.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးရန် စောင့်ကြည့်နေသူများလာ


 (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)

အိမ်ခြံမြေဈေးကွက်စောင့်ကြည့်ရဦးမည့် အနေအထားတွင် ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသည့် အိမ်ခြံမြေ ဈေးကွက်သည်
စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ထားဝယ် မြို့ခံများနှင့် အခြား ရင်းနှီးမြှုပ်နှံရန် လေ့လာနေသူများက သုံးသပ် ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀၊ အောက်တိုဘာခန့် က စတင်ခါ ရုတ်တရက် မြင့်တက် လာသည့် အိမ်ခြံမြေဈေးနှုန်းများသည် ထားဝယ်မြို့တွင် တစ်ခါမျှ မဖြစ်ခဲ့ဖူး သည့်နှုန်းများဖြစ်ကာ မြို့တွင်းနေရာများအပြင် အထူးသဖြင့် စက်မှုဇုန်ဘက်သို့ သွားသည့် လမ်းကြောင်းတစ်လျှောက်မှ မြို့ကွက် သစ်များပါ ပါဝင်ကြောင်း ထားဝယ်မြို့ခံများက မတ်လ နောက်ဆုံးပတ်က ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ရပ်ကွက်စုစု ပေါင်း ၃၅ ရပ်ကွက်ရှိသော်လည်း ဈေး သိသာစွာမြင့်တက်လာသည့် နေရာများမှာ စီးပွားရေးအချက်အချာ ကျသည့် အာဇာနည်လမ်းနှင့် ရေးလမ်းမကြီး တစ်လျှောက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မင်္ဂလာလမ်းမကြီး တစ်လျှောက်တို့တွင် ဖြစ်ကြောင်း ထားဝယ်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုစိုးသိန်း က ပြောသည်။
"ဈေးတွေက ပေါက်ဈေးဆိုတာထက် ပါးစပ်ခေါ်ဈေးတွေဖြစ်နေတယ်။ တချို့ နေရာတွေက ခေါ်တဲ့အတိုင်းလည်း အရောင်းအ၀ယ်ဖြစ် တာမျိုးရှိတယ်။ မြေကွက်ကျယ်တွေဆိုရင် လေးငါးဆ လောက်တက်တာဖြစ်လာတယ်။ အရင်က ထားဝယ်မှာ ဈေးအကြီးဆုံးမြေကွက် ဆိုတာက သိန်းသုံးထောင်ဆိုတာ အများဆုံးပဲ။ အခုအဲဒီအကွက်တွေက သိန်းတစ်သောင်းခွဲခေါ်တဲ့ အထိဖြစ်လာတယ်"ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် မြေကွက်ဈေး များသည် စတုရန်းပေနှင့် တွက်ချက် ရောင်းချသည်မဟုတ်ဘဲ မြေကွက်၏ မျက်နှာစာအကျယ်၊ နေရာပေါ်မူတည် ကာ ကွဲပြားသွားပြီး နောက်ပိုင်းခြံအရှည် ကိုမူကျယ်လျှင် ကျယ်သလောက် ဈေးပြန်လည်သတ်မှတ်ကြကြောင်း သိရ သည်။
"အရင်က ကျပ်သိန်းတစ်ထောင် အောက်မှာပဲရှိတဲ့ အာဇာနည်လမ်းပေါ် က ပေ ၇၀၊ ၈၅ ပေရှိတဲ့အကွက်တစ်ကွက် ပြီးခဲ့တဲ့ တစ်ပတ်က ရောင်းလိုက်ရတာ သိန်းသုံးထောင်နဲ့ ရောင်းရတယ်။ ပြီး တော့ ရန်ကုန်မှာဆိုရင် ရွှေတောင်ကြားလို နေရာမျိုးက မြောက်ရွာမှာရှိတဲ့ တစ်ဧကမပြည့်တဲ့ အကွက်ဆိုရင် အခု သိန်းတစ်သောင်းလောက်အထိ လာ ပေးနေတာကြားရတယ်။ ပိုင်ရှင်က မရောင်းသေးဘူး"ဟု ၎င်းကပြောသည်။
မြို့တွင်းရှိ စီးပွားရေးအချက်အချာ ကျသည့် လမ်းမတန်းများတွင် ပိုင်ရှင် အများစုသည် ဆိုင်များဖွင့်လှစ်ထားရှိ ပြီးများသောအားဖြင့် ကိုယ်တိုင်စီးပွားရေး လုပ်ကြသဖြင့် ထိုနေရာများတွင် အငှားဈေးကွက် မရှိသကဲ့သို့ မြို့ခံ အချင်းချင်း အရောင်းအ၀ယ်လည်း ပြု လုပ်လေ့မရှိကြချေ။ သို့ရာတွင် ရန်ကုန်၊မန္တလေးနှင့် အထက်မြန်မာပြည်မှ စီးပွားရေးသမားများ ဆင်းလာကာ မြေကွက်များ လိုက်လံ ၀ယ်ယူရန် စုံစမ်းလာသည့် လွန်ခဲ့သည့် ခြောက်လခန့်မှ စတင်ခါ မြေကွက် ဈေးနှုန်းများ မကြုံစဖူး မြင့်တက်လာ ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦး ဖြစ်သည့် ကိုစည်သူက ပြောသည်။
"ကိုယ်ပိုင်ဆိုင်တွေ ဖွင့်ထားတဲ့ သူ တွေများတော့ အဲဒီလမ်းမတန်းနေရာ တွေက မြို့ခံအချင်းချင်း အရောင်းအ၀ယ်မဖြစ်ဘူး။ ဈေးကွက် အသားကျနေတဲ့နေရာဖြစ်လို့ ရွှေ့မယ်ဆိုလည်း အဆင်မပြေကြဘူး။ ဈေးတွေခေါ်နေပေမယ့် တကယ်အရောင်းအ၀ယ်ဖြစ် တာက နည်းပါတယ်"ဟု ၎င်းကပြောသည်။
ထားဝယ်စီးပွားရေးဇုန်ကြောင့် လာမည့် ဆယ်စုနှစ်တစ်စုအတွင်း စီးပွားရေးအချက်အချာမြို့ တစ်မြို့ ဖြစ်လာမည်ဟူသော အချက်ကြောင့် အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ စီးပွားရေးသမားများ တိုက်ရိုက်ဆင်းလာ ကြကာ မြေကွက်များ ကြိုတင်ဝယ်ယူ လာကြခြင်းသည် မြို့ခံများအတွက် ကမောက်ကမ ဖြစ်စေသော ဈေးကွက် တစ်ခုကို ဖန်တီးပေးသလို ဖြစ်နေသည် ဟု မန္တလေးမှ မြေကွက်ဝယ်ယူရန် ထားဝယ်မြို့သို့ ရောက်ရှိနေသည့် စီးပွားရေး သမားတစ်ဦးဖြစ်သူ ကိုနေလင်းက ပြောသည်။
"ဒီမှာက ရန်ကုန်၊ မန္တလေးတို့မှာလို အိမ်ခြံမြေဈေးကွက် သီးသန့်ရှိတာ မဟုတ်ဘူး။ ဈေးကွက်ထဲမှာ ပေါက်နေတဲ့ ပေါက်ဈေးဆိုတာ မျိုးလည်း မရှိဘူး။ကျွန်တော်သွားကြည့်တဲ့ ကမျောကင်း တံတားနားက မြို့သစ်ကွက်တွေဆိုရင် အကျယ်အ၀န်းချင်း တူတာတောင် တစ်ကွက်က သိန်းငါးဆယ်ခေါ်ရင် နောက်တစ်ကွက်က သိန်းတစ်ရာ ခေါ်ချင်ခေါ်နေတာ"ဟု ၎င်းက ဆိုသည်။
ထားဝယ်စက်မှုဇုန်ကြောင့် အိမ်ခြံမြေတွင်ရင်းနှီးလိုသဖြင့် ဈေးကွက်အနေအထားကို လာရောက်စုံစမ်းနေကြရာ လူအများစိတ်ဝင်စား နေသည့် နေရာများမှာ အထူးသဖြင့် ဆန်းချီမြို့သစ် ရပ်ကွက်ဘက်တွင် ဖြစ်ကြောင်းလည်း ကိုနေလင်းကပြောသည်။
အဆိုပါ ဆန်းချီမြို့သစ်သည် ထားဝယ် မှ ရေနက်ဆိပ်ကမ်းရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ သွားရောက်သည့် လမ်းပေါ်တွင် တည်ရှိကာ မြေကွက် လွတ်များပြားပြီး မြေကွက် အများစု သည် ပေ ၄၀x ပေ ၆၀ နှင့် ပေ ၄၀xပေ ၈၀ ကွက်များဖြစ်သည်။
အဆိုပါ မြို့သစ်သည် မကြာမီတွင် ပေါ်ပေါက်လာမည့် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်နေအိမ်၊ လွှတ်တော် အဆောက်အအုံ များနှင့် မနီးမဝေးတွင် တည်ရှိနေသောကြောင့် ဈေးများမြင့်တက်လာသကဲ့သို့ စီးပွား ရေးဇုန်သို့ သွားနိုင်သည့် လမ်းမပေါ်တွင် တည်ရှိနေခြင်းက ဈေးများကို အမြင့်ပိုင်း သို့ ရောက်ရှိလာစေသည်။
"ဒီမှာက အများစုက ဂရန်နှစ်ခု လောက် ကိုင်ထားတာတွေ့ရတယ်။ ကျွန်တော်တို့ကလည်း မသေချာတာကို မရင်းနှီးချင်ဘူး။ ဒီမှာ မြေကွက်ဝယ်ဖို့ ကတော့သေချာတယ်။ ဒါပေမယ့် ဈေး ကွက်ကမောက်ကမ ဖြစ်နေတုန်းဆိုရင် တော့စောင့်ကြည့်ရဦးမယ်" ဟု ကိုနေ လင်းကပြောသည်။
ယခင်က ပေ၄၀x၆၀ ရှိသော မြို့သစ်ရှိ မြေကွက်ဈေးများသည် ယခုအခါ ကျပ် သိန်းငါးဆယ်အထိ မြင့်တက်လာပြီး အချို့ကလည်း ထိုဈေးထက် ပိုရနိုင် ကောင်းသည်ဆိုသော အတွေးဖြင့် မရောင်းဘဲ ကိုင်ထားသည်များလည်း ရှိ နေကြောင်း သိရသည်။
"အခုလထဲမှာတော့ အရောင်း အ၀ယ်က နည်းနည်းအေးနေတယ်။ ထားဝယ်ဇုန်ကို ရပ်ထားတယ်ဆိုတဲ့ သတင်းထွက်လာပြီး ကတည်းကပဲ။ ဒါပေ မယ့် ၀ယ်ဖို့လာကြည့်တဲ့ ရှမ်းတရုတ် တွေ၊ ကချင်တွေကတော့ ဆက်တိုက်လာ နေတုန်းပဲ"ဟု ကိုစိုးသိန်းက ပြောသည်။
မြို့ပေါ်တွင် မြေဈေးနှုန်းများ ပြောင်း လဲသွားသကဲ့သို့ နဘုလယ်ဒေသရှိ စီးပွားရေးဇုန်စီမံကိန်းတွင် မပါဝင်သည့် ရွာများမှ မြေကွက် များကိုလည်း မူလတန်ဖိုး တစ်ဧကလျှင် ကျပ်ငါးသိန်းခန့် မှကျပ်သိန်းငါးဆယ်ခန့်အထိ ဈေးပေး ၀ယ်ယူနေမှုများလည်း ရှိလာကြောင်း ထိန်ကြီးကျေးရွာမှ ဒေသခံ ဦးဘိုကြည် ကပြောသည်။
"ရေဖြူကနေ ထိုင်းဘက်ကို သွားတဲ့ လမ်းတစ်လျှောက်က ခြံတွေဆိုရင် အကုန်နီးပါး ရောင်းပြီးသလောက်ပဲ။ ဥယျာဉ်ခြံတွေက တစ်ဧကကို ငါးသိန်း လောက်ပဲရှိတာ။ အခု ဆယ်သိန်းကျော် လာပေးတာလည်း ရှိတယ်။ ဒါပေမယ့် တချို့ကလည်း ဘာဆက်ဖြစ် မယ်မှန်း မသိတော့ မရောင်းရဲကြဘူး" ဟု ၎င်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် နှစ်ရှည်စီမံကိန်း ဖြစ်သောကြောင့်လည်း အဆိုပါ ဆယ်နှစ်တာကာလခန့် အတွင်း အပြောင်းအလဲ တစ်ခုကို စောင့်ကြည့် ရင်း ငွေလုံးငွေရင်းဖြင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားလာကြသူများ ပိုမိုများပြားလာသည်နှင့်အမျှ ထားဝယ် ဒေသခံများကလည်း ဈေးကွက်တစ်ခု ဖန်တီးနိုင်ရန် ကြိုးပမ်းလာကြကြောင်း တွေ့ရှိရပေသည်။

ဝေမင်း

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ