လေးစားအပ်ပါသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများခင်ဗျား။ ယခုအချိန်တွင် ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် စားသောက်နေကြသော မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလွန်ဆိုးရွားသော သဘာဝ ရေဘေးဒဏ်ကို ခံနေကြရပါသည်။ အတည်ပြု ပြောဆိုနိုင်သော ထိုင်းအစိုးရ၏ ကိန်းဂဏန်းများအရ ထိုင်းလူမျိုး (၉)သန်းကျော်သည် ရေဘေးဒဏ် ခံနေကြရပြီး ထိုင်းလူမျိုး (၃၂၀)ကျော်မှာ ရေဘေးကြောင့် အသက်ဆုံးရှုံး ခဲ့ရပါသည်။ ထောင်ပေါင်းများစွာမှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။ ကျနော်တို့သည် ထိုင်းနိုင်ငံတွင် လာရောက်၍ စီးပွားရှာပြီး လုပ်ကိုင်စားသောက် မှီတင်း နေထိုင်ကြသူများ ဖြစ်သဖြင့် ထိုင်းလူမျိုးများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လက်ရှိကြုံတွေ့ နေရသော အခက်အခဲများကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသင့်ပါသည်။ ကျနော်တို့ အနေဖြင့် ထိုင်နိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသော ရေဘေး ဒုက္ခသည်များအား တတ်အားသရွေ့ကူညီရန် စတင် ဆောင်ရွက်လျက် ရှိပါသည်။ လူသားချင်း စာနာသောအားဖြင့် ကျနော်တို့ ရွှေ့ပြောင်းမြန်မာ နိုင်ငံသားများ အနေဖြင့် မိမိတို့ စေတနာအလျောက် အစားအသောက်များ၊ ငွေကြေးများနှင့် အခြား လှူဖွယ် ပစ္စည်းများကို ကူညီ လှူဒါန်းပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။ လေးစားစွာဖြင့် ထူးချစ် အမှုဆောင် ဒါရိုက်တာ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) လှူဒါန်းနိုင်သည့် ပစ္စည်းများ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် (မာမား)၊ ငါးပိ၊ ငါးခြောက်၊ သောက်ရေသန့်၊ အ၀တ်အထည်၊ ငွေကြေးနှင့် လွယ်ကူစွာ သယ်ယူနိုင်သည့် အစားအသောက်များ။ ဆက်သွယ်ရန်- ( ထိုင်းနိုင်ငံတောင်ပိုင်း- FED တာဝန်ခံများ)။ ၁။ ကိုမိုးဝေ (၀၈-၇၂၇၇၃၄၂၄) ၂။ ကိုအောင်ကြည် (၀၈-၃၃၉၆၃၃၂၉) ၃။ ကိုသောမတ်စ် (၀၈-၁၀၈၇၁၅၃၅) ၄။ ကိုထွန်းထွန်းနိုင် (၀၈-၁၇၈၈၅၄၂၁) ၅။ ဒေါ်မိစိန် (၀၈-၄၈၂၆၃၁၁၅) ၆။ ကိုမြတ်သူ (၀၈-၁၂၇၂၉၁၅၈) ၇။ ဒေါ်စိန်အေး (၀၈-၆၁၇၄၇၉၆၃) ၈။ ဒေါ်လှစိန် (၀၈-၄၈၃၉၄၂၁၇) (ဓာတ်ပုံများကို facebook မှ ရယူပါသည်။) |
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Tuesday, October 25, 2011
ရေဘေး ဒုက္ခသည်များအား ကူညီရန် နှိုးဆော်ခြင်း
ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်
Published on October 17, 2011 by မန်းစိုင်းမွန် ·
ရေလွှမ်းမိုးခံနေရတဲ့
ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ရေဘေးဒုက္ခသည်တွေဟာ ထိုင်း
ရေဘေးကယ်ဆယ်ရေးဌာနတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့
မြန်မာရေဘေးဒုက္ခသည်အရေး တာဝန်ခံက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက
စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ
့ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။
ဒီခရိုင်တွေမှာ
အလုပ်လုပ်နေပြီး ရေဘေးဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းအစိုးရက
ဖွင့်လှစ်ထားတဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်က အရေးပေါ်
ရေဘေးကယ်ဆယ်ရေးစင်တာကို ဆက်သွယ်နိုင် ပါတယ်လို့ တာဝန်ခံက ပြောပါတယ်။
“ဖုန်းဆက်လာတာ
သိပ်မများသေးဘူး။ မြန်မာအလုပ်သမားတွေက
စင်တာရဲ့ဖုန်းနံပါတ်တွေကိုမသိသေးဘူး။ ကျမတို့ စင်တာက ခုမှ စဖွင့်တာလည်း
ပါတယ်လေ။ သူတို့ကို ပြောပြပါ။ စင်တာကို ဖုန်းနဲ့
ဆက်သွယ်အကူအညီတောင်းနိုင်တယ်။ သူတို့ ရှိနေတဲ့ နေရာတွေနဲ့
သိမြင်နိုင်တဲ့အမှတ်အသားတွေနဲ့ အချက်အလက်တွေကို တိတိကျကျ ပြောပြစေချင်တယ်။
သွားပြီးကူညီတဲ့အဖွဲ့တွေက အလွယ်တကူ သိရှိနိုင်ဖို့ပေါ့။”
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၈၅ ၃၃၂၇၅၅၃ ဖြစ်ပြီး အမည်က ‘ဖိနုတ်’ ဖြစ်ပါတယ်။
ထိုင်းစကားမပြောနိုင်တဲ့ မြန်မာအလုပ်သမားတွေအတွက် ၀၈၅-၃၇၀၀၅၉၆၊ ၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါကို ဆက်သွယ်ပြီး မြန်မာစကားပြန်တွေကို အကြောင်းကြားနိုင်ပါတယ်။
ထိုင်းစကားတတ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ၀န်ကြီးချုပ်ရုံးကို အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ ကနေ ၂၄ နာရီပတ်လုံး အခမဲ့ တိုက်ရိုက်ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ၀န်ကြီးချုပ်ရုံး တာဝန်ခံတဦးက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲမှာ
အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဆိုရင် ဖုန်းဆက် အကြောင်းကြားပါ။ အမည်နဲ့
ပြန်ပြီးဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေကိုပြောပါ။ ပြီးတော့ မိမိ
ရေဘေးဒုက္ခ ရောက်နေတဲ့ ခရိုင်အမည်တွေကို အကူအညီတောင်းခံမယ်။ ဥပမာ
သဲအိတ်လိုလား၊ ဆေးဝါးလား၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့်ပေါ့။
တိုက်ရိုက်သက်ဆိုင်တဲ့ အနီးဆုံးဌာန အမှုထမ်းတွေကို ဆက်သွယ် အကြောင်းကြား
ဆောင်ရွက်ပေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ခရီးသွားလာရာမှာ ဘယ်လမ်းတွေကို
ရှောင်ပြီး ဘယ်လမ်းတွေကနေ သွားရမယ်ဆိုတာကို သိဖို့ ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်တယ်။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်နိုင်ပါတယ်။”
၂ လကြာ
ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀၇ ဦး သေဆုံးခဲ့ပြီး ဘန်ကောက်
အထက်က နခွန်စ၀မ် အယုဒ္ဓယနဲ့ ပထုံဌာနီ စတဲ့ခရိုင်တို့မှာ အိမ်ခြေ ၃
သန်းနီးပါး ရေမြုပ်ပြီး လူဦးရေ ၈ သန်းခွဲကျော် ဒုက္ခရောက်နေပါတယ်။
ပထုံဌာနီခရိုင်နဲ့
နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဘန်ကောက်အနောက်ဘက်က ရပ်ကွက်ဇုန် ၁၅ ခုကို
ရေမလွှမ်းနိုင်ဘူးလို့  ထိုင်းအစိုးရက ကြေညာထားပေမယ့်
ဘန်ကောက်မြို့တော်ဝန်နဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ကတော့ အစိုးရက
ရေမလွှမ်းဘူးလို့ ကြေညာခဲ့တဲ့ ခရိုင်တွေမှာ ရေလွှမ်းသွားတာကြောင့်
ခုကြေညာချက်ကို ရာနှုန်းပြည့် စိတ်မချဘူးသေးဘူးလို့ မီဒီယာတွေကို ပြောပါတယ်။
ကိုယ်ရံတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ
မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
by The Voice Weekly on Wednesday, October 26, 2011 at 12:55am
ရန်ကုန်၊ အောက်တိုဘာ ၂၅
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း၊ ကားမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟု အော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက် အနေအထားဖြင့်ပင် ပွဲချင်းပြီး သေဆုံးနေ ကြောင်း၊ ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင် ထိုင်နေသူ ခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ် ဖြစ်၍ နေသည်ကို တွေ့ရှိရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်း တွေ့ရှိရကြောင်း အဆိုပါ ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံ ခဲ့ရပြီး သွားရောက် အကူအညီ ပေးခဲ့သူ အသက် ၃၅ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု မှန်းဆ ပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့် လာရောက် တင်ဆောင်သွားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။
အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
အောင်သာနီ ရဲ. ပေးစာ
သို့ 
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို
အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို
ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပ...ါရန်ယနေ
့ အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန
မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော
သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ
လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို
မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု
ပြောဆိုသွားပါသည်။ဦးမောင်မောင် သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့်
မြန်မာနိုင်ငံတွင် ည်သည့်တိုင်းရင်းသား လူမျိုးများနှင့်
လူမျိုးစုနွယ်များက မည်မျှ ရှိသည်ကို သိရှိထားသော
တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိ ဖြစ်ပါသည်။သို
့အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅
) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။
အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍
ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏
ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ
တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ
ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်း ကိုလည်း
မီဒီယာများမှ သိရှိပြီး ဖြစ်ကြပါသည် ။ သို့ သော်
၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏ လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး
နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့ခွင့်အရေးချိုး
ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ
့အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု
ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို
သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည်
။မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့်
ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန်
့ချီကြလျှင် အထူးသတိပြုစရာ အချက်တခုကိုတိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။
ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊
သတင်းများ၊ အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန်
အသိပေးအပ်ပါသည် ။ ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ
သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏
တာဝန်ရှိအဆင့်မြင့်အရာရှိမှ အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ
ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့်
ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို
အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။သို့ ဖြစ်ပါ၍
ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ
နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန်
မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ
ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော
အသံလွှင့်ဋ္ဌါနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်သာနီ
ထိုင်းနိုင်ငံရေဘေးကြောင့် မြန်မာ အလုပ်သမားများ ရပ်တည်ရန်ခက်ခဲ
ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး မြန်မာအလုပ်သမား ၂၀၀၀၀ခန့် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။
ထိုသူများကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ကားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးဒုက္ခ အခံစားရဆုံးဖြစ်သည့် ပထုံဌာနီဒေသရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ ဒုက္ခသည် စုစုပေါင်း လူ ၄၀၀ အနက် မြန်မာပြည်သား ၂၀၀ ခန့် ရှိနေကြောင်း Migrant Working Group အဖွဲ့မှ အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
ရေဘေးဒုက္ခသည် မြန်မာပြည်သားများကို လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF)၊ ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှ သံအမတ်ကြီးတို့က အကူအညီများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအဖွဲ့အစည်းများနှင့် မြန်မာ အဖွဲ့အစည်းတချို့က အကူအညီများ ထောက်ပံ့ပေး သော်လည်း လူဦးရေ များပြားလွန်းသည့် အတွက် အဆင်မပြေကြောင်း ရေဘေးဒုက္ခသည် မြန်မာတဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိရာ ရေဘေးသင့်ဒေသတွင် အလုပ်လုပ်နေသူ မြန်မာအရေအတွက် သိန်းနှင့်ချီ၍ ရှိနိုင်သည်။
ထိုင်းနိုင်ငံ အနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၅၆ ဦး သေဆုံး၍ လူဦးရေ ၁၁၃၀၀၀ ခန့် ရေဘေး ဒုက္ခသည် အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း အပတ်စဉ် ထုတ်လွှင့်နေသည့် ရေဒီယို မိန့်ခွန်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ပြောခဲ့သည်။
နောက်ဆုံးရသတင်းများအရ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်အတွင်း ရေဝင်သဖြင့် လေဆိပ်ကို ပိတ်ထားရကြောင်း၊ ဆေးရုံတချို့မှ လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ထားရကြောင်းနှင့် ဘန်ကောက် အပါအဝင် မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ယခုလ ၂၇ မှ ၃၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် ထိုင်းအာဏာပိုင်များက အရေးပေါ် ကြေညာထားကြောင်း သိရသည်။
ယခုလက်ရှိတွင် ရေကြီးမှုကြောင့် ဘဏ်ခွဲပေါင်း ၃၀၀ နီးပါးနှင့် ၂၄ နာရီဖွင့်လှစ်သော 7-11 စတိုး ၂၇၀ ကျော် ပိတ်လိုက်ရပြီဟု ဘန်ကောက်ပို့စ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနှံ့အပြား ရေကြီးမှုကြောင့် လူသုံးကုန် ပစ္စည်းတချို့လည်း ဈေးတက်သွားသည်။ ယခင် ၅ ဘတ်သာ ပေးရသော ရေသန့်ဗူး တဗူးလျှင် ရေဘေးကျရောက်သည့် ဒေသများ၌ ယခုအခါ ၄၅ ဘတ်အထိ ပေးဝယ် နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရေလှောင်တမံ ၃၃ ခုရှိပြီး တချို့ ရေလှောင်တမံများမှ ရေများ ဖွင့်ချခဲ့မှုကြောင့် ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဦးထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံ ဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလက်ရှိတွင် ဘန်ကောက်မြို့တွင်း ရေလွှမ်းနေပြီ ဖြစ်သည်။
အောက်တိုဘာ ဒုတိယပတ်အတွင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀၀ ခန့် (အမေရိကန် ဒေါ်လာ ၃. ၃ ဘီလီယံခန့်) ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် ယခင်တပတ် စနေနေ့မှ
စတင်၍ နေ့စဉ်လူ ၅၀၀ ခန့် နေရပ်သို့ ပြန်နေကြခြင်းဖြစ်ပြီး ထိုင်း – မြန်မာ
နယ်စပ် မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့်
တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း၊
လမ်းခရီးတွင် အခက်အခဲနှင့်ကြုံတွေ့ကြရကြောင်း အလုပ်သမားအရေး
ဆောင်ရွက်သူများက ပြောသည်။
နေရပ်ပြန်သူများအနက် ကရင်ပြည်နယ် ဘားအံမြို့အထိ လုံခြုံစွာ အခမဲ့ သွားရောက်နိုင်သူ ဦးရေမှာ ၄၁ ဦးသာရှိသည်။ထိုသူများကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ကားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးဒုက္ခ အခံစားရဆုံးဖြစ်သည့် ပထုံဌာနီဒေသရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ ဒုက္ခသည် စုစုပေါင်း လူ ၄၀၀ အနက် မြန်မာပြည်သား ၂၀၀ ခန့် ရှိနေကြောင်း Migrant Working Group အဖွဲ့မှ အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
ရေဘေးဒုက္ခသည် မြန်မာပြည်သားများကို လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF)၊ ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှ သံအမတ်ကြီးတို့က အကူအညီများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအဖွဲ့အစည်းများနှင့် မြန်မာ အဖွဲ့အစည်းတချို့က အကူအညီများ ထောက်ပံ့ပေး သော်လည်း လူဦးရေ များပြားလွန်းသည့် အတွက် အဆင်မပြေကြောင်း ရေဘေးဒုက္ခသည် မြန်မာတဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိရာ ရေဘေးသင့်ဒေသတွင် အလုပ်လုပ်နေသူ မြန်မာအရေအတွက် သိန်းနှင့်ချီ၍ ရှိနိုင်သည်။
ထိုင်းနိုင်ငံ အနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၅၆ ဦး သေဆုံး၍ လူဦးရေ ၁၁၃၀၀၀ ခန့် ရေဘေး ဒုက္ခသည် အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း အပတ်စဉ် ထုတ်လွှင့်နေသည့် ရေဒီယို မိန့်ခွန်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ပြောခဲ့သည်။
နောက်ဆုံးရသတင်းများအရ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်အတွင်း ရေဝင်သဖြင့် လေဆိပ်ကို ပိတ်ထားရကြောင်း၊ ဆေးရုံတချို့မှ လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ထားရကြောင်းနှင့် ဘန်ကောက် အပါအဝင် မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ယခုလ ၂၇ မှ ၃၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် ထိုင်းအာဏာပိုင်များက အရေးပေါ် ကြေညာထားကြောင်း သိရသည်။
ယခုလက်ရှိတွင် ရေကြီးမှုကြောင့် ဘဏ်ခွဲပေါင်း ၃၀၀ နီးပါးနှင့် ၂၄ နာရီဖွင့်လှစ်သော 7-11 စတိုး ၂၇၀ ကျော် ပိတ်လိုက်ရပြီဟု ဘန်ကောက်ပို့စ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနှံ့အပြား ရေကြီးမှုကြောင့် လူသုံးကုန် ပစ္စည်းတချို့လည်း ဈေးတက်သွားသည်။ ယခင် ၅ ဘတ်သာ ပေးရသော ရေသန့်ဗူး တဗူးလျှင် ရေဘေးကျရောက်သည့် ဒေသများ၌ ယခုအခါ ၄၅ ဘတ်အထိ ပေးဝယ် နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရေလှောင်တမံ ၃၃ ခုရှိပြီး တချို့ ရေလှောင်တမံများမှ ရေများ ဖွင့်ချခဲ့မှုကြောင့် ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဦးထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံ ဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလက်ရှိတွင် ဘန်ကောက်မြို့တွင်း ရေလွှမ်းနေပြီ ဖြစ်သည်။
အောက်တိုဘာ ဒုတိယပတ်အတွင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀၀ ခန့် (အမေရိကန် ဒေါ်လာ ၃. ၃ ဘီလီယံခန့်) ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။
Monday, October 24, 2011
ရေဘေးဒုက္ခသည် ထောင်ပေါင်းများစွာ အကူအညီလိုအပ်နေ
Published on October 24, 2011 by နော်နိုရင်း ·
လွန်ခဲ့
တဲ့ရက်ပိုင်းက လူ ၂၀၀ ကျော် သေဆုံးပျောက်ဆုံးခဲ့တဲ့
မကွေးတိုင်းအတွင်း ရေကြီးမှုမှာ ကျေးရွာအတော်များများ
ရေဘေးသင့်ခဲ့ရပြီး လူထောင်ပေါင်းများစွာ အကူအညီ လိုအပ်နေပါတယ်။
မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသ မကွေးတိုင်းမှာ ပြီးခဲ့တဲ့အပတ်က
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တချို့ရေဖောက်ချခဲ့ရသလို
ချောင်းရေလျှံပြီး အိမ်တွေ မျောပါပျက်စီးခဲ့ရတာပါ။
ရေဘေးသင့်
ပြီး အသေအပျောက်အများဆုံးဖြစ်တဲ့ ပခုက္ကူမြို့ကို ဒုတိယသမ္မတ
စိုင်းမောက်ခမ်း မနေ့က လာရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေက
ပြောပါတယ်။
ပခုက္ကူမှာ
ရွှေချောင်းတံတား ရေအားနဲ့ထိုးလို့ ကျိုးသွားခဲ့ရပြီး
ကမ်းနားနေ ပြည်သူတွေ ရေထဲမျောပါ သေဆုံးခဲ့ကြသလို ထောင်ချီတဲ့
ရေဘေးသင့်သူတွေကို တိလောကရာမ၊ မိုးကုတ်ဝိပဿနာအပါအဝင်
ဘုန်းကြီးကျောင်းလေးခုမှာ နေရာချထားပေးပါတယ်။
ပခုက္ကူရေဘေးဒုက္ခသည်တွေအခြေအနေကို ဆရာတော်တပါးက ခုလို မိန့်ပါတယ်။
“ပခုက္ကူတော့
မနေ့က နိုင်ငံတော်သမ္မတကြီး လာသွားတယ်။ လိုအပ်တာတွေကို
ညွှန်ကြားသွားပြီးတော့ ကုမ္ပဏီတွေတော့ ငွေလှူသွားတယ်လို့ကြားတယ်။
တော်တော်များများလည်း ရန်ကုန်တို့က လှမ်းပို့တာတို့၊
မန္တလေးကတော့ ကိုယ်တိုင်လာလှူတာပေါ့။
မွတ်စလင်နာရေးကူညီမှုအသင်းတို့လည်းလာတယ်။ ပခုက္ကူမှာရှိတဲ့
ကုန်သည်ပွဲစားတို့လည်း လုပ်ကြပါတယ်။”
ပခုက္ကူရေဘေးဟာ အနည်းဆုံး လူ ၂၀၀ ဝန်းကျင် သေတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
အဲဒီ
ချောင်းတလျှောက်မှာ နေထိုင်သူတွေဟာ အစိုးရထံမှာ
စာရင်းမဝင်သူတွေလည်းရှိတာကြောင့် ခန့်မှန်းတွက်ချက်ရခက်နေတယ်လို့
ဆိုပါတယ်။
မကွေးတိုင်း
ပေါက်မြို့နယ်မှာ ရွာပေါင်း ၃၈ ရွာ ရေလွှမ်းခဲ့ပြီး
အိမ်ခြေပေါင်း ၄ ရာနီးပါး ရေမျောခဲ့ရသလို လူ ၂၁ ဦး
သေဆုံးခဲ့တယ်လို့ ပေါက်မြို့ခံတဦးက ပြောပါတယ်။
ရေဘေး
ဒုက္ခသည် ၃ထောင်နီးပါးက နီးစပ်ရာဆွေမျိုး အသိအိမ်မှာ
ခိုလှုံနေကြရပြီး ဒေသခံရွာသား ကူညီတာကလွဲရင် ဘယ်အဖွဲ့စည်းကမှ
ကူညီတာမရှိသေးဘူးလို့ ပေါက်မြို့ခံက ပြောပါတယ်။
“ပေါက်မြို့
အရှေ့ဘက်ကုန်းမှာ မူလအိမ်ခြေ ၆၈၄၀ ရှိရာမှာ ရေမြုပ်သွားတာက ၂၇၇၅
အိမ်ရှိတယ်။ ရေမျောသွားတာ ၃၈၀ ရှိတယ်။ သေဆုံးမှုမှာတော့ ကျား ၁၅၊ မ
၆ ယောက်စုစုပေါင်း ၂၁ ဦး။ စာသင်ကျောင်းက ၂ ကျောင်းမျောသွားတယ်။
ဘုန်းကြီးကျောင်းက ၃ ကျောင်း မျောသွားတယ်။
ဓမ္မာရုံတရုံမျောသွားတယ်။ ရေဘေးဒုက္ခသည် စုစုပေါင်း ၂၃၈၁ ရှိတယ်။
လောလောဆယ်တော့ ရွာနီးချုပ်စပ်က ရေဘေးဒဏ် မခံရတဲ့ ရွာတို့က
ထမင်းထုတ်ဝေတာတို့ ရှိတာပေါ့။ အဖွဲ့အစည်းတွေတော့
ဘာမှအကူအညီပေးတာ မကြားရသေးဘူး။”
အဲဒီဒေသမှာ
မိုးအဆက်မပြတ်ရွာသွန်းလို့ ၁၉ ရက်နေ့ကစပြီး ပေါက်ချောင်း၊
ဆင်ဆာချောင်းနဲ့ ကျားသိုက်ချောင်းတို့က ရေလျှံပြီး အခုလို
ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာလို့ အဲဒီမြို့ခံက ပြောပါတယ်။
ဂန့်ဂေါမြို့
မှာရှိတဲ့ လမ်းတံတားတွေနဲ့ ထောပတ်ပဲစိုက်ခင်းတွေလည်း
ပျက်စီးကုန်ပါတယ်။ ကံမမြို့နယ်ဘက်မှာတော့ လူအသေအပျောက် မရှိပေမယ့်
လမ်းတွေစိုက်ပျိုးမြေတွေ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။
လမ်းတံတားတွေ ပျက်စီးမှုတွေကြောင့် သွားလာရေး
အခက်အခဲဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ကျနော်တို့
ကံမဘက်မှာတော့ ရွာလမ်းတွေလည်း အကုန်ပျက်ကုန်တယ်။ အသေအပျောက်တော့
မရှိဘူး။ ကျနော်တို့ဘက်က လယ်တွေယာတွေပျက်တာတော့ နည်းတယ်။
ရွာတွေထဲရေဝင်ပြီး ရွာလမ်းတွေဘာတွေတော့ ချိုင့်ခွက်တွေဖြစ်ပြီး
ပျက်ကုန်တယ်။ အခုတော့ ဖြစ်သလိုပဲ သွားနေကြတယ်။”
ဆိပ်ဖြူမြို့
နယ်မှာတော့ ယောချောင်းရေကြီးတာကြောင့် ရွာပေါင်း ၁၀ ရွာထက်မနည်း
ရေနစ်မြုပ်ခဲ့သလို လူရောတိရစ္ဆာန်ပါ ရေမျောသေဆုံးတာ ရှိတယ်လို့
ဆိပ်ဖြူမြို့ခံတဦးက ပြောပါတယ်။
“အိမ်
တွေတချို့လည်း ရေနောက်ပါကုန်တယ်။ တချို့လည်း အဲဒီမှာတင်
တိုင်တလုံးစာ နှစ်လုံးစာလောက်ကျန်နေခဲ့တယ်။ အိမ်ခြေပေါင်း ၁၀၀၀
တော့ ကျော်မယ်။ မျောပါတာတော့ ၁၀၀၀ မကျော်ဘူး။ ရေမြုပ်တာတော့
၁၀၀၀ ကျော်တယ်။ တချို့ရွာတွေမှာတော့ တဧက၊ နှစ်ဧက
ကုန်းမြင့်လေးတွေမှာ လွတ်တဲ့အိမ်လေးတွေရှိတယ်။ အဲဒီမှာ စုနေတယ်။
တချို့ကျလည်း ရွာအပြင်က ကုန်းလေးတွေပေါ်မှာ မိုးကာထိုးပြီးနေကြတယ်။
ဘာမှတော့လုပ်မရသေးဘူး။ တပတ် လောက်တော့ ကိုယ့်အိမ်နေရာကို
ပြန်နေလို့မရသေးဘူး။ တောင်ရွာမ မြောက်ရွာမဆိုတဲ့ ကျေးရွာကဆို
နွား၊ ကျွဲ၊ တိရစ္ဆာန်၊ ဝက် အကောင် ၂၀၀ လောက် ပါသွားတယ်။”
ရေဘေး
ဒုက္ခသည်ထောင်ချီရှိပြီး အစပိုင်း ဒေသခံတွေကို ကူညီတာရှိပေမယ့်
အခုချိန်မှာတော့ လာရောက်ကူညီတာ မရှိတော့ဘူးလို့ မြို့ခံက
ပြောပါတယ်။
မြိုင်မြို့နယ်ထဲမှာရေလွှမ်းလို့ လူ ခုနှစ်ဦး သေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံရေဘေးနှင့် မြန်မာပြည်သားများ
နှိုးဆော်ချက်
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သ မား ရေဘေး ဒုက္ခသည်များအတွက် ကူင်္ညီထောက်ပံ့ပေးရန် အလှူ ငွေ နှင့် ပစ္စည်းများ အလှုခံလျှက်ရှိပါတယ်....ရရှိလာေ သာ
အလှူ ငွေနှင့် ပစ္စည်းများကု စာရင်းပြုစုပြီး ပညာရေးနှင့်ဖွံ့  ဖြိုးရေး
(GHR)အဖွဲ. (ထိုင်းနိုင်ငံတောင်ပိုင်း ) မှ ဒါရိုက်တာ ဦးထူးချစ် ထံသို.
စာရင်းနှင့်တကွ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးရင်း စေတနာရှင် အလှူရှင်များအား ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်...... .ဆက်သွယ်ရန်ဖုန်းကတော့ 0835928497 (ထိုင်းဖုန်း) ဝေမင်း ၊ ဦးထူးချစ် 0817977745 (ထိုင်းဖုနိး) တို.ဖြစ်ပါတယ်။
ိ
ထိုင်းရေဘေးဒုက္ခ မြန်မာတွေလည်း ကြုံရ
ထိုင်းနိုင်ငံတွင် စုစုပေါင်း ရေလှောင်တမံ ၃၃ ခုရှိသည့်အနက် တချို့ ရေလှောင်တမံများမှ ရေဖွင့်ချခဲ့မှုကြောင့် ရေလွှမ်းမှု ဖြစ်ကာ ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဥထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ရေဘေးဒုက္ခသည်များ အတွက် ဘန်ကောက်မြို့တွင် ယာယီ စခန်းများ ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်ထားကြောင်း ထိုင်းသတင်းများက ဆိုသည်။
ထိုင်းနိုင်ငံ၏ မြို့ဟောင်းဖြစ်သည့် အယုဒ္ဓယမြို့တွင် ရေလွှမ်းမှု အဆိုးရွာဆုံး ကြုံတွေ့နေရပြီး ယင်းဒေသ အလုပ်ရုံများရှိ မြန် မာ ရွှေ့ပြောင်း အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့နိုင်သည်ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။
“အဲဒီက အလုပ်သမားတွေ ဒုက္ခတွေ့နိုင်တာပေါ့။ စိတ်ဓာတ် ရေးရာအရ အားပေးမှုကတော့ အပြည့်အ၀ လိုအပ်တယ်။ ကျနော်တို့ကလည်း ဘယ်က စလုပ်ရမလဲ မသိဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
TACDBက ဦးဆောင်၍ ရေဘေး ဒုက္ခသည် ထိုင်းနှင့် မြန်မာနိုင်ငံသားများကို ကူညီနိုင်ရန်အတွက် ဘန်ကောက်မြို့တွင် အလှူငွေများ မကြာခင်ရက်ပိုင်းက စတင်ကောက်ခံနေရာ ဘတ် ၄၀၀၀ ကျော် (ကျပ် ၁ သိန်းခန့်) ရရှိထားကြောင်း ဦးမြင့်ဝေ က ဆက်ပြောသည်။
အယုဒ္ဓယ မြို့နယ်အတွင်း ခန့်မှန်ခြေ မြန်မာအလုပ်သမား ၁ သောင်း ၀န်ကျင်ရှိကြောင်း သိရသည်။
အလားတူပင် ပထုံဌာနီဒေသရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံနေရကြောင်း သိရသည်။
ထိုဒေသရှိ အလုပ်သမား တဦးက “တချို့ သူငယ်ချင်တွေဆိုရင် ရေမြုပ်တော့ တခြား သူငယ်ချင်းတွေရဲ့ အခန်းမှာ သွားနေကြ ရတယ်” ဟု ပြောသည်။
တချို့သော မြန်မာ အလုပ်သမားများသည် ၎င်းတို့၏ စက်ရုံထဲသို့ ရေမ၀င်နိုင်စေရန် သဲအိတ်များ ချထားခြင်းဖြင့် ကြိုတင် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။
ယခုလ ၁၅ နေ့မှ ၂၀ ရက်နေ့ အတွင်း ဘန်ကောက်မြို့ပေါ် တွင် ရေကြီးမှုများ ဖြစ်ပွားလာနိုင်သည်ဟု ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသော အဖွဲ့ အစည်းများက ခန့်မှန်းထားသည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်
မြန်မာစစ်တပ်နဲ့မြန်မာအရပ်သားမတူဘူုးဆိုတာဘာကိုပြောတာလဲ????
မြန်မာအရပ်သားတွေပြောတတ်ကျတဲ့ မြန်မာစစ်တပ်နဲ့မြန်မာလူမျိုးမတူပါဘူး
ဆိုတာကိုကြားရဖန်များတော့တပ်မတော်အတွက်စိတ်မကောင်းဖြစ်မိတယ်
ပြောတဲ့ပုံစံက ......................တွေးကြည့် ရင်မှန်ပါရဲ.လား??
... မြန်မာတပ်မတော်သားတွေဟာမြန်မာအရ ပ်သားတွေကြားကပေါ်ထွက်လာတာဖြစ်ပါ တယ်
နိုင်ငံခြားက လာတာမဟုတ်ဘူး
မြန်မာစစ်သားတွေမှာမြန်မာအရပ်သားတစ်ယောက်ရဲ့စရိုက်တွေအကုန်ရှိပါတယ်
သေနတ်ကိုင်လိုက်တာနဲ့ပဲ မြန်မာတစ်ယောက်ရဲ.အကျင့်တွေပျော က်သွားတာမဟုတ်ပါဘူး
မြန်မာတပ်မတော်ဟာ မြန်မာအရပ်သားတွေလိုချင်သလိုပဲ အမျိုး၊ဘာသာ၊သာသနာ ကိုထိန်းသိမ်းစောင့်ရှောက်ပါတယ် ပြောချင်တာကတော့ သာသနာထွန်းကားရေးသက်သက်လုပ်တဲ့ သံဃာတော်တွေကိုဘာမှမလုပ်ပါဘူးဘု န်းကြီးတွေတောင်ပစ်တဲ့တပ်မတော်၊ နေပြည်တော်က လူသတ်သမား၊ဘာသာမဲ့များလို့ပြောတာဟာ မသိနားမလည်ပြောတာနဲ့တူပါတယ်
နောက်ဆုံးကိုယ့်အာဏာကိုလာထိပါးချိန်မှာဆိုရင် ကိုယ်ကိုးကွယ်တဲ့ဘာသာ ဆိုပြီး ဘုန်းဘုန်း ကျွန်တော်ဆင်းပေးပါ့မယ် ဘုန်းဘုန်းသဘောပါဆိုပြီးဘယ်သူကေ ပြာမှာလဲ ခင်ဗျားသာ ဗိုလ်ချုပ်တွေနေရာမှာဆိုရင် မဖြစ်မနေချရတော့မှာပဲမဟုတ်လား
ကမ္ဘာပေါ်မှာ အမျိုးဘာသာကိုတကယ်ထိန်းသိမ်းစော င့်ရှောက်ခဲ့တဲ့သူတွေဟာ ခင်ဗျားတို့မကြိုက်တဲ့ အာဏာရှင်ဆိုသူများသာဖြစ်ပါတယ်ဟစ်တလာဟာလည်း ဂျာမန်မျိုးချစ်ဝါဒီဖြစ်ပါတယ်၊ဘ ယ်လောက်အစွန်းရောက်တယ်ဆိုတာမပြောချင်ပေမယ့်
တပ်မတော်အစိုးရလည်း မြန်မာပြည်သူကြားမှာ သွတ်သွင်းပေးနေတာလည်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊တို့
ခင်ဗျားတို့ မကြားချင်တဆုံးကြားနေရတာတွေကော အကြောင်းမဲ့သပ်သပ်ဟုတ်မယ်ထင်လို့ လား ပြည်နယ်၊တိုင်းနေရာတကာမှာ တိုင်းပြည်ပိုက်ဆံသုံးပြီး တောင်တန်းသာသနာပြုတွေ၊ဗုဒ္ဒသာသာနာထွန်းကားရေးအတွက်များစွာရင်းခဲ့ တာကိုကြည့်ပါတပ်မတော် ပြောတာဟာ ခင်ဗျားတို့မသိစိတ်ထဲမှာ ဘယ်လောက်တောင်ကိန်းအောင်းသလဲဆို ရင် တစ်ခုခုလာလည်း အမျိုးသားရေးလှုပ်ရှားမူ၊ပါတီလေးထောင်တာတောင် အမျိုးသား ဘာညာဒါတွေဟာ ဘာကိုပြလဲဆိုရင်တပ်မတော်ကြွေြးေ က်ာနေကြစကားလုံးတွေဟာ ခင်ဗျားတို့စိတ်ထဲမှာ စွဲနေတယ် အမျိုးသားအမျိုးသားနဲ့ပဲ
မြန်မာတပ်မတော်နဲ့မြန်မာအရပ်သား ဘုန်းကြီးကိုလေးစားပုံခြင်းနှို င်းယဉ်ဖို့ပြောတာတော့မဟုတ်ဘူး
ခင်ဗျားတိုကောနေ့စဉ်ဘ၀မှာ သံဃာတော်တွေနဲ့တွေ.ရင်ဘယ်လိုဆက် ဆံကြသလဲ? ဘယ်သူပိုဆိုးသလဲဆိုတာလိုက်ငြင်း ဖို့မဟုတ်ဘူး
ရ ရက် သားသမီးတွေဖြေပါအုံး၊မြန်မာစစ်တ ပ်နဲ့မြန်မာအရပ်သားမတူဘူုးဆိုတာ ဘာကိုပြောတာလဲ၊
မြန်မာအရပ်သားတွေပြောတတ်ကျတဲ့ မြန်မာစစ်တပ်နဲ့မြန်မာလူမျိုးမတ
ဆိုတာကိုကြားရဖန်များတော့တပ်မတေ
ပြောတဲ့ပုံစံက ......................တွေးကြည်
... မြန်မာတပ်မတော်သားတွေဟာမြန်မာအရ
နိုင်ငံခြားက လာတာမဟုတ်ဘူး
မြန်မာစစ်သားတွေမှာမြန်မာအရပ်သာ
သေနတ်ကိုင်လိုက်တာနဲ့ပဲ မြန်မာတစ်ယောက်ရဲ.အကျင့်တွေပျော
မြန်မာတပ်မတော်ဟာ မြန်မာအရပ်သားတွေလိုချင်သလိုပဲ အမျိုး၊ဘာသာ၊သာသနာ ကိုထိန်းသိမ်းစောင့်ရှောက်ပါတယ်
နောက်ဆုံးကိုယ့်အာဏာကိုလာထိပါးခ
ကမ္ဘာပေါ်မှာ အမျိုးဘာသာကိုတကယ်ထိန်းသိမ်းစော
တပ်မတော်အစိုးရလည်း မြန်မာပြည်သူကြားမှာ သွတ်သွင်းပေးနေတာလည်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက
ခင်ဗျားတို့ မကြားချင်တဆုံးကြားနေရတာတွေကော အကြောင်းမဲ့သပ်သပ်ဟုတ်မယ်ထင်လို
မြန်မာတပ်မတော်နဲ့မြန်မာအရပ်သား
ခင်ဗျားတိုကောနေ့စဉ်ဘ၀မှာ သံဃာတော်တွေနဲ့တွေ.ရင်ဘယ်လိုဆက်
ရ ရက် သားသမီးတွေဖြေပါအုံး၊မြန်မာစစ်တ
သမိုင်းအစလေးတစ်စ
ကျွန်တော်တို့ အနေနဲ့ သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံဘို့ ဆိုရင် သူတို့ ကို
ခေါ်တဲ့ အခေါ် က နေပြီး စပြောင်းဘို့ လိုပါလိမ့် မယ်။ သူတို့ကို သူတို့ TAI
လူမျိုးကနေ ဆင်းသက်ပါတယ်။ ဆိုင်ယန် (SIAM) လို့ခေါ်ပါ လို့ ဆိုတာကို
ကျွန်တော်တို့ က ဘာလို့ ယိုးဒယား လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါသလဲ။?? ။ အခုတော့
THAI ထိုင်း လူမျိုး ၊ THAILAND ထိုင်းလင်း လို့ တရားဝင် ပြောင်းခဲ့
ကြပါပြီ။ အခုနေပြည်တော် ဘန်ကောက် မြို့ မတိုင်မီ က သူတို့နိုင်ငံ ရဲ့
နေပြည်တော် က အယုဒ္ဒယ ပါ။ "အယုဒ္ဒယ" ဆိုတဲ့စကားဟာ သူတို့လူမျိုး
၊သူတို့နိုင်ငံ ကို တင်စားခေါ်ဝေါ်ထား ခြင်း ဖြစ်ပါတယ်။ အဓိပါယ် က
``စစ်ထိုး၍မရသောနိုင်ငံ´´ လို့ ဖွင့်ဆိုပါသတဲ့။ ကျွန်တော်တို့ ဗမာ တွေက
ဘာလို့စစ်ထိုးလို့မရ ရမှာလဲ ။ငါတို့ ဗမာတွေအတွက် က``စစ်ထိုး၍ရသောနိုင်ငံ´´
``ယုဒ္ဒယ´´ လို့ ခေါ်ရင်းသူတို့လူမျိုး ကို ``ယိုးဒယား´´ လို့
အခေါ်တွင်ကျယ်လာတာ ဖြစ်ပါတယ်။ သူတို့ လူမျိုးကလည်း သိပါတယ်။ ကမ္ဘာပေါ်မှာ
သူတို့ကို ယိုးဒယား လို့ ခေါ်တာ ဗမာ လူမျိုးတစ်မျိုး ပဲ ရှိပါတယ်။ ပြီးတော့
နှိမ်ပြီးခေါ်တယ် ဆိုတာကိုလည်း သိကြပါတယ်။
အယုဒ္ဒယ
ပါတ်သက်လို့ကတော့ တစ်ထောင့်တစ်ည ပုံပြင်ပေါင်းများစွာရှိပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ ပုဂံဘုရားတွေကို အသစ်ပြုပြင်လှူဒါန်းမှုတွေ
လုပ်ခဲ့ကြတုန်းက သမိုင်းပညာရှင် တစ်ဦးက ``ပုဂံကို ဘယ်သူတည်ခဲ့တယ် ဆိုတာကို
တုတ်ထမ်း၊ဒါးထမ်း ပြောနေရမယ့် အချိန် မဟုတ်ပါဘူး။ ပုဂံ ကို
ဘယ်သူဖျက်ဆီးခဲ့တာလဲ ဆိုတာ တုတ်ထမ်း၊ဒါးထမ်း ပြောရမယ့် အချိန်
ရောက်နေပါပြီ´´ လို့ မှတ်ချက်ပြုဘူးခဲ့ပါတယ်။ အယုဒ္ဒယ မြို့ဟောင်း မြို့ပျက်
နဲ့ ပါတ်သက် လို့ ကတော့ မြန်မာတွေ ဖျက်တာလည်းဖျက်ခဲ့ပါတယ်။မြန်မာသ မိုင်းမှာတော့
``အယုဒ္ဒယမြို့ ကို ၀န်းရံတိုက်ခိုက်စဉ် မြန်မာနိုင်ငံအတွင်းသို့
တရုတ်တပ်များ ၀င်ရောက်လာသည့်အတွက် နောင်တွင် ရန်မီးနှစ်ဖက် မညှပ်နိုင်စေရန်
အယုဒ္ဒယ ကို အပြီးတိုင်ချေမှုန်းခဲ့သည်။ ´´ လို့ရေးသားထားပါတယ်။
စစ်မီးတောက်လောင်နေတုန်းမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ဗုဒ္ဒဘာသာဝင်ချင်းအတူတူ ဗုဒ္ဒဆင်းတုတွေ ခေါင်းဖြတ်၊ဗိုက်ဖောက် တာတွေ
ဖြစ်နိုင်ပါ့မလား။ မြန်မာ-ယိုးဒယား နောက်ဆုံးစစ်လို့ ခေါ်လို့ရတဲ့ ၁၇၆၇ ခု
ဆင်ဖြူရှင်မင်း လက်ထက် အယုဒ္ဒယ သိမ်း စစ်ပွဲ ဟာ အခက်ခဲဆုံး တိုက်ခဲ့ရတာပါ။
``မြန်မာတို့သည် အယုဒ္ဒယ မြို့တော်အတွင်းသို့ အမြောက်၊သေနပ်တို့ဖြင့်
အဆက်မပြတ် ပစ်ခတ်သည်။ ထို့နောက် ယိုးဒယားမြို့ရိုးအရောက်
လိုဏ်ခေါင်းများတူးပြီး လောင်စာအပြည့် ထည့်သွင်း၍မီးရှို့ရာ
မြို့ရိုးကိုကျားကန်ထားသော သစ်တိုင်များ မီးစွဲလောင်၍
မြို့ရိုးပြိုကျခဲ့သည်´´
ဟု ၁၄ လကြာဝိုင်းဝန်းပြီး ခက်ခက်ခဲခဲ တိုက်ခဲ့ရကြောင်း မြန်မာသမိုင်းမှာ ဖော်ပြပါတယ်။
Ayutthaya Capital of a Kingdom the Golden City finally fell on the 8th
April 1767. Due to continuous Siamese counterattack, the Burmese armies
only held the city for approximately one week, but the massive, wanton
destruction and devastation was such that it would never recover.
သူတို့ရဲ့ Ayutthaya: Capital of a Kingdom, Part 11,The Trembling, The
Shaking and the FALL ! ဆိုတဲ့ စာတမ်းအရတော့ ဗမာ စစ်တပ်ဟာ မြို့ကို တစ်ပါတ်
လောက်ပဲ ထိန်းချုပ် ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အထက်မှာ ဆိုခဲ့တဲ့အတိုင်း
ခက်ခက်ခဲခဲ သိမ်းခဲ့ရသလို အမြောက်ဆန်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ရတာ ဆိုတော့
ဗုဒ္ဒရုပ်ပွားတော် တွေလည်း ခေါင်းပြတ် ဗိုက်ပေါက် ရှိခဲ့မှာပါ။ တမင်သက်သက်
စစ်ပြီးလို့ မြို့ဖျက်မှ လုပ်ရအောင် ဗမာ တွေက ဗုဒ္ဒဘာသာ တွေပါ။ အဲဒါကို ခုထိ
ဗမာစစ်သားတွေ ဖျက်ဆီးခဲ့တဲ့ ဗုဒ္ဒဆင်တု များ ဆိုပြီး ရုပ်ပြငွေရှာစားနေဆဲ
ယိုးဒယား တွေကတော့ နားလည်ရခက်လှပါတယ်။ ဗမာတွေ ဖျက်တာထက် (တပါတ်
ဆိုသောအချိန်အတွင်းဖျက်ခဲ့တာထက် ) သူတို့က အဆပေါင်းများစွာ အဖျက်ပြကာ လူမျိုးရေးမုန်းတီးမှု ဖန်တီးကာ ငွေရှာစားနေတာကတော့ သည်လိုခေတ်ကြီး မှာ မရှိတော့သင့်တဲ့ အရာပါ။
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
-
စကားဦး အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...