.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts

Wednesday, November 9, 2011

စီအဲန်အေ နာမည်အလွဲသုံးစားလုပ်ပြီးငွေကောက်သူများအား မြန်မာစစ်တပ်က ဖမ်းဆီး


ချင်းအမျိုးသားတပ်မတော်(စီအဲန်အေ)နာမည်ကိုအလွဲသုံးစားလုပ်ပြီး ဒေသခံပြည်သူများအား ငွေကောက်နေသူ နှစ်ဦးထဲက တဦးအား နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာအစိုးရ စစ်တပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဦးသည်ချင်းပြည်နယ်ဖလမ်းမြို့နယ်၊Lente ကျေးရွာသားThangKim နှင့်ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ မှ Suizathang တို့ဖြစ်ပြီး ကျီခါး မြို့ပေါ် အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက ကျီခါးမြို့နယ်ခွဲ၊ ဟိုင်ကျင်း ကျေးရွာ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“စီအဲန်အေက ပြည်တွင်းမှာ အခွန်ငွေကောက်တာတွေ မလုပ်ဘူး၊ အဲဒါကြောင့် စီအဲန်အေ မဟုတ်မှန်းသိလို့ စစ်တပ်ကို တိုင်တယ်၊ ဒါ ပေမဲ့ suizathang တော့ လွတ်သွားတယ်၊ Thangkim ကိုတော့ စစ်တပ်က ခေါ်သွားကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။
Thangkim နှင့် Suizathang တို့နှစ်ဦးသည် စစ်ဆင်ရေးပြုလုပ်ရန်အတွက် ဆိုပြီး ဒေသခံဟိုင်ကျင်းရွာသားများအား တအိမ်လျှင် အနည်းဆုံး ရူပီး ၂၀၀ စီ ထည့်ဝင်ကြရန်  ပြောကြားခဲ့သဖြင့် ဒေသခံများမှ စစ်တပ်အား တိုင်ကြားခဲ့ရာမှ အဖမ်းခံခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
Suizathang ဆိုသူသည် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် သားမယားနှင့် နေထိုင်သူဖြစ်ပြီး မယားနှင့် ကွာရှင်းခဲ့သူဖြစ်ကြောင်း ဒေသခံများ အဆိုအရ မီဇိုရမ်ဖက်သို့ ပြန်လည် တိမ်းရှောင်ဘွယ်ရှိကြောင်း သိရသည်။
စီအဲန်အက်ဖ်သည် ၂၀၀၅ ခုနှစ်နောက်ပိုင်း အငတ်ဘေးဒါဏ် ကျရောက်ချိန်မှစပြီး ချင်းပြည်သူလူထုထံ အလှူငွေ ကောက် ခံခြင်းမရှိတော့ကြောင်း သိရ သည်။

Monday, November 7, 2011

မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး

by Jade Land on Tuesday, November 8, 2011 at 3:10pm

ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း
-
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား

Sunday, November 6, 2011

မို့ဘွမ်ရှေ့တန်းစခန်းမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရတဲ့ ကချင်တိုင်းရင်းသူ ကလေးမိခင်ဒေါ်ဆွမ်လွတ်ရွယ်ဂျာ၏နောက်ဆုံးအခြေအနေ

by Jade Land on Monday, November 7, 2011 at 11:28am

အဖွားဖြစ်သူမှာလည်း နေမကောင်းသည့်ကြားက စပါးကို သူမတဦးတည်း ရိတ်နေရသဖြင့် မြေးလေးကို သေချာဂရုမစိုက်နိုင် ဖြစ်နေပါသည်။
-
သို
ဒီမိုဝေယံ
သတင်းဌါန
ဖမ်းဆီးထိန်းချုပ်ခံထားတဲ့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာနဲ့ ပတ်သက်ပြီး သတင်း ထည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာကို ဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့ နိုဝင်ဘာလ (၆)ရက်နေ့ထိ ဆိုရင် ဆယ်ရက်တိတိ ရှိပါပြီ။ ကျမတို့က ဒေသခံ အမျိုးသမီးတွေပါ။ သူမကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်း၊ စောင့်ကြည့် လေ့လာနေသူတွေပါ၊ သူမရဲ့ အရိပ်အယောင်ကို နိုဝင်ဘာလ (၁)ရက်နေ့က စပြီးမတွေ့ ရတော့ပါဘူး။ အောက်တိုဘာလ (၃၁)ရက်နေ့  နောက်ဆုံးသူမကို စခန်းဝင်းတွင်းမှာ အဝေးကနေ တွေ့ခဲ့ရတာပါ။

ခမရ ၃၂၁ တပ်ရင်းရှေ့တန်း စခန်းဖြစ်တဲ့ မို့ဘွမ်တောင်စခန်း
(ဆွမ်လွတ်ရွယ်ဂျာအား ဖမ်းဆီး ချုပ်နှောင်ထားသည့် တပ်စခန်းပုံ)
-
ထိုနေ့က သူမအပြင်မှာ ရပ်ပြီးသူမရဲ့ ရွာရှိတဲ့ဘက်မှာ မျှော်ကြည့်နေစဉ် စစ်သားလေးယောက် လာဆွဲခေါ်သွားပြီးသူမကို လှိုဏ်ခေါင်းထဲ ဆွဲခေါ်သွားတာကို နောက်ဆုံးကျမတို့ မျက်စိနဲ့ တပ်အပ်တွေ့မြင် ခဲ့တာပါ။ အခုဆိုရင် သူမသမီးလေးက နေမကောင်း ဖြစ်နေပါတယ်။ သမီးလေးက အမေကို တမ်းတမ်းတတ ခေါ်ရင်း ငိုလေ့ရှိတယ်ဆိုပြီး သူ့ကိုစောင့်ရှောက်နေတဲ့ အဖိုးနဲ့  အဖွားက ပြောပါတယ်။ စောင့်ရှောက်နေတဲ့ အဖိုးနဲ့အဖွားကလဲ အသက်ကလည်း ကြီးနေပြီ။ နေလည်း သိပ်မကောင်းကြပါ၊ ဆွမ်လွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူမှာသူမစိတ်နဲ့ ထမင်းလည်းမစားနိုင် တမိုင်မိုင်တငိုင်ငိုင်ဖြစ်ကာ စကားပြောရင် မတည်မငြိမ် တောင်ပြော၊ မြောက်ပြောဖြစ်နေပြီး သူနဲ့စကားပြောဆို အခက်အခဲဖြစ်ရသည် အထိဖြစ်နေပါသည်။

အဖမ်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူအဖိုးဦးမရူဇေဒေါင်မှာလဲ ထွက်ပြေးစဉ်က ဒူးခိုက်မိပြီး လမ်းမလျှောက်နိုင်ဖြစ်နေသဖြင့် မြေးလေးအား သေချာဂရုမစိုက်နိုင် ဖြစ်နေပါသည်။
-
အားလုံးကို တောင်းဆိုချင်တာတော့ တတ်နိုင်တဲ့ဘက်ကနေ သူမအမြန်ဆုံး လွတ်လာနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြဖို့ တောင်းဆိုချင်တယ်။ သူမအသက်ရှင်လျှက် ရှိနေပါစေလို့ ဆုတောင်းပါတယ်။ ယခုနှစ် အစိုးရစစ်တပ်က ကေအိုင်အေအပေါ် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ယခုလို ဒေသခံအမျိုးသမီးများနှင့် ပြည်သူတွေရဲ့ ဘ၀ဟာ လုံခြုံမှုမရှိ။ မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပေါ်တာဆွဲပြီး ရက်ရက်စက်စက် လူမဆန်စွာ နှိပ်စက်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ တချို့အမျိုးသမီးတွေဆိုရင် ယခုထက်ထိ အလောင်းတောင်မတွေ့ ဖြစ်နေတဲ့ အဖြစ်တွေ ရှိနေပါတယ်။ (မန်စီမြို့ နယ်၊ ရွာသစ်ကြီး ကုန်းစခန်းမှာ ဖြစ်တဲ့ကိစ္စ)။

ဆွမ်လွတ်ရွယ်ဂျာတို့ (၃)ယောက်အား ဖမ်းဆီးသွားခဲ့သည့် ယာတဲ။ ထမင်းပန်းကန်များတောင် မသိမ်းနိုင်ခဲ့ပါ...
-

သေချာကြည့်ရှု စောင့်ရှောက်မည့်သူမရှိ အမိရင်ခွင်မှ ရုတ်တရက် ဆွဲထုတ်ခြင်း ခံလိုက်ရတဲ့ ဆွမ်လွတ်ရွယ်ဂျာ၏ အပြစ်မဲ့သမီးလေး မရူလွမ်းနော၏ အဖြစ်
-
ယခုဆွမ်လွတ်ရွယ်ကိုလဲ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ အနေနဲ့ရော ခမရ (၃၂၁) တပ်ရင်းမှူးအထိ သွား၍ လွတ်ပေးဖို့ အသနားခံခဲ့ပြီး ဖြစ်ပါသည်။ နိုဝင်ဘာလ (၂)ရက်နေ့ လွတ်ပေးမည်၊ စုံစမ်းဦးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အမှန်တကယ်တော့ မလွတ်ပေးခဲ့ပါ။ သူမအားမတွေ့ ရတော့သဖြင့် ကျမတို့ အလွန် စိတ်ပူပန်လျှက် ရှိပါတယ်။ ကျမတို့အနေနဲ့ ပြည်သူ့တပ်မတော်ဟာ နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာစေရန် ဝိုင်းဝန်းကြိုပမ်း နေမှုအပေါ် ဖျက်ဆီးနေတဲ့ တပ်မတော် မဟုတ်ဘူးဆိုရင်တော့ဖြင့် အပြစ်မရှိတဲ့ ဒီအမျိုးသမီး၊ နို့စို့အရွယ် ကလေးမိခင်၊ အရပ်သူ၊ တိုင်းရင်းသူ တဦးအား အသက်ဘေးမထိခိုက်ဘဲ ပြန်လွတ်ပေးဖို့ မျှော်လင့်ပါတယ်။

စစ်သားများယူသွားပြီး မချွေရသေးပဲ ကျန်နေသည့် ဆွမ်လွတ်ရွယ်ဂျာတို့ တောင်ယာတဲမှ ပြောင်းဖူးများ။ ချွေပြီး အိမ်သယ်သွားမည့် သူမရှိတဲ့ မြင်ကွင်း..
-
သူမမှာ ဘာအပြစ်တွေရှိလို့ အခုထိ မလွတ်ပေးသေးသလည်း ဆိုတာလဲ သိချင်ပါတယ်။ သူမခင်ပွန်းကလည်း ကေအိုင်အေစစ်သား၊ ကချင်ပြည်သူ့စစ်လည်း မဟုတ်ပါဘူး။ သူမယောက္ခထီး ဦးမရူဇေဒေါင်ဆိုရင်လည်း ကေအိုင်အေစစ်သားလည်း မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်သား စစ်မှုထမ်းဟောင်း တဦးသာ ဖြစ်ပါတယ်။ ယခင် မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်း တစ်ဦးရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက် ပေးစေလိုပါတယ်။ အခုလို ရက်ရက်စက်စက် လျစ်လျှူ မရှုသင့်ပါဘူး..။


မို့ဘွမ်တပ်စခန်းမှ သူမ၏ရွာရှိရာဘက်သို့ မျက်နှာမူလျှက် မတ်တပ်ရပ်နေသည့် ဆွမ်လွတ်ရွယ်ဂျာ၏ နောက်ဆုံး မြင်တွေ့ခဲ့ရသည့်ပုံ
-
သမီးလေးအား နိုဝင်ဘာလ(၄)ရက်နေ့က ရိုက်ထားတဲ့ ဓာတ်ပုံထည့်လိုက်ပါတယ်.။ မို့ဘွမ်စခန်းပုံနှင့် သူမမတ်တပ်ရပ် နေတဲ့ပုံလည်း ထည့်ပေးလိုက်ပါတယ်။ သူမအား စခန်းပေါ်မှ လှိုဏ်ခေါင်းအတွင်းသို့ စစ်သား(၄)ယောက် လာဆွဲသည့်ပုံမှာ ဘက်ထရီ အားကုန်သွားသဖြင့် မရိုက်လိုက်ရပါ။
-
မမိုင်းဂျာ
ဒေသခံအမျိုးသမီးတဦး

မို့ဘွမ်တပ်စခန်း အောက်ခြေရှိ ခိုင်ဗန်ကျေးရွာသားများ၏ တောင်ယာနှင့် ဆက်လျှက်လယ်တောများ
-

မတရား ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နို့စို့အရွယ် ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ
-
ထပ်မံစုံစမ်းလိုပါက
(၁) မိုင်းဂျာ ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂) အားပရီ ၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀
 -
ရိုးသားဖြူစင်တဲ့ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူမိသားစုတစ်စုရဲ့ ရင်နင့်ဘွယ် သတင်း အခြေအနေတွေပါ.. အဆိုပါဒေသက တပ်ရင်းမှူးနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ သားသမီးချင်း၊ မိဘချင်း စာနာထောက်ထားပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့ မေတ္တာရပ်ခံ တောင်းဆို အပ်ပါတယ်...။

Friday, November 4, 2011

ဒီကေဘီအေနှင့်အစိုးရ နိုဝင်ဘာ ၆ ရက်နေ့ တရားဝင် အပစ်အခတ် ရပ်စဲမည်

Published on November 4, 2011 by ဒီဗွီဘီ   ·  
ဒီ ​ကေဘီ​အေ – တိုး​တက်​သော ကရင်အမျိုး​သား​ ဗုဒ္ဓဘာသာတပ်မ​တော် နဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​ပြီဖြစ်ပါတယ်။
ဘား​အံမြို့​ ကို မ​နေ့​က သွား​ရောက်ခဲ့​တဲ့​ ဒီ​ကေဘီ​အေ ကိုယ်စား​လှယ် အဖွဲ့​ဝင် ၇ ဦး​ဟာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံပြီး​နောက် ဒီလ နိုဝင်ဘာ ၅ ရက်​နေ့​မှာ အပစ်အခတ်ရပ်စဲ ရေး​ ​ကြေညာပြီး​ ၆ ရက်​နေ့​မှာ ကရင်ပြည်နယ်တခုလုံး​မှာ အပစ်အခတ်ရပ်စဲသွား​ဖို့​ သ​ဘောတူလိုက်ကြတယ်လို့​ ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်​စောလဲဘွဲ ​ခေါ် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က ဒီဗွီဘီကို ​ပြောကြား​ပါတယ်။
ကျန် ​နောက်ဆက်တွဲကိစ္စ​တွေကို​တော့​ ​ရှေ့​ဆက်​ဆွေး​နွေး​ကြမယ်လို့​လည်း​ သိရပါတယ်။
နယ်ခြား​ စောင့်​တပ်ကို အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ပြီး​ မနှစ်က နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့​က စပြီး​ အစိုး​ရတပ်ကို စတင်တိုက်ခိုက်ခဲ့​တဲ့​ ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေ ဗုဒ္ဓဘာသာတပ်မ​တော်တပ်ဖွဲ့​က အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ အစိုး​ရဘက်နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ရုံး​မှာ ​အောက်တိုဘာ ၂၆ ရက်က ပဏာမ ​ဆွေး​နွေး​ခဲ့​ပါတယ်။

Friday, September 30, 2011

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ

တာကလူး
-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။
Myanmar-ships ၂၀၀၈ ခုနှစ်က ဤကဲ့သို့ နှစ်ဘက်နိုင်ငံ နေဗီများကို စေလွတ်ခဲ့ကြသည်။
"မြန်မာဘက်က ရေတပ်စစ်သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက်

Thursday, August 4, 2011

Myanmar Special Operation Task Force



မြန်မာ့တပ်မတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ

ထိုင်းတပ်မတော်

T-84 Main Battle Tank


ထိုင်းစစ်တပ်မတော်မှ ယူကရိန်းနိုင်ငံထုတ် ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၂၀၀ ဝယ်ယူမယ်လို့သိရပါတယ်။ဘယ်အချိန်မှာ ရောက်မှလည်းဆိုတာ မသိရသေးပါဘူး အိမ်နီးချင်းဘေးနိုင်ငံတွေ တစ်နိုင်ငံနှင့်မှ မတည့်တဲ့ အတွက် အခုလို တင့်ကားတွေကို ထပ်မံဝယ်ယူနေတာလို့မြင်ပါတယ်။ပြီးခဲ့တဲ့ အတော်တွင်းမှာ ကမ္ဘာဒီးယားနိုင်ငံကလည်း တီ-၅၅အေအမ် အမျိုးစားတွေကို ထပ်မံဝယ်ယူခဲ့မှုနှင့် သက်ဆိုင်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေပေါင်းပြီး တိုက်ဖို့ ဘလော့က်တစ်ခုမှာ တွေခဲ့ရတာက မြန်မာ၊မလေးရှား၊ကမ္ဘာဒီးယား သုံးနိုင်ငံပေါင်းတိုက်ဖို့ဖြစ်ပါတယ် မလေးရှားနိုင်ငံနှင့် နယ်စပ်မှာ တိုက်ပွဲတွေကရှိ၊ကမ္ဘားဒီးယားနှင့်လည်းတိုက်ခိုက်နေရဆဲ ဖြစ်ပြီး နောက်တကြိမ် မြန်မာတပ်မတော်နှင့် ထိပ်တိုက်တွေ့လာရရင် ထိုင်းနိုင်ငံရဲ့ စစ်တပ်ဟာပြိုကွဲဖို့ဘဲကျန်ပါတော့တယ်။

မြန်မာ့တပ်မတော် လေ (သတင်းထူး)


ဒီနေ့ သတင်းထူးတစ်ခုကို သိရပါတယ် အဖြစ်အပျက်ကို သေချာမသိရသေးပါ။မြန်မာ့တပ်မတော်လေ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းဟာ ဘင်္ဂလားဒေ့်နိုင်ငံ ကော့ဘဇာ လေဆိပ်မှာ ဆင်းသက်ပြခဲ့ပါတယ် ဒါဟာ မတော်တဆလား၊မြန်မာ့တပ်မတော်လေက တိုက်ခိုက်ရေးစွမ်းရည်ပြသခဲ့တာလားဆိုတာ မသိရသေးပါဘူး။ဘာဘဲဖြစ်ဖြစ်ဒီသတင်းဟာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဟိုးအရင်က ရန်ကုန်လေဆိပ်ကို သူတို့လေတပ် အပ်ဖ်-၇ လာရောက်ဆင်းသက်ခဲ့တာ မသိလိုက်ဘူးလို့ဆိုတာကရော...အခုဟာရော စဉ်းစားစရာကောင်းပါတယ်..။မိမိနိုင်ငံနားမှာ လေတပ်စခန်းတည်ဆောက်ပြီး ဝေဟင်ပိုင်နက်ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့သူတို့လေတပ် ရေဒါတွေက မဖမ်းမိတာလား၊ဒါမှမဟုတ် လစ်ဗျားအရေးအခင်းအစပိုင်းက နေတိုးတပ်ဖွဲ့တွေ လေကြောင်းကဝင်တိုက်တော့ လစ်ဗျားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အလုပ်မလုပ်နိုင်ခဲ့သလိုဘဲလားဆိုတာမသိရပါဘူး..နှစ်နိုင်ငံလေတပ်ချင်း ပူးပေါင်းမှုလားဆိုတာလည်းစဉ်းစားစရာပါ..ကျွှန်တော့်အနေနှင့်ကတော့ ဘာဘဲဖြစ်ဖြစ် ဘင်္ဂလားဒေ့နိုင်ငံအနေနှင့် လေတပ်စခန်းအသစ်တေါတည်ဆောက်နေ၊လေကြောင်းရန်ကာကွယ်ရေးတပ်တွေ တိုးချဲ့နေပင်မဲ့ အားကိုးလို့မရဘူးဆိုတာ တွေ့ရပါတယ်..။အကြောင်းကို သိတဲ့သူများရှိရင်ပြောပြပေးကြပါဦးခင်ဗျာ..။ဘယ်လေယာဉ် အမျိုးအစားလည်းဆိုတာမသိရသေးပါဘူး..။

http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1%80%B1%E1%80%9C%E1%80%90%E1%80%95%E1%80%B9  မှ ဖော်ပြသည်

နစက အရာရှိ ဝတ်စုံအသစ်




မြန်မာ့တပ်မတော် နစက အရာရှိများနှင့် ဘင်္ဂလားဒေ့် အရာရှိများ နယ်စပ်အရေး တွေ့ဆုံဆွေးနွေးခဲ့စဉ် ဖြစ်ပါသည်။ဝတ်စုံကတော့ အသစ်ဖြစ်လိမ့်မယ်ထင်ပါတယ် ခင်ဗျာ...။လေတပ် ဝတ်စုံနှင့်ကတော့ ခပ်ဆင်ဆင်ပါ ဘာဘဲဖြစ်ဖြစ် တဆင့်ပြီးတဆင့်ဆင့် မြန်မာ့တပ်မတော် တပ်သားတိုင်း ဝတ်စုံများ ပြောင်းလည်း တပ်ဆင်ပေးနိုင်ဖို့မျှော်လင့်ရပါတယ် ခင်ဗျာ...။ဓါတ်ပုံများကို ပေးပို့တဲ့ အစ်ကို ကိုကျေးဇူးတင်ပါတယ် ခင်ဗျာ..။

http://mmmilitary.blogspot.com မှကူးယူဖော်ပြသည်

မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်အကြား သဘောတူညီချက် လက်မှတ်ထိုး

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာ - တရုတ် ဆက်ဆံရေး ပိုပြီး ကောင်းလာတာနဲ့ အတူ နှစ်နိုင်ငံ တပ်မတော်များ အကြား ဆက်ဆံရေးလည်း တိုးတက် လာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် တရုတ်နိုင်ငံလုပ် လေယာဉ်၊ စစ်သဘောင်္၊ သံချပ်ကာ ကားများနဲ့ သယ်ယူ ပို့ဆောင်ရေး ယာဉ်များကို မြန်မာ့ တပ်မတော်က ၀ယ်ယူ အသုံးပြုခဲ့ပါတယ်။ နှစ်ဘက် တပ်မတော် ခေါင်းဆောင်များလည်း အပြန်အလှန် သွားရောက် လည်ပတ်တဲ့ ခရီးစဉ်များလည်း ရှိလာခဲ့ပါတယ်။ 
 
အခုလည်း တရုတ်ဗဟို စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး Xu Cailhou ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ်နေတဲ့ အကြောင်း မြန်မာအစိုးရ သတင်း မီဒီယာများမှာ ဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် စတင်ထမ်းဆောင် ပြီးနောက် တရုတ်ဘက်က ပထမဆုံး လာရောက်တဲ့ အဆင့်မြင့် အရာရှိ ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗဟို စစ်ကော်မရှင်ဟာ ကာကွယ်ရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သလို နိုင်ငံရေးအရလည်း အရေးပါပါတယ်။ တရုတ် ခေါင်းဆောင်များ ဖြစ်တဲ့ မော်စီတုံး၊ တိန်ရှောက်ဖိန်၊ ကျန်းဇီမင်းတို့ဟာ သမ္မတရာထူးကို စွန့်လွှတ် ပြီးချိန်မှာတောင် ခေါင်းဆောင်သစ်တွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ဗဟို စစ်ကော်မရှင် ဥက္ကဌ ရာထူးကို ကိုင်ထားလေ့ ရှိပါတယ်။ 
 
၁၉၈၉ ခုနှစ် တိန်အင်မင် အရေးအခင်းမှာ ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန်က ဆန္ဒပြု သူတွေနဲ့ အပေးအယူ လုပ်ချင်နေချိန်မှာ တိန်ရှောက်ဖိန်က ဗဟို စစ်ကော်မရှင် အာဏာနဲ့ တပ်တွေ

အမေရိကန် - ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်


ကမ္ဘာတစ်လွှားမှာ အခြားသောနိုင်ငံတွေ မိမိနိုင်ငံအတွင်းမှာဘဲ ဖြစ်ဖြစ် ၊ အခြားမဟာ မိတ်နိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်ရင် ဒေသတွင်းငြိမ်း ချမ်းရေးကို ခြိမ်းခြောက်တယ် ၊ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တယ် အစရှိသဖြင့် အမြဲတမ်း ကန့်ကွက်လေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီနေ့မှာတော့ အာဆီယံအဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ် ။

 
Cooperation Afloat Readiness and Training (CARAT) 2011 လို့အမည်ပေးထားတဲ့ အမေရိကန် နဲ့ ထိုင်း နှစ်နိုင်ငံအကြား ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို Sattaheeb ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ချွန်ဘူရီ ဒေသမှာ မေလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ခုလိုစစ်ရေးလေ့ကျင့် တာကိုနှစ်စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်သော်လည်း ကုလသမဂ္ဂ အပါအ၀င် ဘယ်နိုင်ငံမှ ကန့်ကွက်သံ မကြားရကြောင်းလဲ သိရပါတယ် ။




အခုလို အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အမေရိကန်ကဦးဆောင်ပြီး စစ်ရေးလေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း မည်သည့် လူ့အခွင့်ရေး အဖွဲ့ ၊ မည်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၊ မည်သည့် ကုလသမဂ္ဂ အဖွဲ့အစည်း ၊  မည်သည့် အထူးကိုယ်စားလှယ်ကမှ တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိသည်မှာ အဆန်းမဟုတ်တော့သော်လည်း အကယ်၍သာ မြန်မာနိုင်ငံကသာ တရုတ်နှင့်သော်လည်းကောင်း ၊ ရုရှားနှင့်သော်လည်းကောင်း အလားတူ စစ်ရေးလေ့ကျင့် မှုတစ်စုံတစ်ရာပြုလုပ်ခဲ့ပါလျှင်မူ ထိုပုဂ္ဂိုလ် ထိုအဖွဲ့အစည်းများ ယခုလို နှုတ်ဆိတ်နေမနေ ဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်းတင်ပြအပ်ပါသည် ။

ကမ္ဘာတစ်လွှားလေယာဉ်တင်သင်္ဘောများ

ကမ္ဘာတစ်လွှားလေယာဉ်တင်သင်္ဘောများတာဝန်ထမ်းဆောင်နေမှုအခြေအနေ
 
လေယာဉ်တင်သဘောင်္များသည် စစ်သင်္ဘောအမျိုးအစားများတွင် အရွယ်အစားအကြီးဆုံးနှင့် အရေးအပါဆုံး ဖြစ်ကြသည် ။ ဒုတိယကမ္ဘာစစ်အတွင်းတွင် စစ်၏အနိုင်အရှုံးတွင် လေယာဉ်တင်သင်္ဘောများ ၏အခန်းကဏ္ဍသည် များစွာအရေးပါခဲ့သည် ။
အဆိုပါလေယာဉ်တင်သင်္ဘောများသည် မျက်မှောက်ခေတ်တွင် လည်းအရေးပါနေဆဲဖြစ်ရာ ကမ္ဘာတစ်လွှားတွင်တာဝန်ထမ်း ဆောင်နေကြသော လေယာဉ်တင် သင်္ဘောများကို ဖေါ်ပြအပ်ပါသည် ။ကမ္ဘာတစ်လွှားတွင် နိုင်ငံပေါင်း ၉ နိုင်ငံမှတာဝန်ထမ်းဆောင်နေသော လေယာဉ်တင်သင်္ဘော ၂၀ စီးရှိရာ ကမ္ဘာ့ငြိမ်းချမ်း ရေးကို လိုလားကပါသည်ဟု အသံအကျယ်ဆုံးအော်နေသော အမေရိကန်ပြည်ထောင်စုက ၁၁ စီး ၊ အီတလီက ၂စီး ၊ ရုရှား ၊ဗြိတိန် ၊ ပြင်သစ် ၊ စပိန် ၊ ဘရာဇီး ၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံတို့က တစ်စီးစီ အသီးသီး တာဝန်ထမ်းဆောင်နေကြပါသည် ။

အောက်တွင် အမေရိကန်ပြည်ထောင်စု၏ လေယာဉ်တင်သင်္ဘောများ၏ ပုံများကို ဖေါ်ပြအပ်ပါသည် ။


 USS Enterprise

 USS Nimitz
 USS Dwight D. Eisenhower
 USS Carl Vinson 
 USS Theodore Roosevelt 
 USS Abraham Lincoln
 USS George Washington 
 USS John C. Stennis 
 USS Harry S. Truman 
 USS Ronald Reagan 
韩媒称美航母赶往日本救灾 韩美军演规模或缩小
 USS George H. W. Bush

မြန်မာစစ်သည်တဦး ကေအဲန်ယူ တပ်မဟာ (၇) ထံ ထွက်ပြေးရောက်ရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အခြေစိုက် အစိုးရစစ်တပ် စကခ (၁၂) လက်အောက် ခံ ခမရ(၃၅၇)တပ်ရင်းမှ တပ်သား စိုင်းအိုက်စံသည် ယမန်နေ့က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)ထံသို့ ထွက်ပြေးရောက်ရှိလာသည်။
Aik_San
ထွက်ပြေးလာသူ မြန်မာစစ်သည် စိုင်းအိုက်စံ Photo-KIC


ကိုယ်ပိုင်နံပါတ် တ/၄၄၃၂၃၃ဖြစ်သူ အသက် ၂၅နှစ်ရှိ တပ်သား စိုင်းအိုက်စံသည် အစိုးရစစ်တပ်တွင် တာဝန် ဆက်လက် မထမ်းဆောင်နိုင်တော့သည့်အတွက် ထွက်ပြေးရခြင်းဖြစ်သည်ဟု ကေအိုင်စီကို ပြောသည်။

“ကျနော်ရှေ့တန်းထွက်တာ ၅လကျော်ပဲ ရှိသေးတယ်။ ရောက်လာကတည်းက ထမင်းပဲချက်တယ်။ ကင်းစောင့်တော့လည်း သူများ သေနတ်ပေးမကိုင်ဘူး။ တပ်ထဲမှာ ဆက်မနေချင်တော့လို့

Tuesday, August 2, 2011

ထိုင်းရဟတ်ယာဉ် ပျက်ကျမှုများကို ရဲက အစပြန်ဖော်


ပုံကြီး ချဲ့ကြည့်ပါ။ အနီရောင်နေရာက ပထမ တစင်း ပျက်ကျတဲ့နေရာ၊ အဝါရောင်နေရာက ဒုတိယတစင်းဖြစ်တဲ့ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာ။ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ နေရာ ၃ ခုက သံသယဖြစ်တဲ့ နေရာတွေပါ။

ဇူလိုင်လ ၁၆ ရက်နဲ့ ၁၉ ရက်တို့မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ် ၂ စင်း ပျက်ကျတဲ့ နေရာအနီး မသင်္ကာဖွယ်ရာ နေရာတွေကို ဂြိုလ်တု ပုံတွေထဲမှာ မြင်ရတာကြောင့် အဲဒီ နေရာတွေက ဘာတွေလဲဆိုတာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ထိုင်းရဲချုပ် Wichean Potephosree က ညွှန်ကြားလိုက်ပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်တွေက သေဆုံးသူတွေကို ရှာဖွေရာမှ ထိုင်းနယ်ခြားစောင့် ရဲတွေကလည်း ပူးပေါင်းပါဝင်ခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စကို အလေးထားတာ ဖြစ်တယ်လို့ ရဲချုပ်က ပြောပါတယ်။

ထိုင်းစစ်တပ်ကတောင် ဘာမှ မပြောဘဲ ငြိမ်နေတုန်း ရဲဘက်က ထပြောတာကို အကြောင်းပြချင်ပုံ

Monday, July 25, 2011

မြန်မာအစိုးရတပ်တွေ SSA ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းရံပိတ်ဆို့

သတင်း RSS Feeds RSS Feed

 တနင်္ဂနွေ, 24 ဇူလိုင် 2011

တိုက်ပွဲဖြစ်နေတာ သီတင်း ၂ ပတ်နီးပါး ရှိပြီဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်းဌာနချုပ် စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ၀ိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ၀မ့်ဟိုင်းဌာနချုပ်နဲ့ တဖာလုံကွာမှာ ရောက်နေပြီ ဖြစ်ပေမဲ့ SSPP အနေနဲ့ကတော့ ဘယ်သူ့ဆီကမှ အကူအညီတွေ မရလည်း ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့

ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ


E-mail Print
ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။

News-Tin-Nge--25-July-2011
ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း စစ်ဘက်နှင့်နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက်

Saturday, July 23, 2011

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)

စစ် ဆိုရင် ရေတောင် စစ်မသောက်ဘူးဆိုတဲ့ မိတ်ဆွေတွေ ကိုတော့ မဖတ်ဘဲ ကျော်သာ သွားလိုက်ပါလို့ ..။

(အခု ဆောင်းပါးကို တင်ရတာဟာ ၂၀၀၃ ခုနှစ်က ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်တွေကြား ပဋိပက္ခဖြစ်ခဲ့တဲ့ အခြေအနေကို လက်လှမ်းမှီသလောက် တင်ပြလိုရင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို စော်ကားတိုက်​ခိုက်လိုခြင်း မရှိပါကြောင်း ကြိုတင် ပြောကြား လိုပါသည်။ အခုချိန်မှာ တဖက်နဲ့ တဖက် တိုက်ခိုက်နေရပေမယ့် ညီအစ်ကိုတွေဖြစ်လို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်မယ့် နေ့တွေကို မျှော်လင့်လျက် ရှိနေကြောင်းပါ)   http://www.mmdefence.blogspot.​com/ မှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။    ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)   (ဒီအကြောင်း ရေးသားရတာက ပြည့်ပြည့်စုံစုံ သိလို့ မှီလို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတောင်းပန်ပါရစေ။ ကျွန်တော် သိသလောက် ရေးတဲ့ထဲမှာ လွဲမှားတာတွေ အများကြီး ရှိနိုင်ပါတယ်။  Blog C-box ထဲမှာ ကိုsawkofan မေးထားတာကို ပြန်ဖြေ ပေးတဲ့သူ မတွေ့သေးတဲ့ အတွက် တကယ်နားလည်တဲ့ သိတဲ့ လူတွေ မပြောခင် သိသလောက်လေး နည်းနည်း ပြောပြတာပါ။ လွဲမှားနေတာတွေ ရှိရင် သိတဲ့လူတွေက ထောက်ပြ ပြုပြင်ပေးကြပါ ခင်ဗျား။)   ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော် အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့ တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇ တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊ လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့ ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။ မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀ တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း

Friday, July 22, 2011

နယ်စပ်တွင် ပျက်ကျသည့် ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး

သန်းထိုက်ဦး Friday, 22 July 2011 15:58(ဧရာဝတီမှကူးယူဖော်ပြသည်)
မြန်မာနိုင်ငံ ဘက်ခြမ်းတွင် မကြာခင် ရက်ပိုင်းက ပျက်ကျခဲ့သော ထိုင်း စစ်တပ်ပိုင် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ၉ ဦးစလုံး သေဆုံးသွားကြောင်း ထိုင်း သတင်းများအရ သိရသည်။

Thai_helicopter_crash_photo400ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် မြန်မာစစ်တပ်၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျသည့် နေရာသို့ ယခုလ ၂၀ ရက် နေ့က စတင်၍ သွားရောက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ်တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်နှင့် မီတာ ၅၀၀ အကွာအဝေးတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းများက ဆိုသည်။

ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ပျက်ကျခဲ့သော်လည်း မြန်မာ အစိုးရတပ်များက ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ထိုင်းစစ်တပ် လုံခြုံရေး သတင်းရပ်ကွက်က ပြောသည်။

ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ယင်း နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့်

တပ်သားသစ်များ စုဆောင်းရန် ညွှန်ကြား


by မင်းလွင် ၂၀-၇-၂၀၁၁
မြန်မာတပ်မတော် စစ်ရုံးကနေပြီးတော့ အောက်ခြေ ခြေလျင် ခြေမြန်တပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်စုဆောင်းဖို့ ညွှန်ကြား အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကကကြည်းကနေ အောက်ခြေတပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်တွေ မဖြစ်မနေ စုဆောင်းဖို့ ယခုရက်ပိုင်းမှာ ညွှန်ကြားထားတယ်လို့ စုံးစမ်းသိရပါတယ်။
ခြေလျင် ခြေမြန်တပ်ရင်းတွေဟာ တလကို အနည်းဆုံး တပ်သားသစ် ၄ ဦးကို မဖြစ်မနေ

DKBA အချင်းချင်း တိုက်ပွဲဖြစ်

E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dkba-dec-25-10-01နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ