Work Permit (WP)
WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ
လျှောက်ထားပေးနိုင်ပါတယ်။ WP လုပ်သားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေး၊ နေထိုင်ရေး စတာတွေကို ကုမ္ပဏီက တာဝန်ယူရလေ့ ရှိပါတယ်။
တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။
Work Permit for Foreign Domestic Workers (FDW)
ဒီ Pass ကတော့ နိုင်ငံခြားကနေ အိမ်အကူ လာလုပ်တဲ့လူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ Pass ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ရှင်နဲ့ အိမ်အကူတွေ မကြာခဏ ပြဿနာတွေဖြစ်တတ်လို့ အစိုးရက FDW လျှောက်ပေးမယ်ဆို အသေအချာစဉ်းစားဖို့ သတိပေးတတ်ပါတယ်။ စင်ကာပူအစိုးရက အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံအနည်းစုထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတို့နဲ့အတူ စိတ်မကောင်းစရာပါဝင်ပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အိမ်အကူ လာလုပ်မယ့်လူဟာ အသက်အနည်းဆုံး ၂၃ နှစ်ရှိရမှာဖြစ်ပြီး အကြီးဆုံး ၅၀ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာကိုလည်း ၈ နှစ်သင်ဖူးရမယ်လို့ သိရပါတယ်။ အခြားလိုအပ်ချက်တွေအနေနဲ့ အိမ်ဖော်အရည်အချင်းစစ်စာမေးပွဲ၊ ကျန်းမာရေးဆေးစစ်ချက်လိုဟာမျိုးလည်း လိုအပ်ပါတယ်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” မူ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ...
-
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်...
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှ...
-
ဗီဒီယီုဖေ့ဘွတ် စာမျက်နာမှ ကူးယူဖော်ပြသည်။
-
၁၀-၆-၂၀၁၂ ညနေ ၅ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဇွန်ပန်းချိုင်ကျေးရွာအနီးမှ တစ်ခါမှ မမြင်ဘူးသော စက်လှေ(၆၀)ခန့်ဖြတ်သန်းသွားပြီး ကျေ...
No comments:
Post a Comment