.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, October 24, 2011

ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အကူအညီလိုအပ်​နေ

Published on October 24, 2011 by နော်နိုရင်း   · 
လွန်ခဲ့ ​တဲ့​ရက်ပိုင်း​က လူ ၂၀၀ ​ကျော် ​သေဆုံး​ပျောက်ဆုံး​ခဲ့​တဲ့​ မ​ကွေး​တိုင်း​အတွင်း​ ​ရေကြီး​မှုမှာ ​ကျေး​ရွာအ​တော်များ​များ​ ​ရေ​ဘေး​သင့်​ခဲ့​ရပြီး​ လူ​ထောင်​ပေါင်း​များ​စွာ အကူအညီ လိုအပ်​နေပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသ မ​ကွေး​တိုင်း​မှာ ပြီး​ခဲ့​တဲ့​အပတ်က မိုး​သည်း​ထန်စွာရွာသွန်း​မှု​ကြောင့်​ ဆည်တချို့​ရေ​ဖောက်ချခဲ့​ရသလို ​ချောင်း​ရေလျှံပြီး​ အိမ်​တွေ ​မျောပါပျက်စီး​ခဲ့​ရတာပါ။
ရေ​ဘေး​သင့်​ ပြီး​ အ​သေအ​ပျောက်အများ​ဆုံး​ဖြစ်တဲ့​ ပခုက္ကူမြို့​ကို ဒုတိယသမ္မတ စိုင်း​မောက်ခမ်း​ မ​နေ့​က လာ​ရောက်ကြည့်​ရှုခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
ပခုက္ကူမှာ ​ရွှေ​ချောင်း​တံတား​ ​ရေအား​နဲ့​ထိုး​လို့​ ကျိုး​သွား​ခဲ့​ရပြီး​ ကမ်း​နား​နေ ပြည်သူ​တွေ ​ရေထဲ​မျောပါ ​သေဆုံး​ခဲ့​ကြသလို ​ထောင်ချီတဲ့​ ​ရေ​ဘေး​သင့်​သူ​တွေကို တိ​လောကရာမ၊​ မိုး​ကုတ်ဝိပဿနာအပါအဝင် ဘုန်း​ကြီး​ကျောင်း​လေး​ခုမှာ ​နေရာချထား​ပေး​ပါတယ်။
ပခုက္ကူ​ရေ​ဘေး​ဒုက္ခသည်​တွေအ​ခြေအ​နေကို ဆရာ​တော်တပါး​က ခုလို မိန့်​ပါတယ်။
ရေ ဘေးဒုက္ခသည်အချို့ (ကယ်ဆယ် ရေးစခန်း မတ္တ ထောင်ဘုန်း ကြီး ကျောင်း )
“ပခုက္ကူ​တော့​ မ​နေ့​က နိုင်ငံ​တော်သမ္မတကြီး​ လာသွား​တယ်။ လိုအပ်တာ​တွေကို ညွှန်ကြား​သွား​ပြီး​တော့​ ကုမ္ပဏီ​တွေ​တော့​ ​ငွေလှူသွား​တယ်လို့​ကြား​တယ်။ ​တော်​တော်များ​များ​လည်း​ ရန်ကုန်တို့​က လှမ်း​ပို့​တာတို့​၊​ မန္တ​လေး​က​တော့​ ကိုယ်တိုင်လာလှူတာ​ပေါ့​။ မွတ်စလင်နာ​ရေး​ကူညီမှုအသင်း​တို့​လည်း​လာတယ်။ ပခုက္ကူမှာရှိတဲ့​ ကုန်သည်ပွဲစား​တို့​လည်း​ လုပ်ကြပါတယ်။”
ပခုက္ကူ​ရေ​ဘေး​ဟာ အနည်း​ဆုံး​ လူ ၂၀၀ ဝန်း​ကျင် ​သေတယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပါတယ်။
အဲဒီ ​ချောင်း​တ​လျှောက်မှာ ​နေထိုင်သူ​တွေဟာ အစိုး​ရထံမှာ စာရင်း​မဝင်သူ​တွေလည်း​ရှိတာ​ကြောင့်​ ခန့်​မှန်း​တွက်ချက်ရခက်​နေတယ်လို့​ ဆိုပါတယ်။
မ​ကွေး​တိုင်း ​ ​ပေါက်မြို့​နယ်မှာ ရွာ​ပေါင်း​ ၃၈ ရွာ ​ရေလွှမ်း​ခဲ့​ပြီး​ အိမ်​ခြေ​ပေါင်း​ ၄ ရာနီး​ပါး​ ​ရေ​မျောခဲ့​ရသလို လူ ၂၁ ဦး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပေါက်မြို့​ခံတဦး​က ​ပြောပါတယ်။
ရေ​ဘေး​ ဒုက္ခသည် ၃​ထောင်နီး​ပါး​က နီး​စပ်ရာ​ဆွေမျိုး​ အသိအိမ်မှာ ခိုလှုံ​နေကြရပြီး​ ​ဒေသခံရွာသား​ ကူညီတာကလွဲရင် ဘယ်အဖွဲ့​စည်း​ကမှ ကူညီတာမရှိ​သေး​ဘူး​လို့​ ​ပေါက်မြို့​ခံက ​ပြောပါတယ်။
“​ပေါက်မြို့​ အ​ရှေ့​ဘက်ကုန်း​မှာ မူလအိမ်​ခြေ ၆၈၄၀ ရှိရာမှာ ​ရေမြုပ်သွား​တာက ၂၇၇၅ အိမ်ရှိတယ်။ ​ရေ​မျောသွား​တာ ၃၈၀ ရှိတယ်။ ​သေဆုံး​မှုမှာ​တော့​ ကျား​ ၁၅၊​ မ ၆ ​ယောက်စုစု​ပေါင်း​ ၂၁ ဦး​။ စာသင်​ကျောင်း​က ၂ ​ကျောင်း​မျောသွား​တယ်။ ဘုန်း​ကြီး​ကျောင်း​က ၃ ​ကျောင်း​ ​မျောသွား​တယ်။ ဓမ္မာရုံတရုံ​မျောသွား​တယ်။ ​ရေ​ဘေး​ဒုက္ခသည် စုစု​ပေါင်း​ ၂၃၈၁ ရှိတယ်။ ​လော​လောဆယ်​တော့​ ရွာနီး​ချုပ်စပ်က ​ရေ​ဘေး​ဒဏ် မခံရတဲ့​ ရွာတို့​က ထမင်း​ထုတ်​ဝေတာတို့​ ရှိတာ​ပေါ့​။ အဖွဲ့​အစည်း​တွေ​တော့​ ဘာမှအကူအညီ​ပေး​တာ မကြား​ရ​သေး​ဘူး​။”
အဲဒီ​ဒေသမှာ မိုး​အဆက်မပြတ်ရွာသွန်း​လို့​ ၁၉ ရက်​နေ့​ကစပြီး​ ​ပေါက်​ချောင်း​၊​ ဆင်ဆာ​ချောင်း​နဲ့​ ကျား​သိုက်​ချောင်း​တို့​က ​ရေလျှံပြီး​ အခုလို ​ရေကြီး​ရေလျှံမှု​တွေ ဖြစ်ပွား​ခဲ့​တာလို့​ အဲဒီမြို့​ခံက ​ပြောပါတယ်။
ဂန့်​ဂေါမြို့ ​မှာရှိတဲ့​ လမ်း​တံတား​တွေနဲ့​ ​ထောပတ်ပဲစိုက်ခင်း​တွေလည်း​ ပျက်စီး​ကုန်ပါတယ်။ ကံမမြို့​နယ်ဘက်မှာ​တော့​ လူအ​သေအ​ပျောက် မရှိ​ပေမယ့်​ လမ်း​တွေစိုက်ပျိုး​မြေ​တွေ ပျက်စီး​ကုန်တယ်လို့​ ​ပြောပါတယ်။ လမ်း​တံတား​တွေ ပျက်စီး​မှု​တွေ​ကြောင့်​ သွား​လာ​ရေး​ အခက်အခဲဖြစ်တယ်လို့​လည်း​ မြို့​ခံ​တွေက ​ပြောပါတယ်။
“ကျ​နော်တို့​ ကံမဘက်မှာ​တော့​ ရွာလမ်း​တွေလည်း​ အကုန်ပျက်ကုန်တယ်။ အ​သေအ​ပျောက်​တော့​ မရှိဘူး​။ ကျ​နော်တို့​ဘက်က လယ်​တွေယာ​တွေပျက်တာ​တော့​ နည်း​တယ်။ ရွာ​တွေထဲ​ရေဝင်ပြီး​ ရွာလမ်း​တွေဘာ​တွေ​တော့​ ချိုင့်​ခွက်​တွေဖြစ်ပြီး​ ပျက်ကုန်တယ်။ အခု​တော့​ ဖြစ်သလိုပဲ သွား​နေကြတယ်။”
ဆိပ်ဖြူမြို့​ နယ်မှာ​တော့​ ​ယော​ချောင်း​ရေကြီး​တာ​ကြောင့်​ ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ ​ရေနစ်မြုပ်ခဲ့​သလို လူ​ရောတိရစ္ဆာန်ပါ ​ရေ​မျော​သေဆုံး​တာ ရှိတယ်လို့​ ဆိပ်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။
“အိမ်​ တွေတချို့​လည်း​ ​ရေ​နောက်ပါကုန်တယ်။ တချို့​လည်း​ အဲဒီမှာတင် တိုင်တလုံး​စာ နှစ်လုံး​စာ​လောက်ကျန်​နေခဲ့​တယ်။ အိမ်​ခြေ​ပေါင်း​ ၁၀၀၀ ​တော့​ ​ကျော်မယ်။ ​မျောပါတာ​တော့​ ၁၀၀၀ မ​ကျော်ဘူး​။ ​ရေမြုပ်တာ​တော့​ ၁၀၀၀ ​ကျော်တယ်။ တချို့​ရွာ​တွေမှာ​တော့​ တဧက၊​ နှစ်ဧက ကုန်း​မြင့်​လေး​တွေမှာ လွတ်တဲ့​အိမ်​လေး​တွေရှိတယ်။ အဲဒီမှာ စု​နေတယ်။ တချို့​ကျလည်း​ ရွာအပြင်က ကုန်း​လေး​တွေ​ပေါ်မှာ မိုး​ကာထိုး​ပြီး​နေကြတယ်။ ဘာမှ​တော့​လုပ်မရ​သေး​ဘူး​။ တပတ် ​လောက်​တော့​ ကိုယ့်​အိမ်​နေရာကို ပြန်​နေလို့​မရ​သေး​ဘူး​။ ​တောင်ရွာမ ​မြောက်ရွာမဆိုတဲ့​ ​ကျေး​ရွာကဆို နွား​၊​ ကျွဲ၊​ တိရစ္ဆာန်၊​ ဝက် အ​ကောင် ၂၀၀ ​လောက် ပါသွား​တယ်။”
ရေ​ဘေး​ ဒုက္ခသည်​ထောင်ချီရှိပြီး​ အစပိုင်း​ ​ဒေသခံ​တွေကို ကူညီတာရှိ​ပေမယ့်​ အခုချိန်မှာ​တော့​ လာ​ရောက်ကူညီတာ မရှိ​တော့​ဘူး​လို့​ မြို့​ခံက ​ပြောပါတယ်။
မြိုင်မြို့​နယ်ထဲမှာ​ရေလွှမ်း​လို့​ လူ ခုနှစ်ဦး​ ​သေဆုံး​ခဲ့​ရပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ