.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, October 25, 2011

ထိုင်းနိုင်ငံရေဘေးကြောင့် မြန်မာ အလုပ်သမားများ ရပ်တည်ရန်ခက်ခဲ

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး မြန်မာအလုပ်သမား ၂၀၀၀၀ခန့် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။
ဘန့်ဘူထောင်မြို့နယ် ဖုစာစမ်ပ်ရပ်ကွက် ၃ ရေကြီးနေစဉ် (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)
မြန်မာအလုပ်သမားများသည် ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ်လူ ၅၀၀ ခန့် နေရပ်သို့ ပြန်နေကြခြင်းဖြစ်ပြီး ထိုင်း – မြန်မာ နယ်စပ် မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း၊ လမ်းခရီးတွင် အခက်အခဲနှင့်ကြုံတွေ့ကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
နေရပ်ပြန်သူများအနက် ကရင်ပြည်နယ် ဘားအံမြို့အထိ လုံခြုံစွာ အခမဲ့ သွားရောက်နိုင်သူ ဦးရေမှာ ၄၁ ဦးသာရှိသည်။
ထိုသူများကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ကားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးဒုက္ခ အခံစားရဆုံးဖြစ်သည့် ပထုံဌာနီဒေသရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ ဒုက္ခသည် စုစုပေါင်း လူ ၄၀၀ အနက် မြန်မာပြည်သား ၂၀၀ ခန့် ရှိနေကြောင်း Migrant Working Group အဖွဲ့မှ အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
ရေဘေးဒုက္ခသည် မြန်မာပြည်သားများကို လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF)၊ ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှ သံအမတ်ကြီးတို့က အကူအညီများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအဖွဲ့အစည်းများနှင့် မြန်မာ အဖွဲ့အစည်းတချို့က အကူအညီများ ထောက်ပံ့ပေး သော်လည်း လူဦးရေ များပြားလွန်းသည့် အတွက် အဆင်မပြေကြောင်း ရေဘေးဒုက္ခသည် မြန်မာတဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိရာ ရေဘေးသင့်ဒေသတွင် အလုပ်လုပ်နေသူ မြန်မာအရေအတွက် သိန်းနှင့်ချီ၍ ရှိနိုင်သည်။
ထိုင်းနိုင်ငံ အနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၅၆ ဦး သေဆုံး၍ လူဦးရေ ၁၁၃၀၀၀ ခန့် ရေဘေး ဒုက္ခသည် အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း အပတ်စဉ် ထုတ်လွှင့်နေသည့် ရေဒီယို မိန့်ခွန်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ပြောခဲ့သည်။
နောက်ဆုံးရသတင်းများအရ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်အတွင်း ရေဝင်သဖြင့် လေဆိပ်ကို ပိတ်ထားရကြောင်း၊ ဆေးရုံတချို့မှ လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ထားရကြောင်းနှင့် ဘန်ကောက် အပါအဝင် မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ယခုလ ၂၇ မှ ၃၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် ထိုင်းအာဏာပိုင်များက အရေးပေါ် ကြေညာထားကြောင်း သိရသည်။
ယခုလက်ရှိတွင် ရေကြီးမှုကြောင့် ဘဏ်ခွဲပေါင်း ၃၀၀ နီးပါးနှင့် ၂၄ နာရီဖွင့်လှစ်သော 7-11 စတိုး ၂၇၀ ကျော် ပိတ်လိုက်ရပြီဟု ဘန်ကောက်ပို့စ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနှံ့အပြား ရေကြီးမှုကြောင့် လူသုံးကုန် ပစ္စည်းတချို့လည်း ဈေးတက်သွားသည်။ ယခင် ၅ ဘတ်သာ ပေးရသော ရေသန့်ဗူး တဗူးလျှင် ရေဘေးကျရောက်သည့် ဒေသများ၌ ယခုအခါ ၄၅ ဘတ်အထိ ပေးဝယ် နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရေလှောင်တမံ ၃၃ ခုရှိပြီး တချို့ ရေလှောင်တမံများမှ ရေများ ဖွင့်ချခဲ့မှုကြောင့် ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဦးထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံ ဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလက်ရှိတွင် ဘန်ကောက်မြို့တွင်း ရေလွှမ်းနေပြီ ဖြစ်သည်။
အောက်တိုဘာ ဒုတိယပတ်အတွင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀၀ ခန့် (အမေရိကန် ဒေါ်လာ ၃. ၃ ဘီလီယံခန့်) ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ