စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Friday, September 30, 2011
ငရဲ ရှယ်ယာ
by Seaman Nayminthu on Friday, September 30, 2011 at 9:23am
ကိုနေမင်းသူ…
မဟောင်းသေးတဲ့ အတိတ်ပန်းချီကားတစ်ချပ်လို့ပဲပြောမလား ၊ ဟောင်းသွားပေမယ့် မေ့လို့မရတဲ့ အကြောင်းအရာတစ်ခုလို့ပဲပြောမလား ၊ လွန်ခဲ့တဲ့ နှစ် 20 နီးပါးကပေါ့ဗျာ…
ဝန်ထမ်းဘ၀ .. သေသေချာချာပြောရရင်..ကာကွယ်ရေး ၀န်ထမ်းဘ၀…
စစ်သားဘ၀ … တိတိကျကျ ပြောရရင် ရေတပ်သားဘ၀..
ဒီဘ၀တွေထဲက… ကျနော်…
ဂျုတီချိန်အပြီးမှာ စစ်ရေယာဉ်-ရန်ထက်အောင်(442) ရဲ့ စစ်သည်တွေနားနေခန်း အိပ်စင်ပေါ်မှာ အနားယူနေရင်း ပြီးခဲ့တဲ့အခေါက်က အကြောင်းတွေကို ပြန်တွေးရင်း အတွေးရေယာဉ် ကြောမှာ မျောနေမိပါတယ်… ကျနော့်ရေယာဉ်ကလည်း ပင်လယ်ပြင်မှာ ကျောက်မချပဲ မျှောထားရင်း…. တာဝန်ထမ်းဆောင်နေတဲ့အချိန်ပေါ့….
အရင်တစ်ခေါက်က.. စစ်ဆင်ရေး တာဝန်… ၀ရဇိန် စစ်ဆင်ရေးတဲ့ဗျာ … ရန်ကုန်မှာ ၁၅ ရက်ပြည့်အောင် မနေလိုက်ရဘူး အခု … ရေနံစင်လုံခြုံရေး တာဝန်…..
ပိုင်နက်ပင်လယ် ဒို့ကာကွယ် ဆိုတဲ့အတိုင်း .. မြန်မာ့ ပင်လယ်ပြင်ကို စစ်ရေယာဉ် ကြီး ငယ် မဟူ မိမိ တာဝန်ကျရာ နေရာ… အပိုင်းအလိုက် ကာကွယ်စောင့်ရှောက်နေကြတာပါ…
ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်မှရယ် မဟုတ်ပါဘူး ၊ ဘက်စုံ ထောင့်စုံ နေရာတိုင်းကနေ..

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ
တာကလူး
-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။

၂၀၀၈ ခုနှစ်က ဤကဲ့သို့ နှစ်ဘက်နိုင်ငံ နေဗီများကို စေလွတ်ခဲ့ကြသည်။
"မြန်မာဘက်က ရေတပ်စစ်သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက် မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
by The Irrawaddy (Burmese Version) on Friday, September 30, 2011 at 5:36pm
ဧရာဝတီ Friday, 30 September 2011 17:33
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။
“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို

Thursday, September 29, 2011
သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ရန်ကုန်မှာ ဆန္ဒပြ
26 September, 2011
ဒီပို့ စ်ကို မျှဝေတင်ပို့ သူ နော်မန် အကြောင်းအရာ
ဓာတ်ပုံ ASSOCIATED PRESSလုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတဲ့ ကြားကပဲ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေ နှိမ်နင်းခံခဲ့ရတဲ့ ၄ နှစ်မြောက် နှစ်ပတ်လည် အထမ်းအမှတ်အဖြစ် နိုင်ငံရေး လှုပ်ရှားမှုတွေ ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ စီတန်းလမ်းလျှောက်တာ၊ မေတ္တာပို့ ဆုတောင်းတာတွေကို အာဏာပိုင်တွေက ဟန့်တားမှုတွေ ရှိနေတဲ့ ကြားကပဲ တက်ကြွ လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာပါ။ မြန်မာအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေ အကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။ရွှေဝါရောင် နှစ်ပတ်လည်နေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ ဆိုတဲ့ စာသားတွေနဲ့ အ၀ါရောင် အင်္ကျီတွေကို ၀တ်ဆင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း မြောက်ဒဂုံ ၅၁ ရပ်ကွက်မှာရှိတဲ့ မကွေးစာသင်တိုက်မှာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ကြပြီး နောက်ပိုင်း ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားဆီကို ချီတက်ရာမှာတော့ အာဏာပိုင်တွေရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့ရတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။“ဆူးလေမှာ ကျနော်တို့ စုရပ်ထားတယ်။ အဲဒါကို နေရာ ၃ ခုက လာကြတယ်။ လာတဲ့အခါ ပထမဆုံး မြောက်ဥက္ကလာမှာ လူစုခွဲခံလိုက်ရတယ်။ ကျနော်တို့ ငှားလာတဲ့ ကားတွေကို ပိတ်ဆို့ တားဆီးလိုက်တယ်။ တားဆီးပြီး ကားသမားတွေကို ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဆက်မပို့အောင် လုပ်လိုက်တယ်။ လုပ်လိုက်တော့ ကျနော်တို့က လမ်းလျှောက်ပြီး လာတဲ့အခါမှာ ကမ္ဘာအေး စာတိုက်မှတ်တိုင်နားမှာ ကျနော်တို့ကို သွားခွင့် မပေးတော့ဘူး။ မပေးတော့တဲ့အတွက် ကျနော်တို့ အဲဒီနားမှာပဲ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး ၀တ်ပြုဆုတောင်းမှု လုပ်ခဲ့တယ်။”ဒါဟာဆိုရင် မြန်မာအစိုးရသစ်အဖြစ် မတ်လကုန်မှာ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်လာရတဲ့ လမ်းပေါ် ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့တွေကတော့ ဒီလို ဆန္ဒပြပိုင်ခွင့် ပေးထားတဲ့ အခြေခံဥပဒေ အတည်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဟန့်တားခဲ့တာလို့ ကိုယ်တိုင် တားဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။“ကျမတို့က ကားပေါ်မှာ ၁၀၀၊ ၈၀ လောက်ရှိတယ်။ လမ်းမှာလည်း ကျမတို့ဘက်က လူ ၁၈၀ လောက်ရှိတယ်။ ကျမတို့က တားလို့ရှိရင် ဒီမှာပဲ ဘုရားကန်တော့မယ်။ ကျမတို့က ဆူပူလှုပ်ရှားတာ မဟုတ်တဲ့အတွက် ဆုတောင်းပွဲကို ဒီမှာပဲ လုပ်လိုက်မယ် ဆိုပြီးတော့ ဆုတောင်းပွဲ လုပ်လိုက်ပါတယ်။ ကျမတို့ လွတ်လပ်စွာ လမ်းလျှောက်ပိုင်ခွင့်ရှိတယ် ဆိုတာကို အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်တယ်လို့ ပြောတဲ့အခါကျတော့ ရဲမှူး ဦးအောင်တိုးက နေပြီးတော့ ပြလို့မရဘူးတဲ့၊ အခြေခံဥပဒေက အတည်မဟုတ်သေးပါဘူးတဲ့၊ ကျနော်တို့က အရင်ဥပဒေနဲ့ လုပ်တာပါလို့ ပြောပါတယ်။“ကျမတို့နိုင်ငံမှာ အခြေခံဥပဒေကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။ ဥပဒေတခုကို ထုတ်ထားပြီးတော့ ဒါ အတည်မဟုတ်ပါဘူးလို့ လက်လွတ်စပယ် ပြောတာတော့ မဖြစ်သင့်ပါဘူး။ တကယ်တမ်းကျရင် ကျမတို့က အခြေခံဥပဒေကို လက်မခံခဲ့ပါဘူး။”ဒီလို အတားအဆီးတွေ ရှိပေမဲ့လည်း ဆူးလေဘုရားမှာ ဆုတောင်းပွဲကို အတားအဆီးတွေ ကြားကပဲ လုပ်နိုင်ခဲ့ကြပါတယ်။ဆူးလေဘုရားမှာလည်း အာဏာပိုင်တွေဘက်က လုံခြုံရေးဝန်ထမ်း အများအပြား ချထားပြီး တားဆီးခဲ့တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဆက်ပြောပြပါတယ်။“နောက်ကျတော့ ဆူးလေဘုရားကို ရောက်သွားတယ်ပေါ့ဗျာ။ ရောက်သွားတဲ့ အခါမှာလည်း အမြန်ဆုံး လူစုခွဲဖို့ ပြောနေတယ်။ အဲတော့ လူစုခွဲခံရတဲ့ အနေအထား အားလုံးကို ကျနော်တို့ တတ်နိုင်သမျှ စုစည်းပြီးတော့ အခု နာရီဝက် အတွင်းမှာပဲ ဘုရားပေါ်မှာ စုစည်းထားတဲ့ အင်အား ၁၀၀ ကျော်ခန့်ရယ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဆန္ဒပြုပြီးတော့ ဘုရားမှာ ဆုတောင်းခဲ့တယ်။“ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာတော့ လည်ပတ်အနီနဲ့ စစ်သားတွေ၊ လုံထိန်းတွေ၊ ကား ၆ စီးလောက်နဲ့ ရပ်တန့်ပြီး စောင့်ဆိုင်းနေတယ်။ အဲဒီနေရာ ကိုက် ၅၀ လောက် အကွာမှာပဲ လုံခြုံရေး ၀န်ထမ်းတွေ အပြည့်အ၀ ချထားတယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း စရဖတွေ၊ သူတို့အင်အားစုတွေ ပြည့်နှက်နေအောင် ချထားပါတယ်။”မြန်မာနိုင်ငံမှာ သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အာဏာပိုင်တွေက ဖြိုခွဲဖမ်းဆီး သတ်ဖြတ်ခဲ့မှုတွေကို မမေ့လျော့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့မှာပဲ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ရန်ကုန်မြို့မှာ အခုလို နှစ်ပတ်လည်နေ့ လုပ်သလိုပဲ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်ကို တိမ်းရှောင်လာတဲ့ သံဃာတွေ စုပေါင်းပြီး ထိုင်း၊ မြန်မာ နယ်စပ်မှာ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေကိုလည်း လုပ်ခဲ့ပါတယ်။နားဆင်ရန်
source by : http://www.voanews.com
Wednesday, September 28, 2011
ယာယီနိုင်ငံကူးလက်မှတ်ရရှိပြီးသူများ လိုက်နာရန် အချက်များ(ထိုင်းနိုင်ငံ)
၁။ ယာယီနိုင်ငံကူးလက်မှတ်ရပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုပြီးသည့်နေ.မှစပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ရယူရန်လျှောက်ထားရမည်။ လက်မှတ်ခကို အလုပ်လုပ်နေသည့် သက်ဆိုင်ရာ နယ်မြေ အလုပ်သမားရုံးများတွင်ပေးဆောင်ရမည်။
(မိမိအလုပ်ရှင်ဖြင့် တိုက်ရိုက်လုပ်ပါက ၂၁၀၀ ဘတ် ခန်. ကြားခံရုံးများမှလုပ်လျှင် ၃၀၀၀ ဘတ် ခန်.ကုန်ကျမည်ဖြစ်သည်။)
၂။ အလုပ်လုပ်ခွင့်လက်မှတ်ရယူရန်အတွက် အလုပ်လုပ်ခွင့်မရှိသော ရောဂါများရှိမရှိကို ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆေးရုံများတွင် ဆေးစစ်ရမည်။
(ခန်.မှန်းကုန်ကျငွေ ၈၀၀ ဘတ် ခန်.)(နယ်မြေအလိုက် ဈေးကွာခြားသည်။)
၃။ နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်(ခိုတာ) ရရှိထားသည့်အလုပ်ရှင်ထံတွင်သာအလုပ်လုပ်ရမည်။
၎။ ခွင့်ပြုချက် ပေးထားသောအလုပ်အမျိုးအစားတွင်သာအလုပ်လုပ်ရမည်။ အလုပ်ရှင် အမည် နှင့်လည်း တိုက်ရိုက်ပါတ်သက်မှု.ရှိရမည်။ (အလုပ်ရှင်မတူပဲ အလုပ်အမျိုးစားတူသော်လည်း အရေးယူခံရသည်။ ထို.ကြောင့် အလုပ်ရှင်နှင့်အလုပ်အမျိုးစာပါ တူညီရန်လိုအပ်သည်)
၅။အလုပ်လုပ်နေစဉ်ကာလအတွင်း တာဝန်ရှိသူအစိုးရ၀န်ထမ်းများစစ်ဆေးသည့်အခါပြသနိုင်ရေးအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို မိမိလက်ဝယ်တွင်(သို.) အလုပ်နေရာတွင်ထားရှိရမည်။
(မိမနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို သူဌေးအားပေးထားလျှင်လဲ အရေးယူခံရနိုင်သည်)
၆။ ၁၉၇၉ ခုနှစ် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းသို. ရက်(၉၀)တစ်ကြိမ်းသွားရောက်အကြောင်းကြားရမည်။အကြောင်းမကြားပါက ဥပဒေအရအရေးယူခံရမည်။
၇။ အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။
----ရရှိသည်သင်ငွေမှ ကုန်ကျစရိတ်များနှုတ်ပြီး၁ နှစ်ကို ဘတ်ငွေ ၅၀၀၀၀ အထက်ရရှိသူများသည် ၀င်ငွေခွန်ပေးဆောင်ရမည်။( ယခုချိန်ထိ ကျင့်သုံးခြင်းမရှိသေးပါ)
----မည်သူ.ကိုမှ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းမပြုလုပ်ရ။
----အစိုးရ စာရွက်စာတမ်းများအား အတုအပ မပြုလုပ်ရ ။
----သူတပါးဧ။်ပစ္စည်းဥစ္စာအားဖျက်ဆီးခြင်းနှင့် ခန္ဒာကိုယ်အား ကိုယ်ထိလက်ရောက် မပြုရ။
----အလုပ်ချိန်တွင် မူယစ်စေတတ်သော အရက်သေစာနှင့်မူးယစ်ကန်.သတ်ပစ္စည်းများမသုံးစွဲရ
တို.ပင်ဖြစ်ပါသည်။
ထို.ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအနေနှင့် မိမိတို.ဧ။် အန္တရာယ်ကို မိမိတို. ကြိုတင် ကာကွယ်နိုင်ရန်အတွက် တင်ပြပေးလိုက်ရပါတယ်ဗျာ.....။
မင်းလွမ်းနောင်(ပန်းတနော်)

2008 နိုင်ငံခြားသားအလုပ်သမားဥပဒေ(ထိုင်း)
ဥပဒေချိုးဖောက်သည့်အချက်(အထူးသတိပြုရန်)
ခွင့်ပြုချက်မရပဲအလုပ်လုပ်ခြင်း။
(ပုဒ်မ ၅၁)
ခွင့်ပြုထားသည့်အလုပ်အမျိုး၊ အလုပ်ရှင်နှင့် အလုပ်နေရာဒေသတွင် သတ်မှတ်ချက်အတိုင်း မလုပ်ခြင်း။
(ပုဒ်မ ၂၆ ခွဲ)
တာဝန်ရှိအစိုးရ၀န်ထမ်း စစ်ဆေးရန်အလုပ်ချိန်တွင် အလုပ်လုပ်ခွင့် လက်မှတ်ပြသနိုင်ရန် လက်မှတ်ကို မိမိတွင်လည်းကောင်း အလုပ်နေရာတွင်လည်းကောင်း မထားရှိခြင်း။
(ပုဒ်မ ၂၄)
သက်ဆိုင်သည့်အပြစ်ဒဏ်များ
ထောင်ဒဏ်(၅)နှစ် သို.မဟုတ် ဒဏ်ငွေ ဘတ် (၂၀၀၀) မှ (၁၀၀၀၀) အထိ (သို.) နှစ်ရပ် ပေါင်းချခံနိုင်သည်။ ဥပဒေချိုးဖေါက်မှု. ထင်ရှားပါ နေရပ်ရင်းနိုင်ငံသို. (ရက် ၃၀ အတွင်း) ပြန်ပို.ခံရနိုင်သည်။ (ပုဒ်မ ၅၁)
ဘတ်ငွေ (၂၀၀၀၀)ထက်မကျော်သော ဒဏ်ငွေ
(ပုဒ်မ ၅၂)
ဘတ်ငွေ (၁၀၀၀၀) ထက်မကျော်သော ဒဏ်ငွေ
(ပုဒ်မ ၅၃)
တို.ပဲဖြစ်ပါသည်။ ထို.ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားအနေနှင့် မိမိတို.ဘက်မှ ကြိုတင်ကာ မှန်ကန်စွာပြုလုပ်ထားရန် အရေးကြီးပါသည်။
သိရှိလိုခြင်းများကိုမေးမြန်းစုံစမ်းလိုပါက
ဖုန်း 0835928497 ဝေမင်း ထံသို. ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

Monday, September 26, 2011
ပြည်တွင်းမှသတင်းတို
ရန်ကုန် ဆူလေဘုရားအနီးတွင် သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြနေ
မြန်မာနိုင်ငံတွင် ယနေ့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ အဖြစ် ကျင်းပနေပြီး ဆန္ဒပြနေသည်ဟု သိရှိရ သည်။ လည်းကောင်းဆန္ဒပြသူများ မိုးသည်းထန်စွာရွာနေသည့်ခြားမှ အ၀ါရောင်အကျီ င်္တွေဆင်တူဝတ်၍ ဆူလေဘုရားကို ချီတက်လာနေသည်ဟု သတင်းတွေထွက်ပေါ်နေပါတယ်။ မြို့တော်ခန်းမရှေ့မှာတော့
ရဲတွေ အမြောက်အများ တင်ကျပ်စွာ ချထားပါတယ်လို့  သိရသည်။ဥပဒေနှင့် မညီသောကြောင့် ရေ့ဆက်သွားလျှင် ဖမ်းမည်ဟုပြောပါသည် ဦးဝင်းချိုမှလည်း နိုင်ငံသားအခွင့်အရေးအရ လုပ်ဆောင်နေချင်းဖြစ်ပါတယ်ဟု လောလောဆယ်ပြောဆိုနေပါသည်။
အခုတံတားလေးလမ်းဝမှာ
နောက်ပြန်ဆုတ်လို့ မရပါန၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ
အပိတ်ခံနေရတယ်
မြို့ထဲကိုချီတက်တဲံ့သူတွေ
မီဒီယာလွှတ်ပေးပါ
ဖုန်းနံပါတ် 0949332594 ကိုမြတ်မင်း
0943003726 ကိုသိန်းအောင်မြင့်
0949277823 ကိုစိုးအောင် တို.ကိုဆက်သွယ်မေးမြန်းကြပါ။ ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။
ဒီနေ့ လူထု စုရုံးတာဟာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အတွက် မြောက်ဥက္ကလာကနေ ကားသုံးစင်းငှားပြီး ချီတက်ကြတာပါ။ မြောက်ဥက္ကလာနဲ့ ကမ္ဘာအေးဘုရားလမ်းအရောက်မှာ တာဝန်ရှိသူတွေက တားမြစ်ပါတယ်။ လိုင်းကားတွေ ရှိရဲ့ သားနဲ့ ကားစင်းလုံးငှားပြီး သွားရင် ဥပဒေနဲ့ ညိစွန်းလို့ ဖမ်းဆီးအရေးယူမယ်လို့ ပြောတာကြောင့် ကားသမားတွေ ဆက်မလိုက်ရဲတော့ပါဘူး။ လူငါးဦးထက်စုပြီး သွားရင် ဖမ်းဆီးအရေးယူမယ်လို့ ပုခုံးမှာ နှစ်ပွင့်နဲ့တစ်ဘား (ဘာရာထူးမှန်းမသိပါ) နဲ့ ပုဂိုလ် ဦးဘိုတိုးက တားဆီးတာကြောင့် လမ်းဘေးမှာပဲ အားလုံးဆင်းပြီး စုတောင်းလိုက်ရတယ်လို့ တသီးပုဂ္ဂလအမတ် ဦးဝင်းချိုက ပြောသွားပါတယ်။ အခု .. တော့ ချီတက်စုရုံးတဲ့ ဆုတောင်းပွဲက ပြီးသွားပါပြီ။ဆက်ကြားရတာက ဆူးလေက လူတွေ မြောက်ဥက္ကလာဘက် သွားတယ် ပြောတယ်ပိတ်ခံရတဲ့သူတွေဆီလိုက်သွားတယ်...
အပိတ်ခံနေရတယ်
မြို့ထဲကိုချီတက်တဲံ့သူတွေ
မီဒီယာလွှတ်ပေးပါ
ဖုန်းနံပါတ် 0949332594 ကိုမြတ်မင်း
0943003726 ကိုသိန်းအောင်မြင့်
0949277823 ကိုစိုးအောင် တို.ကိုဆက်သွယ်မေးမြန်းကြပါ။ ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်
ဒီနေ့ လူထု စုရုံးတာဟာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အတွက် မြောက်ဥက္ကလာကနေ ကားသုံးစင်းငှားပြီး ချီတက်ကြတာပါ။ မြောက်ဥက္ကလာနဲ့ ကမ္ဘာအေးဘုရားလမ်းအရောက်မှာ တာဝန်ရှိသူတွေက တားမြစ်ပါတယ်။ လိုင်းကားတွေ ရှိရဲ့ သားနဲ့ ကားစင်းလုံးငှားပြီး သွားရင် ဥပဒေနဲ့ ညိစွန်းလို့ ဖမ်းဆီးအရေးယူမယ်လို့ ပြောတာကြောင့် ကားသမားတွေ ဆက်မလိုက်ရဲတော့ပါဘူး။ လူငါးဦးထက်စုပြီး သွားရင် ဖမ်းဆီးအရေးယူမယ်လို့ ပုခုံးမှာ နှစ်ပွင့်နဲ့တစ်ဘား (ဘာရာထူးမှန်းမသိပါ) နဲ့ ပုဂိုလ် ဦးဘိုတိုးက တားဆီးတာကြောင့် လမ်းဘေးမှာပဲ အားလုံးဆင်းပြီး စုတောင်းလိုက်ရတယ်လို့ တသီးပုဂ္ဂလအမတ် ဦးဝင်းချိုက ပြောသွားပါတယ်။ အခု .. တော့ ချီတက်စုရုံးတဲ့ ဆုတောင်းပွဲက ပြီးသွားပါပြီ။ဆက်ကြားရတာက ဆူးလေက လူတွေ မြောက်ဥက္ကလာဘက် သွားတယ် ပြောတယ်ပိတ်ခံရတဲ့သူတွေဆီလိုက်သ
ဆန္ဒပြပွဲ သတင်းတို
ရန်ကုန်မှ ဆန္ဒပြပွဲများ
Monday, September 26, 2011
ရွှေဝါရောင် နှစ်ပတ်လည် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ နေရာ ၅ ခုမှာ စုဝေး၊ ချီတက်ကြတဲ့ အသေးစား ဆန္ဒပြမှုတွေ ဖြစ်နေတယ်လို့ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်က ပြောပါတယ်။
ဧရာဝတီမြစ်အရေး စိုးရိမ်သူများ၊ NLD နော်အုံးလှ၊ တွံတေး ကျူရှင်ဆရာ ဦးအောင်ဖေ စတဲ့ ပုဂ္ဂိုလ်များ သီးခြားစီ ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
၂း၀၀ မြောက်ဥက္ကလာမှာ ချီတက်နေသူတွေ လူစုခွဲလိုက်တယ်။ ဆူးလေဘုရားဘက်ကို ကားနဲ့ သွားကြပြီ။
လုံထိန်းများက လိုက်လံကြည့်ရှုသည်။ ဖမ်းဆီးမှု မရှိ။

Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
-
စကားဦး အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...