|
|
|
လေးစားအပ်ပါသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများခင်ဗျား။ ယခုအချိန်တွင်
ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်
စားသောက်နေကြသော မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလွန်ဆိုးရွားသော
သဘာဝ ရေဘေးဒဏ်ကို ခံနေကြရပါသည်။ အတည်ပြု ပြောဆိုနိုင်သော ထိုင်းအစိုးရ၏
ကိန်းဂဏန်းများအရ ထိုင်းလူမျိုး (၉)သန်းကျော်သည် ရေဘေးဒဏ် ခံနေကြရပြီး
ထိုင်းလူမျိုး (၃၂၀)ကျော်မှာ ရေဘေးကြောင့် အသက်ဆုံးရှုံး ခဲ့ရပါသည်။
ထောင်ပေါင်းများစွာမှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။ ကျနော်တို့သည်
ထိုင်းနိုင်ငံတွင် လာရောက်၍ စီးပွားရှာပြီး လုပ်ကိုင်စားသောက် မှီတင်း
နေထိုင်ကြသူများ ဖြစ်သဖြင့် ထိုင်းလူမျိုးများနှင့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများ လက်ရှိကြုံတွေ့ နေရသော အခက်အခဲများကို အုတ်တစ်ချပ်၊
သဲတစ်ပွင့်ပမာ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသင့်ပါသည်။
ကျနော်တို့ အနေဖြင့် ထိုင်နိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသော ရေဘေး
ဒုက္ခသည်များအား တတ်အားသရွေ့ကူညီရန် စတင် ဆောင်ရွက်လျက် ရှိပါသည်။
လူသားချင်း စာနာသောအားဖြင့် ကျနော်တို့ ရွှေ့ပြောင်းမြန်မာ နိုင်ငံသားများ
အနေဖြင့် မိမိတို့ စေတနာအလျောက် အစားအသောက်များ၊ ငွေကြေးများနှင့် အခြား
လှူဖွယ် ပစ္စည်းများကို ကူညီ လှူဒါန်းပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ
အပ်ပါသည်။လေးစားစွာဖြင့် ထူးချစ် အမှုဆောင် ဒါရိုက်တာ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) လှူဒါန်းနိုင်သည့် ပစ္စည်းများ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် (မာမား)၊ ငါးပိ၊ ငါးခြောက်၊ သောက်ရေသန့်၊ အ၀တ်အထည်၊ ငွေကြေးနှင့် လွယ်ကူစွာ သယ်ယူနိုင်သည့် အစားအသောက်များ။ ဆက်သွယ်ရန်- ( ထိုင်းနိုင်ငံတောင်ပိုင်း- FED တာဝန်ခံများ)။ ၁။ ကိုမိုးဝေ (၀၈-၇၂၇၇၃၄၂၄) ၂။ ကိုအောင်ကြည် (၀၈-၃၃၉၆၃၃၂၉) ၃။ ကိုသောမတ်စ် (၀၈-၁၀၈၇၁၅၃၅) ၄။ ကိုထွန်းထွန်းနိုင် (၀၈-၁၇၈၈၅၄၂၁) ၅။ ဒေါ်မိစိန် (၀၈-၄၈၂၆၃၁၁၅) ၆။ ကိုမြတ်သူ (၀၈-၁၂၇၂၉၁၅၈) ၇။ ဒေါ်စိန်အေး (၀၈-၆၁၇၄၇၉၆၃) ၈။ ဒေါ်လှစိန် (၀၈-၄၈၃၉၄၂၁၇) ![]() ![]() ![]() ![]() ![]() ![]() (ဓာတ်ပုံများကို facebook မှ ရယူပါသည်။) |



ယခုအချိန်တွင်
ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်
စားသောက်နေကြသော မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလွန်ဆိုးရွားသော
သဘာဝ ရေဘေးဒဏ်ကို ခံနေကြရပါသည်။ အတည်ပြု ပြောဆိုနိုင်သော ထိုင်းအစိုးရ၏
ကိန်းဂဏန်းများအရ ထိုင်းလူမျိုး (၉)သန်းကျော်သည် ရေဘေးဒဏ် ခံနေကြရပြီး
ထိုင်းလူမျိုး (၃၂၀)ကျော်မှာ ရေဘေးကြောင့် အသက်ဆုံးရှုံး ခဲ့ရပါသည်။
ထောင်ပေါင်းများစွာမှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။ ကျနော်တို့သည်
ထိုင်းနိုင်ငံတွင် လာရောက်၍ စီးပွားရှာပြီး လုပ်ကိုင်စားသောက် မှီတင်း
နေထိုင်ကြသူများ ဖြစ်သဖြင့် ထိုင်းလူမျိုးများနှင့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများ လက်ရှိကြုံတွေ့ နေရသော အခက်အခဲများကို အုတ်တစ်ချပ်၊
သဲတစ်ပွင့်ပမာ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသင့်ပါသည်။
ကျနော်တို့ အနေဖြင့် ထိုင်နိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသော ရေဘေး
ဒုက္ခသည်များအား တတ်အားသရွေ့ကူညီရန် စတင် ဆောင်ရွက်လျက် ရှိပါသည်။
လူသားချင်း စာနာသောအားဖြင့် ကျနော်တို့ ရွှေ့ပြောင်းမြန်မာ နိုင်ငံသားများ
အနေဖြင့် မိမိတို့ စေတနာအလျောက် အစားအသောက်များ၊ ငွေကြေးများနှင့် အခြား
လှူဖွယ် ပစ္စည်းများကို ကူညီ လှူဒါန်းပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ
အပ်ပါသည်။





No comments:
Post a Comment