ·1
- Way Min ဟုတ်တယ် ကိုယ်တို.ဘက်မှာလဲ ဆိုင်ကယ်တွေကားတွေ ယာဉ်ကြောမပိတ်ရအောင် လုပ်နေတာတွေ.တယ်...လူတွေကတေ
ာ့ ဆုနာမိ လွတ်မဲ့နေရာကို ရှောင်းဖို. ပြောနေကြတယ် 58 minutes ago · ·1
- Min Thantzin ကိုကြီး ရေ..ပါတောင် ကမ်းခြေမှာ...ပင်လယ်ရေ....
ကမ်းကနေ တစ်ကီလို လျှော့..ကျ...နေပြီ..တဲ့ ....ဗျာ့.... 24 minutes ago · ·1
Tuesday, April 10, 2012
"ညီမလေးရယ် ..... အိမ်မှာပဲနေပါ (အပိုင်း ၂)"
ဆောင်းပါးရှင် Qing Minya

.
မလေးရှားနိုင်ငံသား အလုပ်ရှင်များသည် အိမ်ဖော်မလေးများကို မြေနိမ့်ရာလှံစိုက် နိုင်ထက်စီးနင်း ပြုမူသည် ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၀၉ခုနှစ် နှစ်လည်ပိုင်းတွင် ထိုသို့သော ညှင်းပန်း နှိပ်စက်မှုဖြစ်ရပ်များကြောင့် အင်ဒိုနီးရှားနိုင်ငံများမှ မလေးရှားသို့ အိမ်ဖော်မိန်းကလေးများ စေလွှတ်ခြင်းကို ဆိုင်းငံ့ခဲ့သည်။ ထိုအခါ မလေးရှား အစိုးရမှ
Monday, April 9, 2012
မတူတာတွေ ဘေးဖယ်ထားလိုက်စမ်းပါ
မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်းလိုက်ကြတာ ဘောင်းဘီရှည်မြင်ရင် တရုပ်မတောင် ကြည့်မရဘူးဆိုဘဲ ၊ စစ်သားဆိုတာတကယ်မုန်းစရာ
ကောင်းလို့လား။ ဘာတွေဖြစ်ခဲ့လို့ စစ်သားတွေကို ဒီလောက်မုန်းနေရတာလဲ ။

လူတန်းစားပါ။ ဒါလဲအပြစ်ပြောစရာမဟုတ်ပါဘူး၊အမိန့်မနာခံရင် တိုင်းပြည်အတွက် လိုအပ်ရင် ဘယ်သူက
အသက်သေမဲ့တောင်ကုန်းတွေ၊မိုင်းတွင်းတွေထဲမှာအမိန့်အတိုင်း အသက်ပေးမှာလဲ။ စစ်သားအမိန့်နာခံတာ
စစ်ဥပဒေကိုလိုက်နာတာပါ။အမိန့်မနာခံရင် အာဏာဖီဆန်မှု၊ မှားယွင်းတဲ့အမိန့်ကိုနာခံမိလို့ ပြဿနာဖြစ်ပြန်ရင်
လဲ ဥပဒေနဲ့မညီသော အမိန့်အားနာခံမှု အဲလိုနည်းနဲ့အရေးယူခံရမှာပါ။
လူတွေဟာ မချစ်တော့ရင် အပြစ် အလိုလိုမြင်လာကြတာပါ ၊ စစ်တပ်ထဲမှာ ပြဿနာတွေရှိနေတယ် ဆိုတာ
လုံးဝ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ အဲဒီပြဿနာတွေရဲ့ ဇစ်မြစ်က ဘာလဲ၊ အာဏာရှင်တွေကို ကာကွယ်ခဲ့လို့လား ၊ဒီကိစ္စက ခင်ဗျားတို့လို ပြည်သူတွေမှာလဲ တာဝန်ရှိပါတယ်။ စစ်သားတွေက နိုင်ငံတော် အား ပုန်ကန်စေချင်တဲ့ဆန္ဒတွေ
အစား ငြိမ်းချမ်းစွာ တိုင်းပြည်တိုးတက်အောင်၊ ပြည်သူချစ်သော တပ်မတော်ဖြစ်အောင်၊ အာဏာရှင်တွေရဲ့ လက်
ကိုင်တုတ် ဘယ်တော့မှမဖြစ်အောင် အားလုံးက ဆန္ဒပြင်းပြနေစေချင်တယ်။ ထိမ်းသိမ်းစေချင်တယ် ။ ခင်ဗျားတို့ကျုပ်တို့ ချစ်တဲ့ ပြည်ထောင်စုကြီးရဲ့ အရှိတရားနဲ့ အနာဂတ်ရပ်တည်မှုမှာ တပ်မတော်ဆိုတာ အင်အားတောင့်တင်းပြီး
မှန်ကန်စွာ ရပ်တည်နေတဲ့ အင်အားစုကြီးဖြစ်အောင် ပြုစုပျိုးထောင်စေချင်တယ်။
ကျေးဇူးပြုပြီး စစ်သား(တပ်မတော်နဲ့) ပြည်သူကို သွေးကွဲစေမဲ့ စကားလုံးတွေ ခင်ဗျားတို့ မသုံးနှုံးကြပါနဲ့
ခင်ဗျားတို့ က ကမ်းလင့်ရင် မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ စစ်သားထုကြီးက မိခင်ပြည်သူဆီ ပြန်လာမှာပါ ယုံပါ။
နွေးထွေးပါ၊ ရိုင်းပင်းပါ၊ ခင်ဗျားတို့ရဲ့ ပါးစပ်တွေက စစ်သားတွေရဲ့ သေနတ်တွေထက် ပိုပြီးထိရောက်ပါတယ်၊ စစ်သားတွေ က ကျည်သံ၊ဗုံးသံ၊အမြောက်သံတွေကို ခင်ဗျားတို့ထက် မကြားလိုသူတွေပါ၊။ ခင်ဗျားတို့ပြည်သူလူထုကြီးက မဟာပထ၀ီမြေကြီး လို ကျင့်ကြံပေးပါ။ လူမိုက်ပဲဖြစ်ဖြစ် ၊လူလိမ္မာပဲဖြစ်ဖြစ် မြေကြီးက အမြဲတမ်းထမ်းထားတာပါ၊ အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ အမိန့်နဲ့ တာဝန်တွေအတွက် နှလုံးသားတွေကို ပေးဆပ်
နေရတဲ့ ကိုယ့်သားသမီးတွေလို သဘောထားပေးပါ၊ ခွင့်လွှတ်ပေးပါ။
သေချာပါတယ်၊ စစ်သားတွေဟာ ခင်ဗျားတို့ရဲ့ သွေးသားတွေပါပဲ -------။-------။

စနစ် သူ့ကြောင့် မုန်းရပါလေသည်
သွေးနှင့်ရင်း၍ အောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ချွေးစက်တို့ကို အရင်းတည်၍ မြို့ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရဲဘော်ရဲဘက်တို့၏ မျက်ရည်ဖြင့် ပြည်သူတို့၏သောကအပူကို ငြိမ်းသတ်နိုင်ခဲ့သည်။ သားကောင်းတို့၏ အမိမြေကို ကမ္ဘာ့အလယ်တွင် ထည်ဝါစေခဲ့သည်။ မြန်မာပြည်၏ မည်သည့်နေရာ၌ပင်မဆို ယူနီဖောင်းစုတ်ပြတ်နေလင့်ကစား ပြည်ချစ်သားတို့ ၀င့်ကြွားနိုင်ခဲ့ကြသည်။ သားကောင်းမိခင်တို့ ဂုဏ်တင့်နိုင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်မှ သန္ဓေတည်ခဲ့သည့် ပြည်ချစ်တပ်မတော်၏ ရွှေရောင်လွှမ်းသော ကာလများတွင် ပြည်ချစ်သားတို့ရင်ဘတ်၌ မေတ္တာပန်းကုံးတို့ တွဲလွှဲခိုလျှက်၊ဂရုဏာသပြေခက်တို့ ရွန်းရွှန်းစိုလျှက်၊ ပီတိပြုံးတို့ မိုးလုံးပြည့်သည့် အခါသမယတစ်ခုဖြစ်ခဲ့လေသည်။

အမိန့်နာခံတတ်မှုသည် တပ်မတော်၏အစဉ်အလာ ဖြစ်သကဲ့သို့ စစ်သည်တစ်ဦး၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ အဆိုပါဂုဏ်သိက္ခာကြောင့် စစ်သည်တို့သည် လွတ်လပ်သောဘ၀၊နွေးထွေးသော မိသားစု၊ အေးဆေး သက်တောင့်သက်သာရှိသည့် အခြေအနေတို့ကို ကျောခိုင်း၍ နိုင်ငံအတွက်တည်းဟူသော သိက္ခာပုဒ်ကို စောင့်စည်းရန် ကြမ်းတမ်းခက်ထန်သည့် ဘ၀သို့ အသက်နှင့်ရင်း၍ ၀င်ရောက်လာခဲ့ကြသည်။ အစားဆင်းရဲ၊အနေဆင်းရဲဘ၀တွင် ပြည်သူတို့၏ ချစ်ခင်အားကိုးခြင်းတည်းဟူသော မေတ္တာဓာတ်ဖြင့် သူတို့ရှင်သန်ခဲ့ကြသည်။ မြစ်တစ်စင်းသည် ၄င်းစီးဆင်းရာ ကမ်းဘေးတဖက်တချက်ရှိ မြို့ရွာများအတွက် အားကိုးရာဖြစ်သကဲ့သို့ တပ်မတော်သည်လည်း ပြည်သူအပေါင်း၏ အားကိုးရာ ဖြစ်ခဲ့လေသည်။

အမိန့်နှင့်အာဏာ ပေါင်းစပ်မိသောအခါ ယမ်းနှင့်မီးသည် သုံးစွဲတတ်လျှင် သူ့နေရာနှင့်သူ အသုံးတည့်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ကြီးသကဲ့သို့ အမိန့်တည်းဟူသောအရာအောက်တွင် ရှင်သန်လှုပ်ရှားနေရသည့် တပ်မတော်သည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ တပည့်လက်သပ်မွေးမှု၊ အာဏာရပုဂ္ဂိုလ်များ၏ အာဏာလွန်ဆွဲမှုတို့ကြောင့် ကစဥ့်ကလျှားဖြစ်ကာ
ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း (အပိုင်း၂)

ထိုသို့ ပြည်ပထွက်ခွာ အလုပ်လုပ်ရန်အတွက် ၄င်းအလုပ်သမားတို့၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း မနည်းလှချေ။ အလုပ်သမား အများစုသည် အိမ်ရောင်း၊ လယ်ရောင်းရာမှ ရသောငွေဖြင့် အေဂျင့်ကိုပေးကာ စွန့်စားထွက်ခွာ လာသူများ ဖြစ်သည်။ တရားမဝင်နှုန်းထားများအရ အလုပ်သမားတစ်ဦးလျှင် သွားရောက်လိုသော နိုင်ငံအလိုက် US$4000~6000 အထိ အေဂျင့်ကို ပေးရသည်ဟု ဆိုသည်။ တရားဝင်နှုန်းထားမှာ US$ 1200~1500 ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံအများစုမှ ဘင်္ဂလား အလုပ်သမားများကို ပါမစ်ထုတ်ပေးခြင်း မရှိတော့သောကြောင့် အခြားသော
ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း(၁)
ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ် အကြောင်း တစေ့တစောင်း လေ့လာမိသွားသည်။ ဘင်္ဂလားဒေ့ရှ်သည် ၂၀၀၁ မှ ၂၀၀၅ အထိ နှစ်စဉ် အလုပ်သမား ၂၅၀ ၀၀၀ ခန့်  ပြည်ပသို့ စေလွှတ်ခဲ့သည်။ ၂၀၀၅ နှစ်လည်မှစ၍ နှစ်စဉ် အလုပ်သမား ၄၀၀ ၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပထွက်ခွာသူ အလုပ်သမားဦးရေ ၈၃၃ ၀၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင်လည်း ခန့် မှန်းခြေ လုပ်သား ၉၀၀ ၀၀၀ ခန့်  ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။
ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် လုပ်သားဦးရေသည် နိုင်ငံလူဦးရေ၏ ၂.၈% ခန့်သာ ရှိသော်လည်း ထိုလုပ်သားတို့ ထံမှ နှစ်စဉ် လက်ခံရရှိသော လွှဲငွေပမာဏမှာ နိုင်ငံ GDP (Gross Domestic Product) ၏ ၁၃% ခန့် ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်ပလုပ်သားများ၏ လွှဲငွေပမာဏမှာ US$ 9000 million ခန့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှစ်သည် အထည်ချုပ်လုပ်ငန်းပြီးလျှင် ပြည်ပလုပ်သားများထံမှ တိုင်းပြည်ဝင်ငွေကို ဒုတိယအများဆုံး ရရှိသည်။
သို့ ရာတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းတွင်မူ အလုပ်အကိုင် မကောင်းလှချေ။ စစ်တမ်းများအရ ဘင်္ဂလားဒေ့ရှ် လုပ်သားများသည် အာရှတွင် လုပ်ခအနည်းဆုံး ရရှိသူစာရင်းဝင်များ ဖြစ်ကြပြီး အလုပ်လက်မဲ့ ဦးရေလည်း ပေါများလှသည်။ ထို့ ကြောင့် ၄င်းအစိုးရကိုယ်တိုင်မှလည်း
ဒီ post ကို ကိုမင်းထက်ပို့ ပေးလိုက်တာပါ။ တဆင့်ဝေဌလိုက်ပါတယ်။
မလေးရှားမှ မြန်မာအမျိုးသမီးမိန်းကလေးများ ကို အိမ်ဖော်အဖြစ်ကမ်းလှမ်း
ခြင်းကိစ္စအား ...
အပြင်းအထန် ကန့် ကွက်ပါသည် ။
မလေးရှားနာဂျက်ကနေ မြန်မာအမျိုသမီးများကိုအိမ်ဖော်အဖြစ်ခေါ်ဖို့ လုပ်နေပါပြီး။
အရင်တုန်းကလည်းအင်ဒိုနီရှားအမျိုးသမီတွေအိမ်ဖော်အဖြစ်ခေါ်ခဲ့ပါသေးတယ်။
မလေးရှားနှိုင်ငံသားတို့ ၏လိင်ကိစ္စအင်တင်ဓမ္မမှလုပ်မူ။အင်တင်ဓမ္မအချိန်အပြည့်ခိုင်းစေမူ
နှိုက်စက်ညဉ်းစည်းမူစသည်စသည်အမူများထောင်ပေါင်းမျာစွာပေါပေါက်ခဲ့သည်။
ယင်ကြောင့်အင်ဒိုနီရှားအစိုးရကသူတို့ အင်ဒိုနီရှားအမျိုသမီးများကိုမလေးရှားကို အိမ်ဖို့ အဖြစ်လုံးဝလုံးဝမလွက်တော့ပေ။မြန်မာအမျိုးသမီးတို့ လည်းဘဲအိမ်ဖို့ အဖြစ်မသွားသင့်
မြင်သည်။ share လုပ်ပေးကြပါ။
မောင်းရိုးသား

Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ဆေးလိပ်လဲတို နေလဲညို ပြီ ငါကား အိမ်ပြန်မရောက်သေး။ ပူလောင်ပျပျ နွေတညမှာ ရွက်ကြွေတောလဲ မှုန်ပျပြီ ငါကား အိမ်ပြန်မရောက်သေး။ တောင်လေလ...
-
မစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြေ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေကြား ဂယက်ရိုက်နေသည့် နှစ်နိုင်ငံနားလည်မှု. သဘောတူညီချက် Passport အား လေ့လာ ကြည့်သောအခါ တကယ်တမ်း ...
-
အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊...
-
nowadays most of the international news agencies use the words Buddhists Rakhines and Muslims Rohingyas....please do not use these word...
-
ရန်ကုန်၊ ဇွန် ၉ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွ...
-
Saturday, 06 August 2011 03:09 administrator ...